Analysis Article International

နိုင်ငံအတွက်ဆို သွေးစိမ်းရှင်ရှင်ထွက်တာတောင် မသိတဲ့အထိ ပေးဆပ်နေခဲ့တဲ့ မက်ဆီ

ကိုပါအမေရိက ၂၀၂၁ ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ကိုလံဘီယာနဲ့ အာဂျင်တီးနားတို့ပွဲမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ တစ်ဖက်အသင်းရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကြားမှာ ခြေကျင်းဝတ်မှာ သွေးထွက်လျက်သားနဲ့ ဘောလုံးဆက်ကစားနေခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာအသင်းအနေနဲ့ အဲ့ဒီပွဲမှာ အဝါကတ် ၆ ကတ်အထိ ရရှိခဲ့တာဖြစ်ပြီး အံ့ဩစရာတစ်ခုကတော့ ဒီအဝါကတ် ၆ ကတ်စလုံးက မက်ဆီအပေါ် ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့မိလို့ ဒိုင်လူကြီးက ပြသခဲ့တာလည်းဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ မက်ဆီအတွက်တော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့ကစားပုံနဲ့ ပွဲကို စခဲ့ပါတယ်။

မက်ဆီကတော့ အာဂျင်တီးနားအသင်းအနေနဲ့ ကိုလံဘီယာအသင်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်အတွက် ချီးကျူးမှုတွေနဲ့ ထိုက်တန်ကြောင်း ပြောခဲ့ပါတယ်။ ပင်နယ်တီကတော့ ကံအပေါ်မူတည်တယ်ဆိုပေမယ့် အာဆင်နယ်ဂိုးသမားဟောင်းရဲ့ လက်စွမ်းက ပင်နယ်တီနှစ်လုံး ကာကွယ်နိုင်မယ်လို့ မက်ဆီက ယုံကြည်ခဲ့ပြီး “ကြောက်စရာကောင်းတဲ့ ဂိုးသမား”လို့ ချီးကျူးခဲ့တာပါ။

မက်ဆီကတော့ အသင်းကို ဦးဆောင်ပြီးတော့ ၂၀၂၁ ကိုပါအမေရိကဖလား ဗိုလ်လုပွဲအရောက် နောက်တစ်ခါ ထမ်းတင်ပေးခဲ့ပါတယ်။ ကိုလံဘီယာအသင်းကို အနိုင်ယူပြီးနောက် ဗိုလ်လုပွဲမှာ ဘရာဇီးလ်အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဖရန့်ခ် ဖာဘရာရဲ့ ဖျက်ထုတ်မှုအပြီး သူက လဲကျနေခဲ့ပြီး ‌ခြေကျင်းဝတ်မှာ သွေးတွေ ထွက်နေခဲ့ပေမယ့် သူ့ကို ရပ်တန့်ဖို့ မလုံလောက်ခဲ့ပါဘူး။

မက်ဆီရဲ့ ဖန်တီးပေးမှုကနေ လော်တာရို မာတီနက်ဇ်က ပွဲချိန် ၇ မိနစ်မှာတင် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားရဲ့ ကစားပုံက လျော့တိလျော့ရဲဆန်ခဲ့သလို ၆၁ မိနစ်မှာတော့ ပေးဆပ်မှုကြီးမားခဲ့ပြီး လူးဝစ် ဒီယက်ဇ်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ မက်ဆီက ဂိုးတော့ မသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းကိုတော့ လူမှုကွန်ယက်တွေမှာ ချီးမွမ်းနေကြတာပါ။

ပရိသတ်တွေကတော့ ‌ခြေကျင်းဝတ်မှာ သွေးထွက်နေတာတောင် ဆက်ကစားပြီး ပုံစံကောင်းပြခဲ့တဲ့ မက်ဆီကို ချီးကျူးနေကြသလို ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံး ၄ ဂိုး၊ ဂိုးဖန်တီးမှုအများဆုံး ၅ ကြိမ်၊ ဘောလုံးနဲ့တပါတည်း ဆွဲပြေးနိုင်မှု အများဆုံး ၃၃ ကြိမ်၊ ဂိုးပေါက်တည့်မှုအများဆုံး ၁၁ ကြိမ်၊ အခွင့်အရေးဖန်တီးမှုအများဆုံး ၂၀ ကြိမ်နဲ့ Final Third Zone မှာ တိကျတဲ့ပေးပို့မှုအများဆုံး ၁၀၂ ကြိမ် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပင်နယ်တီ ၃ ကြိမ်အထိ ပုတ်ထုတ်ခဲ့တဲ့ မာတီနက်ဇ်ရဲ့ အစွမ်းကို မက်ဆီက “ပင်နယ်တီအဆုံးအဖြတ်က ကံပဲဗျ။ ဒါပေမယ့် အီမီလီယာနိုက အနည်းဆုံး ၂ ခါတော့ ကာကွယ်နိုင်မယ်ဆိုတာ သိနေခဲ့တယ်။ သူက ချီးကျူးမှုတွေနဲ့ ထိုက်တန်ပါတယ်။ တကယ့် ကြောက်စရာသတ္တဝါကြီးလို ဂိုးသမားဗျ” ဆိုပြီး ချီးကျူးသွားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ခက်ခဲတဲ့ အချိန်တွေ ကျွန်တော်တို့ဆီကို ရောက်လာခဲ့ပေမယ့် ကျွန်တော်တို့မှာ အီမီလို ကစားသမားရှိတယ်။ သူ့ကို ယုံကြည်ခဲ့တယ်။ ကျွန်တော်တို့က နောက်ပွဲတွေ ကစားနိုင်ဖို့ လိုအပ်တဲ့ သွင်းဂိုးတွေ ရခဲ့သလို အခုတော့ ဗိုလ်လုပွဲရောက်ပြီ” လို့ ပြောခဲ့ပါတယ်။

