International La Liga Premier League Serie A Transfer News

ပင်နယ်တီမရလည်း ရတဲ့ အခွင့်အရေးကနေ ဂိုးရအောင် သွင်းတတ်ဆိုတာ ပြသခဲ့တဲ့ မက်ဆီ

အာဂျင်တီးနားအသင်းအနေနဲ့ အီကွေဒေါအသင်းကို ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး လီယွန်နယ် မက်ဆီကတော့ ငယ်မူပြန်ခြေစွမ်းတွေနဲ့အတူ တစ်ဂိုးသွင်း၊ နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ အနိုင်ရလဒ်ကြောင့် ဆီမီးဖိုင်နယ်အဆင့်မှာ ကိုလံဘီယာအသင်းနဲ့ တွေ့ဆုံတော့မှာလည်း ဖြစ်ပါတယ်။

ပွဲချိန်အစောပိုင်းမှာလည်း ၃၄ နှစ်သားကြီးရဲ့ ကန်ချက်က တိုင်ထိပြီး ဂိုးမဖြစ်သွားခဲ့ပေမယ့် အဖွင့်ဂိုးအတွက် ရိုဒရီဂို ဒီပေါလ်ကို ပထမပိုင်း ပြီးခါနီးမှာ ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယပိုင်း အရောက် ပွဲချိန် ၈၄ မိနစ်မှာလည်း လော်တာရို မာတီနက်ဇ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါနဲ့တင် မပြီးသေးဘဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာလည်း အမိုက်စား ကန်ချက်နဲ့ ဖရီးကစ်ကနေ သွင်းဂိုးရယူခဲ့ပါတယ်။

ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီပေးရမယ့်အစား ပြစ်ဒဏ်ဘောသာ ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီကတော့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ပြုံးပြီးကြည့်နေခဲ့တာပါ။ နီးကပ်လွန်းတဲ့နေရာကလည်းဖြစ်ပြီး အီကွေဒေါအသင်းရှိ ကစားသမား အကုန်လုံးက လူတံတိုင်းပါ ကာနေခဲ့တာပါ။ တစ်ယောက်ဆို မြေလိမ့်ဘော ကန်မသွင်းအောင် လှဲခဲ့ပေမယ့် သူကတော့ ဖြစ်နိုင်ခြေနည်းလည်း ရအောင် လုပ်ပြသွားခဲ့တာပါ။

ရသင့်တာ မရခဲ့လို့လည်း မီဒီယာကို ထုတ်ပြောတာ ရှားတဲ့သူမျိုးပါ။ VAR ညစ်လို့ဆိုပြီး အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်ဖို့ မပြောနဲ့ တစ်ဖက်ကစားသမားတွေနဲ့ အသင်းဂျာစီချင်း လဲရင်တောင် ဒီဂုဏ်သိက္ခာအမှတ်အသားကို ခေါင်းဆောင်တစ်ယောက်ပီပီ တန်ဖိုးထားပြီး လက်ကတောင် မကိုင်ဘဲ ပြန်ဝတ်ထားလေ့ရှိသူမျိုးပါ။ ပြီးတော့ လက်ရှိ ကိုပါအမေရိကမှာလည်း ပြစ်ဒဏ်ဘောကနေ သွင်းဂိုး ၂ ဂိုး ရရှိထားခဲ့ပြီး ပင်နယ်တီပဲ သွင်းတတ်တဲ့သူ မဟုတ်ကြောင်း သက်သေပြခဲ့ပြီးသားလည်းဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ မက်ဆီက “ကျွန်တော် အမြဲတမ်း ပြောခဲ့သလိုပဲ တစ်ဦးချင်း ဆုတံဆိပ်က ဒုတိယပဲဗျ။ ကျွန်တော်တို့က တခြားအရာကြောင့် ဒီမှာရှိနေတာ။ ကျွန်တော်တို့မှာ ပန်းတိုင်ရှိသလို အဲ့ဒီ ပန်းတိုင်ကိုပဲ အာရုံစိုက်ထားတယ်”လို့ ပြောသွားခဲ့ပြီး သူက လက်ရှိ ပြိုင်ပွဲမှာ ၄ ဂိုးသွင်းယူထားရုံသာမက ၄ ဂိုး ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး သူက “ဒီပွဲက ခက်ခဲခဲ့ပါတယ်။ အီကွေဒေါက ဘယ်လောက်ခက်ခဲတဲ့ ပြိုင်ဘက်လဲ‌ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တကယ်အရေးကြီးတာက နောက်တစ်ဆင့်ကို တက်ခဲ့ပြီလေ”လို့ ပြောသွားခဲ့ပါသေးတယ်။ အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားကို ၁၉၉၃ မှာ နောက်ဆုံးအနေနဲ့ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဘယ်လွန်ဒေါဆု ၆ ကြိမ် ရထားတဲ့ မက်ဆီကတော့ အသင်းလက်မဲ့ဖြစ်နေပြီး ဒီလ အစပိုင်းမှာတင် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်‌‌ဆုံးခဲ့တာပါ။ သူ့ရဲ့ တကယ့် စာချုပ်သက်တမ်းက လေးနှစ်အတွက် ပေါင် ၄၇၆ သန်းတန်ပြီး တစ်နှစ်ကို ပေါင် ၁၁၉ သန်းနှုန်း ရှိပါတယ်။ လက်မှတ်ထိုးကြေးကလည်း ပေါင် ၉၉ သန်းရှိပြီး အသင်းအပေါ် သစ္စာရှိတဲ့ ဆုကြေးအနေနဲ့လည်း ပေါင် ၆၇ သန်း ရရှိပါသေးတယ်။

