Analysis International

စူပါကွန်ပျူတာရဲ့ နောက်ဆုံးအဖြေကြောင့် အင်္ဂလန်ပရိသတ်တွေ အသည်းကွဲရတော့မလား

အင်္ဂလန်အသင်းကတော့ ယူကရိန်းအသင်းကို ကွာတားဖိုင်နယ်မှာ လေးဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် ဒိန်းမတ်အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတာပဲ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ အနိုင်ရရှိတဲ့အသင်းကတော့ အီတလီနဲ့စပိန်ပွဲက အနိုင်ရရှိတဲ့ အသင်းနဲ့ ဗိုလ်လုပွဲမှာ တွေ့ဆုံမှာလည်း ဖြစ်ပါတယ်။

အီတလီအနေနဲ့ ယူရို ၂၀၂၀ ချန်ပီယံဖြစ်ဖို့ ၃၉.၈၀% အထိ ရှိနေတယ်လို့ စူပါကွန်ပျူတာက ပြခဲ့ပါတယ်။ ရောဘတ်တို မန်ချီနီရဲ့အသင်းကလည်း အုပ်စုတွင်း ပေးဂိုးမဲ့ ကစားခဲ့ပြီး ရဂိုး ၇ ဂိုးအထိ ရှိခဲ့သလို ဘယ်လ်ဂျီယံအသင်းကိုလည်း ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့ပါတယ်။ အထင်ကြီးစရာက လက်ရှိ ကမ္ဘာ့အဆင့် ၁ အသင်းကို သက်တောင့်သက်သာနဲ့ ကစားခဲ့တာပါ။

နာမည်ကြီး အင်္ဂလန်အသင်းကိုတော့ အခုထိ ပေးဂိုးမဲ့ ကစားပြထားတာတောင် ချန်ပီယံဖြစ်နိုင်ခြေ ဒုတိယအများ‌ဆုံးအနေနဲ့ ၂၉.၄၀% သာ သတ်မှတ်ပေးထားခဲ့ပါတယ်။ ဗိုလ်လုပွဲကို ဝင်ဘလီမှာ ကျင်းပမယ့်အချက်က အိမ်ရှင်အားသာချက်လည်း ရရှိစေတာဖြစ်ပြီး အခြားအသင်းတွေထက် တစ်ကွက်သာ သွားပါတယ်။

ဒိန်းမတ်အသင်းနဲ့ ရင်ဆိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း ဝင်ဘလီမှာ ကျင်းပကစားမှာလည်းဖြစ်တာကြောင့် ပွဲအများစုကို အိမ်ရှင်အနေနဲ့ လက်ခံကစားနေရသလို ဖြစ်နေတာကလည်း ခရီးမပန်းသလို ကိုယ့်မြေမှာဆိုတဲ့ အချက်က ကစားအား ပိုတက်စေခဲ့တယ်ဆိုတာ ဂျာမနီကို ရင်ဆိုင်ကစားပြခဲ့တဲ့ပွဲက သက်သေပါပဲ။

စပိန်အသင်းကတော့ သူတို့ရဲ့ တစ်ချိန်က အကောင်း‌ဆုံးပုံစံတွေ ပျောက်ဆုံးလာခဲ့တဲ့ နောက်မှာတော့ ယူရိုချန်ပီယံဖြစ်နိုင်ခြေက ၂၂.၄၀% ပဲ ရှိတယ်လို့ သတ်မှတ်ပေးထားတာပါ။ အဖွင့် ၂ ပွဲဆက်တိုက် သရေကျပြီးနောက်မှာတော့ အုပ်စုကနေ လှည့်ပြန်ရတော့မလိုအထိ အခြေအနေဆိုးခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံး အမှားမခံတော့တဲ့ အချိန်မှ ဆလိုဗက်ကီးယားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ၁၆ သင်းအဆင့်မှာလည်း ခရိုအေးရှားကို မိနစ် ၉၀ အတွင်း အနိုင်မရခဲ့ဘဲ အချိန်ပိုမှသာ နိုင်ခဲ့တာပါ။ ကွာတားဖိုင်နယ်မှာလည်း တစ်ယောက်လျော့ ဆွစ်ဇာလန်ကို အသည်းအသန်ကစားပြီး ပင်နယ်တီမှာမှ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်တက်လာတဲ့ထဲမှာ အင်အားအနည်းဆုံးဖြစ်တဲ့ ဒိန်းမတ်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကိုတော့ ၈.၄၀% သာ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ဝေးလ်ကို ၁၆ သင်း ရှုံးထွက်အဆင့်မှာ လေးဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း ချက်ကိုပါ သက်တောင့်သက်သာနဲ့ အနိုင်ယူခဲ့တဲ့ ဗိုက်ကင်းတွေအနေနဲ့ မထင်မှတ်တဲ့ ကော်ကောင်ဖြစ်လာနိုင်ပါတယ်။

