La Liga Premier League

ကြန္ေတနဲ႔ ေကာ္တင္ညဳိ အလဲအထပ္အတြက္ ေဆြးေႏြးမယ့္ ခ်ဲလ္ဆီးနဲ႔ ဘာစီလိုနာ

ခ်ဲလ္ဆီးအသင္းက ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားတဲ့ ကြင္းလယ္ကစားသမား အန္ဂိုလို ကြန္ေတအတြက္ စပိန္အင္အားႀကီးအသင္းႏွစ္သင္း ျဖစ္ၾကတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတုိ႔က စိတ္ဝင္စားေနရာမွာ ေဆြးေႏြးမွဳေတြ ရွိေနၿပီး ကစားသမားအေနနဲ႔ ဘာေနဗ်ဴးထက္ ႏူးကမ့္ကို ပုိေရာက္ဖို႔ မ်ားေနတယ္လို႔ သိရပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းထက္ လက္ဦးမွဳ ရယူသြားဖို႔ ရွိေနၿပီး ခ်ဲလ္ဆီးဘက္က လိုခ်င္ေနတဲ့ ကြင္းလယ္လူ ဖလိပီ ေကာ္တင္ညဳိနဲ႔ ကြန္ေတကို လဲလွယ္သြားဖို႔ ေဆြးေႏြးေနတယ္လုိ႔ ဆုိခဲ့ၾကသလို ဒါက နည္းျပ ဖရန္႔ လမ္းပတ္နဲ႔ တာဝန္ရွိသူေတြအတြက္ေတာ့ ပုိၿပီး စိတ္ဝင္စားစရာေကာင္းတဲ့ ကမ္းလွမ္းမွဳလည္းျဖစ္ေနႏုိင္ပါတယ္။

အသင္းရဲ႕ ကြင္းလယ္မွာ အာတူ႐ို ဗီဒယ္လ္နဲ႔ ဆာဂ်ီယို ဘြတ္စကက္စ္တုိ႔ရဲ႕ လုပ္အားႏွဳန္းေတြဟာ အရင္ေလာက္ စိတ္မခ်ရေတာ့ဘဲ က်န္တဲ့ ကစားသမားေတြက တုိက္စစ္ဦးစားေပးေတြ မ်ားေနခ်ိန္မွာ ဘာစီလိုနာနည္းစနစ္အဖြဲ႕အေနနဲ႔ အသက္ ၂၉ ႏွစ္အရြယ္ ခ်ဲလ္ဆီးကြင္းလယ္လူကို ေခၚဖို႔ ဆႏၵရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ျပင္းထန္ခက္ခဲတဲ့ ၿပဳိင္ဆုိင္မွဳရွိတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ပိုမို႐ုန္းကန္ရေလ့ရွိတဲ့ ဘာစီလိုနာအေနနဲ႔ သူတုိ႔ရဲ႕ ပိုလွ်ံကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ေကာ္တင္ညဳိကိုလည္း ရွင္းထုတ္သြားဖို႔ ရွိေနရာမွာ ခ်ဲလ္ဆီးနဲ႔သာ သေဘာတူညီႏုိင္ခဲ့ရင္ေတာ့ သူတုိ႔အေနနဲ႔ အနည္းဆုံး ေပါင္သန္း ၂၀ ေက်ာ္လည္း အလိုက္ရရွိႏုိင္ပါတယ္။

ေကာ္တင္ညဳိအတြက္ေတာ့ တစ္ေက်ာ့ျပန္ ပရီးမီးယားလိဂ္ခရီးကို စဥ္းစားေနၿပီျဖစ္ၿပီး သူ႕ကို ခ်ဲလ္ဆီးအသင္းအျပင္ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တုိ႔ကလည္း အငွားနဲ႔ ရရွိမယ္ဆုိရင္ ေခၚယူဖို႔ စိတ္ဝင္စားေနၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းက ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတဲ့ ကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေအတွက် စပိန်အင်အားကြီးအသင်းနှစ်သင်း ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေရာမှာ ဆွေးနွေးမှုတွေ ရှိနေပြီး ကစားသမားအနေနဲ့ ဘာနေဗျူးထက် နူးကမ့်ကို ပိုရောက်ဖို့ များနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းထက် လက်ဦးမှု ရယူသွားဖို့ ရှိနေပြီး ချဲလ်ဆီးဘက်က လိုချင်နေတဲ့ ကွင်းလယ်လူ ဖလိပီ ကော်တင်ညိုနဲ့ ကွန်တေကို လဲလှယ်သွားဖို့ ဆွေးနွေးနေတယ်လို့ ဆိုခဲ့ကြသလို ဒါက နည်းပြ ဖရန့် လမ်းပတ်နဲ့ တာဝန်ရှိသူတွေအတွက်တော့ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ကမ်းလှမ်းမှုလည်းဖြစ်နေနိုင်ပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ အာတူရို ဗီဒယ်လ်နဲ့ ဆာဂျီယို ဘွတ်စကက်စ်တို့ရဲ့ လုပ်အားနှုန်းတွေဟာ အရင်လောက် စိတ်မချရတော့ဘဲ ကျန်တဲ့ ကစားသမားတွေက တိုက်စစ်ဦးစားပေးတွေ များနေချိန်မှာ ဘာစီလိုနာနည်းစနစ်အဖွဲ့အနေနဲ့ အသက် ၂၉ နှစ်အရွယ် ချဲလ်ဆီးကွင်းလယ်လူကို ခေါ်ဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပြင်းထန်ခက်ခဲတဲ့ ပြိုင်ဆိုင်မှုရှိတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ပိုမိုရုန်းကန်ရလေ့ရှိတဲ့ ဘာစီလိုနာအနေနဲ့ သူတို့ရဲ့ ပိုလျှံကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ကော်တင်ညိုကိုလည်း ရှင်းထုတ်သွားဖို့ ရှိနေရာမှာ ချဲလ်ဆီးနဲ့သာ သဘောတူညီနိုင်ခဲ့ရင်တော့ သူတို့အနေနဲ့ အနည်းဆုံး ပေါင်သန်း ၂၀ ကျော်လည်း အလိုက်ရရှိနိုင်ပါတယ်။

ကော်တင်ညိုအတွက်တော့ တစ်ကျော့ပြန် ပရီးမီးယားလိဂ်ခရီးကို စဉ်းစားနေပြီဖြစ်ပြီး သူ့ကို ချဲလ်ဆီးအသင်းအပြင် အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ကလည်း အငှားနဲ့ ရရှိမယ်ဆိုရင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်းလည်း သိရှိရပါတယ်။

REF: MUNDO DEPORTIVO
PHOTOS CREDIT TO OWNERS
SPORTS A2Z.A