Analysis International

မြေထဲပင်လယ်ဒါဘီ ကစားမယ့် အီတလီ-စပိန် ယူရို ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာ ရင်ဆိုင်ကစားမယ့် ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ရဲ့ အကြီးကျယ်ဆုံးပွဲစဥ်လို့ ဆိုရမယ့် အီတလီနဲ့ စပိန်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ထိပ်တန်းအဆင့် ဖျော်ဖြေမှုကို ပေးစွမ်းလာမှာပါ။ ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ တိုက်ပွဲဝင်မှုနဲ့ ရုန်းကန်မှုတွေက အတော်လေး လှပနေပြီး အရသာ တွေ့ရဖွယ်ရှိနေလို့ သေချာပေါက် ကြည့်ကောင်းဦးမယ့် ပွဲတစ်ပွဲပါ။

ဝင်ဘလီကွင်းမှာ ကစားရမယ့် ဒီပွဲမှာ ဂန္ထဝင်မြောက်ပွဲစဥ်တစ်ခုဖြစ်လာမယ်လို့ သတ်မှတ်ခံထားရသလို အီတလီအသင်းက ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်နဲ့ မောင်းတင်လာမှာဖြစ်ပြီး စပိန်အသင်းကလည်း ဒီနှစ်ယူရိုပြိုင်ပွဲကြီးမှာ တိုက်စစ်ပိုင်းက ၅ ပွဲမှာ ၁၂ ဂိုးသွင်းယူပြီး ဂိုးသွင်းအား အကောင်းဆုံးအသင်းဖြစ်နေတာပါ။

အီတလီနည်းပြ ရော်ဘတ်တို မန်ချီနီက ဘယ်လ်ဂျီယမ်လိုပဲ ကစားရခက်တဲ့ စပိန်အသင်းကို အနိုင်ကစားမှာဖြစ်ပြီး ဆီမီးအဆင့်ရောက်မှတော့ အပြုတ်မခံနိုင်ဘူးလို့ အခိုင်အမာဆိုထားသလို စပိန်နည်းပြ လူးဝစ် အန်ရီကေးကတော့ အီတလီကို ကျော်ဖြတ်ပြီး ယူရိုဖိုင်နယ်ကို တက်မယ်လို့ ကြုံးဝါးထားတာကြောင့် တစ်ဖက်က အင်္ဂလန်နဲ့ ဒိန်းမတ်တို့ရဲ့ပွဲစဥ်ထက်ကို ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်နေတာပါ။

အီတလီအသင်းရဲ့ လူစာရင်းမှာတော့ ဘယ်နောက်ခံမှာ အဓိကအားကိုးရတဲ့ လီယိုနာဒို စပင်နက်ဇိုလာက ပြင်းထန်တဲ့ ​ခြေဖနောင့်ကြောဒဏ်ရာကြောင့် ၆ လကြာ အနားယူရမှာဖြစ်လို့ အပြီးသတ်လွဲချော်ခဲ့ပြီဖြစ်သလို သူ့နေရာမှာ အီမာဆန် ဝင်ကစားရတော့မှာဖြစ်ပြီး လော်ရန်ဇို အင်ဆီညာနဲ့အတူ ဘယ်ခြမ်းတိုက်စစ်ကို ပုံဖော်လာဖို့ ရှိနေပါတယ်။

အီတလီရဲ့ပွဲထွက်လူစာရင်းမှာ ဂိုးမှာ ဒွန်နာရမ်မာ၊ ဗဟိုခံစစ်မှာ ခေးလီနီနဲ့ ဘိုနူချီအတွဲ၊ ဘယ်ညာနောက်ခံတောင်ပံတစ်စုံမှာ ဒီလော်ရန်ဇိုနဲ့ အီမာဆန်၊ ကွင်းလယ်မှာ ဂျော်ဂျင်ညို၊ ဗာရက်တီနဲ့ ဘာရဲလားတို့အတွဲနဲ့ တိုက်စစ်ပိုင်းက အီတလီ စီးရီးအေရဲ့ နာမည်ကြီး အင်ဆီညာ၊ အင်မိုဘီလီနဲ့ ခီယေဆာတို့အတွဲကတော့ သေချာပေါက် မြင်တွေ့ရဖွယ်ရှိနေပါတယ်။

