Premier League Transfer News

5 Jul နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အက်သလက်တီကိုမက်ဒရစ်အသင်း ကွင်းလယ်လူ ‌ဆာအူးလ် ညီးရက်ဇ်အတွက် လီဗာပူးလ်အသင်းရဲ့ ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းမှုကို စပိန်ကလပ်ဘက် လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပြီး တော်တော်လေး သက်သာတဲ့ ဈေးနှုန်းအရ အမှန်တကယ်သာဆိုရင် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်အတွက် ချီးကျူးစရာဖြစ်ခဲ့။

– ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲကို ညည်းငွေ့နေပြီး အသင်းက ထွက်ခွာဖို့ အသံတွေ ထွက်နေခဲ့သလို စာချုပ်သစ်ကိုလည်း ပယ်ချထားခဲ့တဲ့ တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဘက်က မီးစိမ်းပြတာနဲ့ လီဗာပူးလ်အသင်းအနေနဲ့ သူ့ကို ယူရို ၁၂၅ သန်းကနေ စတင်ကမ်းလှမ်းဖို့ အဆင်သင့်ရှိကြောင်း သတင်းတွေ ဖော်ပြ။

– လီဗာပူးလ်အသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဒက်ကလန် ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး သူ့ကို လန်ဒန်ကလပ်ကတော့ ပေါင်သန်း ၉၀ ထိသတ်မှတ်ထားပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်ပြီး ငယ်မွေးခြံပေါက်ကစားသမားဖြစ်တဲ့ အနေအထားတွေအရ ကမ်းလှမ်းမှုပြုလုပ်သွားနိုင်ကြောင်း သိရ။

– အာဆင်နယ်အသင်းကနေ ဒီနှစ်နွေမှာ ထွက်ဖို့ရှိနေတဲ့ ဂရာနစ် ချာကာကို လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားလာခဲ့ပြီး ပေါင် ၁၉.၈ သန်းနဲ့ စတင် ကမ်းလှမ်းသွားဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို စပါးစ်၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ရိုးမားတို့နဲ့ ပြိုင်ပွဲဆင်နွှဲရဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ ခံစစ်ပိုင်းအတွက် အသင်းမှာ ၂၀၁၁ အထိကစားခဲ့ဖူးတဲ့ အကယ်ဒမီထွက်တစ်ဦးဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကွန်နာ ကိုဒီကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး သူ့ကို စပါးစ်အသင်းကလည်း ခေါ်ယူချင်နေလို့ ခပ်သွက်သွက် ခေါ်ယူသင့်ကြောင်း နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက တိုက်တွန်းသွားခဲ့။

– ကစားသမားသစ်တွေ ခေါ်ချင်နေတဲ့ ပေါ်တိုအသင်းက လီဗာပူးလ်အသင်း အလိုရှိနေတဲ့ ကွင်းလယ်လူ အိုတာဗျိုကို စာချုပ်ပါလျော်ကြေး ယူရိုသန်း ၆၀ ထက် နည်းတဲ့ပမာဏနဲ့ ရောင်းချလာနိုင်တယ်လို့ သူ့ရဲ့အေးဂျင့်က ထုတ်ပြောသွားခဲ့တယ်လို့ အေဘိုလာ သတင်းဌာနက ဖော်ပြသွားခဲ့။

– ယူရို ၂၀၂၀ မှာ ပြခဲ့တဲ့ ခြေစွမ်းကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ပြန်ဖြစ်လာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ရီနာတို ဆန်းချက်စ်ကို လီဗာပူးလ်အသင်းအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး ပြင်သစ်လီဂူးဝမ်းကလပ် လိုင်လီအသင်းဆီ တရားဝင်ကမ်းလှမ်းမှုကို လာမည့်ရက်ပိုင်းအတွင်း ပြုလုပ်သွားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီကတည်းက အသံထွက်နေခဲ့တဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ ဖလိုရီယန် နွိုင်ဟော့စ်ကို ခေါ်ယူဖို့ ပြန်လည်စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ မေလကုန်အထိ စာချုပ်လျော်ကြေး ပေါင် ၃၄.၂၅ သန်းနဲ့ ခေါ်ယူခွင့်ရှိတာကို အသုံးမချခဲ့ဘဲ လက်လွှတ်ခံခဲ့ကို မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ဝေဖန်နေကြ။

– ဘယ်လ်ဂျီယမ်တောင်ပံကစားသမား ယယ်ရမီ ဒိုကူက လီဗာပူးလ်အသင်းကို သူ့အသက် ၁၆ နှစ်အရွယ်မှာ ရောက်ဖို့ နီးစပ်ခဲ့ပေမယ့် အသင်းက သူ့ကို မရွေးချယ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး တောင်ပံကစားသမား ဆာဒီယို မာနေးနဲ့လည်း စကားတွေပြောဖြစ်ခဲ့ပေမယ့် အသင်းကို လာဖို့ တစ်ခွန်းမှ မပြောခဲ့ကြောင်းကိုလည်း ပြန်ပြောင်းထုတ်ဖော်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက်သလက်တီကိုမက်ဒရစ်အသင်းး ကွင်းလယ်လူ ‌ဆာအူးလ် ညီးရက်ဇ်အတွက် လီဗာပူးလ်အသင်းရဲ့ ပေါင် ၄၃ သန်းနဲ့ ကမ်းလှမ်းမှုကို စပိန်ကလပ်ဘက် လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပြီး တော်တော်လေး သက်သာတဲ့ ဈေးနှုန်းအရ အမှန်တကယ်သာဆိုရင် အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်အတွက် ချီးကျူးစရာဖြစ်ခဲ့။









REF: INTERNET SOURCES
SPORTS A2Z.