စူပါကွန်ပျူတာရဲ့ ခန့်မှန်းမှုတွေအရ ဗိုလ်လုပွဲမှာ အီတလီနဲ့ အင်္ဂလန်တို့ တွေ့ဆုံမှာဖြစ်သလို အီတလီကပဲ အင်္ဂလန်တို့ကို အသည်းခွဲပြီး ယူရို ၂၀၂၀ ဖလားကို အရယူသွားမယ်လို့ တွက်ဆထားပါတယ်။ ဘောလုံးပရိသတ်တို့ရဲ့ ဝင်ဘလီမှာ ချန်ပီယံဖြစ်မယ့်အသင်း ခန့်မှန်းချက်က စူပါကွန်ပျူတာနဲ့ သဘောတူမလား၊ ကွဲလွဲနေကြမလားဆိုတာကတော့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းကေတာ့ ယူကရိန္းအသင္းကို ကြာတားဖိုင္နယ္မွာ ေလးဂိုးျပတ္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဒိန္းမတ္အသင္းနဲ႔ ဆီမီးဖိုင္နယ္မွာ ေတြ႕ဆုံေနတာပဲ ျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္မွာ အႏိုင္ရရွိတဲ့အသင္းကေတာ့ အီတလီနဲ႔စပိန္ပြဲက အႏိုင္ရရွိတဲ့ အသင္းနဲ႔ ဗိုလ္လုပြဲမွာ ေတြ႕ဆုံမွာလည္း ျဖစ္ပါတယ္။

အီတလီအေနနဲ႔ ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ဖို႔ ၃၉.၈၀% အထိ ရွိေနတယ္လို႔ စူပါကြန္ပ်ဴတာက ျပခဲ့ပါတယ္။ ေရာဘတ္တို မန္ခ်ီနီရဲ႕အသင္းကလည္း အုပ္စုတြင္း ေပးဂိုးမဲ့ ကစားခဲ့ၿပီး ရဂိုး ၇ ဂိုးအထိ ရွိခဲ့သလို ဘယ္လ္ဂ်ီယံအသင္းကိုလည္း ကြာတားဖိုင္နယ္မွာ အႏိုင္ရခဲ့ပါတယ္။ အထင္ႀကီးစရာက လက္ရွိ ကမာၻ႔အဆင့္ ၁ အသင္းကို သက္ေတာင့္သက္သာနဲ႔ ကစားခဲ့တာပါ။

နာမည္ႀကီး အဂၤလန္အသင္းကိုေတာ့ အခုထိ ေပးဂိုးမဲ့ ကစားျပထားတာေတာင္ ခ်န္ပီယံျဖစ္ႏိုင္ေျခ ဒုတိယအမ်ား‌ဆုံးအေနနဲ႔ ၂၉.၄၀% သာ သတ္မွတ္ေပးထားခဲ့ပါတယ္။ ဗိုလ္လုပြဲကို ဝင္ဘလီမွာ က်င္းပမယ့္အခ်က္က အိမ္ရွင္အားသာခ်က္လည္း ရရွိေစတာျဖစ္ၿပီး အျခားအသင္းေတြထက္ တစ္ကြက္သာ သြားပါတယ္။

