La Liga Premier League

အူဘာမီယန္းရဲ႕ အသင္းေျပာင္းေရႊ႕ႏုိင္ေျခကို အာဆင္နယ္အသင္းဆီ ရီးရဲလ္မက္ဒရစ္ စုံစမ္း

အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးနဲ႔ အသင္းေခါင္းေဆာင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအတြက္ေတာ့ ဒီရက္ပုိင္းမွာ သတင္းေတြ စိပ္ေနခဲ့ၿပီး သူ႕ရဲ႕ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္လုိ႔ ထင္ရွားသူေတြရဲ႕ တုိက္တြန္းမွဳေတြ၊ ျငင္းခုံမွဳေတြ ရွိေနခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းဘက္ကေတာ့ စိတ္ဝင္စားမွဳကို ျပန္လည္ျပသလာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပုိင္းအတြင္းက ဂါဘြန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌ ပ်ယ္-အလန္ မြန္ဂန္ဂ်ီရဲ႕ အာဆင္နယ္အသင္းကေန ထြက္ခြာၿပီး ရည္မွန္းခ်က္ ပုိမုိႀကီးမားတဲ့ ဥေရာပအသင္းႀကီးေတြကို ေျပာင္းေရႊ႕သင့္တယ္လို႔ တုိက္တြန္းမွဳၿပီး မေန႔ကေတာ့ ဂန္းနားေတြရဲ႕ ကစားသမားေဟာင္း ေပါလ္မာဆင္က ေျပာင္းဖို႔ ေျပာတာေတာ့ လြယ္ၿပီး ကစားသမားရဲ႕ အသက္အရြယ္နဲ႔ ကစားခြင့္အရ မေျပာင္းတာက ပုိေကာင္းမယ္လို႔ တုံ႔ျပန္မွဳလည္း ရွိခဲ့ပါတယ္။

လက္ရွိမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက သူတုိ႔အေနနဲ႔ အူဘာမီယန္းကို ေခၚယူႏုိင္ဖို႔ ရွိမလားလို႔ အာဆင္နယ္အသင္းဆီ စုံစမ္းခဲ့တယ္လို႔ ျပင္သစ္ေဘာလုံးမဂၢဇင္းက ေရးသားလိုက္ၿပီး ဒီအသက္ ၃၀ အရြယ္ တုိက္စစ္မွဴးရဲ႕ တန္ေၾကးအျဖစ္ေတာ့ ေပါင္ ၄၄ သန္းဟာ မွ်တတဲ့ ေပးေခ်မွဳ ျဖစ္လာႏုိင္တယ္လို႔လည္း ခန္႔မွန္းလုိက္ပါတယ္။

ေျမာက္လန္ဒန္ကို ေျပာင္းေရႊ႕လာခဲ့ၿပီးကတည္းက အသင္းအတြက္ ကစားခဲ့တဲ့ ၿပဳိင္ပြဲစုံ ၉၇ ပြဲမွာ ၆၁ ဂိုး ရရွိထားတဲ့ တုိက္စစ္မွဴးဟာ ပရီးမီးယားလိဂ္မွာလည္း ဂိုး ၅၀ ျပည့္ေျမာက္ဖို႔ တစ္ဂိုးသာ လိုေတာ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကိုဗစ္-၁၉ ေၾကာင့္ ပြဲစဥ္ေတြ ရပ္နားထားရခ်ိန္မွာ သူ႕ရဲ႕ အနာဂတ္အတြက္ အသံေတြက ပုိမိုဆူညံေနတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ေတာ့ အူဘာမီယန္းကို ဆက္လက္ထိန္းသိမ္းသြားခ်င္ေနၿပီး စာခ်ဳပ္သစ္အတြက္ ႀကဳိးစားေနခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ရင္ေတာ့ သူ႕ကို အလိုရွိေနၿပီး ေရာ္ဘင္ ဗန္ပါစီရဲ႕ ေျပာင္းေရႊ႕မွဳမ်ဳိးကို ဒုတိယအႀကိမ္ အလိုရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ေရာင္းခ်ရမယ့္အစား ျပည္ပကလပ္အသင္းေတြဆီကိုပဲ ေရာင္းခ်ဖို႔ ပရိသတ္ေတြနဲ႔ ကစားသမားေဟာင္းေတြက တုိက္တြန္းထားၿပီး အင္တာမီလန္ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရွိပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးနဲ့ အသင်းခေါင်းဆောင် ပျယ်-အမ်မရိခ် အူဘာမီယန်းအတွက်တော့ ဒီရက်ပိုင်းမှာ သတင်းတွေ စိပ်နေခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ထင်ရှားသူတွေရဲ့ တိုက်တွန်းမှုတွေ၊ ငြင်းခုံမှုတွေ ရှိနေခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ စိတ်ဝင်စားမှုကို ပြန်လည်ပြသလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ပျယ်-အလန် မွန်ဂန်ဂျီရဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ရည်မှန်းချက် ပိုမိုကြီးမားတဲ့ ဥရောပအသင်းကြီးတွေကို ပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းမှုပြီး မနေ့ကတော့ ဂန်းနားတွေရဲ့ ကစားသမားဟောင်း ပေါလ်မာဆင်က ပြောင်းဖို့ ပြောတာတော့ လွယ်ပြီး ကစားသမားရဲ့ အသက်အရွယ်နဲ့ ကစားခွင့်အရ မပြောင်းတာက ပိုကောင်းမယ်လို့ တုံ့ပြန်မှုလည်း ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက သူတို့အနေနဲ့ အူဘာမီယန်းကို ခေါ်ယူနိုင်ဖို့ ရှိမလားလို့ အာဆင်နယ်အသင်းဆီ စုံစမ်းခဲ့တယ်လို့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရေးသားလိုက်ပြီး ဒီအသက် ၃၀ အရွယ် တိုက်စစ်မှူးရဲ့ တန်ကြေးအဖြစ်တော့ ပေါင် ၄၄ သန်းဟာ မျှတတဲ့ ပေးချေမှု ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းလိုက်ပါတယ်။

မြောက်လန်ဒန်ကို ပြောင်းရွှေ့လာခဲ့ပြီးကတည်းက အသင်းအတွက် ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉၇ ပွဲမှာ ၆၁ ဂိုး ရရှိထားတဲ့ တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာလည်း ဂိုး ၅၀ ပြည့်မြောက်ဖို့ တစ်ဂိုးသာ လိုတော့တာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်-၁၉ ကြောင့် ပွဲစဉ်တွေ ရပ်နားထားရချိန်မှာ သူ့ရဲ့ အနာဂတ်အတွက် အသံတွေက ပိုမိုဆူညံနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့တော့ အူဘာမီယန်းကို ဆက်လက်ထိန်းသိမ်းသွားချင်နေပြီး စာချုပ်သစ်အတွက် ကြိုးစားနေခဲ့ပေမယ့် မအောင်မြင်ခဲ့ရင်တော့ သူ့ကို အလိုရှိနေပြီး ရော်ဘင် ဗန်ပါစီရဲ့ ပြောင်းရွှေ့မှုမျိုးကို ဒုတိယအကြိမ် အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကို ရောင်းချရမယ့်အစား ပြည်ပကလပ်အသင်းတွေဆီကိုပဲ ရောင်းချဖို့ ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေက တိုက်တွန်းထားပြီး အင်တာမီလန်ကလည်း စိတ်ဝင်စားနေတယ်လို့ သိရှိပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.