အက်စတန်ဗီလာဂိုးသမား မာတီနက်ဇ်ကတော့ ၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားလို့ ပြောကြလာတဲ့အထိ လက်စွမ်းပြခဲ့သူလည်းဖြစ်ပြီး ပြိုင်ပွဲအတွင်းမှာ ပင်နယ်တီ ၆ ကြိမ်ကို ၄ ကြိမ်အထိ ကာကွယ်ထားနိုင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အာဂျင်တီးနားသားဟာ သူ့ရဲ့ လက်ရွေးစင်အသင်းကို ဗိုလ်စွဲအောင်တတ်နိုင်မယ့်နေရာမှာ မက်ဆီပြီးရင် ဒုတိယမြောက် အခိုင်မာဆုံး အကြောင်းအချက်လို့လည်း လူပြောများနေခဲ့ကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ကိုပါအေမရိက ၂၀၂၁ ရဲ႕ ဆီမီးဖိုင္နယ္ပြဲစဥ္ျဖစ္တဲ့ ကိုလံဘီယာနဲ႔ အာဂ်င္တီးနားတို႔ပြဲမွာ အာဂ်င္တီးနားအသင္းေခါင္းေဆာင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ တစ္ဖက္အသင္းရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေတြၾကားမွာ ေျခက်င္းဝတ္မွာ ေသြးထြက္လ်က္သားနဲ႔ ေဘာလုံးဆက္ကစားေနခဲ့တာျဖစ္ပါတယ္။

ကိုလံဘီယာအသင္းအေနနဲ႔ အဲ့ဒီပြဲမွာ အဝါကတ္ ၆ ကတ္အထိ ရရွိခဲ့တာျဖစ္ၿပီး အံ့ဩစရာတစ္ခုကေတာ့ ဒီအဝါကတ္ ၆ ကတ္စလုံးက မက္ဆီအေပၚ ျပစ္ဒဏ္ေဘာ က်ဴးလြန္ခဲ့မိလို႔ ဒိုင္လူႀကီးက ျပသခဲ့တာလည္းျဖစ္ပါတယ္။ အာဂ်င္တီးနားနဲ႔ မက္ဆီအတြက္ေတာ့ ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ၿပီး ေကာင္းမြန္တဲ့ကစားပုံနဲ႔ ပြဲကို စခဲ့ပါတယ္။

မက္ဆီကေတာ့ အာဂ်င္တီးနားအသင္းအေနနဲ႔ ကိုလံဘီယာအသင္းကို ပင္နယ္တီနဲ႔ အႏိုင္ရခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲစဥ္အၿပီးမွာ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္အတြက္ ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္ေၾကာင္း ေျပာခဲ့ပါတယ္။ ပင္နယ္တီကေတာ့ ကံအေပၚမူတည္တယ္ဆိုေပမယ့္ အာဆင္နယ္ဂိုးသမားေဟာင္းရဲ႕ လက္စြမ္းက ပင္နယ္တီႏွစ္လုံး ကာကြယ္ႏိုင္မယ္လို႔ မက္ဆီက ယုံၾကည္ခဲ့ၿပီး “ေၾကာက္စရာေကာင္းတဲ့ ဂိုးသမား”လို႔ ခ်ီးက်ဴးခဲ့တာပါ။

မက္ဆီကေတာ့ အသင္းကို ဦးေဆာင္ၿပီးေတာ့ ၂၀၂၁ ကိုပါအေမရိကဖလား ဗိုလ္လုပြဲအေရာက္ ေနာက္တစ္ခါ ထမ္းတင္ေပးခဲ့ပါတယ္။ ကိုလံဘီယာအသင္းကို အႏိုင္ယူၿပီးေနာက္ ဗိုလ္လုပြဲမွာ ဘရာဇီးလ္အသင္းနဲ႔ ေတြ႕ဆုံမွာ ျဖစ္ပါတယ္။ ဖရန႔္ခ္ ဖာဘရာရဲ႕ ဖ်က္ထုတ္မႈအၿပီး သူက လဲက်ေနခဲ့ၿပီး ‌ေျခက်င္းဝတ္မွာ ေသြးေတြ ထြက္ေနခဲ့ေပမယ့္ သူ႔ကို ရပ္တန႔္ဖို႔ မလုံေလာက္ခဲ့ပါဘူး။