ဒိန္းမတ္အသင္းနဲ႔ ရင္ဆိုင္ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္ကိုလည္း ဝင္ဘလီမွာ က်င္းပကစားမွာလည္းျဖစ္တာေၾကာင့္ ပြဲအမ်ားစုကို အိမ္ရွင္အေနနဲ႔ လက္ခံကစားေနရသလို ျဖစ္ေနတာကလည္း ခရီးမပန္းသလို ကိုယ့္ေျမမွာဆိုတဲ့ အခ်က္က ကစားအား ပိုတက္ေစခဲ့တယ္ဆိုတာ ဂ်ာမနီကို ရင္ဆိုင္ကစားျပခဲ့တဲ့ပြဲက သက္ေသပါပဲ။

စပိန္အသင္းကေတာ့ သူတို႔ရဲ႕ တစ္ခ်ိန္က အေကာင္း‌ဆုံးပုံစံေတြ ေပ်ာက္ဆုံးလာခဲ့တဲ့ ေနာက္မွာေတာ့ ယူ႐ိုခ်န္ပီယံျဖစ္ႏိုင္ေျခက ၂၂.၄၀% ပဲ ရွိတယ္လို႔ သတ္မွတ္ေပးထားတာပါ။ အဖြင့္ ၂ ပြဲဆက္တိုက္ သေရက်ၿပီးေနာက္မွာေတာ့ အုပ္စုကေန လွည့္ျပန္ရေတာ့မလိုအထိ အေျခအေနဆိုးခဲ့တာလည္း ျဖစ္ပါတယ္။

ေနာက္ဆုံး အမွားမခံေတာ့တဲ့ အခ်ိန္မွ ဆလိုဗက္ကီးယားကို ၅ ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့ၿပီး ၁၆ သင္းအဆင့္မွာလည္း ခ႐ိုေအးရွားကို မိနစ္ ၉၀ အတြင္း အႏိုင္မရခဲ့ဘဲ အခ်ိန္ပိုမွသာ ႏိုင္ခဲ့တာပါ။ ကြာတားဖိုင္နယ္မွာလည္း တစ္ေယာက္ေလ်ာ့ ဆြစ္ဇာလန္ကို အသည္းအသန္ကစားၿပီး ပင္နယ္တီမွာမွ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဆီမီးဖိုင္နယ္တက္လာတဲ့ထဲမွာ အင္အားအနည္းဆုံးျဖစ္တဲ့ ဒိန္းမတ္အသင္းရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေျခကိုေတာ့ ၈.၄၀% သာ သတ္မွတ္ထားခဲ့တာျဖစ္ပါတယ္။ ေဝးလ္ကို ၁၆ သင္း ရႈံးထြက္အဆင့္မွာ ေလးဂိုးျပတ္အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္မွာလည္း ခ်က္ကိုပါ သက္ေတာင့္သက္သာနဲ႔ အႏိုင္ယူခဲ့တဲ့ ဗိုက္ကင္းေတြအေနနဲ႔ မထင္မွတ္တဲ့ ေကာ္ေကာင္ျဖစ္လာႏိုင္ပါတယ္။

စူပါကြန္ပ်ဴတာရဲ႕ ခန႔္မွန္းမႈေတြအရ ဗိုလ္လုပြဲမွာ အီတလီနဲ႔ အဂၤလန္တို႔ ေတြ႕ဆုံမွာျဖစ္သလို အီတလီကပဲ အဂၤလန္တို႔ကို အသည္းခြဲၿပီး ယူ႐ို ၂၀၂၀ ဖလားကို အရယူသြားမယ္လို႔ တြက္ဆထားပါတယ္။ ေဘာလုံးပရိသတ္တို႔ရဲ႕ ဝင္ဘလီမွာ ခ်န္ပီယံျဖစ္မယ့္အသင္း ခန႔္မွန္းခ်က္က စူပါကြန္ပ်ဴတာနဲ႔ သေဘာတူမလား၊ ကြဲလြဲေနၾကမလားဆိုတာကေတာ့…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.