La Liga Premier League

ချစ်သူမပြည့်တောင် မုန်းသူမရှိတဲ့ နာမည်ကျော် ဘောလုံးသမား ၅ ယောက်

ဒေးဗစ်ဆေးလ်ဗား (ရီးရဲလ်ဆိုစီဒက်)
မန်စီးတီးအသင်းရဲ့ ဂန္ထဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ လူချစ်လူခင်အများဆုံး ဘောလုံးသမားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ သူက ဘောလုံးကစားတာပဲ အာရုံလာပြီး ကျန်တဲ့ အငြင်းအခုံတွေလုပ်ရတာလည်း ဝါသနာပါတဲ့ပုံမပေါ်ဘူးဆိုတာ သူ့ရဲ့ ပုံပြင်ဆန်လွန်းတဲ့ကစားသမားဘဝတစ်လျှောက်ကို ကြည့်ရင် သိနိုင်ပါတယ်။ မန်စီးတီးရဲ့ စီမံကိန်းအသစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့လိုကစားသမားတွေ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့လို အသင်းတွေကိုပဲ ပြောင်းချင်နေချိန်မှာ အသင်းကို ထိပ်တန်းအဆင့်ရောက်အောင် ဆွဲတင်ဖို့ပဲ ဆုံးဖြတ်ခဲ့သူပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ ဒီနေ့ခေတ် အနေအထားအတွက် စပိန်သားကို ကျေးဇူးတင်ရမှာဖြစ်ပြီး သူ့ရဲ့ ပါဝင်မှုနဲ့ ပေးဆပ်မှုတွေက မိုးပြာရောင်အသင်းကို အင်္ဂလန်မှာ ဘာမှမဟုတ်သေးတဲ့အသင်းဘဝကနေ ဥရောပတစ်ခွင်မှာ အင်အားကြီးအသင်းဖြစ်အောင် ချပေးခဲ့တဲ့ အခြေခံအုတ်မြစ်တွေထဲမှာ ပါဝင်နေခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအစတုန်းက သူ့မွေးရပ်မြေစပိန်နိုင်ငံက ရီးယဲလ်ဆိုစီဒက်အသင်းကို အသက် ၃၄ နှစ်ရောက်မှ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် နှုတ်ဆက်သွားခဲ့တာပါ။

ဟွမ် မာတာ (မန်ချက်စတာယူနိုက်တက်)
ယူနိုက်တက်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဟာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး နေလေ့ရှိသူဖြစ်ပြီး အနေအထိုင်အေးတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေသာမက ဘောလုံးပရိသတ် အားလုံးနီးပါးရဲ့ ချစ်ကြည်မှု ရရှိထားတာဖြစ်သလို ပွဲမကစားရတာ ကြာသည့်တိုင်လည်း မငြီးငြူပဲ အသင်းမှာ ရှိနေရရင်တော်ပြီဆိုတဲ့ စိတ်နဲ့ ကစားခွင့်ရတိုင်း ပေးဆပ်ပြီး ကစားလို့ အချစ်တော်ကစားသမားအဖြစ် ယနေ့တိုင်ရှိနေဆဲပါ။

ဂျေမီ ဗာဒီ (လက်စတာစီးတီး)
ဘောလုံးကွင်းထဲမှာတော့ တကယ့်သားရဲတစ်ကောင်လို ကစားအားနဲ့ တိုက်စစ်မှူးကြီးကို မုန်းတဲ့လူဆိုတာ မရှိသလောက်ပါပဲ။ အင်မတန်ကြိုးစားတဲ့လူလည်း ဖြစ်သလို လက်စ်တာအသင်းကနေ မပြောင်းတာကလည်း သူ ဘာမှမဟုတ်သေးတဲ့အချိန်မှာ သူ့ကို ယုံကြည်ပြီး မစွန့်ပစ်ခဲ့တာကြောင့် အသင်းက သူ့ကို မစွန့်ပစ်မချင်း အသင်းပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။ ဘောလုံးဟာ အားကစားသက်သက် မဟုတ်ဘူးဆိုတာကို ထင်ဟပ်စေပြီး လေးစားဖွယ်လူသားကြီးကို မုန်းတဲ့လူ မရှိသလောက်ပါပဲ။

