Premier League

ကြိုးစားပေမယ့် နောက်ဆုံးမှာ ရင်နင့်ခဲ့ရတဲ့ ဆွစ်များ- စပိန် ၄-၂ ဆွစ် ပွဲအပြီး မှတ်မှတ်ရရ ပြောစရာ ၇ချက်

တိုက်စစ်အရည်အသွေး နိမ့်ကျနေတဲ့ စပိန်
ဘောလုံးပိုင်ဆိုင်မှု ၇၀% အထက် ရခဲ့ပေမယ့် စပိန်အသင်းက ဆွစ်ဇာလန်အသင်းရဲ့ ဂိုးရှေ့နားမှာ အရည်အသွေးနိမ့် တိုက်စစ်ကစားပုံပဲ ပြနေခဲ့တယ်။ ကွင်းလယ်ဖန်တီးမှု အားနည်းတာလို့ ဆိုရအောင်လည်း အချိန်ပို ပထမပိုင်းမှာ ဂိုးပေါက်ကန်တဲ့အကြိမ်က ဆွစ်တို့ တစ်ပွဲလုံးကန်သွင်းတဲ့ အကြိမ်ရေထက် များနေခဲ့တာပါ။ တိုက်စစ်က ရသမျှအခွင့်အရေးတစ်ခုမှ အသုံးမချနိုင်ခဲ့တာတော့ စိတ်ပျက်စရာကောင်းပါတယ်။

လက်စွမ်းပြခဲ့တဲ့ ယန်း ဆွမ်းမား
ဆွစ်ဇာလန်တို့အတွက် ပြင်သစ်နဲ့ပွဲတုန်းက ခိုင်လီယန် အမ်ဘာပေရဲ့ ပင်နယ်တီကန်ချက်ကို တားဆီးပြီး ရှယ်လက်စွမ်းပြခဲ့တဲ့ ယန်း ဆွမ်းမားကတော့ အခုပွဲစဉ်မှာလည်း ဂိုးပေါက်ကာကွယ်မှု ၁၀ ကြိမ်ထိ ရှိခဲ့ပြီးတော့ အသင်းကို နောက်တစ်ဆင့် ဆွဲမတင်နိုင်ခဲ့ပေမယ့် သူ့ရဲ့ အားထုတ်မှုက လေးစားဖို့ ကောင်းပါတယ်။ တစ်ယောက်လျော့ပြီးနောက်ပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်မှု ခဏခဏကြုံခဲ့ရပါတယ်။

ပွဲချိန်အတွင်း ဂိုးပေးရနိုင်တဲ့ ‌အခြေအနေတွေ ကြုံတွေ့ခဲ့ရပြီး ဆွမ်းမားကတော့ လုပ်နိုင်စွမ်းရှိသမျှ တားဆီးသွားခဲ့ပါတယ်။ အဝေးဘေ ာပေးပို့မှုများလို့ သိပ်မတိကျခဲ့ပေမယ့် ၁၈ ကြိမ်အထိတော့ ပေးနိုင်ခဲ့သေးပြီး ၅၇% တိကျခဲ့ပါတယ်။ ၂ ဂိုးလောက်ပေးရမယ်လို့ အများစု ထင်ခဲ့ပေမယ့် ၁ ဂိုးသာ ပေးခဲ့ရပြီး ဒါကလည်း အသင်းဖော်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းတာဖြစ်နေခဲ့တာပါ။

