Premier League Transfer News

5 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီအတွက် မာဆေးလ်အသင်းဆီကနေ ယူရို ၁၂ သန်း (ပေါင် ၁၀.၃ သန်း) ရရှိမှာ ဖြစ်ပြီး မနေ့ညနေက လေဆိပ်ကို ရောက်ရှိလာတဲ့ ပုံနဲ့ အသင်းသစ်ရဲ့ ပဝါနဲ့အတူ ကြိုဆိုနှုတ်ဆက်နေပုံတွေ တက်လာခဲ့သလို အပြောင်းအရွှေ့ ဖြစ်ပေါ်သွားခဲ့။

– လက်ရှိအချိန်အထိ သူတို့ရဲ့ ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ခိုင်ခိုင်မာမာ ကမ်းလှမ်းထားတာဟာ အာဆင်နယ်တစ်သင်းပဲ ရှိသေးတယ်လို့ ဆာဆူအိုလိုအသင်းရဲ့ အားကစားဒါရိုက်တာ ဂျိုဗန်နီ ကာနီဗာလီက ပြောကြားလိုက်ပြီး ယူရိုပြီးပြီးချင်း လက်ဉီးမှု ရယူနိုင်ရင် အမ်းမရိတ်ကို ရောက်လာနိုင်ဖွယ်ရှိနေ။

– အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဒန်ကန် ကတ်ဆယ်လ်က အာဆင်နယ်ကို ရောက်ရှိဖို့ ၉၉ ရာခိုင်နှုန်းလောက် ပြီးမြောက်နေပြီဖြစ်တဲ့ နောက်ခံလူ နူနို တာဗာရက်စ်ဟာ ပေါင်းရသင်းရ လက်ပေါက်ကတ်သူဖြစ်ပြီး တိုက်စစ်မှာ ထူးချွန်ပေမယ့် ခံစစ်မှာ အားနည်းသူဖြစ်ကြောင်း သူရရှိထားတဲ့ သတင်းတွေအရ ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းရဲ့ အပယ်ခံတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို မာဆေးလ်အသင်းဆီ တစ်ရာသီ အငှားချဖို့ ရှိနေရာမှာ ရာသီကုန်မှာ ပေါင် ၇ သန်းနဲ့ ခေါ်ယူနိုင်ခွင့် ပါဝင်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာကြောင့် စုတ်ပြတ်နေတဲ့ စီမံခန့်ခွဲမှုလို့ ပရိသတ်တွေ ဒေါသထွက်နေကြသလို တချို့ သတင်းရင်းမြစ်တွေကတော့ ခေါ်ယူခွင့် မပါဘူးလို့ ဆိုနေကြ။

– လန်ဒန် ဝင်ဘလီကွင်းကြီးမှာ ဒိန်းမတ်အသင်းနဲ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကစားမယ့် ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝနိုင်မှာဖြစ်ကြောင်း ဂျာမနီနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အာဆင်နယ် ကစားသမားအတွက် နည်းပြ ဂါရက်သ် ဆောက်ဂိတ် ရှင်းလင်းသွားခဲ့။

– အသင်းမှာ ဆက်ရှိနေရင် အကျိုးပြုနိုင်သေးပြီး အတွေ့အကြုံရင် ကစားသမားတစ်ဦးဖြစ်တဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို အငှားချမယ်ဆိုတဲ့ သတင်းအတွက် ပရိသတ်တွေ ပေါက်ကွဲခဲ့ကြပြီး နည်းစနစ်ဒါရိုက်တာ အီဒူးဟာ အသင်းအတွက် ကျက်သရေ ယုတ်လွန်းတယ်လို့ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြ။

– အက်စတန်ဗီလာအသင်းအနေနဲ့ အာဆင်နယ်အသင်းနဲ့ နှစ်နှစ်စာချုပ်ကျန် လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ခေါ်ယူရရှိနိုင်မယ်လို့ ယုံကြည်မှု မြင့်မားနေပြီး အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားအတွက် ပေါင် ၃၂.၅ သန်းနဲ့ တတိယအကြိမ် ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီအတြက္ မာေဆးလ္အသင္းဆီကေန ယူ႐ို ၁၂ သန္း (ေပါင္ ၁၀.၃ သန္း) ရရွိမွာ ျဖစ္ၿပီး မေန႔ညေနက ေလဆိပ္ကို ေရာက္ရွိလာတဲ့ ပုံနဲ႔ အသင္းသစ္ရဲ႕ ပဝါနဲ႔အတူ ႀကိဳဆိုႏႈတ္ဆက္ေနပုံေတြ တက္လာခဲ့သလို အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚသြားခဲ့။

