Premier League

PFA အေကာင္းဆုံးကစားသမားဆုက မမွ်တဘူးလို႔ ေျပာလိုက္တဲ့ ဘာနာဒို ေဆးလ္ဗား

မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားက PFA ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ား အဖြဲ႕ခ်ဳပ္က ေပးအပ္တဲ့ အေကာင္းဆုံး ေဘာလုံးသမားဆုဟာ မမွ်တဘဲ သူတုိ႔အသင္းသားေတြဆုိရင္ ထည့္သြင္းျခင္းမရွိဘဲ အႏွိမ္ခံခဲ့ရသလို လီဗာပူးလ္ကစားသမားေတြကိုေတာ့ မ်က္ႏွာသာ ေပးတယ္လို႔ စြပ္စြဲလုိက္ပါတယ္။

ဘာနာဒို ေဆးလ္ဗားရဲ႕ ခံျပင္းမွဳအရွိဆုံးကိစၥကေတာ့ သူတုိ႔ရဲ႕ တစ္ရာသီကို ဂိုး ၂၀ အထက္ အျမဲတမ္းသြင္းႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုကို ၿပီးခဲ့တဲ့ႏွစ္ေတြဟာ ဒီဆုရဲ႕ ပဏာမစာရင္းထဲက ဖယ္ထုတ္ထားခဲ့တာျဖစ္ၿပီး မန္ခ်က္စတာစီးတီးကစားသမားေတြရဲ႕ ကံဆုိးမွဳလည္း ျဖစ္တယ္လို႔ သူက ဆုိပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီလက္ေရြးစင္က ေနာက္ဆုံးႏွစ္ေတြမွာ လီဗာပူးလ္ရဲ႕ မုိဟာမက္ဆာလားနဲ႔ ဗာဂ်ီးလ္ ဗန္ဒိုက္တုိ႔ရဲ႕ ဒီဆုကို အလြယ္တကူရရွိသြားပုံကို ေထာက္ျပခဲ့ၿပီး ဒီအခ်ိန္မွာ သူတုိ႔ရဲ႕ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ရာဟင္းမ္ စတာလင္တုိ႔ရဲ႕ စြမ္းေဆာင္မွဳေတြကလည္း အေဂြ႐ိုလိုပဲ အသိအမွတ္ျပဳခံရဘူးလို႔ ေျပာလုိက္ပါတယ္။

