Analysis International

ဒီတစ်ခါလည်း ဆောက်ဂိတ် မှန်ခဲ့ပြန်တဲ့ အင်္ဂလန် 2-1 ဒိန်းမတ်ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

အင်္ဂလန်ခံစစ်ကို ယူရိုမှာ ဈေးဦးဖောက်ခဲ့တဲ့ ဒိန်းမတ်
ယူရို ၂၀၂၀မှာ ‌အောင်ပွဲတွေရခဲ့ပေမယ့် အင်္ဂလန်နဲ့အတွေ့မှာတော့ ဒိန်းမတ်က အောက်အသင်း ဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၂၈ မိနစ်လောက်မှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ကန်သွင်းခဲ့တဲ့ မီကဲလ် ဒမ်းစ်ဂါ့ဒ်ဂိုးရဲ့ ကန်ချက်ကို အင်္ဂလန်ဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ် မတားနိုင်ခဲ့သလို ယူရို ၂၀၂၀ မှာ ဂိုးမပေးရသေးတဲ့ ခံစစ်ကြောင်းလည်း ဒီဂိုးကြောင့် ကျိုးပျက်ခဲ့ရပါတယ်။

တုံ့ပြန်မှုအားကောင်းလို့ ချေပဂိုးရခဲ့တဲ့ အင်္ဂလန်
ဒမ်းစ်ဂါ့ဒ်ရဲ့သွင်းဂိုးက အင်္ဂလန်ကို တစ်ချက်လှုပ်နှိုးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဂိုးပေးခဲ့ရပြီးတော့ အိမ်ရှင်တွေက တုံ့ပြန်မှုကောင်းကောင်းနဲ့ တုံ့ပြန်ခဲ့သလို သူတို့ကစားပုံလည်း ဟန်ချက်ညီလာခဲ့ပါတယ်။ ရာဟင်းမ် စတာလင်ရဲ့ အနီးကပ်ကန်ချက်ကိုလည်း ဒိန်းမတ်ဂိုးသမား ကက်စပါ ရှမိုက်ကယ်က တားဆီးနိုင်ခဲ့ပါတယ်။

ခဏအကြာမှာပဲ ဟာရီကိန်းရဲ့ သေသပ်တဲ့ ပေးပို့မှုကနေ ဘူကာယို ဆာကာ ညာခြမ်းမှာ လွတ်ထွက်လာခဲ့ပြီး အလယ်ကို ပြန်ချိုးအပေးမှာ စတာလင်ပိတ်မသွင်းခင် ဖျက်ထုတ်လိုက်တဲ့ ဆိုင်မွန် ကေယာက ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့လို့ ‌၉ မိနစ်သာ ဦးဆောင်ခဲ့လိုက်ရပါတယ်။ အင်္ဂလန်ရဲ့ ဦးဆောင်ဂိုးကို တုံ့ပြန်မှုက အားကောင်းခဲ့ပြီး ပြာယာမခတ်ခဲ့ပါဘူး။

မပေးသင့်တဲ့ ပင်နယ်တီနဲ့ ကံကောင်းခဲ့တဲ့ အင်္ဂလန်
အချိန်ပိုမှာ အင်္ဂလန်က ဘောလုံးကိုင်ထားပြီး ဒိန်းမတ်က ခံစစ်အထိုင်ချခဲ့လို့ အခွင့်အရေးတွေတော့ သိပ်မရခဲ့ပါဘူး။ ဒိုင်ကတော့ စတာလင်ကို ဖျက်တာကြမ်းခဲ့တယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့ပေမယ့် တကယ်ဖျက်ထုတ်တာမှာ ထိခဲ့ရင်တောင် ပျော့လွန်းပြီး လဲကျစရာအထိ မရှိခဲ့ပဲ မန်စီးတီးတောင်ပံကစားသမားရဲ့ ဒိုင်ဗင်က ပင်နယ်တီရစေခဲ့ပါတယ်။

ကိန်းရဲ့ ပင်နယ်တီကန်သွင်းချက်ကို ရှမိုက်ကယ် ပုတ်ထုတ်ခဲ့ပေမယ့် ကံကောင်းပြီး ကိန်းတည့်တည့်ပြန်ရောက်လာခဲ့လို့ ထပ်ပိတ်သွင်းပြီး ဦးဆောင်ဂိုးရခဲ့ပါတယ်။ ဒါပေမယ့် ရသင့်တဲ့ ပင်နယ်တီတော့ လုံးဝမဟုတ်ခဲ့ဘဲ VAR နဲ့ ကွင်းလယ်ဒိုင်က Monitor မှာ ကိုယ်တိုင်မကြည့်ခဲ့တာလည်း ဒိန်းမတ်အတွက် ကံဆိုးတယ်ပဲ ပြောရတော့မှာပါ။

