Bundesliga Premier League

ဆာေနးအေနနဲ႔ မန္စီးတီးမဟုတ္ရင္ ဘုိင္ယန္ျမဴးနစ္တစ္သင္းတည္းကိုသာ စဥ္းစားသြားမွာလို႔ ေအးဂ်င့္ေျပာ

မန္ခ်က္စတာစီးတီးေတာင္ပံကစားသမား လီရြဳိင္း ဆာေနးရဲ႕ ေအးဂ်င့္ျဖစ္သူ ဒါမီယာ ဆမိုလ္ယန္က သူ႕ရဲ႕ကစားသမားအေနနဲ႔ အသင္းကေန ထြက္ခြာျဖစ္ခဲ့ရင္ ကစားသမားဘဝရဲ႕ ေနာက္တစ္လွမ္းအျဖစ္ စဥ္းစားမယ့္အသင္းဟာ ဘုိင္ယန္ျမဴးနစ္တစ္သင္းတည္းသာရွိေၾကာင္း တျခား စိတ္ဝင္စားေနၾကတဲ့ အသင္းေတြကို သတိေပးေျပာၾကားလုိက္ပါတယ္။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဘုိင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕ဖို႔ ေတာ္ေတာ္ေလး နီးစပ္ခဲ့ေပမယ့္ လီဗာပူးလ္နဲ႔ ကြန္ျမဴနတီဒိုင္းပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ အေျပာင္းအေရႊ႕ေဆြးေႏြးမွဳေတြ ပ်က္ျပယ္ခဲ့ရသလို ဆာေနးအေနနဲ႔လည္း ၉ လနီးပါး အနားယူခဲ့ရသလို လက္ရွိအခ်ိန္အထိ ေဘာလုံးပြဲေတြနဲ႔ ေကာင္းေကာင္း မထိေတြ႕ရေသးတာလည္းျဖစ္ပါတယ္။

ဆာေနးရဲ႕ ေအးဂ်င့္ျဖစ္သူကေတာ့ အဂၤလန္ႏိုင္ငံမွာ ရစရာရွိတဲ့ ဖလားအားလုံးကို ဆြတ္ခူးႏိုင္ခဲ့ၿပီးျဖစ္တဲ့ သူ႕ရဲ႕ကစားသမားဟာ ဥေရာပ အဆင့္မွာ ပုံစံသိပ္မက်တဲ့ မန္စီးတီးအသင္းကေန ခ်န္ပီယံလိဂ္ကို ပစ္မွတ္ထားတဲ့ ဂ်ာမန္အသင္းႀကီးျဖစ္တဲ့ ဘုိင္ယန္ျမဴးနစ္အသင္းကိုပဲ သူမရရွိေသးတဲ့ ဖလားအတြက္ ေျပာင္းေရႊ႕ႏိုင္ေၾကာင္းဆုိပါတယ္။

“ဘုိင္ယန္ျမဴးနစ္တစ္သင္းကပဲ လီရြဳိင္းအေနနဲ႔ သူ႕ရဲ႕ ကစားသမားဘဝ ေနာက္တစ္လွမ္းအတြက္ သြားဖို႔ စဥ္းစားထားတဲ့ အသင္းပါ။ ခ်န္ပီယံလိဂ္ကို အရယူႏုိင္ေအာင္ ေတာင့္တင္းမွဳရွိတဲ့ အသင္းလုိ႔ သူက ဘုိင္ယန္ကို ရွဳျမင္ထားတာျဖစ္ၿပီး အဲ့ဒီ ရည္မွန္းခ်က္အတြက္ပဲ အသင္းေျပာင္းဖို႔ ရွိပါတယ္”လုိ႔ ဆမိုလ္ယန္က ေျပာပါတယ္။

