International Match Report

ဟန်ချက်မညီတဲ့ ဘယ်လ်ဂျီယမ်ကို သမ္ဘာနဲ့ ဝါဆိုတာ ဘာလဲပြပြီး ဆီမီးတက်တဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဝါရင့်နောက်ခံလူ ခေးလီနီကို ပြန်လည်ထည့်သွင်းခဲ့သလို ကွင်းလယ်မှာတော့ ဗာရက်တီ ဆက်လက်ပါဝင်ပြီး ပိုမိုအသားကျတဲ့ ပုံစံကို ပြသနိုင်ခဲ့ချိန်မှာ တိုက်စစ်မှာတော့ ခီယေဆာကို ညာတောင်ပံမှာထားခဲ့ပြီး အင်ဆီညာနဲ့ အင်မိုဘီလီတို့ကိုတော့ သုံးမြဲတိုင်း အသုံးပြုခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်တို့ကတော့ သူတို့ရဲ့ ကစားသမားတွေရဲ့ နာမည်နဲ့မှ မလိုက်ဖက်တဲ့ ၃-၄-၃ ကစားကွက်ကို ဆက်လက်သုံးစွဲနေပြီး ညာခြမ်းမှာ မူနီယေးကို သုံးခဲ့ပေမယ့် ဘယ်ခြမ်းမှာတော့ သော်ဂန် ဟာဇတ်က ကစားခဲ့သလို ခံစစ်နဲ့ တိုက်စစ်ချိတ်ဆက်မှုတွေမှာ နောက်ခံအစွန်လူစစ်စစ်တွေ သုံးတဲ့ အသင်းတွေလိုမျိုး ချောမွေ့မှု မရှိဘဲ ပွဲထွက်လာခဲ့တာပါ။

အီတလီတို့ကတော့ ကျစ်လျစ်တဲ့ ကစားပုံ၊ ကောင်းမွန်တဲ့ လုပ်အားနှုန်းတွေနဲ့ အီဒင် ဟာဇတ် ပါမလာနိုင်တဲ့ ဘယ်လ်ဂျီယမ်ကို ကောင်းကောင်းကိုင်တွယ်သွားခဲ့ပြီး ဂျာမန်မြေမှာ အလုပ်ဖြစ်ခဲ့သလို ပွဲချိန် ၁၂ မိနစ်မှာ ဖရီးကစ်ကနေ နောက်ခံလူ ဘိုနူချီက ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော သတ်မှတ်ခံခဲ့ရလို့ အဖွင့်ဂိုးရဖို့ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တို့ တိုက်စစ်ဆင်လာတိုင်း အီတလီတွေက ခံစစ်ဇုန်ထဲကို ကြိုရောက်ပြီး ပိတ်ဆို့နိုင်ခဲ့တာကတော့ နည်းပြ ရောဘတ်တို မာတီနက်ဇ်ရဲ့ ကောင်တာသန်တဲ့ ပုံစံအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဂိုးသမားနဲ့ ဝါရင့်နောက်ခံလူတွေက ပါးနပ်လွန်းနေခဲ့ပါတယ်။

ဒဏ်ရာက သက်သာပြီး ဒီပွဲမှာ ပါဝင်လာတဲ့ ဒီဘရိုင်းနားနဲ့ အသင်းဖော်တွေကတော့ ဂိုးဧရိယာအပြင်ဘက်က ထိုးဖောက်ရတာတောင် များနေခဲ့သလို သူ့ရဲ့ ပွဲချိန် ၂၁ မိနစ် ကန်ချက်ကို ဒွန်နာရမ်မာက လက်စွမ်းပြပုတ်ထုတ်သွားနိုင်ခဲ့သလို သိပ်မကြာခင်မှာပဲ လူကာကူးရဲ့ ကောင်တာကနေ ကန်သွင်းမှုကိုလည်း အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားက ကာကွယ်သွားခဲ့ပါသေးတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ အီတလီတို့ ဂိုးစရခဲ့ပြီး ဘယ်လ်ဂျီယမ်ဂိုးရှေ့မှာ ငါးမိနစ်လောက်ဆက်တိုက် ဖိကစားနေခဲ့တဲ့ မန်ချီနီရဲ့ လူတွေက ဖရီးကစ်ကို အမြန်ပေးပြီး စတင်ရာကနေ တိုက်စစ်မှူး အင်မိုဘီလီ လဲကျသွားခဲ့ပေမယ့် ဆက်ကစားခဲ့ပြီး ဗာရက်တီပေးတဲ့ ဘောလုံးကို ခီယေဆာက ဟာဇတ်နဲ့ ဗာမေလန်ကြားက ကန်သွင်းခဲ့ရာမှာ ကူတွာ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာတော့ အီတလီတို့ ဒုတိယဂိုး ထပ်ရခဲ့ပြန်ပြီး တန်ပြန်တိုက်စစ်ကနေ ကွင်းလယ်ကြောတစ်လျှောက် ဘောလုံးဆွဲပြေးလာခဲ့တဲ့ အင်ဆီညာက တီးလီးမန်းစ်ကို ကျော်ဖြတ်ခဲ့ချိန်မှာ သဘောကောင်းစွာ ပေးကန်ပြီး လွှတ်ပေးထားခဲ့တဲ့ အယ်လ်ဒါဗိုင်ရယ်လ်နဲ့ ဗာမေလန်တို့ကြောင့် နာပိုလီ တိုက်စစ်မှူး စိတ်ကြိုက်ကန်ချက်နဲ့ ဝေ့ဝိုက်ကန်သွင်းယူခဲ့ရာမှာ ကူတွာကို အနိုင်ယူသွားနိုင်ခဲ့တာပါ။