လူကာ မိုဒရစ်ချ် (ရီးရဲလ်မက်ဒရစ်)
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားကြီး လူကာ မိုဒရစ်ခ်ျဟာ သူ့ရဲ့ ကြိုးစားမှုကြောင့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပဲ ပြိုင်ဆိုင်နေတဲ့ ဘလွန်းဒီအော ဆုကို ၂၀၁၈ မှာ ရယူနိုင်ခဲ့ပါတယ်။ အနေအထိုင်အေးပြီး ဘောလုံးကိုပဲ အာရုံစိုက်တာကြောင့် ကျော်ကြားသင့်သလောက် မကျော်ကြားခဲ့ပေမယ့် အသက် ၃၅ နှစ်အထိတိုင်အောင် ခြေစွမ်းကတော့ ကမ္ဘာ့အဆင့်မှာပဲရှိနေပြီး မက်ဒရစ်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမား ဖြစ်လာခဲ့သူပါ။

အန်ဂိုလို ကွန်တေ (ချဲလ်ဆီး)
အမြဲလိုလို ပြုံးရယ်နေတတ်ပြီး ရိုးသားလွန်းတဲ့ အန်ဂိုလို ကွန်တေကတော့ ဘောလုံးပရိသတ်အားလုံးရဲ့ အချစ်တော်ပဲ ဖြစ်ပါတယ်။ ဘောလုံး ကစားရာမှာလည်း အချိန်ဆွဲကစားရ ကောင်းမှန်းတောင် မသိတဲ့အထိ ရိုးလွန်းပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သူအချိန်မဆွဲခဲ့တဲ့ အဖြစ်က အတော် နှစ်လိုဖွယ် ကောင်းပါတယ်။ တစ်ကွင်းလုံး မမောနိုင်မပန်းနိုင် ကစားနိုင်တဲ့အပြင် ထင်ထင်ပေါ်ပေါ်လည်း မနေတတ်ပဲ ကစားသမားအများစုမှာ တွေ့ရသလို ဆရာကြီးအထာလည်း မဖမ်းပါဘူး။

ငယ်စဉ်က ဆင်းရဲခဲ့ပေမယ့် ကြိုးစားမှုနဲ့ ရိုးသားမှု အရင်းခံလို့ လူချင်လူခင်များပြီး အချိန်တိုင်း သင်ယူလိုစိတ်ရှိတာနဲ့ နာခံတတ်မှုတွေကြောင့်ပဲ အလျင်အမြန် ခြေစွမ်းတက်လာခဲ့တာပါ။ သူ ကိန်းအသင်းမှာ ကစားခဲ့တုန်းကလည်း သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ပါတီမှာ မွေးနေ့လက်ဆောင် ဘာပေးရမှန်းမသိခဲ့တာနဲ့ တစ်ခါမှအဖိတ်မခံဖူးတော့ ချောကလက်ဘူးပေးခဲ့ပြီး မွေးနေ့ရှင်ပါ အံ့ဩသွားခဲ့ရပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒးဗစ္ေဆးလ္ဗား (ရီးရဲလ္ဆိုစီဒက္)
မန္စီးတီးအသင္းရဲ႕ ဂႏၴဝင္ကစားသမား ေဒးဗစ္ေဆးလ္ဗားဟာ လူခ်စ္လူခင္အမ်ားဆုံး ေဘာလုံးသမားေတြထဲက တစ္ေယာက္လည္းျဖစ္ပါတယ္။ သူက ေဘာလုံးကစားတာပဲ အာ႐ုံလာၿပီး က်န္တဲ့ အျငင္းအခုံေတြလုပ္ရတာလည္း ဝါသနာပါတဲ့ပုံမေပၚဘူးဆိုတာ သူ႔ရဲ႕ ပုံျပင္ဆန္လြန္းတဲ့ကစားသမားဘဝတစ္ေလွ်ာက္ကို ၾကည့္ရင္ သိႏိုင္ပါတယ္။ မန္စီးတီးရဲ႕ စီမံကိန္းအသစ္မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး သူ႔လိုကစားသမားေတြ ရီးယဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔လို အသင္းေတြကိုပဲ ေျပာင္းခ်င္ေနခ်ိန္မွာ အသင္းကို ထိပ္တန္းအဆင့္ေရာက္ေအာင္ ဆြဲတင္ဖို႔ပဲ ဆုံးျဖတ္ခဲ့သူပါ။