ဥေရာပအဆင့္မွာ ခ်န္ပီယံလိဂ္ဖလားကို ၅ ႀကိမ္ ရယူထားခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္ဟာ ဒီႏွစ္မွာလည္း ၿပဳိင္ပြဲရဲ႕ အထက္ျမက္ဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ရွိေနၿပီး ေအးဂ်င့္ျဖစ္သူကေတာ့ သူ႕ရဲ႕ကစားသမားကို ဂ်ာမန္ကလပ္ဘက္က စိတ္ဝင္စားမွဳဟာ လွ်ဳိ႕ဝွက္ခ်က္မဟုတ္ဘဲ လူတိုင္းသိတဲ့ ကိစၥသာျဖစ္ေၾကာင္းနဲ႔ တျခားဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကိုလည္း ရရွိထားေၾကာင္း ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးတောင်ပံကစားသမား လီရွိုင်း ဆာနေးရဲ့ အေးဂျင့်ဖြစ်သူ ဒါမီယာ ဆမိုလ်ယန်က သူ့ရဲ့ကစားသမားအနေနဲ့ အသင်းကနေ ထွက်ခွာဖြစ်ခဲ့ရင် ကစားသမားဘဝရဲ့ နောက်တစ်လှမ်းအဖြစ် စဉ်းစားမယ့်အသင်းဟာ ဘိုင်ယန်မြူးနစ်တစ်သင်းတည်းသာရှိကြောင်း တခြား စိတ်ဝင်စားနေကြတဲ့ အသင်းတွေကို သတိပေးပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်ခဲ့ပေမယ့် လီဗာပူးလ်နဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အပြောင်းအရွှေ့ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ရသလို ဆာနေးအနေနဲ့လည်း ၉ လနီးပါး အနားယူခဲ့ရသလို လက်ရှိအချိန်အထိ ဘောလုံးပွဲတွေနဲ့ ကောင်းကောင်း မထိတွေ့ရသေးတာလည်းဖြစ်ပါတယ်။

ဆာနေးရဲ့ အေးဂျင့်ဖြစ်သူကတော့ အင်္ဂလန်နိုင်ငံမှာ ရစရာရှိတဲ့ ဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်တဲ့ သူ့ရဲ့ကစားသမားဟာ ဥရောပ အဆင့်မှာ ပုံစံသိပ်မကျတဲ့ မန်စီးတီးအသင်းကနေ ချန်ပီယံလိဂ်ကို ပစ်မှတ်ထားတဲ့ ဂျာမန်အသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကိုပဲ သူမရရှိသေးတဲ့ ဖလားအတွက် ပြောင်းရွှေ့နိုင်ကြောင်းဆိုပါတယ်။

“ဘိုင်ယန်မြူးနစ်တစ်သင်းကပဲ လီရွိုင်းအနေနဲ့ သူ့ရဲ့ ကစားသမားဘဝ နောက်တစ်လှမ်းအတွက် သွားဖို့ စဉ်းစားထားတဲ့ အသင်းပါ။ ချန်ပီယံလိဂ်ကို အရယူနိုင်အောင် တောင့်တင်းမှုရှိတဲ့ အသင်းလို့ သူက ဘိုင်ယန်ကို ရှုမြင်ထားတာဖြစ်ပြီး အဲ့ဒီ ရည်မှန်းချက်အတွက်ပဲ အသင်းပြောင်းဖို့ ရှိပါတယ်”လို့ ဆမိုလ်ယန်က ပြောပါတယ်။

ဥရောပအဆင့်မှာ ချန်ပီယံလိဂ်ဖလားကို ၅ ကြိမ် ရယူထားခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ဒီနှစ်မှာလည်း ပြိုင်ပွဲရဲ့ အထက်မြက်ဆုံးအသင်းတွေထဲက တစ်သင်းအဖြစ်ရှိနေပြီး အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ကစားသမားကို ဂျာမန်ကလပ်ဘက်က စိတ်ဝင်စားမှုဟာ လျှို့ဝှက်ချက်မဟုတ်ဘဲ လူတိုင်းသိတဲ့ ကိစ္စသာဖြစ်ကြောင်းနဲ့ တခြားဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ရရှိထားကြောင်း ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.