Premier League Transfer News

3 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းနဲ့ ပြောင်းရွှေ့ကြေး ယူရို ၈ သန်း + အနာဂတ်ခံစားခွင့် ယူရို ၂ သန်းနဲ့ သဘောတူညီခဲ့တဲ့ ဘင်ဖီကာနောက်ခံလူ နူနို တာဗာရက်စ်အနေနဲ့ အေးဂျင့်နဲ့အတူ လန်ဒန်ကို အပြီးသတ်စာချုပ်နဲ့ ဆေးစစ်မှုတို့အတွက် ထွက်ခွာလာခဲ့ပြီဖြစ်ကြောင်း လေဆိပ်ကနေ ဓာတ်ပုံတင်သွားခဲ့။

– အင်စတာဂရမ်မှာ ရာသီသစ်အင်္ကျီနဲ့ ရိုက်ကူးထားတဲ့ ပုံကို သဲနာရီပုံစာနဲ့ တင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီ ပေးချင်တဲ့ သတင်းစကားက ဘာဖြစ်နေမလဲလို့ ပရိသတ်တွေ ရင်ခုန်နေကြပြီး နေရာမရတဲ့ ကိစ္စကို ရည်ညွှန်းပြီး အမ်းမရိတ်ကနေ ထွက်ခွာမှာလားလို့ သို့လောသို့လောဖြစ်နေကြ။

– အာဆင်နယ်ပရိသတ်တွေကတော့ နည်းပြ မီခယ်လ် အာတီတာနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာကို ကိုင်တွယ်ပုံအတွက် ဒေါသထွက်နေကြပြီး အမ်းမရိတ်မှာ တစ်စက္ကန့်မှ ကစားခွင့်မရှိသေးတဲ့ အသက် ၂၀ အရွယ် ပြင်သစ်နောက်ခံလူအနေနဲ့ သုံးရာသီဆက်တိုက် အငှားထွက်ကစားဖို့ အသင်းကို လီဂူးဝမ်းကလပ် မာဆေးလ်ကို ရွေးချယ်သွားခဲ့။

– ဆာလီဘာကို ထပ်မံအငှားချဖို့ ကြိုးစားလိုက်တာဟာ အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ ဘန်ဝှိုက်အတွက် ဖြစ်တဲ့နည်းနဲ့ သဘောတူညီအောင်လုပ်တော့မယ်လို့ ဖောင်ဖျက်ကြိုးစားလိုက်တာမျိုးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပြီး ဘရိုက်တန်ကစားသမားအနေနဲ့ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ကစားခွင့်မရသေးတဲ့အချက်ကိုတော့ အားလုံးက စိတ်ပျက်နေကြ။

– ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရပေမယ့် အကောင်းဆုံးခြေစွမ်းပြနေခဲ့တဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအတွက် အာဆင်နယ်တို့အနေနဲ့ သတင်းကောင်းဖြစ်သလို တစ်ဖက်မှာတော့ ရိုးမားအတွက် သတင်းဆိုးဖြစ်နေတာကတော့ မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီအသင်းတွေက ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ကြောင်း သိရ။

– ဆာဆူအိုလိုအသင်းရဲ့ အီတလီလက်ရွေးစင်ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီအတွက် အာဆင်နယ်အသင်းအနေနဲ့ မြို့ခံပြိုင်ဘက် စပါးစ်အသင်းနဲ့ ယှဉ်ပြိုင်ခေါ်ယူရဖို့ဖြစ်လာခဲ့ပြီး ယူရိုပြိုင်ပွဲမှာ လူသိများထင်ရှားလာခဲ့တဲ့ ၂၃ နှစ်သားအတွက် ပေါင် ၄၃ သန်းအထိ ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းရဲ့ ကစားသမားအဝယ်ရေဒါထဲက တစ်ဦးဖြစ်တဲ့ ဘရိုက်တန်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ လီဗာပူးလ်အသင်းက ပြန်လည်ကြိုးစားလာခဲ့ပြီး သူတို့အသင်းက ထွက်ခွာသွားတဲ့ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်နေရာမှာ အစားထိုးလိုနေတာကြောင့် ဥရောပကစားခွင့်မရှိတဲ့ ဂန်းနားတွေ အခက်ကြုံဖွယ်ရှိနေ။

