Premier League Transfer News

8 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ အန်ဒါလက်ချ်ကွင်းလယ်လူ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူဖို့ နောက်ဆုံးမှာ ပြောင်းရွှေ့ကြေး ယူရို ၁၇.၅ သန်း+ ခံစားခွင့်တွေနဲ့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေကတော့ ရရှိထားပြီးဖြစ်သလို စာရွက်စာတမ်းနဲ့ တရားဝင်ကိစ္စတွေပဲ ကျန်ရှိတော့ကြောင်း ဖာဘရီဇီယို ရိုမာနို ဖော်ပြ။

– အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ ပြီးခဲ့တဲ့ ရာသီက မအောင်မြင်လိုက်တဲ့ ပစ်မှတ် ဟူဆင်းမ် အောဝါကို ခေါ်ယူနိုင်ဖို့ တစ်ဖန်ပြန်လည်ကြိုးစားမှုက အခြေအနေကောင်းနေပြီး သူရောက်လာရင် လူငယ်ကစားသမား အီမီးလ် စမစ်ရိုးကို ရောင်းချသွားမလားလို့ ပရိသတ်တွေ စိတ်ပူနေကြ။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်မှာ ပင်နယ်တီသုံးလုံးအထိ ဖမ်းပြပြီး အာဂျင်တီးနား အသင်းကို နောက်တစ်ဆင့်တက်စေခဲ့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို နှမြောတသနေကြပြီး ဒီလောက်ကောင်းတဲ့ ဂိုးသမားကို ပေါင်သန်း ၂၀ နဲ့ ထွက်ခွင့်ပြုခဲ့တဲ့ နည်းပြ မီခယ်လ် အာတီတာနဲ့ တာဝန်ရှိသူတွေကို လှောင်ပြောင်နေခဲ့ကြ။

– အသင်းရဲ့ ကစားသမားအထွက်စာရင်းက ရပ်တန့်သွားခြင်း မရှိနိုင်သေးဘူးလို့ အပြောင်းအရွှေ့ကျွမ်းကျင်သူတွေ ခန့်မှန်းနေကြပြီး ဘက်ရှီးတပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့တဲ့ နောက်ခံလူ ပါဘလို မာရီကိုလည်း အာဆင်နယ်တာဝန်ရှိသူတွေအနေနဲ့ ရောင်းချပြီး အပြောင်းအရွှေ့ ရန်ပုံငွေ ရှာဖွေသွားဖို့ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်နောက်ခံလူ ဘန်ဝှိုက်ကို မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတွေကို ကျော်ဖြတ်ပြီး ခေါ်ယူသွားနိုင်လိမ့်မယ်လို့ အသင်းတိုက်စစ်မှူးဟောင်းကြီး ကီဗင် ကမ်းဘဲလ်က ဟောကိန်းထုတ်လိုက်ပြီး အမ်းမရိတ်ရဲ့ ပွဲထွက်တစ်နေရာကို အာမခံချက်နဲ့အတူ ရရှိလိမ့်မယ်လို့ဆိုသွားခဲ့။

– စီးရီးအေကလပ် ဘိုလော့ညာအသင်းမှာ ခြေစွမ်းပြသနေတဲ့ ဗဟိုနောက်ခံလူ တာကဲဟီရို တိုမီယာဆုအတွက် အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် စပါးစ်အသင်းကို ယှဉ်ပြိုင်သွားဖို့ ရှိနေပြီး အသက် ၂၂ နှစ်အရွယ် ဂျပန်သားအတွက် ယူရိုသန်း ၂၀ ခန့် ပေးချေရဖွယ်ရှိနေ။

– ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့ ဝါရင့်ကွင်းလယ်လူ မီရာလမ် ပယာနစ်ချ်ကို အာဆင်နယ်တို့အနေနဲ့ လန်ဒန်ပြိုင်ဘက် စပါးစ်၊ ချဲလ်ဆီးအသင်းတို့နဲ့အတူ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၃၁ နှစ်အရွယ် ဘော့စနီးယားသားကို ချဉ်းကပ်စုံစမ်းထား။

– ခြေစွမ်းကျဆင်းနေတဲ့ ဟက်တာ ဘယ်လာရင် ထွက်ခွာသွားဖို့ ရှိနေပြီး စိုးရိမ်စရာဖြစ်လာတဲ့ ညာနောက်ခံလူနေရာအတွက် ဆီးဒရစ်နဲ့ ချိမ်ဘားစ်တို့နှစ်ယောက်နဲ့ မဖြစ်နိုင်ချိန်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် တူရကီအသင်းရဲ့ နောက်ခံလူ မာ့ထ် မာလ်ဒါကို ဆာဆူအိုလိုအသင်းဆီက ခေါ်ယူဖို့ အာဆင်နယ်တို့ ကြံစည်နေ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာကို လက်လွှတ်ခဲ့ရရင် သူ့ရဲ့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းဖော် ဒင်းနစ် ဇာကာရီးယားနဲ့ ပြန်လည်အစားထိုးဖို့ အလိုရှိနေပြီး ၂၄ နှစ်သားအနေနဲ့ မွန်ချန်ဂလာဘက်ချ်အသင်းမှာ စာချုပ် ၁၂ လသာ ကျန်ရှိနေလို့ လျှော့ဈေးနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ အန္ဒါလက္ခ်္ကြင္းလယ္လူ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါကို ေခၚယူဖို႔ ေနာက္ဆုံးမွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၇.၅ သန္း+ ခံစားခြင့္ေတြနဲ႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး ပုဂၢိဳလ္ေရး သေဘာတူညီမႈေတြကေတာ့ ရရွိထားၿပီးျဖစ္သလို စာ႐ြက္စာတမ္းနဲ႔ တရားဝင္ကိစၥေတြပဲ က်န္ရွိေတာ့ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ေဖာ္ျပ။