ရွှေဖိနပ်ဆု နောက်တစ်ခုလား ဟာရီကိန်း
အုပ်စုပွဲစဉ်တွေအပြီးမှာ ဂိုးသွင်းအများဆုံးစာရင်းကို ခရစ္စတီယာနို‌ ရော်နယ်လ်ဒိုက ဦးဆောင်ထားခဲ့ပြီး ဟာရီကိန်းကတော့ သွင်းဂိုးမရရှိခဲ့ပါဘူး။ အခုချိန်မှာတော့ ကိန်းက တစ်ဂိုးအကွာနဲ့ ပေါ်တူဂီသားကြီးနောက်မှာ ရှိနေပါပြီ။ သူက ဂျာမနီကို ၁ဂိုး၊ ယူကရိန်းကို ၂ဂိုးနဲ့ ဒိန်းမတ်ကို ၁ ဂိုး သွင်းယူအပြီးမှာ ဂိုးသွင်းဘုရင် ဖြစ်လာနိုင်ခြေပါ မြင့်လာခဲ့ပါတယ်။

တောက်ပခဲ့ပြန်တဲ့ ဆာကာ
ဆောက်ဂိတ်ရဲ့ တစ်ခုတည်းသော အပြောင်းအလဲက ဂျေဒန် ဆန်ချိုရဲ့နေရာမှာ ဘူကာယို ဆာကာကို ထည့်သွင်းခဲ့တာပါပဲ။ အင်္ဂလန်အသင်းရဲ့ ချေပဂိုးအတွက်လည်း အဓိကပါဝင်သူဖြစ်ခဲ့ပြီး ကိန်းရဲ့ ပေးပို့မှုကနေ အလယ်ကို သူ့ရဲ့ပေးပို့မှုကြောင့် ဂိုးရရှိခဲ့တာပါ။ ဂျက် ဂရီးလစ်ရှ်နဲ့ လူစားလဲမခံရခင်အထိ မွှေနှောက်ကစားခဲ့ပြီး ဒီပွဲမှာ တောက်ပခဲ့ပြန်တာပါ။

၅၅ နှစ်အကြာမှာ အောင်မြင်မှုပြန်ယူမှာလား အင်္ဂလန်
၁၉၆၆ ကမ္ဘာ့ဖလား ရပြီးနောက်ပိုင်း အောင်မြင်မှုမရရှိသေးတဲ့ အင်္ဂလန်အသင်းအနေနဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီး ထိုက်တန်တယ်လို့ ဆိုရမှာပါ။ ဒိန်းမတ်နဲ့ပွဲက စွမ်းဆောင်ရည်က အကောင်းကြီးမဟုတ်ခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက်တော့ အထင်ကြီးစရာ စွမ်းဆောင်ရည် ပြခဲ့ပါတယ်။ ကွာတားဖိုင်နယ်ထိ ပေးဂိုးမဲ့တာက အထင်ကြီးစရာပါ။

ဂါရက်သ်ဆောက်ဂိတ်ရဲ့ အသင်းကတော့ စိတ်ဓါတ်ပိုင်းလည်း အတက်ဘက်ရောက်နေပြီး ယူရိုဖလားမရတာ ကြာနေပြီဖြစ်တဲ့ အီတလီနဲ့ ဗိုလ်လုပွဲမှာ တွေ့မှာဖြစ်ပေမယ့် အင်္ဂလန်မြေ ဝင်ဘလီကွင်းမှာ ကစားရမယ့်အချက်ကတော့ ပိုပြီးအားတက်စရာပါ။ ကိုယ့်မြေမှာ ကိုယ့်ပရိသတ်တွေနဲ့ ဖလားယူရတဲ့ ခံစားချက်မျိုးပေါ့။

