Premier League

ရက္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးခဲ့ၿပီး သူ႕ေၾကာင့္ ပိုၿပီးတုိးတက္မွဳ ရခဲ့တယ္လို႔ ဝန္ဘစ္ဆာကာေျပာ

မန္ခ်က္စတာယူႏုိက္တက္အသင္းကို ဒီရာသီမွာ ေရာက္ရွိလာတဲ့ ေနာက္ခံလူ အာရြန္ ဝန္ဘစ္ဆာကာက တုိက္စစ္မွဴး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ဘာလုပ္မယ္ဆုိတာ မခန္႔မွန္းႏုိင္တဲ့ လွည့္စားမွဳမ်ားတဲ့ ကစားသမားမ်ဳိးျဖစ္ၿပီး သူနဲ႔ ယွဥ္ၿပဳိင္ေလ့က်င့္ရတာဟာ မိမိကုိ ပိုမိုတုိးတက္လာေစတယ္လို႔ အသိအမွတ္ျပဳ ခ်ီးက်ဴးလုိက္ပါတယ္။

ခရစၥတယ္လ္ပဲေလ့စ္အသင္းမွာ ေျခစြမ္းျပသႏုိင္ခဲ့ၿပီး ေနာက္ရာသီမွာ ယူႏုိက္တက္ကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ဝန္ဘစ္ဆာကာဟာ ညာေနာက္ခံလူေတြထဲမွာ တိုက္စစ္ပါမွဳအတြက္ ထိပ္တန္းမွာ မရွိေပမယ့္လည္း သူနဲ႔ ရင္ဆိုင္ရတဲ့ တစ္ဖက္ကစားသမားေတြကိုေတာ့ ေအးေအးေဆးေဆး ထိန္းသိမ္းႏိုင္လုိ႔ ခ်ီးက်ဴးခံရသူလည္းျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ ညာေတာင္ပံခံစစ္မွဴးက သူ႕အေနနဲ႔ တစ္ေယာက္ခ်င္းအေနအထားေတြမွာ အေကာင္းဆုံးကစားႏုိင္မွဳအတြက္ ခ်ီးက်ဴးခံရတာဟာ သူ႕အသင္းေဖာ္ တုိက္စစ္မွဴး ရက္ရွ္ဖို႔ဒ္ရဲ႕ ေက်းဇူးမကင္းေၾကာင္းနဲ႔ သူ႕ကို ၿပဳိင္ဘက္အျဖစ္ ယွဥ္ၿပဳိင္ေလ့က်င့္ထားလုိ႔ ဒီလိုမ်ဳိး တုိးတက္လာတာျဖစ္ေၾကာင္း ဆုိခ်င္ေနတာလည္းျဖစ္ပါတယ္။

“ဟာ… သူက ဘာလုပ္မယ္ဆုိတာ ေတာ္ေတာ္ခန္႔မွန္းဖို႔ ခက္တဲ့ ကစားသမားမ်ဳိးဗ်။ ယူႏိုက္တက္ကို ကၽြန္ေတာ္ေရာက္ၿပီး ပထမဆုံး ထရိန္နင္မွာ သူလုပ္ျပသြားတာေတြက ကၽြန္ေတာ္ ဘယ္တုန္းကမွ ထင္မထားတဲ့ ဟာမ်ဳိးေတြပဲ… ဒီကို သြားမယ္လုိ႔ ေတြးထားၿပီး ခုခံမယ္ဆုိရင္ သူက ေတြးမထားတဲ့ ဘက္ကို သြားတာမ်ဳိး… ဒါေပမယ့္ ကၽြန္ေတာ္ ေပ်ာ္ပါတယ္။ သူ႕လို ကစားသမားမ်ဳိးကို ထိန္းခ်ဳပ္ႏုိင္ေအာင္ ႀကဳိးစားရတာဟာ ကၽြန္ေတာ့္ရဲ႕ တုိးတက္မွဳအတြက္ပဲ မဟုတ္ဘူးလား”လို႔ ဝန္ဘစ္ဆာကာက ေျပာျပပါတယ္။

