Analysis International

ကိုပါအမေရိက ဗိုလ်လုပွဲမှာ မက်ဆီနဲ့ နေမာ ဘယ်သူခြေပိုစွာနိုင်မှာလဲ

လီယွန်နယ် မက်ဆီနဲ့ နေမာတို့က ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲမှာတော့ ဘယ်သူ့လောင်းရိပ်အောက်မှာမှ မရှိတဲ့ အကောင်းဆုံးကစားသမားတွေဆိုတာ ငြင်းမရပါဘူး။ ဒီတောင်အမေရိက မှော်ဆရာတွေက သက်ဆိုင်ရာနိုင်ငံတွေမှာ မရှိမဖြစ်တွေ ဖြစ်နေပြီးတော့ နိုင်ငံအတွက် ကိုပါအမေရိကဖလားကို အရယူပေးဖို့ တစ်ပွဲသာ အနိုင်ရဖို့ ကျန်ပါ‌တော့တယ်။

လီယွန်နယ် မက်ဆီနဲ့ နေမာတို့က အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိကြသူတွေလည်းဖြစ်ပြီး နိုင်ငံလက်ရွေးစင် အသင်းအနေနဲ့တော့ မကြာခဏ ထိပ်တိုက်ရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်။ အခုလည်း သူတို့နှစ်ယောက်က ၂၀၂၁ ကိုပါအမေရိကဖလားရဲ့ ဗိုလ်လုပွဲမှာ တောင်အမေရိကရဲ့ အရှင်သခင်ဖြစ်ဖို့ ထိပ်တိုက်တွေ့ဆုံရမယ့် အကြောင်းဖန်လာခဲ့ပြန်ပါတယ်။

မက်ဆီနဲ့ နေမာတို့က လက်ရှိမှာ နိုင်ငံလက်ရွေးစင်အသင်း‌အတွက် အတော်ခရီးရောက်ခဲ့သလို သူတို့ကိုယ်တိုင်လည်း စံချိန်တွေကိုချိုးဖို့ ဖြစ်နိုင်ခြေများလာပါတယ်။ အာဂျင်တိုင်းသားကြီးက နိုင်ငံလက်ရွေးစင် သွင်းဂိုး ၇၆ ဂိုးအထိ သွင်းယူထားသလို ဘရာဇီးလ်ဂန္ထဝင် ပီလီသွင်းယူထားတဲ့ ၇၇ ဂိုးဆိုတဲ့ အရေအတွက်ကို ကျော်ဖြတ်ဖို့ နီးစပ်နေပါတယ်။

နေမာကလည်း သိပ်ဝေးကွာလှတဲ့‌အနေအထားတော့ မဟုတ်ဘဲ ၆၈ ဂိုး သွင်းယူထားနိုင်တာကြောင့် လက်ရှိပုံစံသာ ဆက်ထိန်းနိုင်မယ်ဆို မက်ဆီတင်မယ့် စံချိန်ကိုပါ ချိုးဖျက်နိုင်မှာပါ။ ဘရာဇီးလ်သမိုင်းမှာလည်း ဖန်တီးမှုအများဆုံးအနေနဲ့ နိုင်ငံအသင်းအတွက် ၄၉ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာပါ။

၆ ပွဲပဲကစားရသေးချိန်မှာ မက်ဆီက ၄ ဂိုးသွင်းထားပြီး ၅ ဂိုး ဖန်တီးပေးထားနိုင်တာကြောင့်လည်း ၂၀၂၁ ကိုပါအမေရိကရဲ့ လက်ရှိ အကောင်းဆုံးကစားသမား ဖြစ်နေပါတယ်။ ပြိုင်ပွဲအတွင်း ပြစ်ဒဏ်ဘောကနေလည်း တိုက်ရိုက် ၂ ဂိုး သွင်းယူထားနိုင်တာကြောင့် သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြထားနိုင်တယ်လို့ပဲ ဆိုရမှာပါ။

