Premier League Transfer News

7 Jul နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းများ စုစည်းမှု

ရီးရဲလ်မက်ဒရစ်ဗဟိုခံစစ်မှူး ရာ​ဖေးလ် ဗာရွန်းဟာ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိဖို့ အလွန်နီးစပ်နေပြီဖြစ်ကြောင်း အတည်ပြုခံထားရပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းအပြင် အပိုထပ်ဆောင်းငွေကို ပေးချေရမှာဖြစ်သလို ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ကိုပါ အလိုက်ပေးသွားဖွယ်ရှိ။

အသင်းရဲ့ အကယ်ဒမီထွက်တိုက်စစ်မှူး ရှိုလာ ရှိုးတိုင်ယာဟာ လာမယ့်ရာသီသစ်မှာ အသင်းအတွက် လျှို့ဝှက်လက်နက်သဖွယ် အသုံးပြုခြုင်းခံရလိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ပြီး စီနီယာတွေထက်တောင် ပိုစွမ်းတဲ့ ၁၇ နှစ်သားလေးဟာ ယူနိုက်တက်အကယ်ဒမီရဲ့ ဘောလုံးအမွေကို ဆက်ခံလိမ့်မယ်လို့ ခန့်မှန်းခံထားရ။

မန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်မှုး ဒန်နီယယ်လ် ဂျိမ်းစ်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံးအသင်းက လက်စတာအသင်းဖြစ်လာခဲ့ပြီး မြေခွေးတွေရဲ့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်လက်ထဲ ဂျိမ်းစ်ကို ထည့်ပေးလိုက်ရင် ကျားကို အတောင်ပံတပ်ပေးသလို ဖြစ်သွားနိုင်တယ်လို့တော့ သတိပေးခံထားရ။

ဒီနွေရာသီစျေးကွက်မှာ ညာအစွန်နောက်ခံလူအသစ်ကို ခေါ်ယူပြီး အာရွန် ဝန်ဘစ်ဆာကာကို ဖိအားပေးဖို့ စီစဥ်နေတဲ့ ယူနိုက်တက်တို့ဟာ အက်သလက်တီကိုကစားသမား ကီရန် ထရစ်ပီယာကို မျက်စိကျနေတယ်လို့ သိရပြီး အသက် ၃၀ နှစ်သားကတော့ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုဖိုင်နယ်အတွက်သာ အာရုံအပြည့်စိုက်ထားချင်ကြောင်း တုံ့ပြန်သွားခဲ့။

ရင်းနေးကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါဟာ ယူနိုက်တက်အသင်းနဲ့ အံဝင်နိုင်တဲ့ ကွင်းလယ်ဗိုလ်ချုပ်ကစားသမားမျိုး မဟုတ်ဘူးလို့ ယူနိုက်တက်ကစားသမားဟောင်းကြီး ရီယို ဖာဒီနန်က ဝေဖန်သွားခဲ့ပြီး အိုးထရက်ဖို့ဒ်မြေအတွက် စံပြအဖြစ်ဆုံး ကွင်းလယ်လူဟာ အင်္ဂလန်သား ဒက်ကလန် ရိုက်စ်သာဖြစ်လိမ့်မယ်လို့ သုံးသပ်သွား။

ဆောက်သမ်တန်အသင်းအနေနဲ့ ယူနိုက်တက် ညာနောက်ခံလူ ဘရန်ဒန် ဝီလီယမ်စ်ကို အငှားနဲ့ တရာသီ ခေါ်ယူသွားမှာဖြစ်ပြီး အက်စတန် ဗီလာအသင်းကလည်း အိတ်ဇယ်လ် တွမ်ဇီဘီကို တရာသီအငှားနဲ့ ကမ်းလှမ်းထားလို့ ယူနိုက်တက်ရဲ့ အထွက်စာရင်းမှာ ၃ ဦးတန်းစီနေချိန်မှာ နောက်ထပ်တဦးက တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်လို့ သုံးသပ်ခံထားရ။

ယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြနေလွန်းလို့ ဘရာဇီးလ်ဂန္ထဝင် ရောဘတ်တို ကားလို့စ်နဲ့ နှိုင်းယှဥ်ခံရပြီး လက်သစ်အဖြစ် ဂုဏ်ပြုခေါ်ဝေါ်ခြင်းခံနေရတဲ့ ယူနိုက်တက်ကစားသမား လုခ်ရှောကို ဘရာဇီးလ်သားကြီးကိုယ်တိုင်က အလွန်ကြိုက်နှစ်သက်မိကြောင်း ဝန်ခံခဲ့ပေမယ့် အချိန်ကာလချင်း မတူညီလို့ မိမိနဲ့တော့ နှိုင်းယှဥ်ခြင်း မပြုစေလိုကြောင်း ပညာသားပါပါ တုံ့ပြန်သွားခဲ့။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်ရင် ဂျေဒန် ဆန်ချိုအပြင် နောက်ထပ်လူသစ် ၃ ဦး အင်အားဖြည့်သင့်တယ်လို့ ကစားသမားဟောင်းကြီး ပေါလ်အင့်စ်က ထောက်ပြသွားခဲ့ပြီး နည်းပြဆိုးလ်ရှားအနေနဲ့ ကမ္ဘာ့အဆင့်မီ ဗဟိုခံစစ်မှူးတဦးနဲ့ ကွင်းလယ်လူတဦးကို မဖြစ်မနေ လိုအပ်နေတယ်လို့ အကြုံပြခဲ့သလို ကာဗာနီနေရာ ဆက်ခံမယ့် တိုက်စစ်မှူးတဦးကိုပါ ခေါ်ယူသင့်ကြောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ဗဟိုခံစစ္မႉး ရာ​ေဖးလ္ ဗာ႐ြန္းဟာ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိဖို႔ အလြန္နီးစပ္ေနၿပီျဖစ္ေၾကာင္း အတည္ျပဳခံထားရၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၂ သန္းအျပင္ အပိုထပ္ေဆာင္းေငြကို ေပးေခ်ရမွာျဖစ္သလို ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ကိုပါ အလိုက္ေပးသြားဖြယ္ရွိ။

အသင္းရဲ႕ အကယ္ဒမီထြက္တိုက္စစ္မႉး ရႈိလာ ရႈိးတိုင္ယာဟာ လာမယ့္ရာသီသစ္မွာ အသင္းအတြက္ လွ်ိဳ႕ဝွက္လက္နက္သဖြယ္ အသုံးျပဳျခဳင္းခံရလိမ့္မယ္လို႔ ေဘာလုံးကြၽမ္းက်င္သူေတြက သုံးသပ္ခဲ့ၿပီး စီနီယာေတြထက္ေတာင္ ပိုစြမ္းတဲ့ ၁၇ ႏွစ္သားေလးဟာ ယူႏိုက္တက္အကယ္ဒမီရဲ႕ ေဘာလုံးအေမြကို ဆက္ခံလိမ့္မယ္လို႔ ခန္႔မွန္းခံထားရ။

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံတိုက္စစ္မႈး ဒန္နီယယ္လ္ ဂ်ိမ္းစ္ကို ေခၚယူဖို႔ ေရပန္းအစားဆုံးအသင္းက လက္စတာအသင္းျဖစ္လာခဲ့ၿပီး ေျမေခြးေတြရဲ႕ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္လက္ထဲ ဂ်ိမ္းစ္ကို ထည့္ေပးလိုက္ရင္ က်ားကို အေတာင္ပံတပ္ေပးသလို ျဖစ္သြားႏိုင္တယ္လို႔ေတာ့ သတိေပးခံထားရ။

