Premier League

သူငယ်ချင်းဖိုက်တာကြီးကို အာဆင်နယ်မှာ ကစားခိုင်းချင်နေတဲ့ တီယာနီ

အာဆင်နယ်အသင်းရဲ့ ဘယ်နောက်ခံလူ ကီရန် တီယာနီအနေနဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးဖြစ်တဲ့ UFC ဖိုက်တာကြီး ကွန်နာ မက်ဂရီဂါကို ခေါ်ယူပြီး တစ်သင်းတည်းမှာ ကစားသွားလိုတယ်လို့ ပရိသတ်တွေနဲ့ အမေးအဖြေပြုလုပ်စဉ်မှာ အပျော်သဘော ပြောကြားလိုက်ပါတယ်။

အသင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ စကော့တလန်သားဟာ သူ့လိုပဲ အခြားအားကစားနယ်ပယ်တစ်ခုဖြစ်တဲ့ တိုက်ခိုက်ရေးပိုင်းမှာ အောင်မြင်နေတဲ့ မက်ဂရီဂါနဲ့ အွန်လိုင်းပေါ်က တစ်ဆင့် ရင်းနှီးခဲ့သူဖြစ်ပြီး အသင်းဟောင်း ဆဲလ်တစ်ကို အားပေးအောင်ပါ စွမ်းဆောင်နိုင်ခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာ တီယာနီရဲ့ ဆဲလ်တစ်အင်္ကျီနဲ့ လေ့ကျင့်ခန်းဆင်းပုံကို တင်ခဲ့တဲ့ တိုက်ခိုက်ရေးသမားက အာဆင်နယ်အသင်းမှာ လက်ရှိ ကစားနေတဲ့ စကော့တလန်သားကို သူ့ရဲ့ အကြိုက်ဆုံး ကစားသမားဖြစ်ကြောင်း ထုတ်ဖော်ခဲ့ဖူးပြီး အောင်မြင်နေကြတဲ့ သူငယ်ချင်းနှစ်ဦးကြားက ဆက်ဆံရေးကလည်း တစ်ယောက်ကို တစ်ယောက် တစ်သသ ပြောတဲ့အထိ ရင်းနှီးခဲ့ကြတာဖြစ်ပါတယ်။

တီယာနီက သူ့ကို မေးမြန်းလာမှုတွေမှာ မက်ဂရီဂါကို ဘယ်နားမှာ ထည့်သွင်းကစားမလဲဆိုတဲ့ မေးခွန်းကိုတော့ အဖျက်သန်တဲ့ ဗဟိုနောက်ခံလူနေရာမှာ ဖြစ်ကြောင်းနဲ့ တကယ်လို့ သူ့ကို ရှေ့တက်ကစားခိုင်းရင်လည်း ဂိုးသွင်းကောင်းနိုင်ကြောင်း ဖြေကြားခဲ့ပြီး သူ့သူငယ်ချင်းအနေနဲ့ လုပ်နိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်တွေကတော့ တီယာနီရဲ့ ဆန္ဒဟာ မဖြစ်နိုင်ကြောင်းနဲ့ မက်ဂရီဂါအနေနဲ့ ဘောလုံးမှာဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ လုပ်လိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ကြပြီး အာဆင်နယ်ရဲ့ ရှယ်ယာတွေကို ဝယ်ယူခိုင်းပါလားလို့လည်း တိုက်တွန်းသွားခဲ့ကြကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ ကီရန္ တီယာနီအေနနဲ႔ သူ႔ရဲ႕ အရင္းႏွီးဆုံး သူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ UFC ဖိုက္တာႀကီး ကြန္နာ မက္ဂရီဂါကို ေခၚယူၿပီး တစ္သင္းတည္းမွာ ကစားသြားလိုတယ္လို႔ ပရိသတ္ေတြနဲ႔ အေမးအေျဖျပဳလုပ္စဥ္မွာ အေပ်ာ္သေဘာ ေျပာၾကားလိုက္ပါတယ္။

အသင္းနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကမွ ၅ ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ စေကာ့တလန္သားဟာ သူ႔လိုပဲ အျခားအားကစားနယ္ပယ္တစ္ခုျဖစ္တဲ့ တိုက္ခိုက္ေရးပိုင္းမွာ ေအာင္ျမင္ေနတဲ့ မက္ဂရီဂါနဲ႔ အြန္လိုင္းေပၚက တစ္ဆင့္ ရင္းႏွီးခဲ့သူျဖစ္ၿပီး အသင္းေဟာင္း ဆဲလ္တစ္ကို အားေပးေအာင္ပါ စြမ္းေဆာင္ႏိုင္ခဲ့တာပါ။

၂၀၁၈ ခုႏွစ္မွာ တီယာနီရဲ႕ ဆဲလ္တစ္အက်ႌနဲ႔ ေလ့က်င့္ခန္းဆင္းပုံကို တင္ခဲ့တဲ့ တိုက္ခိုက္ေရးသမားက အာဆင္နယ္အသင္းမွာ လက္ရွိ ကစားေနတဲ့ စေကာ့တလန္သားကို သူ႔ရဲ႕ အႀကိဳက္ဆုံး ကစားသမားျဖစ္ေၾကာင္း ထုတ္ေဖာ္ခဲ့ဖူးၿပီး ေအာင္ျမင္ေနၾကတဲ့ သူငယ္ခ်င္းႏွစ္ဦးၾကားက ဆက္ဆံေရးကလည္း တစ္ေယာက္ကို တစ္ေယာက္ တစ္သသ ေျပာတဲ့အထိ ရင္းႏွီးခဲ့ၾကတာျဖစ္ပါတယ္။

တီယာနီက သူ႔ကို ေမးျမန္းလာမႈေတြမွာ မက္ဂရီဂါကို ဘယ္နားမွာ ထည့္သြင္းကစားမလဲဆိုတဲ့ ေမးခြန္းကိုေတာ့ အဖ်က္သန္တဲ့ ဗဟိုေနာက္ခံလူေနရာမွာ ျဖစ္ေၾကာင္းနဲ႔ တကယ္လို႔ သူ႔ကို ေရွ႕တက္ကစားခိုင္းရင္လည္း ဂိုးသြင္းေကာင္းႏိုင္ေၾကာင္း ေျဖၾကားခဲ့ၿပီး သူ႔သူငယ္ခ်င္းအေနနဲ႔ လုပ္ႏိုင္လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

ဒါေပမယ့္ ပရိသတ္ေတြကေတာ့ တီယာနီရဲ႕ ဆႏၵဟာ မျဖစ္ႏိုင္ေၾကာင္းနဲ႔ မက္ဂရီဂါအေနနဲ႔ ေဘာလုံးမွာဆိုရင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကိုပဲ လုပ္လိမ့္မယ္လို႔ မွတ္ခ်က္ေပးခဲ့ၾကၿပီး အာဆင္နယ္ရဲ႕ ရွယ္ယာေတြကို ဝယ္ယူခိုင္းပါလားလို႔လည္း တိုက္တြန္းသြားခဲ့ၾကေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.