သူ့ရဲ့ လုပ်ခလစာပမာဏကို ပေးချေနိုင်တာက မန်ချက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့သာရှိပြီး ဘာစီလိုနာနဲ့ပဲ စာချုပ် ချုပ်ဆိုသွားဖို့လည်း ရှိနေသူပါ။ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို မက်ဆီအနေနဲ့ အရယူသွားနိုင်မလား ဆိုတာကတော့……..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားအသင္းအေနနဲ႔ အီေကြေဒါအသင္းကို ကိုပါအေမရိကဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ၃ ဂိုးျပတ္ အႏိုင္ရရွိခဲ့ၿပီး လီယြန္နယ္ မက္ဆီကေတာ့ ငယ္မူျပန္ေျခစြမ္းေတြနဲ႔အတူ တစ္ဂိုးသြင္း၊ ႏွစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ အဲ့ဒီ အႏိုင္ရလဒ္ေၾကာင့္ ဆီမီးဖိုင္နယ္အဆင့္မွာ ကိုလံဘီယာအသင္းနဲ႔ ေတြ႕ဆုံေတာ့မွာလည္း ျဖစ္ပါတယ္။

ပြဲခ်ိန္အေစာပိုင္းမွာလည္း ၃၄ ႏွစ္သားႀကီးရဲ႕ ကန္ခ်က္က တိုင္ထိၿပီး ဂိုးမျဖစ္သြားခဲ့ေပမယ့္ အဖြင့္ဂိုးအတြက္ ႐ိုဒရီဂို ဒီေပါလ္ကို ပထမပိုင္း ၿပီးခါနီးမွာ ဖန္တီးေပးခဲ့ပါတယ္။ ဒုတိယပိုင္း အေရာက္ ပြဲခ်ိန္ ၈၄ မိနစ္မွာလည္း ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့ပါေသးတယ္။ ဒါနဲ႔တင္ မၿပီးေသးဘဲ ပြဲၿပီးခါနီး နာက်င္အခ်ိန္ပိုမွာလည္း အမိုက္စား ကန္ခ်က္နဲ႔ ဖရီးကစ္ကေန သြင္းဂိုးရယူခဲ့ပါတယ္။

ဒိုင္က VAR ျပန္ၾကည့္ၿပီး ပင္နယ္တီေပးရမယ့္အစား ျပစ္ဒဏ္ေဘာသာ ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။ မက္ဆီကေတာ့ ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ၿပဳံးၿပီးၾကည့္ေနခဲ့တာပါ။ နီးကပ္လြန္းတဲ့ေနရာကလည္းျဖစ္ၿပီး အီေကြေဒါအသင္းရွိ ကစားသမား အကုန္လုံးက လူတံတိုင္းပါ ကာေနခဲ့တာပါ။ တစ္ေယာက္ဆို ေျမလိမ့္ေဘာ ကန္မသြင္းေအာင္ လွဲခဲ့ေပမယ့္ သူကေတာ့ ျဖစ္ႏိုင္ေျခနည္းလည္း ရေအာင္ လုပ္ျပသြားခဲ့တာပါ။