– လက္ရွိအခ်ိန္အထိ သူတို႔ရဲ႕ ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ခိုင္ခိုင္မာမာ ကမ္းလွမ္းထားတာဟာ အာဆင္နယ္တစ္သင္းပဲ ရွိေသးတယ္လို႔ ဆာဆူအိုလိုအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ဂ်ိဳဗန္နီ ကာနီဗာလီက ေျပာၾကားလိုက္ၿပီး ယူ႐ိုၿပီးၿပီးခ်င္း လက္ဉီးမႈ ရယူႏိုင္ရင္ အမ္းမရိတ္ကို ေရာက္လာႏိုင္ဖြယ္ရွိေန။

– အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူ ဒန္ကန္ ကတ္ဆယ္လ္က အာဆင္နယ္ကို ေရာက္ရွိဖို႔ ၉၉ ရာခိုင္ႏႈန္းေလာက္ ၿပီးေျမာက္ေနၿပီျဖစ္တဲ့ ေနာက္ခံလူ ႏူႏို တာဗာရက္စ္ဟာ ေပါင္းရသင္းရ လက္ေပါက္ကတ္သူျဖစ္ၿပီး တိုက္စစ္မွာ ထူးခြၽန္ေပမယ့္ ခံစစ္မွာ အားနည္းသူျဖစ္ေၾကာင္း သူရရွိထားတဲ့ သတင္းေတြအရ ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းရဲ႕ အပယ္ခံတစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို မာေဆးလ္အသင္းဆီ တစ္ရာသီ အငွားခ်ဖို႔ ရွိေနရာမွာ ရာသီကုန္မွာ ေပါင္ ၇ သန္းနဲ႔ ေခၚယူႏိုင္ခြင့္ ပါဝင္မယ္လို႔ သတင္းေတြ ထြက္ေနခဲ့တာေၾကာင့္ စုတ္ျပတ္ေနတဲ့ စီမံခန႔္ခြဲမႈလို႔ ပရိသတ္ေတြ ေဒါသထြက္ေနၾကသလို တခ်ိဳ႕ သတင္းရင္းျမစ္ေတြကေတာ့ ေခၚယူခြင့္ မပါဘူးလို႔ ဆိုေနၾက။

– လန္ဒန္ ဝင္ဘလီကြင္းႀကီးမွာ ဒိန္းမတ္အသင္းနဲ႔ ဇူလိုင္လ ၇ ရက္ေန႔မွာ ကစားမယ့္ ယူ႐ို ၂၀၂၀ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ပါဝင္ကစားဖို႔ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာအေနနဲ႔ ႀကံ့ခိုင္မႈ ျပည့္ဝႏိုင္မွာျဖစ္ေၾကာင္း ဂ်ာမနီနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ အာဆင္နယ္ ကစားသမားအတြက္ နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ ရွင္းလင္းသြားခဲ့။

– အသင္းမွာ ဆက္ရွိေနရင္ အက်ိဳးျပဳႏိုင္ေသးၿပီး အေတြ႕အႀကဳံရင္ ကစားသမားတစ္ဦးျဖစ္တဲ့ ညာေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို အငွားခ်မယ္ဆိုတဲ့ သတင္းအတြက္ ပရိသတ္ေတြ ေပါက္ကြဲခဲ့ၾကၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးဟာ အသင္းအတြက္ က်က္သေရ ယုတ္လြန္းတယ္လို႔ ဝိုင္းဝန္းတိုက္ခိုက္ခဲ့ၾက။

– အက္စတန္ဗီလာအသင္းအေနနဲ႔ အာဆင္နယ္အသင္းနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္က်န္ လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ေခၚယူရရွိႏိုင္မယ္လို႔ ယုံၾကည္မႈ ျမင့္မားေနၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္သားအတြက္ ေပါင္ ၃၂.၅ သန္းနဲ႔ တတိယအႀကိမ္ ထပ္မံကမ္းလွမ္းဖို႔ ျပင္ဆင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.