Premier League Transfer News

2 Jul ညနေခင်း နောက်ဆုံးရ လီဗာပူးလ်အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းဟာ အိုတာဗျိုအတွက် ပေါ်တိုအသင်းကို ငွေသားချည်းသီးသန့်မဟုတ်ပဲ ပြီးခဲ့တဲ့ရာသီက အငှားချခဲ့တဲ့ မာကို ဂရူဂျစ်ခ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအနေနဲ့ ထည့်သွင်းကမ်းလှမ်းလိုက်တာကတော့ ဖြူပြာကျားတို့အတွက် လက်ခံလာနိုင်သလို အခြေအနေကလည်း အပေါင်းလက္ခဏာ ဆောင်နေတယ်လို့သိရ။

– ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပေါင် ၃၃.၄ သန်းနဲ့ ကမ်းလှမ်းခဲ့တဲ့ ကင်းစလီ ကိုမွန်အတွက် ဘိုင်ယန်မြူးနစ်အသင်းက ပေါင် ၇၇ သန်းလိုချင်နေပြီး ဆန်ချိုကို ခေါ်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်ကတော့ လက်ရှောင်ဖို့ရှိနေသလို လီဗာပူးလ်ကလည်း အဲ့ဒီပမာဏနဲ့ ကမ်းလှမ်းလာနိုင်ဖွယ်မရှိလို့ အပြောင်းအရွှေ့ မဖြစ်နိုင်တော့ကြောင်းသိရ။

– ဆာဆူအူလိုအသင်းရဲ့ အမှုဆောင်အရာရှိ ဂျိုဗန်နီ ကာနီဗာလီက လီဗာပူးလ်အသင်း ချိတ်ဆက်နေတဲ့ တောင်ပံကစားသမား ဒိုနီမီကို ဘယ်ရာဒီကို အသင်းမှာ ဆက်ထိန်းနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောကြားခဲ့ပေမယ့် ဆက်ထိန်းဖို့ မလွယ်ကူကြောင်းကိုလည်း ပြောသွားခဲ့ကြောင်းသိရ။

– လီဗာပူးလ်အသင်းအနေနဲ့ အက်စတန်ဗီလာအသင်းရဲ့ တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်နဲ့ ကွင်းလယ်လူ ဂျွန် မက်ဂင်းတို့ကို ခေါ်ဖို့ စိတ်ဝင်စားနေပြီး တခြားပစ်မှတ်တွေအဖြစ် ရီနာတို ဆန်းချက်စ်နဲ့ ဖလိုရီယန် နွိုင်ဟော့စ်တို့လို အရည်အသွေးမြင့် ကစားသမားတွေကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်းသိရ။

– ဘဏ္ဍာရေး ပြဿနာတွေ ရှိနေလို့ အသင်းရဲ့ အဓိက ကစားသမားတွေကို ထုတ်ရောင်းနေရတဲ့ အင်တာမီလန်အသင်းကတော့ သူတို့ရဲ့ ကွင်းလယ်ကစားသမား နီကိုလို ဘာရယ်လာကို လီဗာပူးလ်အသင်းက ချိတ်ဆက်ခဲ့ပေမယ့် ရောင်းချဖို့ မဟုတ်ဘူးလို့ အကြောင်းကြားခဲ့ကြောင်းသိရ။

– လီဗာပူးလ်အသင်းဟာ လက်စ်တာတောင်ပံကစားသမား ဟာဗီ ဘန်းစ်ကို ခေါ်ယူချင်နေပေမယ့် အခက်အခဲတွေကိုတော့ ကျော်ဖြတ်ရဦးမှာဖြစ်ပြီး လိုချင်တဲ့ ဈေးမရမချင်း ကမ်းလှမ်းမှုတွေကို ပယ်ချပြီး အသင်းက ကစားသမားတွေကို ပါးပါးနပ်နပ် ရောင်းချတတ်တဲ့ မြေခွေးတွေကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်မလား စိတ်ဝင်စားစရာဖြစ်လာခဲ့။