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဒီေန႔ေခတ္ အေနအထားအတြက္ စပိန္သားကို ေက်းဇူးတင္ရမွာျဖစ္ၿပီး သူ႔ရဲ႕ ပါဝင္မႈနဲ႔ ေပးဆပ္မႈေတြက မိုးျပာေရာင္အသင္းကို အဂၤလန္မွာ ဘာမွမဟုတ္ေသးတဲ့အသင္းဘဝကေန ဥေရာပတစ္ခြင္မွာ အင္အားႀကီးအသင္းျဖစ္ေအာင္ ခ်ေပးခဲ့တဲ့ အေျခခံအုတ္ျမစ္ေတြထဲမွာ ပါဝင္ေနခဲ့တာပါ။ သူဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီအစတုန္းက သူ႔ေမြးရပ္ေျမစပိန္ႏိုင္ငံက ရီးယဲလ္ဆိုစီဒက္အသင္းကို အသက္ ၃၄ ႏွစ္ေရာက္မွ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး အသင္းရဲ႕ ဂႏၴဝင္ကစားသမားအျဖစ္ ႏႈတ္ဆက္သြားခဲ့တာပါ။

ဟြမ္ မာတာ (မန္ခ်က္စတာယူႏိုက္တက္)
ယူႏိုက္တက္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားဟာ ပရိသတ္ေတြနဲ႔ ရင္းရင္းႏွီးႏွီး ေနေလ့ရွိသူျဖစ္ၿပီး အေနအထိုင္ေအးတဲ့ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ယူႏိုက္တက္ ပရိသတ္ေတြသာမက ေဘာလုံးပရိသတ္ အားလုံးနီးပါးရဲ႕ ခ်စ္ၾကည္မႈ ရရွိထားတာျဖစ္သလို ပြဲမကစားရတာ ၾကာသည့္တိုင္လည္း မၿငီးျငဴပဲ အသင္းမွာ ရွိေနရရင္ေတာ္ၿပီဆိုတဲ့ စိတ္နဲ႔ ကစားခြင့္ရတိုင္း ေပးဆပ္ၿပီး ကစားလို႔ အခ်စ္ေတာ္ကစားသမားအျဖစ္ ယေန႔တိုင္ရွိေနဆဲပါ။

ေဂ်မီ ဗာဒီ (လက္စတာစီးတီး)
ေဘာလုံးကြင္းထဲမွာေတာ့ တကယ့္သားရဲတစ္ေကာင္လို ကစားအားနဲ႔ တိုက္စစ္မႉးႀကီးကို မုန္းတဲ့လူဆိုတာ မရွိသေလာက္ပါပဲ။ အင္မတန္ႀကိဳးစားတဲ့လူလည္း ျဖစ္သလို လက္စ္တာအသင္းကေန မေျပာင္းတာကလည္း သူ ဘာမွမဟုတ္ေသးတဲ့အခ်ိန္မွာ သူ႔ကို ယုံၾကည္ၿပီး မစြန႔္ပစ္ခဲ့တာေၾကာင့္ အသင္းက သူ႔ကို မစြန႔္ပစ္မခ်င္း အသင္းေျပာင္းေ႐ႊ႕ကစားမွာ မဟုတ္ဘူးလို႔ ေျပာခဲ့တာပါ။ ေဘာလုံးဟာ အားကစားသက္သက္ မဟုတ္ဘူးဆိုတာကို ထင္ဟပ္ေစၿပီး ေလးစားဖြယ္လူသားႀကီးကို မုန္းတဲ့လူ မရွိသေလာက္ပါပဲ။