ဒီတစ်ခါလည်း ဆောက်ဂိတ် မှန်ခဲ့ပြန်ပြီ
ယူရို ၂၀၂၀ မှာတော့ ဆောက်ဂိတ်ထိသမျှက ရွှေဖြစ်နေတယ်လို့ကို ပြောရမလိုပါပဲ။ ဒီပွဲမှာလည်း လူမှန်ကို အချိန်မှန် ကွက်တိထည့်သွင်းခဲ့သလို အချိန်ပိုမကန်ခင်မှာလည်း သူ့ရဲ့ ကစားသမားတွေကို အားနဲ့မာန်နဲ့ကစားဖို့ တိုက်တွန်းနေတာက အလုပ်ဖြစ်ခဲ့ပါတယ်။ ဒိန်းမတ်ရဲ့ မိနစ် ၉၀ ပြည့်တဲ့အထိ တောင့်ခံနိုင်စွမ်းကြောင့် လိုအပ်တဲ့လူစားလဲမှုတွေ အချိန်မှီ သူလုပ်ခဲ့ပါတယ်။

အချိန်ပိုမှာ ဖီးလ် ဖိုဒန်နဲ့ ဂျော်ဒန် ဟန်ဒါဆန်ကို ထည့်သွင်းခဲ့ပြီး ကစားကွက် ပိုသွက်ပြီး မြိုင်လာခဲ့ပါတယ်။ သူ့ဆုံးဖြတ်ချက်တွေအတွက် အချိန်ယူနေတာကို တွေ့ရပြီး ဝေဖန်စရာဖြစ်နေပေမယ့် ပွဲအပြီးမှာတော့ သူဆုံးဖြတ်တာ မှန်တယ်ဆိုတာကို ပြိုင်ပွဲတစ်လျှောက် ပြခဲ့သလို သူဘာလုပ်နေလဲဆိုတာ သူကိုယ်တိုင် ကောင်းကောင်းသိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ခံစစ္ကို ယူ႐ိုမွာ ေဈးဦးေဖာက္ခဲ့တဲ့ ဒိန္းမတ္
ယူ႐ို ၂၀၂၀မွာ ‌ေအာင္ပြဲေတြရခဲ့ေပမယ့္ အဂၤလန္နဲ႔အေတြ႕မွာေတာ့ ဒိန္းမတ္က ေအာက္အသင္း ျဖစ္သြားခဲ့ပါတယ္။ ပြဲခ်ိန္ ၂၈ မိနစ္ေလာက္မွာ ရရွိတဲ့ ျပစ္ဒဏ္ေဘာကေန တိုက္႐ိုက္ကန္သြင္းခဲ့တဲ့ မီကဲလ္ ဒမ္းစ္ဂါ့ဒ္ဂိုးရဲ႕ ကန္ခ်က္ကို အဂၤလန္ဂိုးသမား ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ မတားႏိုင္ခဲ့သလို ယူ႐ို ၂၀၂၀ မွာ ဂိုးမေပးရေသးတဲ့ ခံစစ္ေၾကာင္းလည္း ဒီဂိုးေၾကာင့္ က်ိဳးပ်က္ခဲ့ရပါတယ္။

တုံ႔ျပန္မႈအားေကာင္းလို႔ ေခ်ပဂိုးရခဲ့တဲ့ အဂၤလန္
ဒမ္းစ္ဂါ့ဒ္ရဲ႕သြင္းဂိုးက အဂၤလန္ကို တစ္ခ်က္လႈပ္ႏႈိးလိုက္သလို ျဖစ္ခဲ့ပါတယ္။ ဂိုးေပးခဲ့ရၿပီးေတာ့ အိမ္ရွင္ေတြက တုံ႔ျပန္မႈေကာင္းေကာင္းနဲ႔ တုံ႔ျပန္ခဲ့သလို သူတို႔ကစားပုံလည္း ဟန္ခ်က္ညီလာခဲ့ပါတယ္။ ရာဟင္းမ္ စတာလင္ရဲ႕ အနီးကပ္ကန္ခ်က္ကိုလည္း ဒိန္းမတ္ဂိုးသမား ကက္စပါ ရွမိုက္ကယ္က တားဆီးႏိုင္ခဲ့ပါတယ္။

