International Match Report

တစ်ဂိုးတည်းနဲ့ ဖိုင်နယ်မှာ အာဂျင်တီးနားနဲ့ ကိုလံဘီယာကို စောင့်နေတဲ့ ဘရာဇီးလ်

ဘရာဇီးလ်အသင်းအနေနဲ့ ဒီပြိုင်ပွဲကို အိမ်ကွင်းမှာ လက်ခံကျင်းပကစားခဲ့ရပြီး အုပ်စုအဆင့်ကနေ နောက်ဆုံးအဆင့်အထိ အမှားအယွင်း နည်းနည်းနဲ့ ဖြတ်သန်းလာနိုင်ခဲ့သလို ဒီနေ့မှာလည်း ပီရူးကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ကစားပြီး ဗိုလ်လုပွဲကနေ ပြိုင်ဘက်ကို စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်ပါတယ်။

အုပ်စုတွင်းပြိုင်ဘက် ပီရူးနဲ့ ထပ်မံတွေ့ဆုံခဲ့တဲ့ ဘရာဇီးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပထမပွဲကလိုမျိုး လေးဂိုး-ဂိုးမရှိ ရလဒ်ကိုတော့ ရှာဖွေနိုင်ခြင်း မရှိခဲ့ဘဲ အခွင့်အရေးတွေကို အသုံးမချနိုင်မှုတွေနဲ့ မမျှော်လင့်ဘဲ တိုက်စစ်ထက် ခံစစ်ပိုကောင်းနေတဲ့ ပုံစံတွေက တစ်ဂိုး-ဂိုးမရှိပဲ ဖြစ်စေခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ရစ်ချာလစ်ဆန်ရဲ့ ပြေးထွက်ဖန်တီးမှုကို နေမာ အသုံးမချနိုင်ခဲ့ဘဲ လွဲချော်ခဲ့သလို ပွဲချိန် ၁၈ မိနစ်မှာလည်း လူးကပ်စ် ပါကေတာရဲ့ ဖန်တီးမှုကို နေမာနဲ့ ရစ်ချာလစ်ဆန်တို့ ဆက်တိုက်ပိတ်သွင်းခဲ့ပေမယ့် ပီရူးဂိုးသမား ဂါယယ်စီ လက်စွမ်းပြကာကွယ်သွားခဲ့လို့ ဘရာဇီးလ်တို့ အဖွင့်ဂိုးနဲ့ လွဲချော်နေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ရစ်ချာလစ်ဆန် ချပေးတာကို နေမာက ဘယ်ခြမ်းက ဆွဲပြေးပြီး ဂိုးဧရိယာ ဘယ်ခြမ်းမှာ နောက်ခံလူ သုံးယောက်ကို ခေါက်ပြီး ပြန်ချိုးပေးရာမှာ ပီအက်စ်ဂျီတိုက်စစ်မှူးနဲ့အတူ လိုက်မျောနေပြီး အလယ်ကို လွှတ်ထားမိခဲ့တဲ့ ပီရူးနောက်တန်း ခံစားသွားခဲ့ရပြီး လီယွန်ကွင်းလယ်လူ ပါကေတာက ဘယ်ခြေနဲ့ အပိုင်ပိတ်သွင်းခဲ့လို့ တစ်လုံးတည်းသော ဂိုးကို ရရှိခဲ့တာပါ။

ဒီနောက်ပိုင်းပွဲချိန်တွေနဲ့ ဒုတိယပိုင်းမှာတော့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲရယူနိုင်ဖို့ ဘရာဇီးလ်နောက်တန်းနဲ့ ဂိုးသမား အီဒါဆန်တို့ ခုခံကာကွယ်သွားခဲ့သလို လာပါဒူလာ ဦးဆောင်တဲ့ ပီရူးတိုက်စစ်ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးခဲ့ပြီး အိမ်ရှင်တွေ ကိုပါအမေရိကဖိုင်နယ်မှာ မိန့်မိန့်ကြီး စောင့်စားခွင့် ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

လာမယ့်ပွဲမှာတော့ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ ဆီမီးဖိုင်နယ်ပွဲစဉ်က အနိုင်ရတဲ့သူနဲ့ ဘရာဇီးလ်တို့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး မာရာကာနာ ကွင်းကြီးမှာ ယှဉ်ပြိုင်ရမယ့် ဖိုင်နယ်ပွဲမှာတော့ ဟားမက်စ် မပါနိုင်တဲ့ ကိုလံဘီယာကို မက်ဆီတို့ရဲ့ အတောက်ပဆုံး အာဂျင်တီးနားကပဲ ကျော်ဖြတ် ရောက်ရှိလာဖို့လည်း များနေခဲ့တာပါ။

ဒါကြောင့် အသင်းကို ကြယ်ပွင့်ကစားသမားအဖြစ် ဦးဆောင်မောင်းနှင်နေပြီး ပီရူးနဲ့ပွဲမှာ ရရှိခဲ့တဲ့ အကောင်းဆုံးဆုနဲ့အတူ ဒီပြိုင်ပွဲမှာ Man of the Match သုံးကြိမ် သိမ်းပိုက်ထားတဲ့ နေမာရဲ့ ဘရာဇီးလ်တို့ အိမ်ရှင်အဖြစ် ကိုယ့်မြေကိုယ့်ရေမှာ ကိုပါအမေရိကဖလားကြီးကို လက်မလွှတ်တမ်း သိမ်းပိုက်နိုက်ဖို့ ကြိုးစားနိုင်မလားဆိုတာ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဘရာဇီးလ္အသင္းအေနနဲ႔ ဒီၿပိဳင္ပြဲကို အိမ္ကြင္းမွာ လက္ခံက်င္းပကစားခဲ့ရၿပီး အုပ္စုအဆင့္ကေန ေနာက္ဆုံးအဆင့္အထိ အမွားအယြင္း နည္းနည္းနဲ႔ ျဖတ္သန္းလာႏိုင္ခဲ့သလို ဒီေန႔မွာလည္း ပီ႐ူးကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ကစားၿပီး ဗိုလ္လုပြဲကေန ၿပိဳင္ဘက္ကို ေစာင့္ဆိုင္းေနခဲ့ၿပီ ျဖစ္ပါတယ္။