ဒီေႏြရာသီေစ်းကြက္မွာ ညာအစြန္ေနာက္ခံလူအသစ္ကို ေခၚယူၿပီး အာ႐ြန္ ဝန္ဘစ္ဆာကာကို ဖိအားေပးဖို႔ စီစဥ္ေနတဲ့ ယူႏိုက္တက္တို႔ဟာ အက္သလက္တီကိုကစားသမား ကီရန္ ထရစ္ပီယာကို မ်က္စိက်ေနတယ္လို႔ သိရၿပီး အသက္ ၃၀ ႏွစ္သားကေတာ့ လက္ရွိအခ်ိန္မွာ အဂၤလန္အသင္းနဲ႔အတူ ယူ႐ိုဖိုင္နယ္အတြက္သာ အာ႐ုံအျပည့္စိုက္ထားခ်င္ေၾကာင္း တုံ႔ျပန္သြားခဲ့။

ရင္းေနးကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါဟာ ယူႏိုက္တက္အသင္းနဲ႔ အံဝင္ႏိုင္တဲ့ ကြင္းလယ္ဗိုလ္ခ်ဳပ္ကစားသမားမ်ိဳး မဟုတ္ဘူးလို႔ ယူႏိုက္တက္ကစားသမားေဟာင္းႀကီး ရီယို ဖာဒီနန္က ေဝဖန္သြားခဲ့ၿပီး အိုးထရက္ဖို႔ဒ္ေျမအတြက္ စံျပအျဖစ္ဆုံး ကြင္းလယ္လူဟာ အဂၤလန္သား ဒက္ကလန္ ႐ိုက္စ္သာျဖစ္လိမ့္မယ္လို႔ သုံးသပ္သြား။

ေဆာက္သမ္တန္အသင္းအေနနဲ႔ ယူႏိုက္တက္ ညာေနာက္ခံလူ ဘရန္ဒန္ ဝီလီယမ္စ္ကို အငွားနဲ႔ တရာသီ ေခၚယူသြားမွာျဖစ္ၿပီး အက္စတန္ ဗီလာအသင္းကလည္း အိတ္ဇယ္လ္ တြမ္ဇီဘီကို တရာသီအငွားနဲ႔ ကမ္းလွမ္းထားလို႔ ယူႏိုက္တက္ရဲ႕ အထြက္စာရင္းမွာ ၃ ဦးတန္းစီေနခ်ိန္မွာ ေနာက္ထပ္တဦးက တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္လို႔ သုံးသပ္ခံထားရ။

ယူ႐ိုၿပိဳင္ပြဲမွာ ေျခစြမ္းျပေနလြန္းလို႔ ဘရာဇီးလ္ဂႏၴဝင္ ေရာဘတ္တို ကားလို႔စ္နဲ႔ ႏႈိင္းယွဥ္ခံရၿပီး လက္သစ္အျဖစ္ ဂုဏ္ျပဳေခၚေဝၚျခင္းခံေနရတဲ့ ယူႏိုက္တက္ကစားသမား လုခ္ေရွာကို ဘရာဇီးလ္သားႀကီးကိုယ္တိုင္က အလြန္ႀကိဳက္ႏွစ္သက္မိေၾကာင္း ဝန္ခံခဲ့ေပမယ့္ အခ်ိန္ကာလခ်င္း မတူညီလို႔ မိမိနဲ႔ေတာ့ ႏႈိင္းယွဥ္ျခင္း မျပဳေစလိုေၾကာင္း ပညာသားပါပါ တုံ႔ျပန္သြားခဲ့။

ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခ်င္ရင္ ေဂ်ဒန္ ဆန္ခ်ိဳအျပင္ ေနာက္ထပ္လူသစ္ ၃ ဦး အင္အားျဖည့္သင့္တယ္လို႔ ကစားသမားေဟာင္းႀကီး ေပါလ္အင့္စ္က ေထာက္ျပသြားခဲ့ၿပီး နည္းျပဆိုးလ္ရွားအေနနဲ႔ ကမာၻ႔အဆင့္မီ ဗဟိုခံစစ္မႉးတဦးနဲ႔ ကြင္းလယ္လူတဦးကို မျဖစ္မေန လိုအပ္ေနတယ္လို႔ အႀကဳံျပခဲ့သလို ကာဗာနီေနရာ ဆက္ခံမယ့္ တိုက္စစ္မႉးတဦးကိုပါ ေခၚယူသင့္ေၾကာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.