Analysis International La Liga

Ballon d’Or ဆုအတွက် ပြိုင်ဘက်တွေကို မက်ဆီတစ်ယောက် ချန်ထားနိုင်ခဲ့မှာလား

လီယွန်နယ် မက်ဆီဟာ ဘောလုံးလောကရဲ့ တစ်ဦးချင်းဆုတံဆိပ်တွေထဲကမှ အကြီးမားဆုံးဖြစ်တဲ့ ဘယ်လွန်ဒေါဆုကို အများဆုံးရရှိထားသူဖြစ်ပြီး ၆ ကြိမ်အထိ ရရှိခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ သူနဲ့သာ ယှဉ်ပြိုင်နေရပြီး ၂၀၁၈ မှာ ကွင်းလယ်လူ လူကာ မိုဒရစ်ခ်ျပဲ သူတို့မဟုတ်တဲ့ထဲက ရယူထားနိုင်ခဲ့တာပါ။

၁။ အကောင်းဆုံးကစားသမားဆု အကြိမ်ရေ အများဆုံး
ပွဲတစ်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ ဆုက ပွဲအပေါ် အကျိုးအသက်ရောက်ဆုံးသူကိုပဲ ပေးတာဖြစ်လို့ ကစားသမားတွေအတွက် အရေးပါပါတယ်။ မက်ဆီကတော့ အဲ့ဆုကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်း ၂၂ ကြိမ်အထိ ရခဲ့ပြီး သူ့နောက်က ဒုတိယအများဆုံးပါဆိုတဲ့ ဟာရီကိန်းက ၁၃ ကြိမ်ပဲ ရထားခဲ့တာပါ။

၂။ ဘယ်သူကမှ အပြတ်အသတ် ရေပန်းမစားခြင်း
အရင်နှစ်တွေက ဂုဏ်သတင်းအများဆုံးလူကပဲ ရသွားကြတာဖြစ်ပြီး ဒီနှစ်မှာ အဲ့ဒီလို တစ်ယောက်တည်း နာမည်ထွက်နေတာမျိုး မရှိပါဘူး။ အသင်းနဲ့အတူ ဆုဖလားရရှိမှုတွေအပေါ်လည်း မူတည်တာကြောင့် ဒီနှစ်လို ဆုဖလားတွေ အညီအမျှ ရနေကြတဲ့ အချိန်မှာ တစ်ဦးချင်း ဆုတံဆိပ်များနေတဲ့ အာဂျင်တိုင်းသားကြီးက ရနိုင်ခြေ များလာတာပါ။

၃။ ကိုပါအမေရိကချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခြေရှိခြင်း
ကိုပါအမေရိကပြိုင်ပွဲမှာ မက်ဆီက ၅ ပွဲကစား ၄ ဂိုးသွင်း ၄ ဂိုးဖန်တီး၊ အကောင်းဆုံးဆု ၄ ကြိမ်ရထားပြီး အာဂျင်တီးနားကို အုပ်စု A ရဲ့ ထိပ်ဆုံးအထိ ဆွဲတင်ပေးခဲ့တာဖြစ်သလို ဗိုလ်လုပွဲမှသာ ဘရာဇီးလ်နဲ့ တွေ့ဆုံနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တဲ့ အာဂျင်တီးနားတို့အနေနဲ့ အရင်လောက် မကောင်းတဲ့ ကိုလံဘီယာနဲ့ အိမ်ရှင် ဘရာဇီးလ်တို့ကို ကျော်ဖြတ်ပြီး ချန်ပီယံပါ ဖြစ်လာခဲ့ရင် တခြားသူ‌တွေထက် ထပ်သာသွားပါလိမ့်မယ်။

၄။ ၂၀၂၁ မှာ ပုံစံကောင်းပြသထားခြင်း
ပြီးခဲ့တဲ့ ရာသီဝက်အထိ မက်ဆီဟာ ပုံစံကောင်း မပြနိုင်ခဲ့တာတောင် ၂၀၂၁ ခုနှစ်အတွင်း ကစားခဲ့တဲ့ ပွဲတွေမှာတော့ ၂၉ ပွဲမှာ ၂၈ ဂိုးသွင်းပြီး ၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ နှစ်သစ်ကူးချိန်ကစလို့ သူ့ခြေစွမ်းက ပိုကောင်းခဲ့ပြီး အဆင့် ၇ က အသင်းကို ချန်ပီယံဆု ရခါနီးအထိ တွန်းတင်ပေးခဲ့တာပါ။ နောက်ဆုံး ၄-၅ ပွဲသာ ခြေမချော်ခဲ့ရင် လာလီဂါချန်ပီယံပါ ဖြစ်နိုင်တဲ့အထိ ဘာစီလိုနာကို ကူညီခဲ့သလို ကိုပါဒဲလ်ရေး ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။