နေမာကလည်း ဘရာဇီးလ်အတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကို ပြနေပြီး လက်ရှိ ပြိုင်ပွဲအတွင်း ၅ ပွဲ မှာ ၂ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးအနေနဲ့ နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတာ ဖြစ်ပေမယ့် အချိန်တိုင်း ဂိုးသွင်းနိုင်ခြေရှိတဲ့သူ ဖြစ်တာကြောင့်လည်း သိပ်တော့ မစိုးရိမ်ရတဲ့ အနေအထားပါ။

နေမာရဲ့ အကောင်းဆုံးအချိန်တွေမှာတောင် မက်ဆီရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်က ဘရာဇီးလ်သားကို ပြင်သစ်မြေအရောက် ပို့ပေးခဲ့တဲ့ထိ ကောင်းမွန်ခဲ့တာပါ။ အသက် ၃၄ နှစ်ရှိနေတဲ့အထိ အာဂျင်တိုင်းသားကြီးရဲ့ လက်ရှိခြေစွမ်းက ကျဆင်းသွားတာမျိုး မရှိသေးဘဲ သူ့ရဲ့ ၇ ကြိမ်မြောက် ဘယ်လွန်ဒေါဆုကို အရယူဖို့ ရှေ့ကနေ ရေပန်းစားနေတာက တကယ်ကို ထူးခြားပါတယ်။

၂၀၂၁ ကိုပါအမေရိကဖလားကို အရယူမှာက မက်ဆီလား? နေမာလား? ဆိုတာကတော့…..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔က ၂၀၂၁ ကိုပါအေမရိကၿပိဳင္ပြဲမွာေတာ့ ဘယ္သူ႔ေလာင္းရိပ္ေအာက္မွာမွ မရွိတဲ့ အေကာင္းဆုံးကစားသမားေတြဆိုတာ ျငင္းမရပါဘူး။ ဒီေတာင္အေမရိက ေမွာ္ဆရာေတြက သက္ဆိုင္ရာႏိုင္ငံေတြမွာ မရွိမျဖစ္ေတြ ျဖစ္ေနၿပီးေတာ့ ႏိုင္ငံအတြက္ ကိုပါအေမရိကဖလားကို အရယူေပးဖို႔ တစ္ပြဲသာ အႏိုင္ရဖို႔ က်န္ပါ‌ေတာ့တယ္။

လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔က အလြန္ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိၾကသူေတြလည္းျဖစ္ၿပီး ႏိုင္ငံလက္ေ႐ြးစင္ အသင္းအေနနဲ႔ေတာ့ မၾကာခဏ ထိပ္တိုက္ရင္ဆိုင္ေနရသူေတြ ျဖစ္ပါတယ္။ အခုလည္း သူတို႔ႏွစ္ေယာက္က ၂၀၂၁ ကိုပါအေမရိကဖလားရဲ႕ ဗိုလ္လုပြဲမွာ ေတာင္အေမရိကရဲ႕ အရွင္သခင္ျဖစ္ဖို႔ ထိပ္တိုက္ေတြ႕ဆုံရမယ့္ အေၾကာင္းဖန္လာခဲ့ျပန္ပါတယ္။

မက္ဆီနဲ႔ ေနမာတို႔က လက္ရွိမွာ ႏိုင္ငံလက္ေ႐ြးစင္အသင္း‌အတြက္ အေတာ္ခရီးေရာက္ခဲ့သလို သူတို႔ကိုယ္တိုင္လည္း စံခ်ိန္ေတြကိုခ်ိဳးဖို႔ ျဖစ္ႏိုင္ေျခမ်ားလာပါတယ္။ အာဂ်င္တိုင္းသားႀကီးက ႏိုင္ငံလက္ေ႐ြးစင္ သြင္းဂိုး ၇၆ ဂိုးအထိ သြင္းယူထားသလို ဘရာဇီးလ္ဂႏၴဝင္ ပီလီသြင္းယူထားတဲ့ ၇၇ ဂိုးဆိုတဲ့ အေရအတြက္ကို ေက်ာ္ျဖတ္ဖို႔ နီးစပ္ေနပါတယ္။

