Analysis Article International

အီတလီနဲ့ စပိန်ပွဲမှာ ဘယ်ကစားသမား ၅ ဦးက ထိပ်တန်းအဆင့်ဖျော်ဖြေမှုကို ပေးစွမ်းလာမှာလဲ?

ဒီနေ့ညမှာ ရင်ဆိုင်ကစားမယ့် ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ရဲ့ အကြီးကျယ်ဆုံးပွဲစဥ်လို့ ဆိုရမယ့် အီတလီနဲ့ စပိန်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အတော်လေးလှပနေပြီး ကမ္ဘာ့အဆင့်ကစားသမားတွေရဲ့ တိုက်ပွဲဝင်မှုနဲ့ ရုန်းကန်မှုတွေကို အရသာတွေ့ရဖွယ်ရှိနေလို့ ဒီနှစ်သင်းက အဓိကစောင့်ကြည့်ရမယ့် ကစားသမား ၅ ဦးကို ရွေးနုတ်တင်ဆက်ပေးပါရစေ။

ဂျော်ဂျင်ညို
ချယ်လ်ဆီးအသင်းနဲ့ ချန်ပီယံလိဂ်ဘုရင်ဖြစ်ခဲ့သလို ယူရိုဘုရင်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အီတလီအသင်းအတွက် နှလုံးသည်းပွတ်အဖြစ် အသုံးတော်ခံပြီး စွမ်းဆောင်ရည်မြင့်တက်နေတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုက အာဇူရီရဲ့ ဆီမီးဖိုင်နယ်ခရီးလမ်းမှာ ဘောလုံးဆယ်ယူမှု ၃၅ ကြိမ်အထိ ပြုလုပ်အောင်မြင်ထားသလို အခွင့်အရေးဖန်တီးမှု ၆ ကြိမ်အထိ စွမ်း​ဆောင်ထားတဲ့အပြင် သူ့ရဲ့ဘောလုံးဦးနှောက်က အီတလီရဲ့ဗဟိုချက်ဖြစ်နေပြီး စပိန်ကို ဘယ်လိုဒုက္ခပေးလာမလဲ စောင့်ကြည့်ရတော့မှာပါ။

ပက်ဒရီ
စပိန်အသင်းရဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့်လေးဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတလျောက် အမောမဖောက်စမ်း ပြေးလွှားမှုတွေပြုလုပ်ပြီး ခြေစွမ်းထောင်တက်နေသလို စပိန်အသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ သူက အဓိကမောင်းနှင်အားဖြစ်နေတာပါ။ အခုပြိုင်ပွဲကြီးမှာ သူက ၆၁.၅ ကီလိုမီတာအထိ ပြေးလွှားလှုပ်ရှားထားပါတယ်။

ဒါက ပြိုင်ပွဲအတွင်း ဘယ်သူမှ လိုက်မမီတဲ့ မှတ်တမ်းအဖြစ်လည်း အသိအမှတ်ပြုစရာဖြစ်နေပြီး ကျစ်လစ်မာကျောလှပါတယ်ဆိုတဲ့ အီတလီခံစစ်ကို ဘယ်လိုဖောက်ခွင်းနိုင်မလဲ စောင့်ကြည့်ခံရချိန်မှာ ဘာစီလိုနာကစားသမားအနေနဲ့ ပေါက်ကွဲမာထန်တဲ့ တိုးအား၊ ထိပ်တန်းကစားအားတွေနဲ့ သက်သေပြလာဖို့ ရှိနေပါတယ်။

နီကိုလို ဘာရဲလာ
ဘယ်လ်ဂျီယမ်နဲ့ ကွာတားပွဲစဥ်မှာ အီတလီကွင်းလယ်မှာ အကောင်းဆုံးကစားသမားအဖြစ် ခိုင်မာလွန်းတဲ့ ခြေစွမ်းက အထူးပြောစရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ မျက်စိကျစရာဖြစ်ခဲ့တဲ့ ဘာရယ်လာက ပက်ဒရီလိုပဲ မရပ်မနားပြေးလွှားနိုင်ပြီး လုပ်အားနှုန်းကောင်းမွန်လှသလို စပိန်သားနဲ့ ခြေစွမ်းချင်း တိုက်ပွဲဝင်ရဖွယ်ရှိနေလို့ ပို​ပြီးစိတ်ဝင်စားစရာကောင်းဦးမှာပါ။