‌- လီဗာပူးလ်အသင်းက ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ ရီနာတို ဆန်းချက်စ်ကို ခေါ်ယူသင့်ကြောင်း နောက်ခံလူဟောင်း ဟိုဆေး အန်ရီကေက တိုက်တွန်းခဲ့ပြီး သူ့လို ကမ္ဘာ့အဆင့်ကွင်းလယ်လူဟာ ယာဂန် ကလော့ပ်ရဲ့ လက်အောက်မှာ အစွမ်းကုန် တောက်ပလာဦးမှာလို့ ထောက်ခံချက်ပေးသွားခဲ့။

– လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်ကွင်းလယ်လူ ဆာအူးလ် ညီးရက်ဇ်ဟာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ရိုဒရီဂို ဒီပေါလ်ကို ခေါ်ယူမှာဖြစ်လို့ စပိန်သားကို ရောင်းထုတ်ဖို့ရှိနေတာလို့ ထုတ်ဖော်သွား။

– လီဗာပူးလ်အသင်းအနေနဲ့ ဆဲလ်တစ်အသင်းရဲ့တိုက်စစ်မှူး အော့ဒ်ဆွန်း အေဒူယာကိုလည်း အသင်းရဲ့ တိုက်စစ်အတွက် ဖြည့်တင်းလိုနေပြီး သူ့ရဲ့ အသက်အရွယ်၊ လက်ရှိစွမ်းဆောင်ရည်နဲ့ တိုးတက်လာနိုင်စွမ်းက အန်းဖီးလ်တာဝန်ရှိသူတွေရဲ့ စိတ်ကို ရယူခဲ့နိုင်တာလည်း မဆန်း‌ဘဲ ပရီးမီးယားလိဂ်ကစားဟန်ဖြစ်တယ်လို့ ဖော်ပြနေကြကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လီဗာပူးလ္အသင္းဟာ အိုတာဗ်ိဳအတြက္ ေပၚတိုအသင္းကို ေငြသားခ်ည္းသီးသန႔္မဟုတ္ပဲ ၿပီးခဲ့တဲ့ရာသီက အငွားခ်ခဲ့တဲ့ မာကို ဂ႐ူဂ်စ္ခ္ကို အေျပာင္းအေ႐ႊ႕ရဲ႕ တစိတ္တပိုင္းအေနနဲ႔ ထည့္သြင္းကမ္းလွမ္းလိုက္တာကေတာ့ ျဖဴျပာက်ားတို႔အတြက္ လက္ခံလာႏိုင္သလို အေျခအေနကလည္း အေပါင္းလကၡဏာ ေဆာင္ေနတယ္လို႔သိရ။

– ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ေပါင္ ၃၃.၄ သန္းနဲ႔ ကမ္းလွမ္းခဲ့တဲ့ ကင္းစလီ ကိုမြန္အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းက ေပါင္ ၇၇ သန္းလိုခ်င္ေနၿပီး ဆန္ခ်ိဳကို ေခၚယူထားတဲ့ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ လက္ေရွာင္ဖို႔ရွိေနသလို လီဗာပူးလ္ကလည္း အဲ့ဒီပမာဏနဲ႔ ကမ္းလွမ္းလာႏိုင္ဖြယ္မရွိလို႔ အေျပာင္းအေ႐ႊ႕ မျဖစ္ႏိုင္ေတာ့ေၾကာင္းသိရ။

– ဆာဆူအူလိုအသင္းရဲ႕ အမႈေဆာင္အရာရွိ ဂ်ိဳဗန္နီ ကာနီဗာလီက လီဗာပူးလ္အသင္း ခ်ိတ္ဆက္ေနတဲ့ ေတာင္ပံကစားသမား ဒိုနီမီကို ဘယ္ရာဒီကို အသင္းမွာ ဆက္ထိန္းႏိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္း ေျပာၾကားခဲ့ေပမယ့္ ဆက္ထိန္းဖို႔ မလြယ္ကူေၾကာင္းကိုလည္း ေျပာသြားခဲ့ေၾကာင္းသိရ။