ပင်နယ်တီကျိန်စာဆိုးက လွတ်မြောက်လာတဲ့ စပိန်
ဒီပွဲမတိုင်ခင် နောက်ဆုံးကန်တဲ့ ပင်နယ်တီ ၅ ကြိမ်စလုံး ဂိုးမရခဲ့တဲ့ စပိန်အသင်းအတွက် နောက်တစ်ဆင့်တက်ဖို့ အတော်စိုးရိမ်ခဲ့ရမှာပါ။ ဖိအားများနေပုံရပြီး သူတို့ဖိအားနဲ့တင် စိုးရိမ်သမျှက ဖြစ်လာဖို့တောင် ရှိခဲ့တာပါ။ အူနိုင်းဆီမွန်သာ လက်စွမ်းမပြခဲ့ရင် ဒီအဆင့်က ထွက်ရဖို့ရှိနေပြီး ဆာဂျီယို ဘူးစကွက်စ်နဲ့ ရိုဒရီတို့ ပင်နယ်တီမဝင်ခဲ့တာလည်း စိုးရိမ်စရာကောင်းခဲ့တာပါ။

အံ့အားသင့်ဖွယ် ရီကာဒို ဟိုဒရီဂတ်ဇ်
မကြာသေးတဲ့ နှစ်တွေတုန်းက ရီကာဒို ဟိုဒရီဂတ်ဇ်ဆိုတာ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ယောက်လည်း ဖြစ်ခဲ့တာပါ။ ဒီပွဲအတွင်း စွမ်းဆောင်ရည်ကတော့ ယခင်က ခြေစွမ်းကို ပြန်အမှတ်ရစေခဲ့ပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ၁၀ ဂိုးသွင်းထားတဲ့ စပိန်တိုက်စစ်နဲ့ ရင်ဆိုင်ရတာ မလွယ်ပါဘူး။ စပိန်တောင်ပံကစားသမား ဖာရန်း တောရက်စ်ရဲ့ ဂိုးသွင်းခွင့်ကို ဖျက်ထုတ်မှုအပါအဝင် ၉ ကြိမ်ထိ ဖျက်ထုတ်ခဲ့ပြီး တစ်ပွဲလုံးမှာ အများဆုံး ပမာဏပါ။

အဖတ်ပြန်ဆယ်ခဲ့တဲ့ အူနိုင်း ဆီမွန်
ပြီးခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲတုန်း စိတ်ပျက်ဖွယ်အမှားကြောင့် ဂိုးပေးလိုက်ရတဲ့ အူနိုင်းဆီမွန်ကတော့ စပိန်အသင်းကို ဒီပွဲမှာ ကယ်တင်ပေးခဲ့သူပါ။ နောက်တန်းကို နေရာယူမှန်ဖို့ ပွဲချိန်အတွင်းမှာလည်း ညွှန်ကြားနေခဲ့သလို ပေးပို့မှုကလည်း ၉၅% အထိ တိကျမှုရှိခဲ့တာပါ။ ပင်နယ်တီအဆုံးအဖြတ်မှာလည်း ကာကွယ်မှုတွေလုပ်ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ထိုက်ထိုက်တန်တန် သတ်မှတ်ခံခဲ့ရပါတယ်။

မထင်ထားတဲ့ ခြေစွမ်းတွေနဲ့ ဆွစ်ဇာလန်
ဆွစ်ဇာလန်အသင်းအတွက် ယူရို ၂၀၂၀ ခရီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး အံ့ဩစရာတွေကို လုပ်ပြနိုင်ခဲ့ပါတယ်။ ဘယ်သူမှ မထင်ထားတဲ့ အဆင့်အထိ ရောက်လာခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အထင်ကြီးမခံရတဲ့အသင်းအနေနဲ့ ဝေဖန်မှုတွေကို မေ့ထားပြီး အမှတ်ရနေနိုင်မယ့် ဇာတ်လမ်းမျိုးကို ထွင်ခဲ့တာပါ။

အုပ်စု A က အကောင်းဆုံးတတိယအသင်းဆိုတဲ့ အနေအထားနဲ့ တက်လာခဲ့ပြီး ၁၆ သင်း ရှုံးထွက်အဆင့်မှာတော့ ပြင်သစ်နဲ့တွေ့‌ဆုံခဲ့တာပါ။ အဲ့တုန်းကတော့ အများစုက ဆွစ်တော့ သွားပြီ၊ ပြင်သစ်က ပညာပြလိမ့်မယ်‌ဆိုတဲ့ မှတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး တကယ်ကန်တော့လည်း မိနစ် ၈၀ အထိ ၃-၁ နဲ့ ရှုံးနိမ့်နေရာကနေ Epic Comeback နဲ့ နိုင်ပွဲ ရယူခဲ့တာပါ။

