Premier League

အေမဇြန္ဆီကို ကြင္းနာမည္ေရာင္းခ်ၿပီး ေငြေၾကးျပန္လည္ရွာေဖြသြားမယ့္ စပါးစ္

ပရီးမီးယားလိဂ္မွာ ေပါင္တစ္ဘီလီယံတန္ ကြင္းသစ္ႀကီးကို ၂၀၁၉ ခုႏွစ္က အၿပီးသတ္ေဆာက္လုပ္ထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းနာမည္ကို နာမည္ႀကီး နည္းပညာလုပ္ငန္းစု အေမဇြန္ဆီကို ေရာင္းခ်ၿပီး ကုန္က်စရိတ္ေတြထဲက တခ်ဳိ႕တဝက္ကို ျပန္လည္ကာမိႏုိင္ဖို႔ ေဆြးေႏြးေနတယ္လုိ႔ ဆုိပါတယ္။

စပါးစ္အသင္းဥကၠဌ ဒန္နီယယ္ လယ္ဗီနဲ႔ အေမရိကန္နည္းပညာကုမၸဏီႀကီးဟာ အသင္းအတြက္ ေပါင္သန္း ၂၅၀ တန္ သေဘာတူညီမွဳ ရရွိႏုိင္ဖို႔ ႀကဳိးစားေနတယ္လုိ႔ သိရၿပီး အေျခခံ အခ်က္အလက္ေတြအရေတာ့ တစ္ႏွစ္ကို ေပါင္ ၂၅ သန္းနဲ႔ ၁၀ ႏွစ္စာခ်ဳပ္ကို ႏွစ္ဖက္လုပ္ငန္းစုေတြအေနနဲ႔ ခ်ဳပ္ဆုိသြားဖို႔လည္း ရွိေနပါတယ္။

စပိန္အသင္းႀကီးေတြနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အသင္းႀကီးတခ်ဳိ႕ကလြဲလို႔ ကြင္းနာမည္ပုိင္ဆုိင္မွဳေတြကို ေၾကာ္ျငာတစ္ရပ္အေနနဲ႔ စီးပြားေရးလုပ္ငန္းေတြဆီ ေရာင္းခ်ထားရာမွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ေနာက္မွာ စပါးစ္အသင္းလည္း ပါဝင္လာဖို႔ ရွိေနၿပီး ကုိဗစ္-၁၉ ေၾကာင့္ေတာ့ ေႏွာင့္ေႏွးေနဆဲျဖစ္တယ္လို႔ ဆုိပါတယ္။

ေျမာက္လန္ဒန္မွာ တည္ရွိတဲ့ ဒီကြင္းရဲ႕ နာမည္ကို ဝယ္ယူဖို႔အတြက္ အေမရိကန္ အားကစားပစၥည္းကုမၸဏီ နီေကကလည္း စိတ္ဝင္စားေနေပမယ့္ စပါးစ္အသင္းနဲ႔အတူ လက္တြဲလုပ္ေဆာင္မွဳေတြ အရင္ကတည္းက ရွိခဲ့တဲ့ အေမဇြန္ကေတာ့ သေဘာတူညီမွဳ ရယူသြားႏုိင္ဖို႔ ပိုၿပီး ျဖစ္ႏုိင္တယ္လုိ႔လည္း ဆုိပါတယ္။

စပါးစ္အသင္းအေနနဲ႔ေတာ့ ကြင္းနာမည္အတြက္ ၁၀ ႏွစ္စာ ေပါင္သန္း ၂၅၀ နဲ႔ ေရာင္းခ်ႏုိင္ခဲ့ရင္ ဒီလိုမ်ဳိး သေဘာတူညီမွဳေတြထဲက အျမင့္မားဆုံး စပြန္ဆာကို ရွာေဖြႏုိင္မွာလည္းျဖစ္ၿပီး အာဆင္နယ္ရဲ႕ တစ္ႏွစ္တာ ေပါင္ ၆.၇၅ သန္းနဲ႔ မန္စီးတီးရဲ႕ ေပါင္ ၁၈.၂၃ သန္းတုိ႔ကိုလည္း ေက်ာ္ျဖတ္သြားႏုိင္မွာျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်မှာ ပေါင်တစ်ဘီလီယံတန် ကွင်းသစ်ကြီးကို ၂၀၁၉ ခုနှစ်က အပြီးသတ်ဆောက်လုပ်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းနာမည်ကို နာမည်ကြီး နည်းပညာလုပ်ငန်းစု အမေဇွန်ဆီကို ရောင်းချပြီး ကုန်ကျစရိတ်တွေထဲက တချို့တဝက်ကို ပြန်လည်ကာမိနိုင်ဖို့ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

စပါးစ်အသင်းဥက္ကဌ ဒန်နီယယ် လယ်ဗီနဲ့ အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ အသင်းအတွက် ပေါင်သန်း ၂၅၀ တန် သဘောတူညီမှု ရရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပြီး အခြေခံ အချက်အလက်တွေအရတော့ တစ်နှစ်ကို ပေါင် ၂၅ သန်းနဲ့ ၁၀ နှစ်စာချုပ်ကို နှစ်ဖက်လုပ်ငန်းစုတွေအနေနဲ့ ချုပ်ဆိုသွားဖို့လည်း ရှိနေပါတယ်။

စပိန်အသင်းကြီးတွေနဲ့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတချို့ကလွဲလို့ ကွင်းနာမည်ပိုင်ဆိုင်မှုတွေကို ကြော်ငြာတစ်ရပ်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေဆီ ရောင်းချထားရာမှာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့နောက်မှာ စပါးစ်အသင်းလည်း ပါဝင်လာဖို့ ရှိနေပြီး ကိုဗစ်-၁၉ ကြောင့်တော့ နှောင့်နှေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်လန်ဒန်မှာ တည်ရှိတဲ့ ဒီကွင်းရဲ့ နာမည်ကို ဝယ်ယူဖို့အတွက် အမေရိကန် အားကစားပစ္စည်းကုမ္ပဏီ နီကေကလည်း စိတ်ဝင်စားနေပေမယ့် စပါးစ်အသင်းနဲ့အတူ လက်တွဲလုပ်ဆောင်မှုတွေ အရင်ကတည်းက ရှိခဲ့တဲ့ အမေဇွန်ကတော့ သဘောတူညီမှု ရယူသွားနိုင်ဖို့ ပိုပြီး ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

စပါးစ်အသင်းအနေနဲ့တော့ ကွင်းနာမည်အတွက် ၁၀ နှစ်စာ ပေါင်သန်း ၂၅၀ နဲ့ ရောင်းချနိုင်ခဲ့ရင် ဒီလိုမျိုး သဘောတူညီမှုတွေထဲက အမြင့်မားဆုံး စပွန်ဆာကို ရှာဖွေနိုင်မှာလည်းဖြစ်ပြီး အာဆင်နယ်ရဲ့ တစ်နှစ်တာ ပေါင် ၆.၇၅ သန်းနဲ့ မန်စီးတီးရဲ့ ပေါင် ၁၈.၂၃ သန်းတို့ကိုလည်း ကျော်ဖြတ်သွားနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.