မက္ဆီရဲ႕ ဖန္တီးေပးမႈကေန ေလာ္တာ႐ို မာတီနက္ဇ္က ပြဲခ်ိန္ ၇ မိနစ္မွာတင္ အဖြင့္ဂိုးသြင္းခဲ့ပါတယ္။ ဒါေပမယ့္ အာဂ်င္တီးနားရဲ႕ ကစားပုံက ေလ်ာ့တိေလ်ာ့ရဲဆန္ခဲ့သလို ၆၁ မိနစ္မွာေတာ့ ေပးဆပ္မႈႀကီးမားခဲ့ၿပီး လူးဝစ္ ဒီယက္ဇ္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ မက္ဆီက ဂိုးေတာ့ မသြင္းႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ ေျခစြမ္းကိုေတာ့ လူမႈကြန္ယက္ေတြမွာ ခ်ီးမြမ္းေနၾကတာပါ။

ပရိသတ္ေတြကေတာ့ ‌ေျခက်င္းဝတ္မွာ ေသြးထြက္ေနတာေတာင္ ဆက္ကစားၿပီး ပုံစံေကာင္းျပခဲ့တဲ့ မက္ဆီကို ခ်ီးက်ဴးေနၾကသလို ၿပိဳင္ပြဲအတြင္း သြင္းဂိုးအမ်ားဆုံး ၄ ဂိုး၊ ဂိုးဖန္တီးမႈအမ်ားဆုံး ၅ ႀကိမ္၊ ေဘာလုံးနဲ႔တပါတည္း ဆြဲေျပးႏိုင္မႈ အမ်ားဆုံး ၃၃ ႀကိမ္၊ ဂိုးေပါက္တည့္မႈအမ်ားဆုံး ၁၁ ႀကိမ္၊ အခြင့္အေရးဖန္တီးမႈအမ်ားဆုံး ၂၀ ႀကိမ္နဲ႔ Final Third Zone မွာ တိက်တဲ့ေပးပို႔မႈအမ်ားဆုံး ၁၀၂ ႀကိမ္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ ပင္နယ္တီ ၃ ႀကိမ္အထိ ပုတ္ထုတ္ခဲ့တဲ့ မာတီနက္ဇ္ရဲ႕ အစြမ္းကို မက္ဆီက “ပင္နယ္တီအဆုံးအျဖတ္က ကံပဲဗ်။ ဒါေပမယ့္ အီမီလီယာႏိုက အနည္းဆုံး ၂ ခါေတာ့ ကာကြယ္ႏိုင္မယ္ဆိုတာ သိေနခဲ့တယ္။ သူက ခ်ီးက်ဴးမႈေတြနဲ႔ ထိုက္တန္ပါတယ္။ တကယ့္ ေၾကာက္စရာသတၱဝါႀကီးလို ဂိုးသမားဗ်” ဆိုၿပီး ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ခက္ခဲတဲ့ အခ်ိန္ေတြ ကြၽန္ေတာ္တို႔ဆီကို ေရာက္လာခဲ့ေပမယ့္ ကြၽန္ေတာ္တို႔မွာ အီမီလို ကစားသမားရွိတယ္။ သူ႔ကို ယုံၾကည္ခဲ့တယ္။ ကြၽန္ေတာ္တို႔က ေနာက္ပြဲေတြ ကစားႏိုင္ဖို႔ လိုအပ္တဲ့ သြင္းဂိုးေတြ ရခဲ့သလို အခုေတာ့ ဗိုလ္လုပြဲေရာက္ၿပီ” လို႔ ေျပာခဲ့ပါတယ္။

အက္စတန္ဗီလာဂိုးသမား မာတီနက္ဇ္ကေတာ့ ၂၀၂၁ ကိုပါအေမရိကၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးဂိုးသမားလို႔ ေျပာၾကလာတဲ့အထိ လက္စြမ္းျပခဲ့သူလည္းျဖစ္ၿပီး ၿပိဳင္ပြဲအတြင္းမွာ ပင္နယ္တီ ၆ ႀကိမ္ကို ၄ ႀကိမ္အထိ ကာကြယ္ထားႏိုင္ခဲ့တဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ အာဂ်င္တီးနားသားဟာ သူ႔ရဲ႕ လက္ေ႐ြးစင္အသင္းကို ဗိုလ္စြဲေအာင္တတ္ႏိုင္မယ့္ေနရာမွာ မက္ဆီၿပီးရင္ ဒုတိယေျမာက္ အခိုင္မာဆုံး အေၾကာင္းအခ်က္လို႔လည္း လူေျပာမ်ားေနခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z