တစ်မိနစ်အကြာမှာတော့ ဘယ်လ်ဂျီယမ်တို့ အသက်ဆက်ရှိနေစေမယ့် ဂိုးကို တောင်ပံကစားသမား ယယ်ရမီ ဒိုကူက ရှာဖွေပေးခဲ့ပြီး သူ့ရဲ့ လျှပ်ပြက်သလို အမြန်နှုန်းကို မထိန်းနိုင်ဘဲ ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်မိတဲ့ ဒီလော်ရန်ဇိုကြောင့် ရတဲ့ ပင်နယ်တီကို လူကာကူးက အမှားအယွင်းမရှိ ကန်သွင်းချေပခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အီတလီတို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘယ်လ်ဂျီယမ်တို့ ချေပဂိုးထပ်ရနိုင်ဖို့ ပိုမိုတင်ကစားလာခဲ့သလို အီတလီကတော့ ခံစစ်ကို အာရုံစိုက်မှုများလာခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ မထင်မှတ်တဲ့ အနေအထားတွေက ထိုးနှက်နိုင်ဖို့ ချောင်းကစားလာခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ဒိုကူနဲ့ ဘယ်ခြမ်းအတွဲအဖက်ကနေ ဒီဘရိုင်းနားက ချိုးပေးတာကို လူကာကူး အပိုင်ကန်သွင်းခဲ့ပေမယ့် ပိတ်ဆို့ဖို့ ကြိုးစားတဲ့ အီတလီနောက်ခံလူ စပင်နက်ဇိုလာရဲ့ ကျောနဲ့ထိပြီး ပြန်ထွက်လာတာက ဘယ်လ်ဂျီယမ်ပရိသတ်တွေအနေနဲ့ အော်ဟစ်ပေါက်ကွဲချင်စရာဖြစ်ခဲ့ရပြီး ဒီနောက်မှာတော့ အင်ဆီညာရဲ့ ကန်ချက်ကို ကူတွာ ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ လူစားဝင်လာတဲ့ တောင်ပံသမား ချက်ဒ်လီရဲ့ ဖြတ်တင်ဘောကို လူကာကူးနဲ့ ဟာဇတ်တို့ ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် တိုင်မင်လွဲသွားခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ အီတလီတို့ အချိန်ဆွဲ ပညာပြ လှဲချမှုတွေနဲ့ ဘယ်လ်ဂျီယမ်တို့ ချေပဂိုးရှာဖွေဖို့ခက်အောင် အမျိုးမျိုး နှောင့်နှေးစေခဲ့ကြပြီး ပွဲရဲ့ ရသကို ပျက်ပြားစေခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ထိတိုင်းလဲ အီတလီတို့ကို ဗျူဟာပြောင်းလဲထိုးဖောက်ဖို့ မတတ်နိုင်ခဲ့တဲ့ မာတီနက်ဇ်နဲ့ ဘယ်လ်ဂျီယမ်တို့ အရှုံးပေးခဲ့ရပြီး နောက်ဆုံး ယူရိုပြိုင်ပွဲနှစ်ကြိမ်စလုံးမှာ ကွာတားဖိုင်နယ်က လှည့်ပြန်ခဲ့ရသလို မန်ချီနီရဲ့ အဇူရီတွေကတော့ လန်ဒန် ဝင်ဘလီကွင်းကြီးမှာ စပိန်အသင်းနဲ့ ဆီမီးဖိုင်နယ် ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဝါရင့္ေနာက္ခံလူ ေခးလီနီကို ျပန္လည္ထည့္သြင္းခဲ့သလို ကြင္းလယ္မွာေတာ့ ဗာရက္တီ ဆက္လက္ပါဝင္ၿပီး ပိုမိုအသားက်တဲ့ ပုံစံကို ျပသႏိုင္ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ခီေယဆာကို ညာေတာင္ပံမွာထားခဲ့ၿပီး အင္ဆီညာနဲ႔ အင္မိုဘီလီတို႔ကိုေတာ့ သုံးၿမဲတိုင္း အသုံးျပဳခဲ့ပါတယ္။