လီဗာပူးလ်ကစားသမားတွေပေးခဲ့တဲ့ နှစ်သိမ့်မှု
ဆွစ်ဇာလန်ရဲ့ နောက်ဆုံးပင်နယ်တီ လွဲချော်သူဖြစ်ခဲ့တဲ့ ဟူဘင် ဗားဂတ်စ်ဟာ ပွဲအပြီးမှာ ငိုကြွေးနေခဲ့ပြီး သူ့ကို နိုင်ငံအသင်းဖော် လီဗာပူးလ်တောင်ပံကစားသမား ဂျာဒန် ရှာကီရီနဲ့ စပိန်အသင်းရဲ့ လီဗာပူးလ်ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တရာတို့က လာရောက်နှစ်သိမ့်ပေးကာ ဂိုးသမား ယန်း ဆွမ်းမားကိုလည်း စကားအနည်းငယ်ပြောပြီး ပွေ့ဖက်နှစ်သိမ့်ပေးပုံတွေက ဘောလုံးကမ္ဘာရဲ့ ကြည်နူးစရာပဲ ဖြစ်နေပါတော့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တိုက္စစ္အရည္အေသြး နိမ့္က်ေနတဲ့ စပိန္
ေဘာလုံးပိုင္ဆိုင္မႈ ၇၀% အထက္ ရခဲ့ေပမယ့္ စပိန္အသင္းက ဆြစ္ဇာလန္အသင္းရဲ႕ ဂိုးေရွ႕နားမွာ အရည္အေသြးနိမ့္ တိုက္စစ္ကစားပုံပဲ ျပေနခဲ့တယ္။ ကြင္းလယ္ဖန္တီးမႈ အားနည္းတာလို႔ ဆိုရေအာင္လည္း အခ်ိန္ပို ပထမပိုင္းမွာ ဂိုးေပါက္ကန္တဲ့အႀကိမ္က ဆြစ္တို႔ တစ္ပြဲလုံးကန္သြင္းတဲ့ အႀကိမ္ေရထက္ မ်ားေနခဲ့တာပါ။ တိုက္စစ္က ရသမွ်အခြင့္အေရးတစ္ခုမွ အသုံးမခ်ႏိုင္ခဲ့တာေတာ့ စိတ္ပ်က္စရာေကာင္းပါတယ္။

လက္စြမ္းျပခဲ့တဲ့ ယန္း ဆြမ္းမား
ဆြစ္ဇာလန္တို႔အတြက္ ျပင္သစ္နဲ႔ပြဲတုန္းက ခိုင္လီယန္ အမ္ဘာေပရဲ႕ ပင္နယ္တီကန္ခ်က္ကို တားဆီးၿပီး ရွယ္လက္စြမ္းျပခဲ့တဲ့ ယန္း ဆြမ္းမားကေတာ့ အခုပြဲစဥ္မွာလည္း ဂိုးေပါက္ကာကြယ္မႈ ၁၀ ႀကိမ္ထိ ရွိခဲ့ၿပီးေတာ့ အသင္းကို ေနာက္တစ္ဆင့္ ဆြဲမတင္ႏိုင္ခဲ့ေပမယ့္ သူ႔ရဲ႕ အားထုတ္မႈက ေလးစားဖို႔ ေကာင္းပါတယ္။ တစ္ေယာက္ေလ်ာ့ၿပီးေနာက္ပိုင္းမွာ ဂိုးေပါက္ၿခိမ္းေျခာက္မႈ ခဏခဏႀကဳံခဲ့ရပါတယ္။

