Premier League

လင္ဂတ္ဆုိတာ တကယ္တမ္း အင္နီေယစတာလိုပဲလို႔ ခ်ီးက်ဴးခဲ့တဲ့ နည္းျပအဖြဲ႕ဝင္ေဟာင္း

ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တိုက္စစ္နည္းျပတစ္ဦးျဖစ္ခဲ့တဲ့ ရီေနး မူလင္စတင္းက အသင္းေဟာင္းရဲ႕ ကြင္းလယ္ကစားသမား ဂ်က္ဆီ လင္ဂတ္ဟာ ဘာစီလိုနာကြင္းလယ္လူေဟာင္း အန္ဒရက္စ္ အင္နီေယစတာလိုပဲ တူညီတဲ့ ပုံစံနဲ႔ ကစားႏုိင္သူျဖစ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဂိုးသြင္းကၽြမ္းက်င္လာေစဖို႔အတြက္ ကူညီေပးခဲ့ဖူးတဲ့ ဒတ္ခ်္နည္းျပဟာ ဖူလ္ဟမ္အသင္းကို နည္းျပရာထူးနဲ႔ မေျပာင္းေရႊ႕ခင္က လင္ဂတ္ရဲ႕ လူငယ္ဘဝမွာ လက္တြဲခဲ့ဖူးသူလည္းျဖစ္ၿပီး ႐ုန္းကန္ေနရေပမယ့္ ခက္ခဲတဲ့ အေျခအေနေတြကို ေက်ာ္လႊားႏုိင္မွာျဖစ္ေၾကာင္းလည္း ယုံၾကည္ေနပါတယ္။

“ဂ်က္ဆီဟာ အငွားခဏခဏထြက္ကစားခဲ့ရေပမယ့္ အသင္းႀကီးကိုေတာ့ ျပန္လည္ဝင္ေရာက္ႏုိင္ခဲ့သူပါ။ သူ႕ကို လူးဝစ္ ဗန္ဟားလ္က လူငယ္ေတြကို ေနရာေပးတဲ့မူနဲ႔ ျပန္လည္ေခၚယူခဲ့လို႔ ပြဲထြက္ခြင့္နဲ႔အတူ ေျခစြမ္းျပႏိုင္လာခဲ့တာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္လည္း ဒီလိုပါပဲ… သူတုိ႔ေတြအတြက္ အခြင့္အေရးေပးမယ့္ နည္းျပေကာင္းတစ္ဦးနဲ႔ ကံေကာင္းမွဳေတာ့ တကယ္လိုအပ္ပါတယ္”လို႔ မူလင္စတင္းက ေျပာပါတယ္။

ဒါ့အျပင္ ဒီဒတ္ခ်္နည္းျပက လင္ဂတ္မွာ ဘာစီလိုနာကြင္းလယ္လူေဟာင္း အင္နီေယစတာရဲ႕ အရည္အေသြးမ်ဳိးရွိေၾကာင္းနဲ႔ အဂၤလန္လက္ေရြးစင္ကြင္းလယ္လူ အေနနဲ႔ သူ႕ရဲ႕ ယုံၾကည္မွဳေတြကသာ ဒီလိုမ်ဳိး ေျခစြမ္းမွန္ျပန္ရေအာင္ ကူညီေပးႏုိင္မွာျဖစ္တယ္လုိ႔လည္း ဆုိပါတယ္။

