Article Bundesliga Other Leagues Premier League

ဒီနှစ် နွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်တဲ့ ထိပ်တန်း တိုက်စစ်ကစားသမား ၅ ယောက်

ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာတော့ တိုက်စစ်ကစားသမားတွေကို အသင်းကြီးအများစုက ဓာတ်ကျနေပြီး ဂျေဒန် ဆန်ချိုရဲ့ မန်ချက်စတာယူနိုက်တက်ကို အပြောင်းအရွှေ့နဲ့ မမ်းဖစ္စ ဒီပိုင်း၊ ဆာဂျီယို အဂွေရိုတို့ကို ခေါ်ယူသွားခဲ့တဲ့ ဘာစီလိုနာရဲ့ အပြောင်းအရွှေ့တွေကို ကြည့်ရင် သိနိုင်ပါတယ်။

အသင်းတိုင်းက နှစ်စဉ် တိုက်စစ်မှူးကောင်းတွေကို တခြားနေရာတွေထက် ဈေးပိုပေးလိုကြတာကြောင့်လည်း အသင်းငယ်တွေကအစ ဈေးကွက်ထဲမှာ ဝယ်တတ်ရောင်းတတ်ရှိလာကြတာပါ။ ဒီနှစ်နွေမှာ အသင်းပြောင်းဖို့များတဲ့ ထိပ်တန်းကစားသမား ၅ ယောက်က ဘယ်သူတွေလဲဆိုတာတော့…

၁။ ကင်းစလီ ကိုမွန် (ဘိုင်ယန်မြူးနစ်)
အသင်းတိုင်းမှာ အောင်မြင်မှုတွေ ယူခဲ့သူဖြစ်ပြီး ဒီနှစ်မှာလည်း အသင်းပြောင်းဖို့ ရှိနေသူပါ။ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ အနိုင်ဂိုးရှင်က ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့လို ကလပ်တွေမှာ ကစားခဲ့တဲ့အပြင် အခု ဘိုင်ယန်မြူးနစ်မှာ ကစားနေတဲ့ သူ့ကို လီဗာပူးလ်က ချိတ်ဆက်နေပြီး အသင်းက သူ့အတွက် ယူရို သန်း ၉၀ အလိုရှိနေပါတယ်။

၂။ ဒွန်ညဲ မာလန် (ပီအက်စ်ဗီ)
ဒွန်ညဲ မာလန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဒတ်ချ်ပထမတန်းမှာ ၂၆ ပွဲကစား၊ ၁၉ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းကြီးတွေရဲ့ ရေဒါထဲ ရောက်လာခဲ့ပြီး ဒေါ့မွန်အပြင် အခြားအသင်းတွေကလည်း ချိတ်ဆက်နေကြပြီး ပီအက်စ်ဗီနည်းပြ ရော်ဂျာ ရှမစ်ထ်ကလည်း အာဆင်နယ် တောက်ခေါက်ရမယ့် ကစားသမားအနေနဲ့ ဥရောပအသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့လိမ့်မယ်လို့ အတည်ပြုထားပါတယ်။

၃။ အာလင်း ဟာလန်း (ဒေါ့မွန်)
လက်ရှိ ကမ္ဘာ့‌အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီကမှ ဒေါ့မွန်ကို ရောက်ရှိလာခဲ့သူပါ။ အသင်းအတွက် တစ်ရာသီခွဲအတွင်း စုစုပေါင်း ၅၉ ပွဲကစား၊ ၅၇ ဂိုးသွင်းကာ ၁၅ ဂိုး ဖန်တီးပေးထားတဲ့ အာလင်း ဟာလန်းကို ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်‌ဒရစ်တို့က စိတ်ဝင်စားနေပြီး ခေါ်ယူမယ်ဆို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ကျော် ပေးချေရနိုင်ပါတယ်။

နော်ဝေသားအတွက် ၂၀၂၂ နွေရာသီမှာ ပေါင် ၆၄.၅ သန်း (ယူရို ၇၅ သန်း)နဲ့ ခေါ်ယူရရှိနိုင်ကြမှာဖြစ်ပေမယ့် ဒီအချိန်ကို ငွေရှိတဲ့ အသင်းကြီးတွေက စောင့်ဆိုင်းဖို့ မရှိဘဲ ဒီနွေမှာပဲ ခေါ်ယူသွားလိုချိန်မှာ ဒေါ့မွန်ဘက်က ပေါင်သန်း ၁၅၀ တောင်းဆိုထားပေမယ့် တေ့တေ့ဆိုင်ဆိုင် ငွေထုတ်လာခဲ့ရင်တော့ ဆန်ချိုလိုပဲ အရောင်းဝယ်ဖြစ်သွားဖို့ ရှိနေပါတယ်။