ဘယ္လ္ဂ်ီယမ္တို႔ကေတာ့ သူတို႔ရဲ႕ ကစားသမားေတြရဲ႕ နာမည္နဲ႔မွ မလိုက္ဖက္တဲ့ ၃-၄-၃ ကစားကြက္ကို ဆက္လက္သုံးစြဲေနၿပီး ညာျခမ္းမွာ မူနီေယးကို သုံးခဲ့ေပမယ့္ ဘယ္ျခမ္းမွာေတာ့ ေသာ္ဂန္ ဟာဇတ္က ကစားခဲ့သလို ခံစစ္နဲ႔ တိုက္စစ္ခ်ိတ္ဆက္မႈေတြမွာ ေနာက္ခံအစြန္လူစစ္စစ္ေတြ သုံးတဲ့ အသင္းေတြလိုမ်ိဳး ေခ်ာေမြ႕မႈ မရွိဘဲ ပြဲထြက္လာခဲ့တာပါ။

အီတလီတို႔ကေတာ့ က်စ္လ်စ္တဲ့ ကစားပုံ၊ ေကာင္းမြန္တဲ့ လုပ္အားႏႈန္းေတြနဲ႔ အီဒင္ ဟာဇတ္ ပါမလာႏိုင္တဲ့ ဘယ္လ္ဂ်ီယမ္ကို ေကာင္းေကာင္းကိုင္တြယ္သြားခဲ့ၿပီး ဂ်ာမန္ေျမမွာ အလုပ္ျဖစ္ခဲ့သလို ပြဲခ်ိန္ ၁၂ မိနစ္မွာ ဖရီးကစ္ကေန ေနာက္ခံလူ ဘိုႏူခ်ီက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရလို႔ အဖြင့္ဂိုးရဖို႔ ေစာင့္ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္တို႔ တိုက္စစ္ဆင္လာတိုင္း အီတလီေတြက ခံစစ္ဇုန္ထဲကို ႀကိဳေရာက္ၿပီး ပိတ္ဆို႔ႏိုင္ခဲ့တာကေတာ့ နည္းျပ ေရာဘတ္တို မာတီနက္ဇ္ရဲ႕ ေကာင္တာသန္တဲ့ ပုံစံအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ဂိုးသမားနဲ႔ ဝါရင့္ေနာက္ခံလူေတြက ပါးနပ္လြန္းေနခဲ့ပါတယ္။

ဒဏ္ရာက သက္သာၿပီး ဒီပြဲမွာ ပါဝင္လာတဲ့ ဒီဘ႐ိုင္းနားနဲ႔ အသင္းေဖာ္ေတြကေတာ့ ဂိုးဧရိယာအျပင္ဘက္က ထိုးေဖာက္ရတာေတာင္ မ်ားေနခဲ့သလို သူ႔ရဲ႕ ပြဲခ်ိန္ ၂၁ မိနစ္ ကန္ခ်က္ကို ဒြန္နာရမ္မာက လက္စြမ္းျပပုတ္ထုတ္သြားႏိုင္ခဲ့သလို သိပ္မၾကာခင္မွာပဲ လူကာကူးရဲ႕ ေကာင္တာကေန ကန္သြင္းမႈကိုလည္း အသင္းလက္မဲ့ျဖစ္ေနတဲ့ ဂိုးသမားက ကာကြယ္သြားခဲ့ပါေသးတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အီတလီတို႔ ဂိုးစရခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ဂိုးေရွ႕မွာ ငါးမိနစ္ေလာက္ဆက္တိုက္ ဖိကစားေနခဲ့တဲ့ မန္ခ်ီနီရဲ႕ လူေတြက ဖရီးကစ္ကို အျမန္ေပးၿပီး စတင္ရာကေန တိုက္စစ္မႉး အင္မိုဘီလီ လဲက်သြားခဲ့ေပမယ့္ ဆက္ကစားခဲ့ၿပီး ဗာရက္တီေပးတဲ့ ေဘာလုံးကို ခီေယဆာက ဟာဇတ္နဲ႔ ဗာေမလန္ၾကားက ကန္သြင္းခဲ့ရာမွာ ကူတြာ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ အီတလီတို႔ ဒုတိယဂိုး ထပ္ရခဲ့ျပန္ၿပီး တန္ျပန္တိုက္စစ္ကေန ကြင္းလယ္ေၾကာတစ္ေလွ်ာက္ ေဘာလုံးဆြဲေျပးလာခဲ့တဲ့ အင္ဆီညာက တီးလီးမန္းစ္ကို ေက်ာ္ျဖတ္ခဲ့ခ်ိန္မွာ သေဘာေကာင္းစြာ ေပးကန္ၿပီး လႊတ္ေပးထားခဲ့တဲ့ အယ္လ္ဒါဗိုင္ရယ္လ္နဲ႔ ဗာေမလန္တို႔ေၾကာင့္ နာပိုလီ တိုက္စစ္မႉး စိတ္ႀကိဳက္ကန္ခ်က္နဲ႔ ေဝ့ဝိုက္ကန္သြင္းယူခဲ့ရာမွာ ကူတြာကို အႏိုင္ယူသြားႏိုင္ခဲ့တာပါ။