ပြဲခ်ိန္အတြင္း ဂိုးေပးရႏိုင္တဲ့ ‌အေျခအေနေတြ ႀကဳံေတြ႕ခဲ့ရၿပီး ဆြမ္းမားကေတာ့ လုပ္ႏိုင္စြမ္းရွိသမွ် တားဆီးသြားခဲ့ပါတယ္။ အေဝးေဘ ာေပးပို႔မႈမ်ားလို႔ သိပ္မတိက်ခဲ့ေပမယ့္ ၁၈ ႀကိမ္အထိေတာ့ ေပးႏိုင္ခဲ့ေသးၿပီး ၅၇% တိက်ခဲ့ပါတယ္။ ၂ ဂိုးေလာက္ေပးရမယ္လို႔ အမ်ားစု ထင္ခဲ့ေပမယ့္ ၁ ဂိုးသာ ေပးခဲ့ရၿပီး ဒါကလည္း အသင္းေဖာ္ရဲ႕ ကိုယ့္ဂိုးကိုယ္ သြင္းတာျဖစ္ေနခဲ့တာပါ။

ပင္နယ္တီက်ိန္စာဆိုးက လြတ္ေျမာက္လာတဲ့ စပိန္
ဒီပြဲမတိုင္ခင္ ေနာက္ဆုံးကန္တဲ့ ပင္နယ္တီ ၅ ႀကိမ္စလုံး ဂိုးမရခဲ့တဲ့ စပိန္အသင္းအတြက္ ေနာက္တစ္ဆင့္တက္ဖို႔ အေတာ္စိုးရိမ္ခဲ့ရမွာပါ။ ဖိအားမ်ားေနပုံရၿပီး သူတို႔ဖိအားနဲ႔တင္ စိုးရိမ္သမွ်က ျဖစ္လာဖို႔ေတာင္ ရွိခဲ့တာပါ။ အူႏိုင္းဆီမြန္သာ လက္စြမ္းမျပခဲ့ရင္ ဒီအဆင့္က ထြက္ရဖို႔ရွိေနၿပီး ဆာဂ်ီယို ဘူးစကြက္စ္နဲ႔ ႐ိုဒရီတို႔ ပင္နယ္တီမဝင္ခဲ့တာလည္း စိုးရိမ္စရာေကာင္းခဲ့တာပါ။

အံ့အားသင့္ဖြယ္ ရီကာဒို ဟိုဒရီဂတ္ဇ္
မၾကာေသးတဲ့ ႏွစ္ေတြတုန္းက ရီကာဒို ဟိုဒရီဂတ္ဇ္ဆိုတာ ဥေရာပရဲ႕ အေကာင္းဆုံး ေနာက္ခံလူေတြထဲက တစ္ေယာက္လည္း ျဖစ္ခဲ့တာပါ။ ဒီပြဲအတြင္း စြမ္းေဆာင္ရည္ကေတာ့ ယခင္က ေျခစြမ္းကို ျပန္အမွတ္ရေစခဲ့ပါတယ္။ ေနာက္ဆုံး ၂ ပြဲမွာ ၁၀ ဂိုးသြင္းထားတဲ့ စပိန္တိုက္စစ္နဲ႔ ရင္ဆိုင္ရတာ မလြယ္ပါဘူး။ စပိန္ေတာင္ပံကစားသမား ဖာရန္း ေတာရက္စ္ရဲ႕ ဂိုးသြင္းခြင့္ကို ဖ်က္ထုတ္မႈအပါအဝင္ ၉ ႀကိမ္ထိ ဖ်က္ထုတ္ခဲ့ၿပီး တစ္ပြဲလုံးမွာ အမ်ားဆုံး ပမာဏပါ။