အုပ္စုတြင္းၿပိဳင္ဘက္ ပီ႐ူးနဲ႔ ထပ္မံေတြ႕ဆုံခဲ့တဲ့ ဘရာဇီးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ပထမပြဲကလိုမ်ိဳး ေလးဂိုး-ဂိုးမရွိ ရလဒ္ကိုေတာ့ ရွာေဖြႏိုင္ျခင္း မရွိခဲ့ဘဲ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္မႈေတြနဲ႔ မေမွ်ာ္လင့္ဘဲ တိုက္စစ္ထက္ ခံစစ္ပိုေကာင္းေနတဲ့ ပုံစံေတြက တစ္ဂိုး-ဂိုးမရွိပဲ ျဖစ္ေစခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ရစ္ခ်ာလစ္ဆန္ရဲ႕ ေျပးထြက္ဖန္တီးမႈကို ေနမာ အသုံးမခ်ႏိုင္ခဲ့ဘဲ လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၁၈ မိနစ္မွာလည္း လူးကပ္စ္ ပါေကတာရဲ႕ ဖန္တီးမႈကို ေနမာနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ ဆက္တိုက္ပိတ္သြင္းခဲ့ေပမယ့္ ပီ႐ူးဂိုးသမား ဂါယယ္စီ လက္စြမ္းျပကာကြယ္သြားခဲ့လို႔ ဘရာဇီးလ္တို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္ ခ်ေပးတာကို ေနမာက ဘယ္ျခမ္းက ဆြဲေျပးၿပီး ဂိုးဧရိယာ ဘယ္ျခမ္းမွာ ေနာက္ခံလူ သုံးေယာက္ကို ေခါက္ၿပီး ျပန္ခ်ိဳးေပးရာမွာ ပီအက္စ္ဂ်ီတိုက္စစ္မႉးနဲ႔အတူ လိုက္ေမ်ာေနၿပီး အလယ္ကို လႊတ္ထားမိခဲ့တဲ့ ပီ႐ူးေနာက္တန္း ခံစားသြားခဲ့ရၿပီး လီယြန္ကြင္းလယ္လူ ပါေကတာက ဘယ္ေျခနဲ႔ အပိုင္ပိတ္သြင္းခဲ့လို႔ တစ္လုံးတည္းေသာ ဂိုးကို ရရွိခဲ့တာပါ။

ဒီေနာက္ပိုင္းပြဲခ်ိန္ေတြနဲ႔ ဒုတိယပိုင္းမွာေတာ့ တစ္လုံးတည္းေသာဂိုးနဲ႔ ႏိုင္ပြဲရယူႏိုင္ဖို႔ ဘရာဇီးလ္ေနာက္တန္းနဲ႔ ဂိုးသမား အီဒါဆန္တို႔ ခုခံကာကြယ္သြားခဲ့သလို လာပါဒူလာ ဦးေဆာင္တဲ့ ပီ႐ူးတိုက္စစ္ကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ပြဲၿပီးခဲ့ၿပီး အိမ္ရွင္ေတြ ကိုပါအေမရိကဖိုင္နယ္မွာ မိန႔္မိန႔္ႀကီး ေစာင့္စားခြင့္ ရရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

လာမယ့္ပြဲမွာေတာ့ အာဂ်င္တီးနားနဲ႔ ကိုလံဘီယာတို႔ ဆီမီးဖိုင္နယ္ပြဲစဥ္က အႏိုင္ရတဲ့သူနဲ႔ ဘရာဇီးလ္တို႔ ရင္ဆိုင္ကစားရမွာျဖစ္ၿပီး မာရာကာနာ ကြင္းႀကီးမွာ ယွဥ္ၿပိဳင္ရမယ့္ ဖိုင္နယ္ပြဲမွာေတာ့ ဟားမက္စ္ မပါႏိုင္တဲ့ ကိုလံဘီယာကို မက္ဆီတို႔ရဲ႕ အေတာက္ပဆုံး အာဂ်င္တီးနားကပဲ ေက်ာ္ျဖတ္ ေရာက္ရွိလာဖို႔လည္း မ်ားေနခဲ့တာပါ။

ဒါေၾကာင့္ အသင္းကို ၾကယ္ပြင့္ကစားသမားအျဖစ္ ဦးေဆာင္ေမာင္းႏွင္ေနၿပီး ပီ႐ူးနဲ႔ပြဲမွာ ရရွိခဲ့တဲ့ အေကာင္းဆုံးဆုနဲ႔အတူ ဒီၿပိဳင္ပြဲမွာ Man of the Match သုံးႀကိမ္ သိမ္းပိုက္ထားတဲ့ ေနမာရဲ႕ ဘရာဇီးလ္တို႔ အိမ္ရွင္အျဖစ္ ကိုယ့္ေျမကိုယ့္ေရမွာ ကိုပါအေမရိကဖလားႀကီးကို လက္မလႊတ္တမ္း သိမ္းပိုက္ႏိုက္ဖို႔ ႀကိဳးစားႏိုင္မလားဆိုတာ လာမယ့္ ဇူလိုင္လ ၁၀ ရက္ေန႔မွာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.