ဒီရာသီမွာ မန္ခ်က္စတာယူႏုိက္တက္အတြက္ ၃၄ ႀကိမ္ ပြဲထြက္ကစားေပးထားခဲ့တဲ့ ဝန္ဘစ္ဆာကာဟာ အသင္းရဲ႕ အဓိက ကစားသမား တစ္ဦးလည္းျဖစ္ေနၿပီး သူက အသင္းရဲ႕ တုိက္စစ္မွဴးေတြနဲ႔ ေတာင္ပံကစားသမားေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ သူတုိ႔နဲ႔ ကစားခြင့္ရတာဟာ သူ႕ရဲ႕ ကစားသမားဘဝကို ပုိေကာင္းေစမယ့္ အကူအညီလည္ျဖစ္ေစေၾကာင္း အသင္းဝက္ဘ္ဆုိက္ကေန ေျပာၾကားသြားခဲ့တယ္လုိ႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းကို ဒီရာသီမှာ ရောက်ရှိလာတဲ့ နောက်ခံလူ အာရွန် ဝန်ဘစ်ဆာကာက တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ဘာလုပ်မယ်ဆိုတာ မခန့်မှန်းနိုင်တဲ့ လှည့်စားမှုများတဲ့ ကစားသမားမျိုးဖြစ်ပြီး သူနဲ့ ယှဉ်ပြိုင်လေ့ကျင့်ရတာဟာ မိမိကို ပိုမိုတိုးတက်လာစေတယ်လို့ အသိအမှတ်ပြု ချီးကျူးလိုက်ပါတယ်။

ခရစ္စတယ်လ်ပဲလေ့စ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဝန်ဘစ်ဆာကာဟာ ညာနောက်ခံလူတွေထဲမှာ တိုက်စစ်ပါမှုအတွက် ထိပ်တန်းမှာ မရှိပေမယ့်လည်း သူနဲ့ ရင်ဆိုင်ရတဲ့ တစ်ဖက်ကစားသမားတွေကိုတော့ အေးအေးဆေးဆေး ထိန်းသိမ်းနိုင်လို့ ချီးကျူးခံရသူလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ညာတောင်ပံခံစစ်မှူးက သူ့အနေနဲ့ တစ်ယောက်ချင်းအနေအထားတွေမှာ အကောင်းဆုံးကစားနိုင်မှုအတွက် ချီးကျူးခံရတာဟာ သူ့အသင်းဖော် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ ကျေးဇူးမကင်းကြောင်းနဲ့ သူ့ကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်လေ့ကျင့်ထားလို့ ဒီလိုမျိုး တိုးတက်လာတာဖြစ်ကြောင်း ဆိုချင်နေတာလည်းဖြစ်ပါတယ်။

“ဟာ… သူက ဘာလုပ်မယ်ဆိုတာ တော်တော်ခန့်မှန်းဖို့ ခက်တဲ့ ကစားသမားမျိုးဗျ။ ယူနိုက်တက်ကို ကျွန်တော်ရောက်ပြီး ပထမဆုံး ထရိန်နင်မှာ သူလုပ်ပြသွားတာတွေက ကျွန်တော် ဘယ်တုန်းကမှ ထင်မထားတဲ့ ဟာမျိုးတွေပဲ… ဒီကို သွားမယ်လို့ တွေးထားပြီး ခုခံမယ်ဆိုရင် သူက တွေးမထားတဲ့ ဘက်ကို သွားတာမျိုး… ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ သူ့လို ကစားသမားမျိုးကို ထိန်းချုပ်နိုင်အောင် ကြိုးစားရတာဟာ ကျွန်တော့်ရဲ့ တိုးတက်မှုအတွက်ပဲ မဟုတ်ဘူးလား”လို့ ဝန်ဘစ်ဆာကာက ပြောပြပါတယ်။

ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ၃၄ ကြိမ် ပွဲထွက်ကစားပေးထားခဲ့တဲ့ ဝန်ဘစ်ဆာကာဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးလည်းဖြစ်နေပြီး သူက အသင်းရဲ့ တိုက်စစ်မှူးတွေနဲ့ တောင်ပံကစားသမားတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူတို့နဲ့ ကစားခွင့်ရတာဟာ သူ့ရဲ့ ကစားသမားဘဝကို ပိုကောင်းစေမယ့် အကူအညီလည်ဖြစ်စေကြောင်း အသင်းဝက်ဘ်ဆိုက်ကနေ ပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.