ခဏအၾကာမွာပဲ ဟာရီကိန္းရဲ႕ ေသသပ္တဲ့ ေပးပို႔မႈကေန ဘူကာယို ဆာကာ ညာျခမ္းမွာ လြတ္ထြက္လာခဲ့ၿပီး အလယ္ကို ျပန္ခ်ိဳးအေပးမွာ စတာလင္ပိတ္မသြင္းခင္ ဖ်က္ထုတ္လိုက္တဲ့ ဆိုင္မြန္ ေကယာက ကိုယ့္ဂိုးကိုယ္သြင္းမိသြားခဲ့လို႔ ‌၉ မိနစ္သာ ဦးေဆာင္ခဲ့လိုက္ရပါတယ္။ အဂၤလန္ရဲ႕ ဦးေဆာင္ဂိုးကို တုံ႔ျပန္မႈက အားေကာင္းခဲ့ၿပီး ျပာယာမခတ္ခဲ့ပါဘူး။

မေပးသင့္တဲ့ ပင္နယ္တီနဲ႔ ကံေကာင္းခဲ့တဲ့ အဂၤလန္
အခ်ိန္ပိုမွာ အဂၤလန္က ေဘာလုံးကိုင္ထားၿပီး ဒိန္းမတ္က ခံစစ္အထိုင္ခ်ခဲ့လို႔ အခြင့္အေရးေတြေတာ့ သိပ္မရခဲ့ပါဘူး။ ဒိုင္ကေတာ့ စတာလင္ကို ဖ်က္တာၾကမ္းခဲ့တယ္ဆိုၿပီး ပင္နယ္တီ ေပးခဲ့ေပမယ့္ တကယ္ဖ်က္ထုတ္တာမွာ ထိခဲ့ရင္ေတာင္ ေပ်ာ့လြန္းၿပီး လဲက်စရာအထိ မရွိခဲ့ပဲ မန္စီးတီးေတာင္ပံကစားသမားရဲ႕ ဒိုင္ဗင္က ပင္နယ္တီရေစခဲ့ပါတယ္။

ကိန္းရဲ႕ ပင္နယ္တီကန္သြင္းခ်က္ကို ရွမိုက္ကယ္ ပုတ္ထုတ္ခဲ့ေပမယ့္ ကံေကာင္းၿပီး ကိန္းတည့္တည့္ျပန္ေရာက္လာခဲ့လို႔ ထပ္ပိတ္သြင္းၿပီး ဦးေဆာင္ဂိုးရခဲ့ပါတယ္။ ဒါေပမယ့္ ရသင့္တဲ့ ပင္နယ္တီေတာ့ လုံးဝမဟုတ္ခဲ့ဘဲ VAR နဲ႔ ကြင္းလယ္ဒိုင္က Monitor မွာ ကိုယ္တိုင္မၾကည့္ခဲ့တာလည္း ဒိန္းမတ္အတြက္ ကံဆိုးတယ္ပဲ ေျပာရေတာ့မွာပါ။

ေ႐ႊဖိနပ္ဆု ေနာက္တစ္ခုလား ဟာရီကိန္း
အုပ္စုပြဲစဥ္ေတြအၿပီးမွာ ဂိုးသြင္းအမ်ားဆုံးစာရင္းကို ခရစၥတီယာႏို‌ ေရာ္နယ္လ္ဒိုက ဦးေဆာင္ထားခဲ့ၿပီး ဟာရီကိန္းကေတာ့ သြင္းဂိုးမရရွိခဲ့ပါဘူး။ အခုခ်ိန္မွာေတာ့ ကိန္းက တစ္ဂိုးအကြာနဲ႔ ေပၚတူဂီသားႀကီးေနာက္မွာ ရွိေနပါၿပီ။ သူက ဂ်ာမနီကို ၁ဂိုး၊ ယူကရိန္းကို ၂ဂိုးနဲ႔ ဒိန္းမတ္ကို ၁ ဂိုး သြင္းယူအၿပီးမွာ ဂိုးသြင္းဘုရင္ ျဖစ္လာႏိုင္ေျခပါ ျမင့္လာခဲ့ပါတယ္။

ေတာက္ပခဲ့ျပန္တဲ့ ဆာကာ
ေဆာက္ဂိတ္ရဲ႕ တစ္ခုတည္းေသာ အေျပာင္းအလဲက ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ေနရာမွာ ဘူကာယို ဆာကာကို ထည့္သြင္းခဲ့တာပါပဲ။ အဂၤလန္အသင္းရဲ႕ ေခ်ပဂိုးအတြက္လည္း အဓိကပါဝင္သူျဖစ္ခဲ့ၿပီး ကိန္းရဲ႕ ေပးပို႔မႈကေန အလယ္ကို သူ႔ရဲ႕ေပးပို႔မႈေၾကာင့္ ဂိုးရရွိခဲ့တာပါ။ ဂ်က္ ဂရီးလစ္ရွ္နဲ႔ လူစားလဲမခံရခင္အထိ ေမႊေႏွာက္ကစားခဲ့ၿပီး ဒီပြဲမွာ ေတာက္ပခဲ့ျပန္တာပါ။