စပိန်အသင်းမှာ​တော့ ကွင်းလယ်တိုက်စစ်လူ ပါဘလို ဆာရာဘီးယားက ကြွက်သားဒဏ်ရာကြောင့် လွဲချော်ဖွယ်ရှိနေလို့ နည်းပြအတွက် ခေါင်းကိုက်စရာ အခြေအနေတခုမှာ သူ့ရဲ့နေရာအတွက် ဖြတ်တင်ဘောတွေ ကောင်းတဲ့ ဒါနီ အိုလ်မိုကို ယုံကြည်ကိုးစားလာဖွယ်ရှိနေသလို လူစုံတက်စုံ တောင့်တောင့်တင်းတင်း လူထုတ်လာမှာဖြစ်ပါတယ်။

ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်ပိုင်းမှာ အက်ဇ်ပီလီကွေတာ၊ အဲရစ် ဂါစီယာ၊ လာပေါ့တ်နဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကသာ ဦးဆောင်လာမှာဖြစ်ပြီး ကွင်းလယ်ဗဟိုမှာ ဘူးစကွက်စ်၊ ကွင်းလယ်တိုက်စစ်ပိုင်းမှာ အားကိုးရတဲ့ ပက်ဒရီနဲ့ ကိုကီတို့အတွဲ၊ တိုက်စစ်တန်းမှာတော့ မိုရာတာ၊ ဂျရတ် မိုရီနိုနဲ့ အိုလ်မိုတို့အတွဲအပြင် ဖယ်ရန် တောရက်စ်ရဲ့ခြေစွမ်းပြမှုကြောင့် ရွက်ကုန်လွှင့်သွားဖို့ ရှိနေပါတယ်။

ရလဒ်ခန့်မှန်းချက်အနေနဲ့ တယ်လီဂရပ်ဖ်သတင်းစာကတော့ အီတလီတို့အနေနဲ့ စပိန်တို့ မြူးကြွသွက်လက်လွန်းနေတဲ့ တိုက်စစ်ဆင်မှုကို ထိန်းချုပ်ဖို့ မလွယ်နိုင်သလို စပိန်တိုက်စစ်ပိုင်းမှာ ဖယ်ရန် တောရက်စ်က အီတလီရဲ့ ချက်ကောင်းကို ကောင်းကောင်ထိုးနှက်လိမ့်မယ်လို့ သုံးသပ်ခဲ့ပြီး သမ္ဘာပိုရင့်တဲ့ အီတလီကပဲ ၂-၁ နဲ့ ကပ်နိုင်သွားမယ်လို့ ဆိုခဲ့တာပါ။

အခြားခန့်မှန်းချက်တွေမှာတော့ အီတလီအသင်းကပဲ သာမန်ပွဲချိန် မိနစ် ၉၀ အတွင်း ၃-၁ နဲ့ အနိုင်ရသွားမယ်ဆိုတဲ့ ရလဒ်ခန့်မှန်းမှုတွေက ပိုမိုများပြားနေခဲ့ပြီး အဇူရီတို့ဘက်ကို ပိုအလေးသာနေတာကို တွေ့ရသလို Sports A2Z ရဲ့ ခန့်မှန်းမှုအရတော့ သမိုင်းဝင် ၃၂ ပွဲရှုံးပွဲမရှိတဲ့ နည်းပြ မန်ချီနီရဲ့ အီတလီကပဲ တစ်ဂိုးအသာနဲ့ ခပ်ပါးပါးလေး အနိုင်ရပြီး ဖိုင်နယ်ကို တက်သွားမယ်လို့ သုံးသပ်လိုက်ပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ညမွာ ရင္ဆိုင္ကစားမယ့္ ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ရဲ႕ အႀကီးက်ယ္ဆုံးပြဲစဥ္လို႔ ဆိုရမယ့္ အီတလီနဲ႔ စပိန္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ထိပ္တန္းအဆင့္ ေဖ်ာ္ေျဖမႈကို ေပးစြမ္းလာမွာပါ။ ကမာၻ႔အဆင့္ကစားသမားေတြရဲ႕ တိုက္ပြဲဝင္မႈနဲ႔ ႐ုန္းကန္မႈေတြက အေတာ္ေလး လွပေနၿပီး အရသာ ေတြ႕ရဖြယ္ရွိေနလို႔ ေသခ်ာေပါက္ ၾကည့္ေကာင္းဦးမယ့္ ပြဲတစ္ပြဲပါ။