တစ္မိနစ္အၾကာမွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ အသက္ဆက္ရွိေနေစမယ့္ ဂိုးကို ေတာင္ပံကစားသမား ယယ္ရမီ ဒိုကူက ရွာေဖြေပးခဲ့ၿပီး သူ႔ရဲ႕ လွ်ပ္ျပက္သလို အျမန္ႏႈန္းကို မထိန္းႏိုင္ဘဲ ဂိုးဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္မိတဲ့ ဒီေလာ္ရန္ဇိုေၾကာင့္ ရတဲ့ ပင္နယ္တီကို လူကာကူးက အမွားအယြင္းမရွိ ကန္သြင္းေခ်ပခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အီတလီတို႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ ေခ်ပဂိုးထပ္ရႏိုင္ဖို႔ ပိုမိုတင္ကစားလာခဲ့သလို အီတလီကေတာ့ ခံစစ္ကို အာ႐ုံစိုက္မႈမ်ားလာခဲ့ၿပီး တန္ျပန္တိုက္စစ္နဲ႔ မထင္မွတ္တဲ့ အေနအထားေတြက ထိုးႏွက္ႏိုင္ဖို႔ ေခ်ာင္းကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ဒိုကူနဲ႔ ဘယ္ျခမ္းအတြဲအဖက္ကေန ဒီဘ႐ိုင္းနားက ခ်ိဳးေပးတာကို လူကာကူး အပိုင္ကန္သြင္းခဲ့ေပမယ့္ ပိတ္ဆို႔ဖို႔ ႀကိဳးစားတဲ့ အီတလီေနာက္ခံလူ စပင္နက္ဇိုလာရဲ႕ ေက်ာနဲ႔ထိၿပီး ျပန္ထြက္လာတာက ဘယ္လ္ဂ်ီယမ္ပရိသတ္ေတြအေနနဲ႔ ေအာ္ဟစ္ေပါက္ကြဲခ်င္စရာျဖစ္ခဲ့ရၿပီး ဒီေနာက္မွာေတာ့ အင္ဆီညာရဲ႕ ကန္ခ်က္ကို ကူတြာ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ လူစားဝင္လာတဲ့ ေတာင္ပံသမား ခ်က္ဒ္လီရဲ႕ ျဖတ္တင္ေဘာကို လူကာကူးနဲ႔ ဟာဇတ္တို႔ ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုင္မင္လြဲသြားခဲ့ၿပီး ဒီေနာက္ပိုင္းမွာေတာ့ အီတလီတို႔ အခ်ိန္ဆြဲ ပညာျပ လွဲခ်မႈေတြနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ ေခ်ပဂိုးရွာေဖြဖို႔ခက္ေအာင္ အမ်ိဳးမ်ိဳး ေႏွာင့္ေႏွးေစခဲ့ၾကၿပီး ပြဲရဲ႕ ရသကို ပ်က္ျပားေစခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ထိတိုင္းလဲ အီတလီတို႔ကို ဗ်ဴဟာေျပာင္းလဲထိုးေဖာက္ဖို႔ မတတ္ႏိုင္ခဲ့တဲ့ မာတီနက္ဇ္နဲ႔ ဘယ္လ္ဂ်ီယမ္တို႔ အရႈံးေပးခဲ့ရၿပီး ေနာက္ဆုံး ယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္စလုံးမွာ ကြာတားဖိုင္နယ္က လွည့္ျပန္ခဲ့ရသလို မန္ခ်ီနီရဲ႕ အဇူရီေတြကေတာ့ လန္ဒန္ ဝင္ဘလီကြင္းႀကီးမွာ စပိန္အသင္းနဲ႔ ဆီမီးဖိုင္နယ္ ယွဥ္ၿပိဳင္ကစားရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.