ဖယ်ရန် တောရက်စ်
စပိန်ညာခြမ်းတိုက်စစ်ရဲ့ အသက်လို့ တင်စားရမယ့် မန်စီးတီးတောင်ပံတိုက်စစ်မှူးဟာ လီယိုနာဒို စပီနက်ဇိုလာ မပါဝင်နိုင်မယ့် အီတလီကွင်းလယ်ဘယ်ခြမ်းကို ကောင်းကောင်းထိုးနှက်လာဖွယ်ရှိနေပြီး သူ့ရဲ့အလိမ်အခေါက်နဲ့ အရွေ့တွေက ကြောက်စရာကောင်းသလို ခရိုအေးရှားနဲ့ပွဲမှာ တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့တဲ့ ခြေစွမ်းတောက်ပမှုကိုသာ ထပ်မံပြသနိုင်ရင်တော့ အဇူရီနည်းပြ မန်ချီနီ ခေါင်းကိုက်ရဦးမှာပါ။

လော်ရန်ဇို အင်ဆီညာ
သူ့ရဲ့ အလုပ်​ကြိုးစားမှုနဲ့ ဘောလုံးကျွမ်းကျင်မှုအပြင် လှပတဲ့ ဝေ့ဝိုက်ကန်ချက်တွေက အီတလီရဲ့ပြိုင်ဘက်တိုင်းကို ထိတ်လန့်စရာဖြစ်စေခဲ့ပြီး အသင်းရဲ့တိုက်စစ်ပိုင်းထိုးဖောက်မှုမှာ အဓိကကစားသမားအဖြစ် အာရုံစိုက်ခံရတော့မှာပါ။ စပိန်ညာနောက်ခံလူ အက်ဇ်ပီလီကွေတာကို ကောင်းကောင်းအလုပ်ရှုပ်စေတော့မယ့် နာပိုလီကစားသမားဟာ စပိန်ခံစစ်ကို ကြီးစွာသော အနှောင့်အယှက်ဖြစ်လာဖွယ်ရှိနေချိန်မှာ သူ့ကို နေရာလွတ်မဟပေးမိဖို့ အထူးသတိထားရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ညမွာ ရင္ဆိုင္ကစားမယ့္ ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ရဲ႕ အႀကီးက်ယ္ဆုံးပြဲစဥ္လို႔ ဆိုရမယ့္ အီတလီနဲ႔ စပိန္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက အေတာ္ေလးလွပေနၿပီး ကမာၻ႔အဆင့္ကစားသမားေတြရဲ႕ တိုက္ပြဲဝင္မႈနဲ႔ ႐ုန္းကန္မႈေတြကို အရသာေတြ႕ရဖြယ္ရွိေနလို႔ ဒီႏွစ္သင္းက အဓိကေစာင့္ၾကည့္ရမယ့္ ကစားသမား ၅ ဦးကို ေ႐ြးႏုတ္တင္ဆက္ေပးပါရေစ။

ေဂ်ာ္ဂ်င္ညိဳ
ခ်ယ္လ္ဆီးအသင္းနဲ႔ ခ်န္ပီယံလိဂ္ဘုရင္ျဖစ္ခဲ့သလို ယူ႐ိုဘုရင္ျဖစ္လာဖို႔ ေရပန္းစားေနတဲ့ အီတလီအသင္းအတြက္ ႏွလုံးသည္းပြတ္အျဖစ္ အသုံးေတာ္ခံၿပီး စြမ္းေဆာင္ရည္ျမင့္တက္ေနတဲ့ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳက အာဇူရီရဲ႕ ဆီမီးဖိုင္နယ္ခရီးလမ္းမွာ ေဘာလုံးဆယ္ယူမႈ ၃၅ ႀကိမ္အထိ ျပဳလုပ္ေအာင္ျမင္ထားသလို အခြင့္အေရးဖန္တီးမႈ ၆ ႀကိမ္အထိ စြမ္း​ေဆာင္ထားတဲ့အျပင္ သူ႔ရဲ႕ေဘာလုံးဦးေႏွာက္က အီတလီရဲ႕ဗဟိုခ်က္ျဖစ္ေနၿပီး စပိန္ကို ဘယ္လိုဒုကၡေပးလာမလဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

ပက္ဒရီ
စပိန္အသင္းရဲ႕ အသက္ ၁၈ ႏွစ္အ႐ြယ္ လူငယ္ၾကယ္ပြင့္ေလးဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတေလ်ာက္ အေမာမေဖာက္စမ္း ေျပးလႊားမႈေတြျပဳလုပ္ၿပီး ေျခစြမ္းေထာင္တက္ေနသလို စပိန္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္မွာ သူက အဓိကေမာင္းႏွင္အားျဖစ္ေနတာပါ။ အခုၿပိဳင္ပြဲႀကီးမွာ သူက ၆၁.၅ ကီလိုမီတာအထိ ေျပးလႊားလႈပ္ရွားထားပါတယ္။