– ဂန်းနားတို့ရဲ့ ဂန္ထဝင်ကစားသမားဟောင်းတွေအနေနဲ့ ဒီရက်ပိုင်းအတွင်းမှာ အာဆင်နယ်အသင်းဆီ သတိပေးမှုတွေ ဆက်တိုက်လုပ်နေကြပြီး အီယန်ရိုက်က ဂရာနစ် ချာကာကို ရောင်းချခြင်းမပြုဖို့ တားမြစ်လိုက်သလို နောက်ခံလူဟောင်း နိုက်ဂျယ် ဝင်တာဘန်ကလည်း လူငယ်ကွင်းလယ်လူ အီမီးလ် စမစ်ရိုးကို ရောင်းတာဟာ အသင်းကို ဖျက်ဆီးလိုက်တဲ့ ကပ်ဆိုးတစ်ခု ဖြစ်သွားလိမ့်မယ်လို့ ကြိုတင်သတိပေးထား။

– ယူကရိန်းနဲ့ ကစားရမယ့် အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ အာဆင်နယ်လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာ ပါဝင်နိုင်ဖို့ မလွယ်ကူကြောင်း လက်ရွေးစင်အသင်းနည်းပြ ဂယ်ရက် ဆောက်သ်ဂိတ်က ထုတ်ဖော်သွားခဲ့ပြီး ဂျာမနီနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကနေ အနားယူနေရာက ထရိန်နင်မှာတော့ ပြန်လည်ပါဝင်နိုင်ပြီဖြစ်ကြောင်းလည်း သိရ။

– အာဆင်နယ်အမျိုးသမီးအသင်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး နီကီတာ ပဲရစ္စကို လီယွန်အသင်းကနေ ခေါ်ယူနိုင်ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ သူနဲ့ ဗီဗီယန်း မီဒမ်မာတို့ရဲ့ အတွဲအဖက်က ပရိသတ်တွေ စိတ်လှုပ်ရှားစရာဖြစ်လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈ သန္း + အနာဂတ္ခံစားခြင့္ ယူ႐ို ၂ သန္းနဲ႔ သေဘာတူညီခဲ့တဲ့ ဘင္ဖီကာေနာက္ခံလူ ႏူႏို တာဗာရက္စ္အေနနဲ႔ ေအးဂ်င့္နဲ႔အတူ လန္ဒန္ကို အၿပီးသတ္စာခ်ဳပ္နဲ႔ ေဆးစစ္မႈတို႔အတြက္ ထြက္ခြာလာခဲ့ၿပီျဖစ္ေၾကာင္း ေလဆိပ္ကေန ဓာတ္ပုံတင္သြားခဲ့။

– အင္စတာဂရမ္မွာ ရာသီသစ္အက်ႌနဲ႔ ႐ိုက္ကူးထားတဲ့ ပုံကို သဲနာရီပုံစာနဲ႔ တင္ခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီ ေပးခ်င္တဲ့ သတင္းစကားက ဘာျဖစ္ေနမလဲလို႔ ပရိသတ္ေတြ ရင္ခုန္ေနၾကၿပီး ေနရာမရတဲ့ ကိစၥကို ရည္ၫႊန္းၿပီး အမ္းမရိတ္ကေန ထြက္ခြာမွာလားလို႔ သို႔ေလာသို႔ေလာျဖစ္ေနၾက။

– အာဆင္နယ္ပရိသတ္ေတြကေတာ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ အသင္းတာဝန္ရွိသူေတြရဲ႕ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာကို ကိုင္တြယ္ပုံအတြက္ ေဒါသထြက္ေနၾကၿပီး အမ္းမရိတ္မွာ တစ္စကၠန႔္မွ ကစားခြင့္မရွိေသးတဲ့ အသက္ ၂၀ အ႐ြယ္ ျပင္သစ္ေနာက္ခံလူအေနနဲ႔ သုံးရာသီဆက္တိုက္ အငွားထြက္ကစားဖို႔ အသင္းကို လီဂူးဝမ္းကလပ္ မာေဆးလ္ကို ေ႐ြးခ်ယ္သြားခဲ့။