ဝင္ဘလီကြင္းမွာ ကစားရမယ့္ ဒီပြဲမွာ ဂႏၴဝင္ေျမာက္ပြဲစဥ္တစ္ခုျဖစ္လာမယ္လို႔ သတ္မွတ္ခံထားရသလို အီတလီအသင္းက ၃၂ ပြဲဆက္ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ေမာင္းတင္လာမွာျဖစ္ၿပီး စပိန္အသင္းကလည္း ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲႀကီးမွာ တိုက္စစ္ပိုင္းက ၅ ပြဲမွာ ၁၂ ဂိုးသြင္းယူၿပီး ဂိုးသြင္းအား အေကာင္းဆုံးအသင္းျဖစ္ေနတာပါ။

အီတလီနည္းျပ ေရာ္ဘတ္တို မန္ခ်ီနီက ဘယ္လ္ဂ်ီယမ္လိုပဲ ကစားရခက္တဲ့ စပိန္အသင္းကို အႏိုင္ကစားမွာျဖစ္ၿပီး ဆီမီးအဆင့္ေရာက္မွေတာ့ အျပဳတ္မခံႏိုင္ဘူးလို႔ အခိုင္အမာဆိုထားသလို စပိန္နည္းျပ လူးဝစ္ အန္ရီေကးကေတာ့ အီတလီကို ေက်ာ္ျဖတ္ၿပီး ယူ႐ိုဖိုင္နယ္ကို တက္မယ္လို႔ ႀကဳံးဝါးထားတာေၾကာင့္ တစ္ဖက္က အဂၤလန္နဲ႔ ဒိန္းမတ္တို႔ရဲ႕ပြဲစဥ္ထက္ကို ပိုၿပီးၿပိဳင္ဆိုင္မႈျပင္းထန္ေနတာပါ။

အီတလီအသင္းရဲ႕ လူစာရင္းမွာေတာ့ ဘယ္ေနာက္ခံမွာ အဓိကအားကိုးရတဲ့ လီယိုနာဒို စပင္နက္ဇိုလာက ျပင္းထန္တဲ့ ​ေျခဖေနာင့္ေၾကာဒဏ္ရာေၾကာင့္ ၆ လၾကာ အနားယူရမွာျဖစ္လို႔ အၿပီးသတ္လြဲေခ်ာ္ခဲ့ၿပီျဖစ္သလို သူ႔ေနရာမွာ အီမာဆန္ ဝင္ကစားရေတာ့မွာျဖစ္ၿပီး ေလာ္ရန္ဇို အင္ဆီညာနဲ႔အတူ ဘယ္ျခမ္းတိုက္စစ္ကို ပုံေဖာ္လာဖို႔ ရွိေနပါတယ္။

အီတလီရဲ႕ပြဲထြက္လူစာရင္းမွာ ဂိုးမွာ ဒြန္နာရမ္မာ၊ ဗဟိုခံစစ္မွာ ေခးလီနီနဲ႔ ဘိုႏူခ်ီအတြဲ၊ ဘယ္ညာေနာက္ခံေတာင္ပံတစ္စုံမွာ ဒီေလာ္ရန္ဇိုနဲ႔ အီမာဆန္၊ ကြင္းလယ္မွာ ေဂ်ာ္ဂ်င္ညိဳ၊ ဗာရက္တီနဲ႔ ဘာရဲလားတို႔အတြဲနဲ႔ တိုက္စစ္ပိုင္းက အီတလီ စီးရီးေအရဲ႕ နာမည္ႀကီး အင္ဆီညာ၊ အင္မိုဘီလီနဲ႔ ခီေယဆာတို႔အတြဲကေတာ့ ေသခ်ာေပါက္ ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။