“ၿပီးခဲ့တဲ့ ၂ ရာသီတုန္းကဆိုရင္ ကၽြန္ေတာ္တုိ႔က ပရီးမီးယားလိဂ္မွာ ခ်န္ပီယံျဖစ္ၿပီး သူတုိ႔က ေနာက္မွာ အမွတ္ ၃၀ ေလာက္ ျပတ္က်န္ေနတယ္။ ကီဗင္ ဒီဘ႐ုိင္းနား ဘယ္ေလာက္ေကာင္းေကာင္း အခ်ိန္တန္ေတာ့ မိုဆာလားပဲ ရတာပဲလား”လို႔ ဘာနာဒို ေဆးလ္ဗားက ေလွာင္ေျပာင္သြားခဲ့ၿပီး သူေျပာသလိုပဲ အဲ့ဒီရာသီမွာ မန္စီးတီးအသင္းသားေတြျဖစ္တဲ့ ဒီဘ႐ိုင္းနား၊ ဆာေနး၊ စတာလင္နဲ႔ ေဒးဗစ္ ေဆးလ္ဗားတုိ႔ဟာ ဖန္တီးမွဳဇယားမွာ ထိပ္ဆုံး ၄ ေနရာကို ရယူႏုိင္ခဲ့ခ်ိန္လည္းျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားက ေနာက္တစ္ရာသီမွာလည္း သူတုိ႔ဟာ ပိုေကာင္းတဲ့ စတာလင္ကို ဖယ္ၿပီး ဗန္ဒိုက္ကို ေပးခဲ့ေၾကာင္းနဲ႔ ဒီရာသီမွာလည္း ဒီဘ႐ိုင္းနား ဘယ္ေလာက္ပဲ ေျခစြမ္းျပေနေပမယ့္ အခ်ိန္တန္ရင္ ဆာလားနဲ႔ ဗန္ဒိုက္တုိ႔ထဲက တစ္ေယာက္ပဲ ဒီဆုကို ရသြားဦးမွာျဖစ္ေၾကာင္း ႀကဳိတင္ ခန္႔မွန္းခဲ့ၿပီး PFA အေကာင္းဆုံးဆုေရြးခ်ယ္မွဳကို ေလွာင္ေျပာင္သြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက PFA ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အဖွဲ့ချုပ်က ပေးအပ်တဲ့ အကောင်းဆုံး ဘောလုံးသမားဆုဟာ မမျှတဘဲ သူတို့အသင်းသားတွေဆိုရင် ထည့်သွင်းခြင်းမရှိဘဲ အနှိမ်ခံခဲ့ရသလို လီဗာပူးလ်ကစားသမားတွေကိုတော့ မျက်နှာသာ ပေးတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဘာနာဒို ဆေးလ်ဗားရဲ့ ခံပြင်းမှုအရှိဆုံးကိစ္စကတော့ သူတို့ရဲ့ တစ်ရာသီကို ဂိုး ၂၀ အထက် အမြဲတမ်းသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို ပြီးခဲ့တဲ့နှစ်တွေဟာ ဒီဆုရဲ့ ပဏာမစာရင်းထဲက ဖယ်ထုတ်ထားခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးကစားသမားတွေရဲ့ ကံဆိုးမှုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်က နောက်ဆုံးနှစ်တွေမှာ လီဗာပူးလ်ရဲ့ မိုဟာမက်ဆာလားနဲ့ ဗာဂျီးလ် ဗန်ဒိုက်တို့ရဲ့ ဒီဆုကို အလွယ်တကူရရှိသွားပုံကို ထောက်ပြခဲ့ပြီး ဒီအချိန်မှာ သူတို့ရဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ ရာဟင်းမ် စတာလင်တို့ရဲ့ စွမ်းဆောင်မှုတွေကလည်း အဂွေရိုလိုပဲ အသိအမှတ်ပြုခံရဘူးလို့ ပြောလိုက်ပါတယ်။

“ပြီးခဲ့တဲ့ ၂ ရာသီတုန်းကဆိုရင် ကျွန်တော်တို့က ပရီးမီးယားလိဂ်မှာ ချန်ပီယံဖြစ်ပြီး သူတို့က နောက်မှာ အမှတ် ၃၀ လောက် ပြတ်ကျန်နေတယ်။ ကီဗင် ဒီဘရိုင်းနား ဘယ်လောက်ကောင်းကောင်း အချိန်တန်တော့ မိုဆာလားပဲ ရတာပဲလား”လို့ ဘာနာဒို ဆေးလ်ဗားက လှောင်ပြောင်သွားခဲ့ပြီး သူပြောသလိုပဲ အဲ့ဒီရာသီမှာ မန်စီးတီးအသင်းသားတွေဖြစ်တဲ့ ဒီဘရိုင်းနား၊ ဆာနေး၊ စတာလင်နဲ့ ဒေးဗစ် ဆေးလ်ဗားတို့ဟာ ဖန်တီးမှုဇယားမှာ ထိပ်ဆုံး ၄ နေရာကို ရယူနိုင်ခဲ့ချိန်လည်းဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားက နောက်တစ်ရာသီမှာလည်း သူတို့ဟာ ပိုကောင်းတဲ့ စတာလင်ကို ဖယ်ပြီး ဗန်ဒိုက်ကို ပေးခဲ့ကြောင်းနဲ့ ဒီရာသီမှာလည်း ဒီဘရိုင်းနား ဘယ်လောက်ပဲ ခြေစွမ်းပြနေပေမယ့် အချိန်တန်ရင် ဆာလားနဲ့ ဗန်ဒိုက်တို့ထဲက တစ်ယောက်ပဲ ဒီဆုကို ရသွားဦးမှာဖြစ်ကြောင်း ကြိုတင် ခန့်မှန်းခဲ့ပြီး PFA အကောင်းဆုံးဆုရွေးချယ်မှုကို လှောင်ပြောင်သွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.