International
မော်ရင်ညိုရဲ့ ဆရာလုပ်မှုကို လက်မခံနိုင်ဘူးလို့ ယဉ်ယဉ်လေး ပယ်ချသွားတဲ့ ဆောက်ဂိတ်
နည်းပြကြီး ဂျိုဆေး မော်ရင်ညိုက ၂၀၂၀ ယူရိုပြိုင်ပွဲရဲ့ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေချိန်မှာ အင်္ဂလန်အသင်းအနေနဲ့ လာမယ့် ယူကရိန်းနဲ့ ကစားရမယ့် ကွာတားပွဲစဥ်မှာ အရင်ပွဲတွေက အဝါကတ်ထိထားပြီးတဲ့ ဟာရီ မက်ဂွိုင်းယား၊ ဖီးလ်ဖိုဒင်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဒက်ကလန်ရိုက်စ်တို့လို ကစားသမားတွေကို ပွဲမထုတ်သင့်ဘူးလို့ နည်းပြ​ ဂါရက်သ် ဆောက်ဂိတ်ဆီ အမှာစကားပါးသွားခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ကတော့ ပေါ်တူဂီသားကြီးရဲ့ အကြံပေးချက်ကို ဆရာလုပ်နေတယ်လို့ မှတ်ယူသွားခဲ့ပြီး ခပ်ပြတ်ပြတ်ပယ်ချသွားခဲ့သလို ယူကရိန်းနဲ့ ကစားမယ့် ကွာတားပွဲစဥ်အတွက် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အခိုင်အမာ ​ပြောသွားခဲ့ပြီး မော်ရင်ညိုကို ယဥ်ယဥ်လေးနဲ့ ပြန်လည်ထိုးနှက်သွားခဲ့တာပါ။
အင်္ဂလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ယူကရိန်းလို ပွဲချောင်တဲ့အနေအထားမျိုးမှာ မောပန်းပြီး အဝါကတ်ထိထားတဲ့ ကစားသမားတွေကို ချန်ကစားသင့်တယ်ဆိုတဲ့ မော်ရင်ညိုရဲ့ တိုက်တွန်းမှုဟာ အရာမထင်ဖြစ်ခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပြိုင်ပွဲကြီးမှာ ဗိုလ်ဝင်ခံဖို့ အားထုတ်နေတဲ့ ဆောက်ဂိတ်အတွက်ပါ စိတ်ခုစရာ ဖြစ်စေခဲ့တာပါ။
“ကျွန်တော်တို့အသင်းက ကွာတားဖိုင်နယ်ကို နောက်ဆုံးနှစ် ၆၀ အတွင်းမှာ ၃ ကြိမ်ဆက် တက်ရောက်လာတဲ့အသင်းပါ။ ဒါကြောင့် အနားပေးထားတဲ့ ကစားသမားတွေကို ကွာတားအဆင့်မှာ ပွဲထုတ်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ အဝါကတ်ထိသွားနိုင်ကြောင့်ပါ။ တကယ်တမ်း အဝါကတ်ထိသွားရင် ဘယ်သူကယ်တင်မလဲ”
“သူတို့မှာ ပွဲကစားနိုင်ဖို့ ကြံ့ခိုင်မှုပြည့်ဝရဲ့လားဆိုတာလည်း စိုးရိမ်ရပါတယ်။ အဝါကတ်အကြောင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော့အနေနဲ့ ပွဲကို နိုင်အောင် ကစားဖို့သာ အာရုံစိုက်မှာပါ။ ပြောရရင်တော့ဗျာ… ကစားအားမြင့်တဲ့ အသင်းသားတွေကို ဘာအတွက်ကြောင့် ဒိုင်လျှိုထားရမလဲ။ ကျွန်တော်တို့ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်တက်ဖို့ ဘာမဆို လုပ်သွားရမှာပဲ မဟုတ်ဘူးလား”
“ဒါ ကျွန်တော့်ဆုံးဖြတ်ချက်ပါ။ ဝင်စွက်ဖက်လို့ မရပါဘူး။ မော်ရင်ညိုပြောလာတဲ့ နည်းဗျူဟာပိုင်း အကြံပေးမှုကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အဲဒါက ကျွန်တော်တို့သွားမယ့်လမ်းကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မိနစ်ပိုင်းစာလောက် အာရုံလွတ်သွားတာနဲ့ ခံစားသွားရနိုင်ပါတယ်”
“ဒီလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲမျိုးပါ။ တချက်ကလေးမှ မျက်ချည်ပြတ်လို့ မရပါဘူး။ သတိလစ်တာနဲ့ နောက်တဆင့်တက်ဖို့ ဒုက္ခရောက်သွားနိုင်ပါတယ်”လို့ အင်္ဂလန်နည်းပြ ဂါရက်သ် ဆောက်ဂိတ်က အာချောင်တတ်တယ်လို့ နာမည်ကြီးတဲ့ နည်းပြကြီး မော်ရင်ညိုရဲ့ ဆရာလုပ်မှုကို ယဥ်ယဥ်လေးနဲ့ ပညာသားပါပါ တုံ့ပြန်သွားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
နည်းပြကြီး ဂျိုဆေး မော်ရင်ညိုက ၂၀၂၀ ယူရိုပြိုင်ပွဲရဲ့ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေချိန်မှာ အင်္ဂလန်အသင်းအနေနဲ့ လာမယ့် ယူကရိန်းနဲ့ ကစားရမယ့် ကွာတားပွဲစဉ်မှာ အရင်ပွဲတွေက အဝါကတ်ထိထားပြီးတဲ့ ဟာရီ မက်ဂွိုင်းယား၊ ဖီးလ်ဖိုဒင်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဒက်ကလန်ရိုက်စ်တို့လို ကစားသမားတွေကို ပွဲမထုတ်သင့်ဘူးလို့ နည်းပြ ဂါရက် ​ဆောက်ဂိတ်ဆီ အမှာစကားပါးသွားခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ကတော့ ပေါ်တူဂီသားကြီးရဲ့ အကြံပေးချက်ကို ဆရာလုပ်နေတယ်လို့ မှတ်ယူသွားခဲ့ပြီး ခပ်ပြတ်ပြတ်ပယ်ချသွားခဲ့သလို ယူကရိန်းနဲ့ ကစားမယ့် ကွာတားပွဲစဉ်အတွက် သူ့ရဲ့ဆုံးဖြတ်ချက်တွေကို အခိုင်အမာ ​ပြောသွားခဲ့ပြီး မော်ရင်ဟိုကို ယဉ်ယဉ်လေးနဲ့ ပြန်လည်ထိုးနှက်သွားခဲ့တာပါ။
အင်္ဂလန်အသင်းအနေနဲ့ ဆီမီးဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ယူကရိန်းလို ပွဲချောင်တဲ့အနေအထားမျိုးမှာ မောပန်းပြီး အဝါကတ်ထိထားတဲ့ ကစားသမားတွေကို ချန်ကစားသင့်တယ်ဆိုတဲ့ မော်ရင်ဟိုရဲ့ တိုက်တွန်းမှုဟာ အရာမထင်ဖြစ်ခဲ့ပြီး ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာပြိုင်ပွဲကြီးမှာ ဗိုလ်ဝင်ခံဖို့ အားထုတ်နေတဲ့ ဆောက်ဂိတ်အတွက်ပါ စိတ်ခုစရာ ဖြစ်စေခဲ့တာပါ။
REF: INTERNET SOURCES
SPORTS A2Z.