ေနမာကလည္း သိပ္ေဝးကြာလွတဲ့‌အေနအထားေတာ့ မဟုတ္ဘဲ ၆၈ ဂိုး သြင္းယူထားႏိုင္တာေၾကာင့္ လက္ရွိပုံစံသာ ဆက္ထိန္းႏိုင္မယ္ဆို မက္ဆီတင္မယ့္ စံခ်ိန္ကိုပါ ခ်ိဳးဖ်က္ႏိုင္မွာပါ။ ဘရာဇီးလ္သမိုင္းမွာလည္း ဖန္တီးမႈအမ်ားဆုံးအေနနဲ႔ ႏိုင္ငံအသင္းအတြက္ ၄၉ ဂိုးအထိ ဖန္တီးေပးႏိုင္ခဲ့တာပါ။

၆ ပြဲပဲကစားရေသးခ်ိန္မွာ မက္ဆီက ၄ ဂိုးသြင္းထားၿပီး ၅ ဂိုး ဖန္တီးေပးထားႏိုင္တာေၾကာင့္လည္း ၂၀၂၁ ကိုပါအေမရိကရဲ႕ လက္ရွိ အေကာင္းဆုံးကစားသမား ျဖစ္ေနပါတယ္။ ၿပိဳင္ပြဲအတြင္း ျပစ္ဒဏ္ေဘာကေနလည္း တိုက္႐ိုက္ ၂ ဂိုး သြင္းယူထားႏိုင္တာေၾကာင့္ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပထားႏိုင္တယ္လို႔ပဲ ဆိုရမွာပါ။

ေနမာကလည္း ဘရာဇီးလ္အတြက္ အထင္ႀကီးစရာ စြမ္းေဆာင္ရည္ေတြကို ျပေနၿပီး လက္ရွိ ၿပိဳင္ပြဲအတြင္း ၅ ပြဲ မွာ ၂ ဂိုးသြင္း၊ ၃ ဂိုး ဖန္တီးေပးထားႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီတိုက္စစ္မႉးအေနနဲ႔ ေနာက္ဆုံး ၃ ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ေနတာ ျဖစ္ေပမယ့္ အခ်ိန္တိုင္း ဂိုးသြင္းႏိုင္ေျခရွိတဲ့သူ ျဖစ္တာေၾကာင့္လည္း သိပ္ေတာ့ မစိုးရိမ္ရတဲ့ အေနအထားပါ။

ေနမာရဲ႕ အေကာင္းဆုံးအခ်ိန္ေတြမွာေတာင္ မက္ဆီရဲ႕ ကြင္းတြင္း စြမ္းေဆာင္ရည္က ဘရာဇီးလ္သားကို ျပင္သစ္ေျမအေရာက္ ပို႔ေပးခဲ့တဲ့ထိ ေကာင္းမြန္ခဲ့တာပါ။ အသက္ ၃၄ ႏွစ္ရွိေနတဲ့အထိ အာဂ်င္တိုင္းသားႀကီးရဲ႕ လက္ရွိေျခစြမ္းက က်ဆင္းသြားတာမ်ိဳး မရွိေသးဘဲ သူ႔ရဲ႕ ၇ ႀကိမ္ေျမာက္ ဘယ္လြန္ေဒါဆုကို အရယူဖို႔ ေရွ႕ကေန ေရပန္းစားေနတာက တကယ္ကို ထူးျခားပါတယ္။

၂၀၂၁ ကိုပါအေမရိကဖလားကို အရယူမွာက မက္ဆီလား? ေနမာလား? ဆိုတာကေတာ့…..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.