ရသင့္တာ မရခဲ့လို႔လည္း မီဒီယာကို ထုတ္ေျပာတာ ရွားတဲ့သူမ်ိဳးပါ။ VAR ညစ္လို႔ဆိုၿပီး အသင္းေခါင္းေဆာင္လက္ပတ္ကို လႊင့္ပစ္ဖို႔ မေျပာနဲ႔ တစ္ဖက္ကစားသမားေတြနဲ႔ အသင္းဂ်ာစီခ်င္း လဲရင္ေတာင္ ဒီဂုဏ္သိကၡာအမွတ္အသားကို ေခါင္းေဆာင္တစ္ေယာက္ပီပီ တန္ဖိုးထားၿပီး လက္ကေတာင္ မကိုင္ဘဲ ျပန္ဝတ္ထားေလ့ရွိသူမ်ိဳးပါ။ ၿပီးေတာ့ လက္ရွိ ကိုပါအေမရိကမွာလည္း ျပစ္ဒဏ္ေဘာကေန သြင္းဂိုး ၂ ဂိုး ရရွိထားခဲ့ၿပီး ပင္နယ္တီပဲ သြင္းတတ္တဲ့သူ မဟုတ္ေၾကာင္း သက္ေသျပခဲ့ၿပီးသားလည္းျဖစ္ပါတယ္။

ပြဲအၿပီးအင္တာဗ်ဴးမွာေတာ့ မက္ဆီက “ကြၽန္ေတာ္ အၿမဲတမ္း ေျပာခဲ့သလိုပဲ တစ္ဦးခ်င္း ဆုတံဆိပ္က ဒုတိယပဲဗ်။ ကြၽန္ေတာ္တို႔က တျခားအရာေၾကာင့္ ဒီမွာရွိေနတာ။ ကြၽန္ေတာ္တို႔မွာ ပန္းတိုင္ရွိသလို အဲ့ဒီ ပန္းတိုင္ကိုပဲ အာ႐ုံစိုက္ထားတယ္”လို႔ ေျပာသြားခဲ့ၿပီး သူက လက္ရွိ ၿပိဳင္ပြဲမွာ ၄ ဂိုးသြင္းယူထား႐ုံသာမက ၄ ဂိုး ဖန္တီးေပးထားတာလည္း ျဖစ္ပါတယ္။

ဆက္လက္ၿပီး သူက “ဒီပြဲက ခက္ခဲခဲ့ပါတယ္။ အီေကြေဒါက ဘယ္ေလာက္ခက္ခဲတဲ့ ၿပိဳင္ဘက္လဲ‌ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ တကယ္အေရးႀကီးတာက ေနာက္တစ္ဆင့္ကို တက္ခဲ့ၿပီေလ”လို႔ ေျပာသြားခဲ့ပါေသးတယ္။ အာဂ်င္တီးနားအသင္းဟာ ကိုပါအေမရိကဖလားကို ၁၉၉၃ မွာ ေနာက္ဆုံးအေနနဲ႔ ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဘယ္လြန္ေဒါဆု ၆ ႀကိမ္ ရထားတဲ့ မက္ဆီကေတာ့ အသင္းလက္မဲ့ျဖစ္ေနၿပီး ဒီလ အစပိုင္းမွာတင္ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္း ကုန္‌‌ဆုံးခဲ့တာပါ။ သူ႔ရဲ႕ တကယ့္ စာခ်ဳပ္သက္တမ္းက ေလးႏွစ္အတြက္ ေပါင္ ၄၇၆ သန္းတန္ၿပီး တစ္ႏွစ္ကို ေပါင္ ၁၁၉ သန္းႏႈန္း ရွိပါတယ္။ လက္မွတ္ထိုးေၾကးကလည္း ေပါင္ ၉၉ သန္းရွိၿပီး အသင္းအေပၚ သစၥာရွိတဲ့ ဆုေၾကးအေနနဲ႔လည္း ေပါင္ ၆၇ သန္း ရရွိပါေသးတယ္။

သူ႔ရဲ႕ လုပ္ခလစာပမာဏကို ေပးေခ်ႏိုင္တာက မန္ခ်က္စတာစီးတီး၊ ပီအက္စ္ဂ်ီ၊ ဂ်ဴဗင္တပ္စ္နဲ႔ အင္တာမီလန္တို႔သာရွိၿပီး ဘာစီလိုနာနဲ႔ပဲ စာခ်ဳပ္ ခ်ဳပ္ဆိုသြားဖို႔လည္း ရွိေနသူပါ။ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိကဖလားကို မက္ဆီအေနနဲ႔ အရယူသြားႏိုင္မလား ဆိုတာကေတာ့……..

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.