လူကာ မိုဒရစ္ခ်္ (ရီးရဲလ္မက္ဒရစ္)
ရီးယဲလ္မက္ဒရစ္အသင္းရဲ႕ ကစားသမားႀကီး လူကာ မိုဒရစ္ခ္်ဟာ သူ႔ရဲ႕ ႀကိဳးစားမႈေၾကာင့္ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ပဲ ၿပိဳင္ဆိုင္ေနတဲ့ ဘလြန္းဒီေအာ ဆုကို ၂၀၁၈ မွာ ရယူႏိုင္ခဲ့ပါတယ္။ အေနအထိုင္ေအးၿပီး ေဘာလုံးကိုပဲ အာ႐ုံစိုက္တာေၾကာင့္ ေက်ာ္ၾကားသင့္သေလာက္ မေက်ာ္ၾကားခဲ့ေပမယ့္ အသက္ ၃၅ ႏွစ္အထိတိုင္ေအာင္ ေျခစြမ္းကေတာ့ ကမာၻ႔အဆင့္မွာပဲရွိေနၿပီး မက္ဒရစ္ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမား ျဖစ္လာခဲ့သူပါ။

အန္ဂိုလို ကြန္ေတ (ခ်ဲလ္ဆီး)
အၿမဲလိုလို ၿပဳံးရယ္ေနတတ္ၿပီး ႐ိုးသားလြန္းတဲ့ အန္ဂိုလို ကြန္ေတကေတာ့ ေဘာလုံးပရိသတ္အားလုံးရဲ႕ အခ်စ္ေတာ္ပဲ ျဖစ္ပါတယ္။ ေဘာလုံး ကစားရာမွာလည္း အခ်ိန္ဆြဲကစားရ ေကာင္းမွန္းေတာင္ မသိတဲ့အထိ ႐ိုးလြန္းၿပီး ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ သူအခ်ိန္မဆြဲခဲ့တဲ့ အျဖစ္က အေတာ္ ႏွစ္လိုဖြယ္ ေကာင္းပါတယ္။ တစ္ကြင္းလုံး မေမာႏိုင္မပန္းႏိုင္ ကစားႏိုင္တဲ့အျပင္ ထင္ထင္ေပၚေပၚလည္း မေနတတ္ပဲ ကစားသမားအမ်ားစုမွာ ေတြ႕ရသလို ဆရာႀကီးအထာလည္း မဖမ္းပါဘူး။

ငယ္စဥ္က ဆင္းရဲခဲ့ေပမယ့္ ႀကိဳးစားမႈနဲ႔ ႐ိုးသားမႈ အရင္းခံလို႔ လူခ်င္လူခင္မ်ားၿပီး အခ်ိန္တိုင္း သင္ယူလိုစိတ္ရွိတာနဲ႔ နာခံတတ္မႈေတြေၾကာင့္ပဲ အလ်င္အျမန္ ေျခစြမ္းတက္လာခဲ့တာပါ။ သူ ကိန္းအသင္းမွာ ကစားခဲ့တုန္းကလည္း သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ေမြးေန႔ပါတီမွာ ေမြးေန႔လက္ေဆာင္ ဘာေပးရမွန္းမသိခဲ့တာနဲ႔ တစ္ခါမွအဖိတ္မခံဖူးေတာ့ ေခ်ာကလက္ဘူးေပးခဲ့ၿပီး ေမြးေန႔ရွင္ပါ အံ့ဩသြားခဲ့ရပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.