၅၅ ႏွစ္အၾကာမွာ ေအာင္ျမင္မႈျပန္ယူမွာလား အဂၤလန္
၁၉၆၆ ကမာၻ႔ဖလား ရၿပီးေနာက္ပိုင္း ေအာင္ျမင္မႈမရရွိေသးတဲ့ အဂၤလန္အသင္းအေနနဲ႔ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကို ေရာက္ရွိလာခဲ့ၿပီး ထိုက္တန္တယ္လို႔ ဆိုရမွာပါ။ ဒိန္းမတ္နဲ႔ပြဲက စြမ္းေဆာင္ရည္က အေကာင္းႀကီးမဟုတ္ခဲ့ေပမယ့္ ၿပိဳင္ပြဲတစ္ေလွ်ာက္ေတာ့ အထင္ႀကီးစရာ စြမ္းေဆာင္ရည္ ျပခဲ့ပါတယ္။ ကြာတားဖိုင္နယ္ထိ ေပးဂိုးမဲ့တာက အထင္ႀကီးစရာပါ။

ဂါရက္သ္ေဆာက္ဂိတ္ရဲ႕ အသင္းကေတာ့ စိတ္ဓါတ္ပိုင္းလည္း အတက္ဘက္ေရာက္ေနၿပီး ယူ႐ိုဖလားမရတာ ၾကာေနၿပီျဖစ္တဲ့ အီတလီနဲ႔ ဗိုလ္လုပြဲမွာ ေတြ႕မွာျဖစ္ေပမယ့္ အဂၤလန္ေျမ ဝင္ဘလီကြင္းမွာ ကစားရမယ့္အခ်က္ကေတာ့ ပိုၿပီးအားတက္စရာပါ။ ကိုယ့္ေျမမွာ ကိုယ့္ပရိသတ္ေတြနဲ႔ ဖလားယူရတဲ့ ခံစားခ်က္မ်ိဳးေပါ့။

ဒီတစ္ခါလည္း ေဆာက္ဂိတ္ မွန္ခဲ့ျပန္ၿပီ
ယူ႐ို ၂၀၂၀ မွာေတာ့ ေဆာက္ဂိတ္ထိသမွ်က ေ႐ႊျဖစ္ေနတယ္လို႔ကို ေျပာရမလိုပါပဲ။ ဒီပြဲမွာလည္း လူမွန္ကို အခ်ိန္မွန္ ကြက္တိထည့္သြင္းခဲ့သလို အခ်ိန္ပိုမကန္ခင္မွာလည္း သူ႔ရဲ႕ ကစားသမားေတြကို အားနဲ႔မာန္နဲ႔ကစားဖို႔ တိုက္တြန္းေနတာက အလုပ္ျဖစ္ခဲ့ပါတယ္။ ဒိန္းမတ္ရဲ႕ မိနစ္ ၉၀ ျပည့္တဲ့အထိ ေတာင့္ခံႏိုင္စြမ္းေၾကာင့္ လိုအပ္တဲ့လူစားလဲမႈေတြ အခ်ိန္မွီ သူလုပ္ခဲ့ပါတယ္။

အခ်ိန္ပိုမွာ ဖီးလ္ ဖိုဒန္နဲ႔ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ထည့္သြင္းခဲ့ၿပီး ကစားကြက္ ပိုသြက္ၿပီး ၿမိဳင္လာခဲ့ပါတယ္။ သူ႔ဆုံးျဖတ္ခ်က္ေတြအတြက္ အခ်ိန္ယူေနတာကို ေတြ႕ရၿပီး ေဝဖန္စရာျဖစ္ေနေပမယ့္ ပြဲအၿပီးမွာေတာ့ သူဆုံးျဖတ္တာ မွန္တယ္ဆိုတာကို ၿပိဳင္ပြဲတစ္ေလွ်ာက္ ျပခဲ့သလို သူဘာလုပ္ေနလဲဆိုတာ သူကိုယ္တိုင္ ေကာင္းေကာင္းသိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.