– အာဆင္နယ္နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ ၿပီးခဲ့တဲ့ ရာသီက မေအာင္ျမင္လိုက္တဲ့ ပစ္မွတ္ ဟူဆင္းမ္ ေအာဝါကို ေခၚယူႏိုင္ဖို႔ တစ္ဖန္ျပန္လည္ႀကိဳးစားမႈက အေျခအေနေကာင္းေနၿပီး သူေရာက္လာရင္ လူငယ္ကစားသမား အီမီးလ္ စမစ္႐ိုးကို ေရာင္းခ်သြားမလားလို႔ ပရိသတ္ေတြ စိတ္ပူေနၾက။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ကိုပါအေမရိကဖလား ဆီမီးဖိုင္နယ္မွာ ပင္နယ္တီသုံးလုံးအထိ ဖမ္းျပၿပီး အာဂ်င္တီးနား အသင္းကို ေနာက္တစ္ဆင့္တက္ေစခဲ့တဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ႏွေျမာတသေနၾကၿပီး ဒီေလာက္ေကာင္းတဲ့ ဂိုးသမားကို ေပါင္သန္း ၂၀ နဲ႔ ထြက္ခြင့္ျပဳခဲ့တဲ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ တာဝန္ရွိသူေတြကို ေလွာင္ေျပာင္ေနခဲ့ၾက။

– အသင္းရဲ႕ ကစားသမားအထြက္စာရင္းက ရပ္တန႔္သြားျခင္း မရွိႏိုင္ေသးဘူးလို႔ အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူေတြ ခန႔္မွန္းေနၾကၿပီး ဘက္ရွီးတပ္စ္အသင္းရဲ႕ ကမ္းလွမ္းမႈကို ရရွိထားခဲ့တဲ့ ေနာက္ခံလူ ပါဘလို မာရီကိုလည္း အာဆင္နယ္တာဝန္ရွိသူေတြအေနနဲ႔ ေရာင္းခ်ၿပီး အေျပာင္းအေ႐ႊ႕ ရန္ပုံေငြ ရွာေဖြသြားဖို႔ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ေနာက္ခံလူ ဘန္ဝႈိက္ကို မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြကို ေက်ာ္ျဖတ္ၿပီး ေခၚယူသြားႏိုင္လိမ့္မယ္လို႔ အသင္းတိုက္စစ္မႉးေဟာင္းႀကီး ကီဗင္ ကမ္းဘဲလ္က ေဟာကိန္းထုတ္လိုက္ၿပီး အမ္းမရိတ္ရဲ႕ ပြဲထြက္တစ္ေနရာကို အာမခံခ်က္နဲ႔အတူ ရရွိလိမ့္မယ္လို႔ဆိုသြားခဲ့။

– စီးရီးေအကလပ္ ဘိုေလာ့ညာအသင္းမွာ ေျခစြမ္းျပသေနတဲ့ ဗဟိုေနာက္ခံလူ တာကဲဟီ႐ို တိုမီယာဆုအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းကို ယွဥ္ၿပိဳင္သြားဖို႔ ရွိေနၿပီး အသက္ ၂၂ ႏွစ္အ႐ြယ္ ဂ်ပန္သားအတြက္ ယူ႐ိုသန္း ၂၀ ခန႔္ ေပးေခ်ရဖြယ္ရွိေန။

– ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ လုပ္ေဆာင္ေနတဲ့ ဝါရင့္ကြင္းလယ္လူ မီရာလမ္ ပယာနစ္ခ်္ကို အာဆင္နယ္တို႔အေနနဲ႔ လန္ဒန္ၿပိဳင္ဘက္ စပါးစ္၊ ခ်ဲလ္ဆီးအသင္းတို႔နဲ႔အတူ ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ ေဘာ့စနီးယားသားကို ခ်ဥ္းကပ္စုံစမ္းထား။

– ေျခစြမ္းက်ဆင္းေနတဲ့ ဟက္တာ ဘယ္လာရင္ ထြက္ခြာသြားဖို႔ ရွိေနၿပီး စိုးရိမ္စရာျဖစ္လာတဲ့ ညာေနာက္ခံလူေနရာအတြက္ ဆီးဒရစ္နဲ႔ ခ်ိမ္ဘားစ္တို႔ႏွစ္ေယာက္နဲ႔ မျဖစ္ႏိုင္ခ်ိန္မွာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ တူရကီအသင္းရဲ႕ ေနာက္ခံလူ မာ့ထ္ မာလ္ဒါကို ဆာဆူအိုလိုအသင္းဆီက ေခၚယူဖို႔ အာဆင္နယ္တို႔ ႀကံစည္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာကို လက္လႊတ္ခဲ့ရရင္ သူ႔ရဲ႕ ဆြစ္ဇာလန္လက္ေ႐ြးစင္အသင္းေဖာ္ ဒင္းနစ္ ဇာကာရီးယားနဲ႔ ျပန္လည္အစားထိုးဖို႔ အလိုရွိေနၿပီး ၂၄ ႏွစ္သားအေနနဲ႔ မြန္ခ်န္ဂလာဘက္ခ်္အသင္းမွာ စာခ်ဳပ္ ၁၂ လသာ က်န္ရွိေနလို႔ ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.