International Match Report

အင်္ဂလန်ရခဲ့တဲ့ ပင်နယ်တီအပေါ် သူ့အမြင်ကို ပြောသွားပြီး ဒိုင်လူကြီးကို မေးခွန်းထုတ်လိုက်တဲ့ အာဆင်ဝင်းဂါး

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးကတော့ ယူရို ၂၀၂၀ ရဲ့ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အသင်းရခဲ့တဲ့ အငြင်းပွားဖွယ် ပင်နယ်တီအကြောင်းကို သူ့အမြင်ကို ထုတ်ပြောသွားခဲ့ပါတယ်။ ရာဟီးမ် စတာလင်ကတော့ သံသယဖြစ်စရာ ပင်နယ်တီကို အင်္ဂလန်အသင်းအတွက် ဝင်ဘလီမှာ ရယူပေးခဲ့တာပါ။

ထိတယ်ဆိုရုံလေးတင် အနေအထားမှာ မန်ချက်စတာစီးတီးအသင်းရဲ့ တောင်ပံကစားသမားကတော့ လဲကျသွားခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင် ဒန်နီ မက်ကယ်လီကတော့ ပင်နယ်တီ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်မှူး ဟာရီကိန်းက ကန်သွင်းခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ် ဒိုက်ပစ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို အင်္ဂလန်အသင်းခေါင်းဆောင်အနေနဲ့ အမှားမခံဘဲ ပိတ်သွင်းရယူခဲ့ပြီး အင်္ဂလန်အသင်းကို ဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းရခဲ့တဲ့ ပင်နယ်တီက ပွဲကို အဆုံးအဖြတ်ပေးခဲ့တာဖြစ်ပြီး အဲ့ဒီပင်နယ်တီကတစ်ဆင့် ရခဲ့တဲ့ဂိုးကပဲ ဒိန်းမတ်တို့ကို ဆီမီးမှာတင် ပြုတ်စေခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါးကတော့ VAR ရဲ့ ပါဝင်ပတ်သက်မှုကို မေးခွန်းထုတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီးကတော့ အဲ့ဒီပင်နယ်တီကို ပေးသင့်တယ်လို့ မထင်ခဲ့ပါဘူး။ အင်္ဂလန်အသင်းကို အနိုင်ရစေခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး သူက “ပင်နယ်တီ မဟုတ်ဘူး။ ဒီလိုအခြေအနေမှာ VAR ကို ဘယ်လိုသုံးနေလဲ နားမလည်ဘူးဗျ။ ကွင်းလယ်ဒိုင်က ဖန်သားပြင်မှာတောင် ကိုယ်တိုင် သွားမကြည့်ခဲ့ဘူး” လို့ ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်တွေကို မေးခွန်းထုတ်သွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒီလို အခြေအနေတွေမှာဆိုရင် သူက လုံးဝ သေချာပြီး ပြတ်သားနေရမှာ” လို့လည်း ဝေဖန်သွားခဲ့ပါသေးတယ်။ ကွင်းလယ်ဒိုင်ပေးခဲ့တဲ့ ပင်နယ်တီကြောင့်ပဲ အင်္ဂလန်အသင်းက ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲ တက်သွားခဲ့တာက ဆုံးဖြတ်ချက်အမှားတစ်ခုက ဒိန်းမတ်အတွက် ဘယ်လောက်နစ်နာခဲ့ရသလဲဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။

BT Sport ရဲ့ သုံးသပ်သူဖြစ်သလို BBC Radio 5 Live ရဲ့ ပူးတွဲသုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်ကတော့ အင်္ဂလန်အသင်းရရှိခဲ့တဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး သူ့အမြင်ကို ဆိုရှယ် မီဒီယာ တစ်ခုဖြစ်တဲ့ တွစ်တာမှာ တင်ခဲ့ပါသေးတယ်။

သူက “အင်္ဂလန်အသင်းအတွက်တော့ ကောင်းမွန်တဲ့ ရလာဒ်ပါ။ တစ်ပွဲလုံးအရဆို အနိုင်နဲ့ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒိန်းမတ်ကလူတွေကတော့ အနိုင်ရလာဒ် အခိုးခံလိုက်ရသလိုပဲ နေမှာပါ။ စတာလင်ကတော့ ဒိုင်ဗင်ပစ်ခဲ့တယ်။ ရှင်းလင်းပြီးတော့ သိသာလွန်းတဲ့ ကိစ္စပဲဗျာ။ VAR က ပြောင်းပြန်အရေးယူပြီး ပင်နယ်တီပေးရမယ့်အစား ဒိုင်ဗင်ကောင်ကို အဝါကတ်ပြခဲ့သင့်တယ်”လို့ တင်သွားခဲ့တာပါ။

ဂါရက်သ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ ယူရို၂၀၂၀ ဗိုလ်လုပွဲကို အီတလီအသင်းနဲ့ ဇူလိုင်လ ၁၂ ရက်နေ့ မနက် ၁ နာရီခွဲ ( မြန်မာစံတော်ချိန်)မှာ ဝင်ဘလီကွင်းအတွင်း ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးကေတာ့ ယူ႐ို ၂၀၂၀ ရဲ႕ ဆီမီးဖိုင္နယ္မွာ အဂၤလန္အသင္းရခဲ့တဲ့ အျငင္းပြားဖြယ္ ပင္နယ္တီအေၾကာင္းကို သူ႔အျမင္ကို ထုတ္ေျပာသြားခဲ့ပါတယ္။ ရာဟီးမ္ စတာလင္ကေတာ့ သံသယျဖစ္စရာ ပင္နယ္တီကို အဂၤလန္အသင္းအတြက္ ဝင္ဘလီမွာ ရယူေပးခဲ့တာပါ။

