Premier League Transfer News

4 Jun နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီထားပြီး ဒေါ့မွန်ဘက်က ပေါင်သန်း ၁၅၀ အလိုရှိနေတဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းအတွက် ပေါင် ၁၁၂ သန်းနဲ့ ဈေးဆစ်ဖို့ ရှိနေသလို လိုအပ်နေတဲ့ အသုံးစရိတ် ရရှိဖို့အတွက် ဂိုးသမား ကီပါ အာရီဇာဘာလာဂါ၊ ကွင်းလယ်လူ ရော့စ် ဘာကလီ၊ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အိုလီဗီးယေး ဂျီရူးနဲ့ တမ်မီ အေဘရာဟမ်တို့ကို ရောင်းချပြီး ပေါင်သန်း ၈၀ ကျော် ရှာဖွေသွားဖို့ ပြင်ဆင်နေ။

– ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၁၀၀ အထိ တောင်းဆိုထားတာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ခေါ်ယူဖို့ ခက်ခဲလာနိုင်ပြီး ဟာလန်းအတွက် ငွေကုန်ကြေးကျများဦးမယ့်အချိန်မှာ ရိုက်စ်အစား မိုနာကိုကွင်းလယ်လူ အော်ရယ်လီယင် ချွာမင်နီနဲ့ အခြားပစ်မှတ်တွေကို ထည့်သွင်းစဉ်းစားရဖို့ ရှိလာ။

– ညာတောင်ပံ Wing Back နေရာအတွက် အက်ရှ်ရက်ဖ် ဟာကီမီကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဝုလ်ဗ်စ်တောင်ပံကစားသမား အဒါမာ ထရာအိုရေးအတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ ကောင်းကောင်းကြီး အသားကျပြီးဖြစ်တဲ့ စပိန်လက်ရွေးစင်ကို ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့က တာဝန်ရှိသူတွေ သဘောကျချင်စရာဖြစ်နေ။

– ချယ်လ်ဆီးအသင်းအနေနဲ့ ဂိုးသမားနေရာအတွက် ပီတာချက်က ထောက်ခံပေးထားတဲ့ ဝါဒါဘရီမင်အသင်းရဲ့ ချက်ဂိုးသမား ယီရီ ပါဗလန်ကာကို ခေါ်ယူရန် မျက်စိကျလာနေပြီး ကစားသမားကတော့ လတ်တလော အသင်းမှာ ပျော်နေတယ်ဆိုပေမယ့် ခေါ်ယူချင်တဲ့ အသင်းအရ လေသံပြောင်းတတ်တဲ့ သဘာဝကြောင့် သင့်တော်တဲ့ ကမ်းလှမ်းမှုရှိရင် လိုက်လျောဖို့ဖြစ်လာနိုင်။

– ၂၀၂၂ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဗဟိုနောက်ခံလူ အန်ဒရီးယက်စ် ခရစ္စတင်ဆန်ကို ချဲလ်ဆီးတို့အနေနဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှု စတင်နေပြီး ယူရို ၂၀၂၀ ပြိုင်ပွဲမှာလည်း လတ်တလော ခြေစွမ်းပြသထားခဲ့တဲ့ သူ့ကို ဥရောပအသင်းကြီးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်နေ။

– ချယ်လ်ဆီးအသင်းအနေနဲ့ ပီအက်စ်ဂျီအသင်း နောက်ခံလူ မာကင်ညို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ဗဟိုနောက်ခံလူနေရာရော ကွင်းလယ်ခံစစ်နေရာမှာပါ ကစားနိုင်တဲ့အပြင် သီယာဂို ဆေးလ်ဗားလို ခေါင်းဆောင်မှု ကောင်းသလို လက်ရှိနည်းပြ သောမက်စ် တူဟယ်လ်ရဲ့ တပည့်ဟောင်းဖြစ်တာကလည်း ခန့်မှန်းမှုတွေကို အရှိန်မြင့်တက်လာစေခဲ့။

– ချယ်လ်ဆီးတို့ ပစ်မှတ်ထားထားတဲ့ အီတလီဘယ်နောက်ခံလူ လီယိုနာဒို စပင်နက်ဇိုလာအနေနဲ့ ဘယ်လ်ဂျီယမ်နဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၀ ကွာတားဖိုင်နယ်မှာ ဖနောင့်ကြောအရွတ် ပြတ်သွားတဲ့ ဒဏ်ရာရခဲ့တာကနေ ၅ လကနေ ၆ လအထိ အနားယူရနိုင်တယ်လို့ သိရပြီး အပြောင်းအရွှေ့တာဝန်ရှိသူတွေအနေနဲ့ လက်လျှော့သွားဖို့ရှိနေ။