၂၀၁၅-၁၆ ရာသီမွာ နည္းျပ ဗန္ဟားလ္လက္ထက္က စတင္ေျခစြမ္းျပႏုိင္ခဲ့ၿပီး အသင္းႀကီးကို ဝင္ေရာက္ႏုိင္ခဲ့တဲ့ လင္ဂတ္ဟာ ေမာ္ရင္ဟိုရဲ႕ ပထမရာသီမွာလည္း ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဆုိးလ္ရွားလက္ထက္မွာေတာ့ စိတ္ပ်က္ဖြယ္ရာေျခစြမ္းကိုပဲ ျပသေနၿပီး သူ႕ရဲ႕ ကစားဖို႔ တာဝန္ကို တိတိက်က် ခ်မွတ္မေပးႏုိင္ဘဲ တန္ျပန္တုိက္စစ္ကို အျမန္ကစားတဲ့ ဗ်ဴဟာနဲ႔လည္း သက္ဆိုင္မွဳရွိႏိုင္ေၾကာင္းေတာ့ သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဆာအဲလက်စ်ဖာဂူဆန်လက်အောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်နည်းပြတစ်ဦးဖြစ်ခဲ့တဲ့ ရီနေး မူလင်စတင်းက အသင်းဟောင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီ လင်ဂတ်ဟာ ဘာစီလိုနာကွင်းလယ်လူဟောင်း အန်ဒရက်စ် အင်နီယေစတာလိုပဲ တူညီတဲ့ ပုံစံနဲ့ ကစားနိုင်သူဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဂိုးသွင်းကျွမ်းကျင်လာစေဖို့အတွက် ကူညီပေးခဲ့ဖူးတဲ့ ဒတ်ချ်နည်းပြဟာ ဖူလ်ဟမ်အသင်းကို နည်းပြရာထူးနဲ့ မပြောင်းရွှေ့ခင်က လင်ဂတ်ရဲ့ လူငယ်ဘဝမှာ လက်တွဲခဲ့ဖူးသူလည်းဖြစ်ပြီး ရုန်းကန်နေရပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်မှာဖြစ်ကြောင်းလည်း ယုံကြည်နေပါတယ်။

“ဂျက်ဆီဟာ အငှားခဏခဏထွက်ကစားခဲ့ရပေမယ့် အသင်းကြီးကိုတော့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သူပါ။ သူ့ကို လူးဝစ် ဗန်ဟားလ်က လူငယ်တွေကို နေရာပေးတဲ့မူနဲ့ ပြန်လည်ခေါ်ယူခဲ့လို့ ပွဲထွက်ခွင့်နဲ့အတူ ခြေစွမ်းပြနိုင်လာခဲ့တာဖြစ်ပြီး ရက်ရှ်ဖို့ဒ်လည်း ဒီလိုပါပဲ… သူတို့တွေအတွက် အခွင့်အရေးပေးမယ့် နည်းပြကောင်းတစ်ဦးနဲ့ ကံကောင်းမှုတော့ တကယ်လိုအပ်ပါတယ်”လို့ မူလင်စတင်းက ပြောပါတယ်။

ဒါ့အပြင် ဒီဒတ်ချ်နည်းပြက လင်ဂတ်မှာ ဘာစီလိုနာကွင်းလယ်လူဟောင်း အင်နီယေစတာရဲ့ အရည်အသွေးမျိုးရှိကြောင်းနဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ အနေနဲ့ သူ့ရဲ့ ယုံကြည်မှုတွေကသာ ဒီလိုမျိုး ခြေစွမ်းမှန်ပြန်ရအောင် ကူညီပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

၂၀၁၅-၁၆ ရာသီမှာ နည်းပြ ဗန်ဟားလ်လက်ထက်က စတင်ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကြီးကို ဝင်ရောက်နိုင်ခဲ့တဲ့ လင်ဂတ်ဟာ မော်ရင်ဟိုရဲ့ ပထမရာသီမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဆိုးလ်ရှားလက်ထက်မှာတော့ စိတ်ပျက်ဖွယ်ရာခြေစွမ်းကိုပဲ ပြသနေပြီး သူ့ရဲ့ ကစားဖို့ တာဝန်ကို တိတိကျကျ ချမှတ်မပေးနိုင်ဘဲ တန်ပြန်တိုက်စစ်ကို အမြန်ကစားတဲ့ ဗျူဟာနဲ့လည်း သက်ဆိုင်မှုရှိနိုင်ကြောင်းတော့ သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.