ဒါက ၿပိဳင္ပြဲအတြင္း ဘယ္သူမွ လိုက္မမီတဲ့ မွတ္တမ္းအျဖစ္လည္း အသိအမွတ္ျပဳစရာျဖစ္ေနၿပီး က်စ္လစ္မာေက်ာလွပါတယ္ဆိုတဲ့ အီတလီခံစစ္ကို ဘယ္လိုေဖာက္ခြင္းႏိုင္မလဲ ေစာင့္ၾကည့္ခံရခ်ိန္မွာ ဘာစီလိုနာကစားသမားအေနနဲ႔ ေပါက္ကြဲမာထန္တဲ့ တိုးအား၊ ထိပ္တန္းကစားအားေတြနဲ႔ သက္ေသျပလာဖို႔ ရွိေနပါတယ္။

နီကိုလို ဘာရဲလာ
ဘယ္လ္ဂ်ီယမ္နဲ႔ ကြာတားပြဲစဥ္မွာ အီတလီကြင္းလယ္မွာ အေကာင္းဆုံးကစားသမားအျဖစ္ ခိုင္မာလြန္းတဲ့ ေျခစြမ္းက အထူးေျပာစရာျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ မ်က္စိက်စရာျဖစ္ခဲ့တဲ့ ဘာရယ္လာက ပက္ဒရီလိုပဲ မရပ္မနားေျပးလႊားႏိုင္ၿပီး လုပ္အားႏႈန္းေကာင္းမြန္လွသလို စပိန္သားနဲ႔ ေျခစြမ္းခ်င္း တိုက္ပြဲဝင္ရဖြယ္ရွိေနလို႔ ပို​ၿပီးစိတ္ဝင္စားစရာေကာင္းဦးမွာပါ။

ဖယ္ရန္ ေတာရက္စ္
စပိန္ညာျခမ္းတိုက္စစ္ရဲ႕ အသက္လို႔ တင္စားရမယ့္ မန္စီးတီးေတာင္ပံတိုက္စစ္မႉးဟာ လီယိုနာဒို စပီနက္ဇိုလာ မပါဝင္ႏိုင္မယ့္ အီတလီကြင္းလယ္ဘယ္ျခမ္းကို ေကာင္းေကာင္းထိုးႏွက္လာဖြယ္ရွိေနၿပီး သူ႔ရဲ႕အလိမ္အေခါက္နဲ႔ အေ႐ြ႕ေတြက ေၾကာက္စရာေကာင္းသလို ခ႐ိုေအးရွားနဲ႔ပြဲမွာ တဂိုးသြင္း၊ တဂိုးဖန္တီးခဲ့တဲ့ ေျခစြမ္းေတာက္ပမႈကိုသာ ထပ္မံျပသႏိုင္ရင္ေတာ့ အဇူရီနည္းျပ မန္ခ်ီနီ ေခါင္းကိုက္ရဦးမွာပါ။

ေလာ္ရန္ဇို အင္ဆီညာ
သူ႔ရဲ႕ အလုပ္​ႀကိဳးစားမႈနဲ႔ ေဘာလုံးကြၽမ္းက်င္မႈအျပင္ လွပတဲ့ ေဝ့ဝိုက္ကန္ခ်က္ေတြက အီတလီရဲ႕ၿပိဳင္ဘက္တိုင္းကို ထိတ္လန္႔စရာျဖစ္ေစခဲ့ၿပီး အသင္းရဲ႕တိုက္စစ္ပိုင္းထိုးေဖာက္မႈမွာ အဓိကကစားသမားအျဖစ္ အာ႐ုံစိုက္ခံရေတာ့မွာပါ။ စပိန္ညာေနာက္ခံလူ အက္ဇ္ပီလီေကြတာကို ေကာင္းေကာင္းအလုပ္ရႈပ္ေစေတာ့မယ့္ နာပိုလီကစားသမားဟာ စပိန္ခံစစ္ကို ႀကီးစြာေသာ အေႏွာင့္အယွက္ျဖစ္လာဖြယ္ရွိေနခ်ိန္မွာ သူ႔ကို ေနရာလြတ္မဟေပးမိဖို႔ အထူးသတိထားရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.