Premier League Serie A

စီးရီးေအဝါရင့္တုိက္စစ္မွဴးကို ေခၚယူဖို႔ ျပင္ဆင္ေနတဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ရာသီကုန္မွာ နာပုိလီအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာႏုိင္တဲ့ ဝါရင့္တုိက္စစ္မွဴး ဒရီးစ္ မာတန္းစ္ကို တျခားအသင္းေတြ စိတ္ဝင္စားေနၾကတဲ့ၾကားက လက္ဦးမွဳရယူၿပီး ေခၚႏုိင္ဖို႔ ႀကဳိးစားေနၿပီး ဇန္နဝါရီကတည္းက ခ်ဥ္းကပ္ေနခဲ့တာလုိ႔လည္း သိရပါတယ္။

အီတလီက လာတဲ့ သတင္းေတြအရေတာ့ ဒီအသက္ ၃၂ ႏွစ္အရြယ္ ဘယ္လ္ဂ်ီယမ္တုိက္စစ္မွဴးဟာ ေနပယ္လ္သားေတြရဲ႕ စာခ်ဳပ္သစ္ကို လက္မွတ္ထိုးဖို႔ ျငင္းဆန္ထားတယ္လုိ႔ သိရၿပီး လာမယ့္ရာသီကုန္မွာေတာ့ သူ႕ရဲ႕လက္မွတ္ကို ရရွိဖို႔ အာဆင္နယ္အသင္းအပါအဝင္ ဥေရာပအသင္း တခ်ဳိ႕က စိတ္ဝင္စားေနၾကပါတယ္။

နာပိုလီအသင္းမွာ ေတာင္ပံမွာ ကစားခဲ့စဥ္ထက္ ဗဟိုတိုက္စစ္မွဴးအျဖစ္ ေရႊ႕ေျပာင္းကစားခဲ့ရာမွာ ေအာင္ျမင္မွဳရရွိခဲ့တဲ့ မာတန္းစ္ဟာ သူ႕ရဲ႕ ဥေရာပနဲ႔ လက္ေရြးစင္အသင္းအေတြ႕အႀကဳံေကာင္းေတြကို ပုိင္ဆုိင္ထားတာေၾကာင့္ ပရီးမီးယားလိဂ္အသင္းေတြအေနနဲ႔ ဒါေတြကို တစ္နည္းတစ္ဖုံ အသုံးခ်ခ်င္ေနတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူတုိ႔ရဲ႕ တုိက္စစ္ပုိင္းကို အင္အားျဖည့္တင္းရာမွာ ေဈးႀကီးေပးရတဲ့ ေတာင္ပံကစားသမားေတြ ရွာေဖြမွဳမွာ အဓိက ေငြေၾကးသုံးစြဲရမွာျဖစ္တာေၾကာင့္ အသင္းရဲ႕ ဝါရင့္တုိက္စစ္မွဴး အုိလီဗီးေယး ဂ်ီ႐ူးကိုလည္း စာခ်ဳပ္သက္တမ္းတုိးျမႇင့္ဖို႔ ႀကဳိးစားေနၿပီး မာတန္းစ္ကိုေတာ့ တျခားနည္းဗ်ဴဟာပုိင္း အေျပာင္းအလဲအျဖစ္ ေခၚယူသြားဖို႔ ရွိေနတာျဖစ္ပါတယ္။

နည္းျပ ဖရန္႔ လမ္းပတ္ရဲ႕ သေဘာက်စရာ ပစ္မွတ္တစ္ခုအျဖစ္ ရွဳျမင္ထားတဲ့ မာတန္းစ္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ သူ႕ရဲ႕ နာပိုလီအသင္းမွာ လက္ရွိရေနတဲ့ တစ္ႏွစ္လုပ္ခ ေပါင္ ၆.၃ သန္းနဲ႔ စတင္ေဆြးေႏြးသြားဖြယ္ရွိေနၿပီး လက္မွတ္ထိုးေၾကးနဲ႔ တျခားေဘာနပ္စ္ေတြအတြက္ကိုလည္း ေဆြးေႏြးသြားဖို႔ ရွိေနေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီကုန်မှာ နာပိုလီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တဲ့ ဝါရင့်တိုက်စစ်မှူး ဒရီးစ် မာတန်းစ်ကို တခြားအသင်းတွေ စိတ်ဝင်စားနေကြတဲ့ကြားက လက်ဦးမှုရယူပြီး ခေါ်နိုင်ဖို့ ကြိုးစားနေပြီး ဇန်နဝါရီကတည်းက ချဉ်းကပ်နေခဲ့တာလို့လည်း သိရပါတယ်။

အီတလီက လာတဲ့ သတင်းတွေအရတော့ ဒီအသက် ၃၂ နှစ်အရွယ် ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ နေပယ်လ်သားတွေရဲ့ စာချုပ်သစ်ကို လက်မှတ်ထိုးဖို့ ငြင်းဆန်ထားတယ်လို့ သိရပြီး လာမယ့်ရာသီကုန်မှာတော့ သူ့ရဲ့လက်မှတ်ကို ရရှိဖို့ အာဆင်နယ်အသင်းအပါအဝင် ဥရောပအသင်း တချို့က စိတ်ဝင်စားနေကြပါတယ်။

နာပိုလီအသင်းမှာ တောင်ပံမှာ ကစားခဲ့စဉ်ထက် ဗဟိုတိုက်စစ်မှူးအဖြစ် ရွှေ့ပြောင်းကစားခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တဲ့ မာတန်းစ်ဟာ သူ့ရဲ့ ဥရောပနဲ့ လက်ရွေးစင်အသင်းအတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ ဒါတွေကို တစ်နည်းတစ်ဖုံ အသုံးချချင်နေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရာမှာ ဈေးကြီးပေးရတဲ့ တောင်ပံကစားသမားတွေ ရှာဖွေမှုမှာ အဓိက ငွေကြေးသုံးစွဲရမှာဖြစ်တာကြောင့် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗီးယေး ဂျီရူးကိုလည်း စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးစားနေပြီး မာတန်းစ်ကိုတော့ တခြားနည်းဗျူဟာပိုင်း အပြောင်းအလဲအဖြစ် ခေါ်ယူသွားဖို့ ရှိနေတာဖြစ်ပါတယ်။

နည်းပြ ဖရန့် လမ်းပတ်ရဲ့ သဘောကျစရာ ပစ်မှတ်တစ်ခုအဖြစ် ရှုမြင်ထားတဲ့ မာတန်းစ်ကို ချဲလ်ဆီးအသင်းအနေနဲ့ သူ့ရဲ့ နာပိုလီအသင်းမှာ လက်ရှိရနေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၆.၃ သန်းနဲ့ စတင်ဆွေးနွေးသွားဖွယ်ရှိနေပြီး လက်မှတ်ထိုးကြေးနဲ့ တခြားဘောနပ်စ်တွေအတွက်ကိုလည်း ဆွေးနွေးသွားဖို့ ရှိနေကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.