၄။ ဂျက်ခ် ဂရီးလစ်ရှ် (အက်စတန်ဗီလာ)
ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရီးလစ်ရှ်ကို အက်စတန်ဗီလာက တတ်နိုင်သလောက် ထိန်းထားပေမယ့် မလွယ်ကူနိုင်ပါဘူး။ အီမီလီယာနို ဘွင်ဒီယာကို ခေါ်ယူထားခဲ့တာက သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ ပေါင်သန်း ၁၀၀ နီးပါးနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်နိုင်ဖို့ ခက်နေတာပါ။

၅။ ဟာရီကိန်း (တော့တင်ဟမ်ဟော့စပါးစ်)
မြောက်လန်ဒန်အသင်းမှာ ဒိုင်ခံဂိုးသွင်းနေပေမယ့် ဘာဆုဖလားမှ မရသေးတဲ့ ဟာရီကိန်းကလည်း ဒီနွေမှာ အသင်းပြောင်းဖို့ တာစူနေသူပါ။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှုအများဆုံးဆု Playmaker Award ပါ ရရှိခဲ့ပေမယ့် သူ့အသင်းကတော့ ဆုဖလားဘီဒို ဖုန်တက်နေဆဲဖြစ်ပါတယ်။

သူ့ကို မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ဘိုင်ယန်မြူးနစ်အသင်းကလည်း ရောဘတ် လီဗန်ဒေါ့ဗ်စကီးနေရာအတွက် အစားထိုးချင်နေတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ၃၅ ပွဲကစား၊ ၂၃ ဂိုးသွင်းပြီး ၁၄ ဂိုးထိ ဖန်တီးပေးခဲ့တဲ့ အင်္ဂလန်ကပ္ပတိန်ကို ဘယ်အသင်းမှာ တွေ့မြင်ရမလဲဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလမွာေတာ့ တိုက္စစ္ကစားသမားေတြကို အသင္းႀကီးအမ်ားစုက ဓာတ္က်ေနၿပီး ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ မန္ခ်က္စတာယူႏိုက္တက္ကို အေျပာင္းအေ႐ႊ႕နဲ႔ မမ္းဖစၥ ဒီပိုင္း၊ ဆာဂ်ီယို အေဂြ႐ိုတို႔ကို ေခၚယူသြားခဲ့တဲ့ ဘာစီလိုနာရဲ႕ အေျပာင္းအေ႐ႊ႕ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။

အသင္းတိုင္းက ႏွစ္စဥ္ တိုက္စစ္မႉးေကာင္းေတြကို တျခားေနရာေတြထက္ ေဈးပိုေပးလိုၾကတာေၾကာင့္လည္း အသင္းငယ္ေတြကအစ ေဈးကြက္ထဲမွာ ဝယ္တတ္ေရာင္းတတ္ရွိလာၾကတာပါ။ ဒီႏွစ္ေႏြမွာ အသင္းေျပာင္းဖို႔မ်ားတဲ့ ထိပ္တန္းကစားသမား ၅ ေယာက္က ဘယ္သူေတြလဲဆိုတာေတာ့…

၁။ ကင္းစလီ ကိုမြန္ (ဘိုင္ယန္ျမဴးနစ္)
အသင္းတိုင္းမွာ ေအာင္ျမင္မႈေတြ ယူခဲ့သူျဖစ္ၿပီး ဒီႏွစ္မွာလည္း အသင္းေျပာင္းဖို႔ ရွိေနသူပါ။ ၂၀၁၉-၂၀၂၀ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲရဲ႕ အႏိုင္ဂိုးရွင္က ဂ်ဴဗင္တပ္စ္၊ ပီအက္စ္ဂ်ီတို႔လို ကလပ္ေတြမွာ ကစားခဲ့တဲ့အျပင္ အခု ဘိုင္ယန္ျမဴးနစ္မွာ ကစားေနတဲ့ သူ႔ကို လီဗာပူးလ္က ခ်ိတ္ဆက္ေနၿပီး အသင္းက သူ႔အတြက္ ယူ႐ို သန္း ၉၀ အလိုရွိေနပါတယ္။

