Premier League

သူ႕ရဲ႕ အႀကဳိက္ဆုံး အဂၤလန္လူစာရင္းကို ေရြးခ်ယ္လုိက္တဲ့ အုိဝင္

ကစားသမားဘဝကေန အနားယူခဲ့တဲ့ေနာက္ ေဘာလုံးကၽြမ္းက်င္သူနဲ႔ ပဲြႀကဳိခန္႔မွန္းသူအျဖစ္ ေဆာင္ရြက္ေနတဲ့ လီဗာပူးလ္တုိက္စစ္မွဴးေဟာင္း မုိက္ကယ္ အုိဝင္က အဂၤလန္အသင္းရဲ႕ ထာဝရအေကာင္းဆုံး ၁၁ ေယာက္ကို ေရြးခ်ယ္ခဲ့ရာမွာ သူကိုယ္တုိင္ထက္ ပရီးမီးယားလိဂ္ဂႏၴဝင္ အလန္ ရွီးရားကို ဦးစားေပးထည့္သြင္းေရြးခ်ယ္သြားခဲ့ပါတယ္။

ကစားသမားဘဝကို ၄-၄-၂ နဲ႔ ၄-၃-၃ စတဲ့ ခံစစ္ ၄ ေယာက္တန္း ကစားကြက္ေနတဲ့ ျဖတ္သန္းလာခဲ့တဲ့ ပရီးမီးယားလိဂ္အသားက် တုိက္စစ္မွဴးေဟာင္း အုိဝင္ရဲ႕ အဂၤလန္လူစာရင္းကေတာ့ သူနဲ႔ တကယ္မနီးစပ္တဲ့ ကစားကြက္လည္းျဖစ္ေနခဲ့ၿပီး ၃-၅-၂ လူစာရင္းနဲ႔ ေရြးခ်ယ္ခဲ့တာ ကိုလည္း ထူးထူးျခားျခားျဖစ္ေနခဲ့ပါတယ္။

အိုဝင္ရဲ႕ အေကာင္းဆုံး ၁၁ ေယာက္မွာ ဂိုးသမားအျဖစ္ေတာ့ အာဆင္နယ္ရဲ႕ ေဒးဗစ္ ဆီးမန္းကို ေရြးခ်ယ္ထားခဲ့ၿပီး ခံစစ္ပုိင္းမွာေတာ့ ေနာက္တန္း ၃ ေယာက္အျဖစ္ ခ်ဲလ္ဆီးရဲ႕ ဂၽြန္တယ္ရီ၊ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ရီယို ဖာဒီနန္နဲ႔ အာဆင္နယ္ေနာက္ခံလူ ဆုိးလ္ ကမ္းဘဲလ္တုိ႔နဲ႔ တည္ေဆာက္ထားပါတယ္။

အလယ္တန္းမွာေတာ့ အက္ရွ္လီ ကိုးလ္နဲ႔ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ ဘက္ခမ္းတုိ႔ကို ဘယ္ညာ Wing Back ေတြအျဖစ္ ေရြးခ်ယ္ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဂၤလန္သားေတြထဲက အေကာင္းဆံုးေတြျဖစ္ၾကတဲ့ ေပါလ္ စခိုးလ္၊ ဖရန္႔ လမ္းပတ္နဲ႔ စတီဗင္ ဂ်ရတ္တုိ႔ကို အသုံးျပဳခဲ့ပါတယ္။