စပိန္အသင္းမွာ​ေတာ့ ကြင္းလယ္တိုက္စစ္လူ ပါဘလို ဆာရာဘီးယားက ႂကြက္သားဒဏ္ရာေၾကာင့္ လြဲေခ်ာ္ဖြယ္ရွိေနလို႔ နည္းျပအတြက္ ေခါင္းကိုက္စရာ အေျခအေနတခုမွာ သူ႔ရဲ႕ေနရာအတြက္ ျဖတ္တင္ေဘာေတြ ေကာင္းတဲ့ ဒါနီ အိုလ္မိုကို ယုံၾကည္ကိုးစားလာဖြယ္ရွိေနသလို လူစုံတက္စုံ ေတာင့္ေတာင့္တင္းတင္း လူထုတ္လာမွာျဖစ္ပါတယ္။

ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္ပိုင္းမွာ အက္ဇ္ပီလီေကြတာ၊ အဲရစ္ ဂါစီယာ၊ လာေပါ့တ္နဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကသာ ဦးေဆာင္လာမွာျဖစ္ၿပီး ကြင္းလယ္ဗဟိုမွာ ဘူးစကြက္စ္၊ ကြင္းလယ္တိုက္စစ္ပိုင္းမွာ အားကိုးရတဲ့ ပက္ဒရီနဲ႔ ကိုကီတို႔အတြဲ၊ တိုက္စစ္တန္းမွာေတာ့ မိုရာတာ၊ ဂ်ရတ္ မိုရီႏိုနဲ႔ အိုလ္မိုတို႔အတြဲအျပင္ ဖယ္ရန္ ေတာရက္စ္ရဲ႕ေျခစြမ္းျပမႈေၾကာင့္ ႐ြက္ကုန္လႊင့္သြားဖို႔ ရွိေနပါတယ္။

ရလဒ္ခန္႔မွန္းခ်က္အေနနဲ႔ တယ္လီဂရပ္ဖ္သတင္းစာကေတာ့ အီတလီတို႔အေနနဲ႔ စပိန္တို႔ ျမဴးႂကြသြက္လက္လြန္းေနတဲ့ တိုက္စစ္ဆင္မႈကို ထိန္းခ်ဳပ္ဖို႔ မလြယ္ႏိုင္သလို စပိန္တိုက္စစ္ပိုင္းမွာ ဖယ္ရန္ ေတာရက္စ္က အီတလီရဲ႕ ခ်က္ေကာင္းကို ေကာင္းေကာင္ထိုးႏွက္လိမ့္မယ္လို႔ သုံးသပ္ခဲ့ၿပီး သမာၻပိုရင့္တဲ့ အီတလီကပဲ ၂-၁ နဲ႔ ကပ္ႏိုင္သြားမယ္လို႔ ဆိုခဲ့တာပါ။

အျခားခန္႔မွန္းခ်က္ေတြမွာေတာ့ အီတလီအသင္းကပဲ သာမန္ပြဲခ်ိန္ မိနစ္ ၉၀ အတြင္း ၃-၁ နဲ႔ အႏိုင္ရသြားမယ္ဆိုတဲ့ ရလဒ္ခန္႔မွန္းမႈေတြက ပိုမိုမ်ားျပားေနခဲ့ၿပီး အဇူရီတို႔ဘက္ကို ပိုအေလးသာေနတာကို ေတြ႕ရသလို Sports A2Z ရဲ႕ ခန္႔မွန္းမႈအရေတာ့ သမိုင္းဝင္ ၃၂ ပြဲရႈံးပြဲမရွိတဲ့ နည္းျပ မန္ခ်ီနီရဲ႕ အီတလီကပဲ တစ္ဂိုးအသာနဲ႔ ခပ္ပါးပါးေလး အႏိုင္ရၿပီး ဖိုင္နယ္ကို တက္သြားမယ္လို႔ သုံးသပ္လိုက္ပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.