အဖတ္ျပန္ဆယ္ခဲ့တဲ့ အူႏိုင္း ဆီမြန္
ၿပီးခဲ့တဲ့ ခ႐ိုေအးရွားနဲ႔ပြဲတုန္း စိတ္ပ်က္ဖြယ္အမွားေၾကာင့္ ဂိုးေပးလိုက္ရတဲ့ အူႏိုင္းဆီမြန္ကေတာ့ စပိန္အသင္းကို ဒီပြဲမွာ ကယ္တင္ေပးခဲ့သူပါ။ ေနာက္တန္းကို ေနရာယူမွန္ဖို႔ ပြဲခ်ိန္အတြင္းမွာလည္း ၫႊန္ၾကားေနခဲ့သလို ေပးပို႔မႈကလည္း ၉၅% အထိ တိက်မႈရွိခဲ့တာပါ။ ပင္နယ္တီအဆုံးအျဖတ္မွာလည္း ကာကြယ္မႈေတြလုပ္ခဲ့ၿပီး ပြဲစဥ္ရဲ႕ အေကာင္းဆုံးကစားသမားအျဖစ္ ထိုက္ထိုက္တန္တန္ သတ္မွတ္ခံခဲ့ရပါတယ္။

မထင္ထားတဲ့ ေျခစြမ္းေတြနဲ႔ ဆြစ္ဇာလန္
ဆြစ္ဇာလန္အသင္းအတြက္ ယူ႐ို ၂၀၂၀ ခရီးကေတာ့ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး အံ့ဩစရာေတြကို လုပ္ျပႏိုင္ခဲ့ပါတယ္။ ဘယ္သူမွ မထင္ထားတဲ့ အဆင့္အထိ ေရာက္လာခဲ့ၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္ အထင္ႀကီးမခံရတဲ့အသင္းအေနနဲ႔ ေဝဖန္မႈေတြကို ေမ့ထားၿပီး အမွတ္ရေနႏိုင္မယ့္ ဇာတ္လမ္းမ်ိဳးကို ထြင္ခဲ့တာပါ။

အုပ္စု A က အေကာင္းဆုံးတတိယအသင္းဆိုတဲ့ အေနအထားနဲ႔ တက္လာခဲ့ၿပီး ၁၆ သင္း ရႈံးထြက္အဆင့္မွာေတာ့ ျပင္သစ္နဲ႔ေတြ႕‌ဆုံခဲ့တာပါ။ အဲ့တုန္းကေတာ့ အမ်ားစုက ဆြစ္ေတာ့ သြားၿပီ၊ ျပင္သစ္က ပညာျပလိမ့္မယ္‌ဆိုတဲ့ မွတ္ခ်က္ေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး တကယ္ကန္ေတာ့လည္း မိနစ္ ၈၀ အထိ ၃-၁ နဲ႔ ရႈံးနိမ့္ေနရာကေန Epic Comeback နဲ႔ ႏိုင္ပြဲ ရယူခဲ့တာပါ။

လီဗာပူးလ္ကစားသမားေတြေပးခဲ့တဲ့ ႏွစ္သိမ့္မႈ
ဆြစ္ဇာလန္ရဲ႕ ေနာက္ဆုံးပင္နယ္တီ လြဲေခ်ာ္သူျဖစ္ခဲ့တဲ့ ဟူဘင္ ဗားဂတ္စ္ဟာ ပြဲအၿပီးမွာ ငိုေႂကြးေနခဲ့ၿပီး သူ႔ကို ႏိုင္ငံအသင္းေဖာ္ လီဗာပူးလ္ေတာင္ပံကစားသမား ဂ်ာဒန္ ရွာကီရီနဲ႔ စပိန္အသင္းရဲ႕ လီဗာပူးလ္ကြင္းလယ္ကစားသမား သီယာဂို အယ္လ္ကန္တရာတို႔က လာေရာက္ႏွစ္သိမ့္ေပးကာ ဂိုးသမား ယန္း ဆြမ္းမားကိုလည္း စကားအနည္းငယ္ေျပာၿပီး ေပြ႕ဖက္ႏွစ္သိမ့္ေပးပုံေတြက ေဘာလုံးကမာၻရဲ႕ ၾကည္ႏူးစရာပဲ ျဖစ္ေနပါေတာ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.