၅။ လာလီဂါရဲ့ စံချိန်တင် ပီချီချီ ရွှေဖိနပ်ဆုရှင်
မက်ဆီဟာ ၃၅ ပွဲကစား၊ ဂိုး ၃၀ သွင်းပြီး လာလီဂါရဲ့ ရွှေဖိနပ်ဆုကို အရယူသွားခဲ့ပါတယ်။ အသက် ၃၄ နှစ် ဆိုပေမယ့် သူ့ရဲ့ တစ်ဖက်အသင်း ဂိုးနားမှာ ကစားပုံနဲ့ ကျော်ဖြတ်မှုတွေက ထက်မြက်တုန်းပါပဲ။ လက်ဖျားခါလောက်တဲ့ အဆုံးသတ် စွမ်းရည်ကလည်း မကျသေးဘဲ ဘာစီလိုနာအသင်းနဲ့အတူ ၈ ကြိမ်မြောက် ပီပီချီဆုကိုလည်း စံချိန်တင် ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအချက်အလက်တွေက ကိုဗစ်အလွန် နောက်တစ်ရာသီမှာ ကစားသမားတော်တော်များများထက် သာလွန်နေတဲ့ မှတ်တမ်းလည်းဖြစ်ပြီး (လက်ရှိအချိန်အထိ စာချုပ်သစ် မချုပ်နိုင်သေးဘဲ Free Agent ဖြစ်နေတာကြောင့်) ဘာစီလိုနာနဲ့ နောက်ဆုံးရာသီ စွမ်းဆောင်ရည်နဲ့ ဘယ်လွန်ဒေါဆုက မက်ဆီအတွက်ပဲ ဖြစ်လာနိုင်မလား စောင့်ကြည့်ရဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ေဘာလုံးေလာကရဲ႕ တစ္ဦးခ်င္းဆုတံဆိပ္ေတြထဲကမွ အႀကီးမားဆုံးျဖစ္တဲ့ ဘယ္လြန္ေဒါဆုကို အမ်ားဆုံးရရွိထားသူျဖစ္ၿပီး ၆ ႀကိမ္အထိ ရရွိခဲ့တာပါ။ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာအတြင္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ သူနဲ႔သာ ယွဥ္ၿပိဳင္ေနရၿပီး ၂၀၁၈ မွာ ကြင္းလယ္လူ လူကာ မိုဒရစ္ခ္်ပဲ သူတို႔မဟုတ္တဲ့ထဲက ရယူထားႏိုင္ခဲ့တာပါ။

၁။ အေကာင္းဆုံးကစားသမားဆု အႀကိမ္ေရ အမ်ားဆုံး
ပြဲတစ္ပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆိုတဲ့ ဆုက ပြဲအေပၚ အက်ိဳးအသက္ေရာက္ဆုံးသူကိုပဲ ေပးတာျဖစ္လို႔ ကစားသမားေတြအတြက္ အေရးပါပါတယ္။ မက္ဆီကေတာ့ အဲ့ဆုကို ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီအတြင္း ၂၂ ႀကိမ္အထိ ရခဲ့ၿပီး သူ႔ေနာက္က ဒုတိယအမ်ားဆုံးပါဆိုတဲ့ ဟာရီကိန္းက ၁၃ ႀကိမ္ပဲ ရထားခဲ့တာပါ။

၂။ ဘယ္သူကမွ အျပတ္အသတ္ ေရပန္းမစားျခင္း
အရင္ႏွစ္ေတြက ဂုဏ္သတင္းအမ်ားဆုံးလူကပဲ ရသြားၾကတာျဖစ္ၿပီး ဒီႏွစ္မွာ အဲ့ဒီလို တစ္ေယာက္တည္း နာမည္ထြက္ေနတာမ်ိဳး မရွိပါဘူး။ အသင္းနဲ႔အတူ ဆုဖလားရရွိမႈေတြအေပၚလည္း မူတည္တာေၾကာင့္ ဒီႏွစ္လို ဆုဖလားေတြ အညီအမွ် ရေနၾကတဲ့ အခ်ိန္မွာ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားေနတဲ့ အာဂ်င္တိုင္းသားႀကီးက ရႏိုင္ေျခ မ်ားလာတာပါ။

၃။ ကိုပါအေမရိကခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္ေျခရွိျခင္း
ကိုပါအေမရိကၿပိဳင္ပြဲမွာ မက္ဆီက ၅ ပြဲကစား ၄ ဂိုးသြင္း ၄ ဂိုးဖန္တီး၊ အေကာင္းဆုံးဆု ၄ ႀကိမ္ရထားၿပီး အာဂ်င္တီးနားကို အုပ္စု A ရဲ႕ ထိပ္ဆုံးအထိ ဆြဲတင္ေပးခဲ့တာျဖစ္သလို ဗိုလ္လုပြဲမွသာ ဘရာဇီးလ္နဲ႔ ေတြ႕ဆုံႏိုင္မယ့္ လမ္းေၾကာင္းေပၚမွာ ရွိေနတာပါ။ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့တဲ့ အာဂ်င္တီးနားတို႔အေနနဲ႔ အရင္ေလာက္ မေကာင္းတဲ့ ကိုလံဘီယာနဲ႔ အိမ္ရွင္ ဘရာဇီးလ္တို႔ကို ေက်ာ္ျဖတ္ၿပီး ခ်န္ပီယံပါ ျဖစ္လာခဲ့ရင္ တျခားသူ‌ေတြထက္ ထပ္သာသြားပါလိမ့္မယ္။

၄။ ၂၀၂၁ မွာ ပုံစံေကာင္းျပသထားျခင္း
ၿပီးခဲ့တဲ့ ရာသီဝက္အထိ မက္ဆီဟာ ပုံစံေကာင္း မျပႏိုင္ခဲ့တာေတာင္ ၂၀၂၁ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ပြဲေတြမွာေတာ့ ၂၉ ပြဲမွာ ၂၈ ဂိုးသြင္းၿပီး ၈ ဂိုး ဖန္တီးေပးခဲ့ပါတယ္။ ႏွစ္သစ္ကူးခ်ိန္ကစလို႔ သူ႔ေျခစြမ္းက ပိုေကာင္းခဲ့ၿပီး အဆင့္ ၇ က အသင္းကို ခ်န္ပီယံဆု ရခါနီးအထိ တြန္းတင္ေပးခဲ့တာပါ။ ေနာက္ဆုံး ၄-၅ ပြဲသာ ေျခမေခ်ာ္ခဲ့ရင္ လာလီဂါခ်န္ပီယံပါ ျဖစ္ႏိုင္တဲ့အထိ ဘာစီလိုနာကို ကူညီခဲ့သလို ကိုပါဒဲလ္ေရး ဖလားကိုလည္း ရယူႏိုင္ခဲ့ပါတယ္။

၅။ လာလီဂါရဲ႕ စံခ်ိန္တင္ ပီခ်ီခ်ီ ေ႐ႊဖိနပ္ဆုရွင္
မက္ဆီဟာ ၃၅ ပြဲကစား၊ ဂိုး ၃၀ သြင္းၿပီး လာလီဂါရဲ႕ ေ႐ႊဖိနပ္ဆုကို အရယူသြားခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္ ဆိုေပမယ့္ သူ႔ရဲ႕ တစ္ဖက္အသင္း ဂိုးနားမွာ ကစားပုံနဲ႔ ေက်ာ္ျဖတ္မႈေတြက ထက္ျမက္တုန္းပါပဲ။ လက္ဖ်ားခါေလာက္တဲ့ အဆုံးသတ္ စြမ္းရည္ကလည္း မက်ေသးဘဲ ဘာစီလိုနာအသင္းနဲ႔အတူ ၈ ႀကိမ္ေျမာက္ ပီပီခ်ီဆုကိုလည္း စံခ်ိန္တင္ ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီအခ်က္အလက္ေတြက ကိုဗစ္အလြန္ ေနာက္တစ္ရာသီမွာ ကစားသမားေတာ္ေတာ္မ်ားမ်ားထက္ သာလြန္ေနတဲ့ မွတ္တမ္းလည္းျဖစ္ၿပီး (လက္ရွိအခ်ိန္အထိ စာခ်ဳပ္သစ္ မခ်ဳပ္ႏိုင္ေသးဘဲ Free Agent ျဖစ္ေနတာေၾကာင့္) ဘာစီလိုနာနဲ႔ ေနာက္ဆုံးရာသီ စြမ္းေဆာင္ရည္နဲ႔ ဘယ္လြန္ေဒါဆုက မက္ဆီအတြက္ပဲ ျဖစ္လာႏိုင္မလား ေစာင့္ၾကည့္ရဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.