Premier League

၁၇.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၁၀ ရက္၊ ေသာၾကာေန႔။

၁၇.၄.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ တန္ခူးလျပည့္ေက်ာ္ ၁၀ ရက္၊ ေသာၾကာေန႔၊ ရက္ရာဇာ။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၁:၀၃ အထိ တိထီ ၁၀ လုံး။ ေက်ာ္လွ်င္ ၁၁ လုံး။ ၁၀ လုံးတြင္ ယာဇ္မီးယုဂ္၊ ဆႏၵျပည့္ဝေစလိုေသာ အလုပ္မ်ားအတြက္ ပူေဇာ္ဆုေတာင္းမွဳမ်ား လုပ္ေဆာင္ရန္ေကာင္း။ ၁၁ လုံးတြင္ သိဒၶိယုဂ္၊ ၿပီးေျမာက္ေအာင္ျမင္ျပည့္စုံေစလိုသည့္အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၂:၃၄ အထိ ဓနသိဒၶိနကၡတ္။ ေက်ာ္လွ်င္ သတၱဗိႆနကၡတ္။ ညေန ၁၈:၅၇ အထိ သုဘယုဂ္၊ က်က္သေရရွိျခင္း၊ လွပတင့္တယ္ျခင္း၊ ၾကြယ္ဝျခင္း၊ လုပ္ငန္းသစ္မ်ား စတင္ရန္ႏွင့္ ကံဖြင့္ လာဘ္ဖြင့္ မဂၤလာရွိေစရန္အတြက္ လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ သုကာလယုဂ္၊ ျဖဴေဖြးစင္ၾကယ္ျခင္း၊ ၾသဇာလႊမ္းမိုးႏုိင္ျခင္း၊ အေျပာင္းအလဲျမန္ျခင္း၊ စိတ္မခုိင္ျခင္း၊ မိမိ၏ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္အတြက္ သူတပါးစကားေၾကာင့္ မယိမ္းယိုင္ပါေစႏွင့္။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၈:၀၃ အထိ ဝါဏိဇၨက႐ိုဏ္း၊ စီးပြားေရးႏွင့္ ဆက္သြယ္ဆက္ဆံေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ေကာင္း၊ ခ်မ္းသာျပည့္စုံရန္ စီစဥ္ႏိုင္။ ည ၂၁:၀၃ အထိ ဝိႆတိက႐ိုဏ္း၊ မိမိကုိယ္ကို ယုံၾကည္မွဳျဖင့္ ရန္မ်ားအား ေက်ာ္ျဖတ္အႏုိင္ယူႏုိင္။ ေက်ာ္လွ်င္ ဗဘက႐ိုဏ္း၊ က်က္သေရရွိ၊ လုပ္ငန္းေဆာင္တာအမ်ဳိးမ်ဳိးႏွင့္ က်န္းမာေရးကိစၥအဝဝ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္အေရာင္။
ည ၂၁:၀၃ အထိ ေတာင္ႏွင့္ အေရွ႕၊ အနက္ေရာင္။ ေက်ာ္လွ်င္ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၁၇.၄.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ သောကြာနေ့၊ ရက်ရာဇာ။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၁:၀၃ အထိ တိထီ ၁၀ လုံး။ ကျော်လျှင် ၁၁ လုံး။ ၁၀ လုံးတွင် ယာဇ်မီးယုဂ်၊ ဆန္ဒပြည့်ဝစေလိုသော အလုပ်များအတွက် ပူဇော်ဆုတောင်းမှုများ လုပ်ဆောင်ရန်ကောင်း။ ၁၁ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့်အလုပ်များ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၂:၃၄ အထိ ဓနသိဒ္ဓိနက္ခတ်။ ကျော်လျှင် သတ္တဗိဿနက္ခတ်။ ညနေ ၁၈:၅၇ အထိ သုဘယုဂ်၊ ကျက်သရေရှိခြင်း၊ လှပတင့်တယ်ခြင်း၊ ကြွယ်ဝခြင်း၊ လုပ်ငန်းသစ်များ စတင်ရန်နှင့် ကံဖွင့် လာဘ်ဖွင့် မင်္ဂလာရှိစေရန်အတွက် လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သုကာလယုဂ်၊ ဖြူဖွေးစင်ကြယ်ခြင်း၊ သြဇာလွှမ်းမိုးနိုင်ခြင်း၊ အပြောင်းအလဲမြန်ခြင်း၊ စိတ်မခိုင်ခြင်း၊ မိမိ၏ မှန်ကန်သော ဆုံးဖြတ်ချက်အတွက် သူတပါးစကားကြောင့် မယိမ်းယိုင်ပါစေနှင့်။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၈:၀၃ အထိ ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။ ည ၂၁:၀၃ အထိ ဝိဿတိကရိုဏ်း၊ မိမိကိုယ်ကို ယုံကြည်မှုဖြင့် ရန်များအား ကျော်ဖြတ်အနိုင်ယူနိုင်။ ကျော်လျှင် ဗဘကရိုဏ်း၊ ကျက်သရေရှိ၊ လုပ်ငန်းဆောင်တာအမျိုးမျိုးနှင့် ကျန်းမာရေးကိစ္စအဝဝ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန်အရောင်။
ည ၂၁:၀၃ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)