– ချယ်လ်ဆီးအသင်း နောက်ခံလူ ဘန် ချေးလ်ဝဲလ်ကတော့ တွစ်တာမှာ ပြီးခဲ့တဲ့ ၄ နှစ်တုန်းက အင်္ဂလန်ကွင်းလယ်လူ ဂျက် ဂရီးလစ်ရှ်နဲ့ ရိုက်ခဲ့တဲ့ ဓါတ်ပုံနဲ့အတူ ယူရို ၂၀၂၀ အတွင်း ရိုက်ထားတဲ့ သူတို့ ဓါတ်ပုံနဲ့ တင်ခဲ့တာကြောင့် မန်စီးတီးကို ယူရိုအပြီး ပြောင်းတော့မယ်လို့ သတင်းထွက်နေတဲ့သူကို ခေါ်ဖို့များလားလို့ ခန့်မှန်းနေကြ။

– ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ ခံစစ်အတွင်းလူတစ်ဦး၊ ကွင်းလယ်လူတစ်ဦး၊ ညာတောင်ပံကစားသမားတစ်ဦးနဲ့ အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်တယ်လို့ အသင်းတာဝန်ရှိသူတွေကို အသိပေးထားပြီး သူ့စိတ်ကြိုက် ကစားသမားတွေကိုပဲ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပါဝင်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးအသင္းနဲ႔ ပုဂၢိဳလ္ေရး သေဘာတူညီထားၿပီး ေဒါ့မြန္ဘက္က ေပါင္သန္း ၁၅၀ အလိုရွိေနတဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းအတြက္ ေပါင္ ၁၁၂ သန္းနဲ႔ ေဈးဆစ္ဖို႔ ရွိေနသလို လိုအပ္ေနတဲ့ အသုံးစရိတ္ ရရွိဖို႔အတြက္ ဂိုးသမား ကီပါ အာရီဇာဘာလာဂါ၊ ကြင္းလယ္လူ ေရာ့စ္ ဘာကလီ၊ တိုက္စစ္မႉးေတြျဖစ္ၾကတဲ့ အိုလီဗီးေယး ဂ်ီ႐ူးနဲ႔ တမ္မီ ေအဘရာဟမ္တို႔ကို ေရာင္းခ်ၿပီး ေပါင္သန္း ၈၀ ေက်ာ္ ရွာေဖြသြားဖို႔ ျပင္ဆင္ေန။

– ဝက္စ္ဟမ္းကြင္းလယ္လူ ဒက္ကလန္႐ိုက္စ္အတြက္ ဝက္စ္ဟမ္းအသင္းက ေပါင္သန္း ၁၀၀ အထိ ေတာင္းဆိုထားတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ေခၚယူဖို႔ ခက္ခဲလာႏိုင္ၿပီး ဟာလန္းအတြက္ ေငြကုန္ေၾကးက်မ်ားဦးမယ့္အခ်ိန္မွာ ႐ိုက္စ္အစား မိုနာကိုကြင္းလယ္လူ ေအာ္ရယ္လီယင္ ခြၽာမင္နီနဲ႔ အျခားပစ္မွတ္ေတြကို ထည့္သြင္းစဥ္းစားရဖို႔ ရွိလာ။

– ညာေတာင္ပံ Wing Back ေနရာအတြက္ အက္ရွ္ရက္ဖ္ ဟာကီမီကို ေခၚယူဖို႔ မေအာင္ျမင္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဝုလ္ဗ္စ္ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ရွိေနၿပီး ပရီးမီးယားလိဂ္နဲ႔ ေကာင္းေကာင္းႀကီး အသားက်ၿပီးျဖစ္တဲ့ စပိန္လက္ေ႐ြးစင္ကို ေပါင္ ၂၅ သန္း ဝန္းက်င္နဲ႔ ေခၚယူဖို႔က တာဝန္ရွိသူေတြ သေဘာက်ခ်င္စရာျဖစ္ေန။

– ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ဂိုးသမားေနရာအတြက္ ပီတာခ်က္က ေထာက္ခံေပးထားတဲ့ ဝါဒါဘရီမင္အသင္းရဲ႕ ခ်က္ဂိုးသမား ယီရီ ပါဗလန္ကာကို ေခၚယူရန္ မ်က္စိက်လာေနၿပီး ကစားသမားကေတာ့ လတ္တေလာ အသင္းမွာ ေပ်ာ္ေနတယ္ဆိုေပမယ့္ ေခၚယူခ်င္တဲ့ အသင္းအရ ေလသံေျပာင္းတတ္တဲ့ သဘာဝေၾကာင့္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈရွိရင္ လိုက္ေလ်ာဖို႔ျဖစ္လာႏိုင္။

– ၂၀၂၂ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ဗဟိုေနာက္ခံလူ အန္ဒရီးယက္စ္ ခရစၥတင္ဆန္ကို ခ်ဲလ္ဆီးတို႔အေနနဲ႔ စာခ်ဳပ္သစ္အတြက္ ကမ္းလွမ္းမႈ စတင္ေနၿပီး ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာလည္း လတ္တေလာ ေျခစြမ္းျပသထားခဲ့တဲ့ သူ႔ကို ဥေရာပအသင္းႀကီးေတြရဲ႕ ရန္ကေန ကာကြယ္ဖို႔ ႀကိဳတင္ျပင္ဆင္ေန။

– ခ်ယ္လ္ဆီးအသင္းအေနနဲ႔ ပီအက္စ္ဂ်ီအသင္း ေနာက္ခံလူ မာကင္ညိဳ႕စ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး ဗဟိုေနာက္ခံလူေနရာေရာ ကြင္းလယ္ခံစစ္ေနရာမွာပါ ကစားႏိုင္တဲ့အျပင္ သီယာဂို ေဆးလ္ဗားလို ေခါင္းေဆာင္မႈ ေကာင္းသလို လက္ရွိနည္းျပ ေသာမက္စ္ တူဟယ္လ္ရဲ႕ တပည့္ေဟာင္းျဖစ္တာကလည္း ခန႔္မွန္းမႈေတြကို အရွိန္ျမင့္တက္လာေစခဲ့။

– ခ်ယ္လ္ဆီးတို႔ ပစ္မွတ္ထားထားတဲ့ အီတလီဘယ္ေနာက္ခံလူ လီယိုနာဒို စပင္နက္ဇိုလာအေနနဲ႔ ဘယ္လ္ဂ်ီယမ္နဲ႔ ကစားခဲ့တဲ့ ယူ႐ို ၂၀၂၀ ကြာတားဖိုင္နယ္မွာ ဖေနာင့္ေၾကာအ႐ြတ္ ျပတ္သြားတဲ့ ဒဏ္ရာရခဲ့တာကေန ၅ လကေန ၆ လအထိ အနားယူရႏိုင္တယ္လို႔ သိရၿပီး အေျပာင္းအေ႐ႊ႕တာဝန္ရွိသူေတြအေနနဲ႔ လက္ေလွ်ာ့သြားဖို႔ရွိေန။

– ခ်ယ္လ္ဆီးအသင္း ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္ကေတာ့ တြစ္တာမွာ ၿပီးခဲ့တဲ့ ၄ ႏွစ္တုန္းက အဂၤလန္ကြင္းလယ္လူ ဂ်က္ ဂရီးလစ္ရွ္နဲ႔ ႐ိုက္ခဲ့တဲ့ ဓါတ္ပုံနဲ႔အတူ ယူ႐ို ၂၀၂၀ အတြင္း ႐ိုက္ထားတဲ့ သူတို႔ ဓါတ္ပုံနဲ႔ တင္ခဲ့တာေၾကာင့္ မန္စီးတီးကို ယူ႐ိုအၿပီး ေျပာင္းေတာ့မယ္လို႔ သတင္းထြက္ေနတဲ့သူကို ေခၚဖို႔မ်ားလားလို႔ ခန႔္မွန္းေနၾက။

– ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ ခံစစ္အတြင္းလူတစ္ဦး၊ ကြင္းလယ္လူတစ္ဦး၊ ညာေတာင္ပံကစားသမားတစ္ဦးနဲ႔ အေထာင္တိုက္စစ္မႉးတစ္ဦး ေခၚယူခ်င္တယ္လို႔ အသင္းတာဝန္ရွိသူေတြကို အသိေပးထားၿပီး သူ႔စိတ္ႀကိဳက္ ကစားသမားေတြကိုပဲ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ ပါဝင္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.