တိုက္စစ္ပုိင္းမွာေတာ့ ပရီးမီးယားလိဂ္ဂႏၴဝင္ အလန္ ရွီးရားနဲ႔ လက္ရွိဒါဘီေကာင္တီမွာ ကစားေနဆဲျဖစ္တဲ့ ဝါရင့္တုိက္စစ္မွဴး ဝိန္းရြန္နီတုိ႔ကို ေရြးခ်ယ္ထားခဲ့ၿပီး ဒါကိုေတာ့ အိုဝင္က ရွီးရားဟာ သူ႕ကို နယူးကာဆယ္လ္မွာ ကစားေနႏိုင္တဲ့အထိ လႊမ္းမုိးမွဳရွိလို႔ျဖစ္ေၾကာင္းနဲ႔ ရြန္နီကေတာ့ လူငယ္ ဘဝကတည္းက မယုံႏုိင္ေလာက္ေအာင္ ေကာင္းမြန္တဲ့သူျဖစ္လို႔ ေရြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း ရွင္းျပသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကစားသမားဘဝကနေ အနားယူခဲ့တဲ့နောက် ဘောလုံးကျွမ်းကျင်သူနဲ့ ပွဲကြိုခန့်မှန်းသူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အင်္ဂလန်အသင်းရဲ့ ထာဝရအကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ခဲ့ရာမှာ သူကိုယ်တိုင်ထက် ပရီးမီးယားလိဂ်ဂန္ထဝင် အလန် ရှီးရားကို ဦးစားပေးထည့်သွင်းရွေးချယ်သွားခဲ့ပါတယ်။

ကစားသမားဘဝကို ၄-၄-၂ နဲ့ ၄-၃-၃ စတဲ့ ခံစစ် ၄ ယောက်တန်း ကစားကွက်နေတဲ့ ဖြတ်သန်းလာခဲ့တဲ့ ပရီးမီးယားလိဂ်အသားကျ တိုက်စစ်မှူးဟောင်း အိုဝင်ရဲ့ အင်္ဂလန်လူစာရင်းကတော့ သူနဲ့ တကယ်မနီးစပ်တဲ့ ကစားကွက်လည်းဖြစ်နေခဲ့ပြီး ၃-၅-၂ လူစာရင်းနဲ့ ရွေးချယ်ခဲ့တာ ကိုလည်း ထူးထူးခြားခြားဖြစ်နေခဲ့ပါတယ်။

အိုဝင်ရဲ့ အကောင်းဆုံး ၁၁ ယောက်မှာ ဂိုးသမားအဖြစ်တော့ အာဆင်နယ်ရဲ့ ဒေးဗစ် ဆီးမန်းကို ရွေးချယ်ထားခဲ့ပြီး ခံစစ်ပိုင်းမှာတော့ နောက်တန်း ၃ ယောက်အဖြစ် ချဲလ်ဆီးရဲ့ ဂျွန်တယ်ရီ၊ မန်ချက်စတာယူနိုက်တက်ရဲ့ ရီယို ဖာဒီနန်နဲ့ အာဆင်နယ်နောက်ခံလူ ဆိုးလ် ကမ်းဘဲလ်တို့နဲ့ တည်ဆောက်ထားပါတယ်။

အလယ်တန်းမှာတော့ အက်ရှ်လီ ကိုးလ်နဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းတို့ကို ဘယ်ညာ Wing Back တွေအဖြစ် ရွေးချယ်ထားခဲ့ပြီး ကွင်းလယ်မှာတော့ အင်္ဂလန်သားတွေထဲက အကောင်းဆုံးတွေဖြစ်ကြတဲ့ ပေါလ် စခိုးလ်၊ ဖရန့် လမ်းပတ်နဲ့ စတီဗင် ဂျရတ်တို့ကို အသုံးပြုခဲ့ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ဂန္ထဝင် အလန် ရှီးရားနဲ့ လက်ရှိဒါဘီကောင်တီမှာ ကစားနေဆဲဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ဝိန်းရွန်နီတို့ကို ရွေးချယ်ထားခဲ့ပြီး ဒါကိုတော့ အိုဝင်က ရှီးရားဟာ သူ့ကို နယူးကာဆယ်လ်မှာ ကစားနေနိုင်တဲ့အထိ လွှမ်းမိုးမှုရှိလို့ဖြစ်ကြောင်းနဲ့ ရွန်နီကတော့ လူငယ် ဘဝကတည်းက မယုံနိုင်လောက်အောင် ကောင်းမွန်တဲ့သူဖြစ်လို့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ရှင်းပြသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.