– ဆာလီဘာကို ထပ္မံအငွားခ်ဖို႔ ႀကိဳးစားလိုက္တာဟာ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ျဖစ္တဲ့နည္းနဲ႔ သေဘာတူညီေအာင္လုပ္ေတာ့မယ္လို႔ ေဖာင္ဖ်က္ႀကိဳးစားလိုက္တာမ်ိဳးျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းေနၾကၿပီး ဘ႐ိုက္တန္ကစားသမားအေနနဲ႔ ယူ႐ိုၿပိဳင္ပြဲမွာ အဂၤလန္နဲ႔ ကစားခြင့္မရေသးတဲ့အခ်က္ကိုေတာ့ အားလုံးက စိတ္ပ်က္ေနၾက။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကေန ထြက္ခြာခဲ့ရေပမယ့္ အေကာင္းဆုံးေျခစြမ္းျပေနခဲ့တဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအတြက္ အာဆင္နယ္တို႔အေနနဲ႔ သတင္းေကာင္းျဖစ္သလို တစ္ဖက္မွာေတာ့ ႐ိုးမားအတြက္ သတင္းဆိုးျဖစ္ေနတာကေတာ့ မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္နဲ႔ ပီအက္စ္ဂ်ီအသင္းေတြက ေခၚယူဖို႔ ျပင္ဆင္လာခဲ့တာျဖစ္ေၾကာင္း သိရ။

– ဆာဆူအိုလိုအသင္းရဲ႕ အီတလီလက္ေ႐ြးစင္ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီအတြက္ အာဆင္နယ္အသင္းအေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ စပါးစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ေခၚယူရဖို႔ျဖစ္လာခဲ့ၿပီး ယူ႐ိုၿပိဳင္ပြဲမွာ လူသိမ်ားထင္ရွားလာခဲ့တဲ့ ၂၃ ႏွစ္သားအတြက္ ေပါင္ ၄၃ သန္းအထိ က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းရဲ႕ ကစားသမားအဝယ္ေရဒါထဲက တစ္ဦးျဖစ္တဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ လီဗာပူးလ္အသင္းက ျပန္လည္ႀကိဳးစားလာခဲ့ၿပီး သူတို႔အသင္းက ထြက္ခြာသြားတဲ့ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္ေနရာမွာ အစားထိုးလိုေနတာေၾကာင့္ ဥေရာပကစားခြင့္မရွိတဲ့ ဂန္းနားေတြ အခက္ႀကဳံဖြယ္ရွိေန။

– ဂန္းနားတို႔ရဲ႕ ဂႏၴဝင္ကစားသမားေဟာင္းေတြအေနနဲ႔ ဒီရက္ပိုင္းအတြင္းမွာ အာဆင္နယ္အသင္းဆီ သတိေပးမႈေတြ ဆက္တိုက္လုပ္ေနၾကၿပီး အီယန္႐ိုက္က ဂရာနစ္ ခ်ာကာကို ေရာင္းခ်ျခင္းမျပဳဖို႔ တားျမစ္လိုက္သလို ေနာက္ခံလူေဟာင္း ႏိုက္ဂ်ယ္ ဝင္တာဘန္ကလည္း လူငယ္ကြင္းလယ္လူ အီမီးလ္ စမစ္႐ိုးကို ေရာင္းတာဟာ အသင္းကို ဖ်က္ဆီးလိုက္တဲ့ ကပ္ဆိုးတစ္ခု ျဖစ္သြားလိမ့္မယ္လို႔ ႀကိဳတင္သတိေပးထား။

– ယူကရိန္းနဲ႔ ကစားရမယ့္ အဂၤလန္အသင္းရဲ႕ ပြဲထြက္လူစာရင္းမွာ အာဆင္နယ္လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာ ပါဝင္ႏိုင္ဖို႔ မလြယ္ကူေၾကာင္း လက္ေ႐ြးစင္အသင္းနည္းျပ ဂယ္ရက္ ေဆာက္သ္ဂိတ္က ထုတ္ေဖာ္သြားခဲ့ၿပီး ဂ်ာမနီနဲ႔ပြဲမွာ ရရွိခဲ့တဲ့ ဒဏ္ရာကေန အနားယူေနရာက ထရိန္နင္မွာေတာ့ ျပန္လည္ပါဝင္ႏိုင္ၿပီျဖစ္ေၾကာင္းလည္း သိရ။

– အာဆင္နယ္အမ်ိဳးသမီးအသင္းအေနနဲ႔ အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး နီကီတာ ပဲရစၥကို လီယြန္အသင္းကေန ေခၚယူႏိုင္ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက ဂိုးသြင္းဘုရင္ဆုအတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တဲ့ သူနဲ႔ ဗီဗီယန္း မီဒမ္မာတို႔ရဲ႕ အတြဲအဖက္က ပရိသတ္ေတြ စိတ္လႈပ္ရွားစရာျဖစ္လာ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.