ထိတယ္ဆို႐ုံေလးတင္ အေနအထားမွာ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေတာင္ပံကစားသမားကေတာ့ လဲက်သြားခဲ့တာျဖစ္ၿပီး ကြင္းလယ္ဒိုင္ ဒန္နီ မက္ကယ္လီကေတာ့ ပင္နယ္တီ ေပးခဲ့တာလည္း ျဖစ္ပါတယ္။ တိုက္စစ္မႉး ဟာရီကိန္းက ကန္သြင္းခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္ ဒိုက္ပစ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကို အဂၤလန္အသင္းေခါင္းေဆာင္အေနနဲ႔ အမွားမခံဘဲ ပိတ္သြင္းရယူခဲ့ၿပီး အဂၤလန္အသင္းကို ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးခဲ့ပါတယ္။

အဂၤလန္အသင္းရခဲ့တဲ့ ပင္နယ္တီက ပြဲကို အဆုံးအျဖတ္ေပးခဲ့တာျဖစ္ၿပီး အဲ့ဒီပင္နယ္တီကတစ္ဆင့္ ရခဲ့တဲ့ဂိုးကပဲ ဒိန္းမတ္တို႔ကို ဆီမီးမွာတင္ ျပဳတ္ေစခဲ့တာပါ။ အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာဆင္ဝင္းဂါးကေတာ့ VAR ရဲ႕ ပါဝင္ပတ္သက္မႈကို ေမးခြန္းထုတ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္နည္းျပႀကီးကေတာ့ အဲ့ဒီပင္နယ္တီကို ေပးသင့္တယ္လို႔ မထင္ခဲ့ပါဘူး။ အဂၤလန္အသင္းကို အႏိုင္ရေစခဲ့တဲ့ ပင္နယ္တီနဲ႔ပတ္သက္ၿပီး သူက “ပင္နယ္တီ မဟုတ္ဘူး။ ဒီလိုအေျခအေနမွာ VAR ကို ဘယ္လိုသုံးေနလဲ နားမလည္ဘူးဗ်။ ကြင္းလယ္ဒိုင္က ဖန္သားျပင္မွာေတာင္ ကိုယ္တိုင္ သြားမၾကည့္ခဲ့ဘူး” လို႔ ကြင္းလယ္ဒိုင္ရဲ႕ လုပ္ရပ္ေတြကို ေမးခြန္းထုတ္သြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ဒီလို အေျခအေနေတြမွာဆိုရင္ သူက လုံးဝ ေသခ်ာၿပီး ျပတ္သားေနရမွာ” လို႔လည္း ေဝဖန္သြားခဲ့ပါေသးတယ္။ ကြင္းလယ္ဒိုင္ေပးခဲ့တဲ့ ပင္နယ္တီေၾကာင့္ပဲ အဂၤလန္အသင္းက ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ဗိုလ္လုပြဲ တက္သြားခဲ့တာက ဆုံးျဖတ္ခ်က္အမွားတစ္ခုက ဒိန္းမတ္အတြက္ ဘယ္ေလာက္နစ္နာခဲ့ရသလဲဆိုတာ ေပၚလြင္ေစခဲ့ပါတယ္။

BT Sport ရဲ႕ သုံးသပ္သူျဖစ္သလို BBC Radio 5 Live ရဲ႕ ပူးတြဲသုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ တိုက္စစ္မႉးေဟာင္း ခရစၥ ဆပ္တန္ကေတာ့ အဂၤလန္အသင္းရရွိခဲ့တဲ့ ပင္နယ္တီနဲ႔ပတ္သက္ၿပီး သူ႔အျမင္ကို ဆိုရွယ္ မီဒီယာ တစ္ခုျဖစ္တဲ့ တြစ္တာမွာ တင္ခဲ့ပါေသးတယ္။

သူက “အဂၤလန္အသင္းအတြက္ေတာ့ ေကာင္းမြန္တဲ့ ရလာဒ္ပါ။ တစ္ပြဲလုံးအရဆို အႏိုင္နဲ႔ထိုက္တန္ပါတယ္။ ဒါေပမယ့္ ဒိန္းမတ္ကလူေတြကေတာ့ အႏိုင္ရလာဒ္ အခိုးခံလိုက္ရသလိုပဲ ေနမွာပါ။ စတာလင္ကေတာ့ ဒိုင္ဗင္ပစ္ခဲ့တယ္။ ရွင္းလင္းၿပီးေတာ့ သိသာလြန္းတဲ့ ကိစၥပဲဗ်ာ။ VAR က ေျပာင္းျပန္အေရးယူၿပီး ပင္နယ္တီေပးရမယ့္အစား ဒိုင္ဗင္ေကာင္ကို အဝါကတ္ျပခဲ့သင့္တယ္”လို႔ တင္သြားခဲ့တာပါ။

ဂါရက္သ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းကေတာ့ ယူ႐ို၂၀၂၀ ဗိုလ္လုပြဲကို အီတလီအသင္းနဲ႔ ဇူလိုင္လ ၁၂ ရက္ေန႔ မနက္ ၁ နာရီခြဲ ( ျမန္မာစံေတာ္ခ်ိန္)မွာ ဝင္ဘလီကြင္းအတြင္း ယွဥ္ၿပိဳင္ကစားရမွာပဲ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z