Premier League Transfer News

6 Jul ညခင်းပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ပက်ဒရီကို ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းကြီး အီယန်ရိုက်က ရင့်ကျက်တည်ငြိမ်ပြီး ကစားတာ ကောင်းလွန်းတဲ့ကလေးလို့ ချီးကျူးသွားခဲ့သလို သူ့အတွက် အန်းဖီးလ်မြေက ကမ်းလှမ်းမှုကိုတော့ ကတ်တလန်ကလပ်က ပယ်ချထားခဲ့။

– ပေါ်တူဂီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို ပစ်မှတ်ထားတဲ့ အသင်းတွေထဲမှာ ခေါ်ယူနိုင်ခြေအများဆုံးက လီဗာပူးလ်အသင်းဖြစ်ကြောင်း သတင်းဌာနအချို့က ဖော်ပြနေကြပြီး သူ့ရဲ့အေးဂျင့် ဂျော်ဂျီ မန်ဒက်စ်ကလည်း ကစားသမားအနေနဲ့ လိုင်လီအသင်းဘက်ကနေ အသင်းပြောင်းခွင့်ပေးဖို့ နီးစပ်နေပြီလို့ဆို။

– ပီအက်စ်ဂျီတိုက်စစ်မှူး ခီလီယန် အမ်ဘာပေက နည်းပြ မော်ရီစီယို ပိုချက်တီနိုကို အသင်းမှ ထွက်ခွာလိုကြောင်း ပြောလိုက်ပြီလို့ သတင်းတွေ ထွက်လာခဲ့တာကြောင့် သူ့ကို အလိုရှိနေတဲ့ လီဗာပူးလ်အသင်းအတွက်တော့ ထိုက်တန်တဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ခေါ်ယူနိုင်ဖို့ရှိနေ။

– လီဗာပူးလ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ပြင်သစ်ကလပ် လီယွန် ကွင်းလယ်လူ ဟူဆင်းမ် အောဝါအနေနဲ့ တိုက်စစ်မှူး မမ်းဖစ္စ ဒီပိုင်းကို ထွက်ခွာခွင့်ပြုခဲ့တဲ့ အသင်းကို စိတ်ပျက်နေပြီး ရာသီကြိုလေ့ကျင့်ရေးကွင်းမှာ မတွေ့ရတာကြောင့် အန်းဖီးလ်မြေကို နင်းတော့မှာလားလို့ မျှော်လင့်စရာဖြစ်လာ။

– လီဗာပူးလ်အသင်းအနေနဲ့ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ တစ်နှစ်လောက်ပဲ ကျန်တော့တဲ့ တောင်ပံကစားသမား လော်ရန်ဇို အင်ဆီညာကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အတော်မြင့်တက်လာတယ်လို့ အပြောင်းအရွှေ့ဈေးကွက် ကျွမ်းကျင်သူ ဖာဘီယို ဆန်တီနီသုံးသပ်။

– နောက်ခံလူဟောင်း ရီယိုဖာဒီနန်က သူ့ကို လက်ရှိ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအနေနဲ့ ၂၀၁၃ လောက်တုန်းက မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းလာချင်လို့ အကူအညီတောင်းခဲ့ဖူးကြောင်း ထုတ်ဖော်လိုက်ပြီး အဲ့ဒီအချိန်တုန်းက အိုးလ်ထရက်ဖို့ဒ်ဘက်က အဲဗာတန်ရဲ့ မာဟွမ် ဖယ်လိုင်နီကိုသာ ခေါ်ယူသွားခဲ့။

– လီဗာပူးလ်အသင်းအ‌နေနဲ့ တိုက်စစ်အတွက် ဆောက်သမ်တန်အသင်းရဲ့ တိုက်စစ်မှူး ဒန်နီ အင်းစ်ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားလာပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ သာ ကုန်ကျမှာဖြစ်တဲ့အပြင် အခြားအသင်းကို ပြောင်းခဲ့ရင်လည်း စိန့်တို့ ခေါ်ယူခဲ့စဉ်က သဘောတူညီချက်အရ ရောင်းချငွေရဲ့ ၂၀ ရာခိုင်နှုန်းကို အန်းဖီးလ်ဆီ ပေးချေရဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:








REF: INTERNET SOURCES
SPORTS A2Z.