– လီဗာပူးလ္အသင္းအေနနဲ႔ အက္စတန္ဗီလာအသင္းရဲ႕ တိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္နဲ႔ ကြင္းလယ္လူ ဂြၽန္ မက္ဂင္းတို႔ကို ေခၚဖို႔ စိတ္ဝင္စားေနၿပီး တျခားပစ္မွတ္ေတြအျဖစ္ ရီနာတို ဆန္းခ်က္စ္နဲ႔ ဖလိုရီယန္ ႏြိဳင္ေဟာ့စ္တို႔လို အရည္အေသြးျမင့္ ကစားသမားေတြကိုလည္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္းသိရ။

– ဘ႑ာေရး ျပႆနာေတြ ရွိေနလို႔ အသင္းရဲ႕ အဓိက ကစားသမားေတြကို ထုတ္ေရာင္းေနရတဲ့ အင္တာမီလန္အသင္းကေတာ့ သူတို႔ရဲ႕ ကြင္းလယ္ကစားသမား နီကိုလို ဘာရယ္လာကို လီဗာပူးလ္အသင္းက ခ်ိတ္ဆက္ခဲ့ေပမယ့္ ေရာင္းခ်ဖို႔ မဟုတ္ဘူးလို႔ အေၾကာင္းၾကားခဲ့ေၾကာင္းသိရ။

– လီဗာပူးလ္အသင္းဟာ လက္စ္တာေတာင္ပံကစားသမား ဟာဗီ ဘန္းစ္ကို ေခၚယူခ်င္ေနေပမယ့္ အခက္အခဲေတြကိုေတာ့ ေက်ာ္ျဖတ္ရဦးမွာျဖစ္ၿပီး လိုခ်င္တဲ့ ေဈးမရမခ်င္း ကမ္းလွမ္းမႈေတြကို ပယ္ခ်ၿပီး အသင္းက ကစားသမားေတြကို ပါးပါးနပ္နပ္ ေရာင္းခ်တတ္တဲ့ ေျမေခြးေတြေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာႏိုင္မလား စိတ္ဝင္စားစရာျဖစ္လာခဲ့။

‌- လီဗာပူးလ္အသင္းက ေပၚတူဂီအသင္းနဲ႔ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ ရီနာတို ဆန္းခ်က္စ္ကို ေခၚယူသင့္ေၾကာင္း ေနာက္ခံလူေဟာင္း ဟိုေဆး အန္ရီေကက တိုက္တြန္းခဲ့ၿပီး သူ႔လို ကမာၻ႔အဆင့္ကြင္းလယ္လူဟာ ယာဂန္ ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ အစြမ္းကုန္ ေတာက္ပလာဦးမွာလို႔ ေထာက္ခံခ်က္ေပးသြားခဲ့။

– လီဗာပူးလ္အသင္းရဲ႕ ပစ္မွတ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္ကြင္းလယ္လူ ဆာအူးလ္ ညီးရက္ဇ္ဟာ အသင္းကေန ထြက္ခြာမွာျဖစ္တယ္လို႔ နာမည္ေက်ာ္သတင္းေထာက္ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ႐ိုဒရီဂို ဒီေပါလ္ကို ေခၚယူမွာျဖစ္လို႔ စပိန္သားကို ေရာင္းထုတ္ဖို႔ရွိေနတာလို႔ ထုတ္ေဖာ္သြား။

– လီဗာပူးလ္အသင္းအေနနဲ႔ ဆဲလ္တစ္အသင္းရဲ႕တိုက္စစ္မႉး ေအာ့ဒ္ဆြန္း ေအဒူယာကိုလည္း အသင္းရဲ႕ တိုက္စစ္အတြက္ ျဖည့္တင္းလိုေနၿပီး သူ႔ရဲ႕ အသက္အ႐ြယ္၊ လက္ရွိစြမ္းေဆာင္ရည္နဲ႔ တိုးတက္လာႏိုင္စြမ္းက အန္းဖီးလ္တာဝန္ရွိသူေတြရဲ႕ စိတ္ကို ရယူခဲ့ႏိုင္တာလည္း မဆန္း‌ဘဲ ပရီးမီးယားလိဂ္ကစားဟန္ျဖစ္တယ္လို႔ ေဖာ္ျပေနၾကေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.