၂။ ဒြန္ညဲ မာလန္ (ပီအက္စ္ဗီ)
ဒြန္ညဲ မာလန္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ဒတ္ခ်္ပထမတန္းမွာ ၂၆ ပြဲကစား၊ ၁၉ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္လည္း အသင္းႀကီးေတြရဲ႕ ေရဒါထဲ ေရာက္လာခဲ့ၿပီး ေဒါ့မြန္အျပင္ အျခားအသင္းေတြကလည္း ခ်ိတ္ဆက္ေနၾကၿပီး ပီအက္စ္ဗီနည္းျပ ေရာ္ဂ်ာ ရွမစ္ထ္ကလည္း အာဆင္နယ္ ေတာက္ေခါက္ရမယ့္ ကစားသမားအေနနဲ႔ ဥေရာပအသင္းႀကီးတစ္သင္းဆီ ေျပာင္းေ႐ႊ႕လိမ့္မယ္လို႔ အတည္ျပဳထားပါတယ္။

၃။ အာလင္း ဟာလန္း (ေဒါ့မြန္)
လက္ရွိ ကမာၻ႔‌အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္ၿပီး ၂၀၂၀ ဇန္နဝါရီကမွ ေဒါ့မြန္ကို ေရာက္ရွိလာခဲ့သူပါ။ အသင္းအတြက္ တစ္ရာသီခြဲအတြင္း စုစုေပါင္း ၅၉ ပြဲကစား၊ ၅၇ ဂိုးသြင္းကာ ၁၅ ဂိုး ဖန္တီးေပးထားတဲ့ အာလင္း ဟာလန္းကို ခ်ယ္လ္ဆီးနဲ႔ ရီးယဲလ္မက္‌ဒရစ္တို႔က စိတ္ဝင္စားေနၿပီး ေခၚယူမယ္ဆို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ေက်ာ္ ေပးေခ်ရႏိုင္ပါတယ္။

ေနာ္ေဝသားအတြက္ ၂၀၂၂ ေႏြရာသီမွာ ေပါင္ ၆၄.၅ သန္း (ယူ႐ို ၇၅ သန္း)နဲ႔ ေခၚယူရရွိႏိုင္ၾကမွာျဖစ္ေပမယ့္ ဒီအခ်ိန္ကို ေငြရွိတဲ့ အသင္းႀကီးေတြက ေစာင့္ဆိုင္းဖို႔ မရွိဘဲ ဒီေႏြမွာပဲ ေခၚယူသြားလိုခ်ိန္မွာ ေဒါ့မြန္ဘက္က ေပါင္သန္း ၁၅၀ ေတာင္းဆိုထားေပမယ့္ ေတ့ေတ့ဆိုင္ဆိုင္ ေငြထုတ္လာခဲ့ရင္ေတာ့ ဆန္ခ်ိဳလိုပဲ အေရာင္းဝယ္ျဖစ္သြားဖို႔ ရွိေနပါတယ္။

၄။ ဂ်က္ခ္ ဂရီးလစ္ရွ္ (အက္စတန္ဗီလာ)
ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဂရီးလစ္ရွ္ကို အက္စတန္ဗီလာက တတ္ႏိုင္သေလာက္ ထိန္းထားေပမယ့္ မလြယ္ကူႏိုင္ပါဘူး။ အီမီလီယာႏို ဘြင္ဒီယာကို ေခၚယူထားခဲ့တာက သူတို႔အေနနဲ႔ ႀကိဳတင္ျပင္ဆင္ထားတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေပါင္သန္း ၁၀၀ နီးပါးနဲ႔ ကမ္းလွမ္းမႈကို ျငင္းပယ္ႏိုင္ဖို႔ ခက္ေနတာပါ။

၅။ ဟာရီကိန္း (ေတာ့တင္ဟမ္ေဟာ့စပါးစ္)
ေျမာက္လန္ဒန္အသင္းမွာ ဒိုင္ခံဂိုးသြင္းေနေပမယ့္ ဘာဆုဖလားမွ မရေသးတဲ့ ဟာရီကိန္းကလည္း ဒီေႏြမွာ အသင္းေျပာင္းဖို႔ တာစူေနသူပါ။ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုနဲ႔ ဂိုးဖန္တီးမႈအမ်ားဆုံးဆု Playmaker Award ပါ ရရွိခဲ့ေပမယ့္ သူ႔အသင္းကေတာ့ ဆုဖလားဘီဒို ဖုန္တက္ေနဆဲျဖစ္ပါတယ္။

သူ႔ကို မန္စီးတီးနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကလည္း ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးေနရာအတြက္ အစားထိုးခ်င္ေနတာေၾကာင့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတုန္းက ၃၅ ပြဲကစား၊ ၂၃ ဂိုးသြင္းၿပီး ၁၄ ဂိုးထိ ဖန္တီးေပးခဲ့တဲ့ အဂၤလန္ကပၸတိန္ကို ဘယ္အသင္းမွာ ေတြ႕ျမင္ရမလဲဆိုတာ စိတ္ဝင္စားစြာနဲ႔ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.