Premier League

1 Jul နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

နော်ဝေးတိုက်စစ်မှူး အာလင်း ဟာလန်းအနေဖြင့် လာမည့် ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းမှာ ကစားရန် ပုဂ္ဂိုလ်ရေးအရ သဘောတူခဲ့ပြီး စာချုပ်ပါလျော်ကြေး ယူရို ၇၅ – ၁၀၀ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းပါက အပြောင်းအရွှေ့ဖြစ်ပေါ်လာဖွယ်ရှိနေရာ ပြီးခဲ့တဲ့ဘောလုံးရာသီက ၁၂ ဂိုးစီသာ သွင်းယူထားနိုင်ခဲ့တဲ့ တမ်မီ အေဗရာဟမ်နဲ့ တီမို ဗာနာတို့ထက် အဆုံးသတ်သေချာမယ့် သောမက်စ် တူဟယ်လ်ရဲ့ နံပါတ်၁ ပစ်မှတ် ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့များနေ။

ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သစ်ကို ငြင်းပယ်ထားတဲ့ ကွင်းလယ်ကစားသမား တီမူး ဘာကာယိုကို ဟာ စီးရီးအေကလပ် အေစီမီလန်ကို ပြောင်းရွှေ့ချင်နေတယ်လို့ အီတလီမီဒီယာတွေက ဖော်ပြခဲ့ပြီး ၂၀၁၈-၂၀၁၉ တုန်းကလည်း အငှါးနဲ့လာ‌ရောက်ကစားခဲ့ဖူးတဲ့ ပြင်သစ်သားအတွက် ‌မီလန်မြို့ခံအသင်းရဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်မယ့် အငှါးစာချုပ်နဲ့ ကမ်းလှမ်းမှုအား လက်ခံသွားဖွယ်ရှိနေကြောင်းသိရ။

ဘိုင်ယန်မြူးနစ်အသင်းဟာ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိသေးပြီး ချယ်လ်ဆီးအသင်းမှ ခေါ်ယူလိုနေတဲ့ တောင်ပံကစားသမား ကင်စလီ ကိုးမန်းအဖို့ ပေါင်သန်း ၈၀ ကျော် လိုချင်တယ်လို့ အကြောင်းပြန်ခဲ့တဲ့အတွက် သူတို့အနေနဲ့ အဲ့ပမာဏကို မပေးချေချင်တာကြောင့် အခြားပစ်မှတ်ကစားသမားတွေနဲ့ လိုအပ်တဲ့နေရာတွေအတွက်သာ ပြောင်းလဲရှာဖွေရဖို့ရှိလာကြောင်းသိရ။

ဝုဗ်အသင်းရဲ့ တောင်ပံကစားသမား အဒါမာ ထရာအိုရေးအဖို့ ချယ်လ်ဆီးအသင်းရဲ့ ပေါင် ၂၀-၂၅ သန်းနဲ့ ကမ်းလှမ်းမှုဟာ နည်းလွန်းတယ်လို့ ဝုဗ်ပရိသတ်တွေက တွစ်တာပေါ်မှာ တင်ခဲ့ကြပေမယ့် သူ့ရဲ့ လက်ရှိတစ်ပတ်လုပ်ခ ပေါင် ၄၆,၀၀၀ ဆိုတဲ့ ပမာဏကလည်း သူ့လို လုပ်အားနှုန်းကောင်းကောင်းနဲ့ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာတောင်ပံကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့သူအတွက်တော့ နည်းလွန်းတဲ့ လုပ်ခသာလျှင် ဖြစ်နေကြောင်း ပြန်လည်ထောက်ပြနေကြသူများရှိလာကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဘီလီ ဂီးလ်မိုး ဟာ ပွဲကစားခွင့်နဲ့ အတွေ့အကြုံရရှိဖို့ ပရီးမီးယားလိဂ်ကလပ်နောဝစ်ခ်ျအသင်းကို တစ်နှစ်အငှါးစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီးတော့ ဆေးစစ်မှုခံယူနေရာ လာမယ့် တစ်ပတ်အတွင်း အဲ့အပြောင်းအရွှေ့ကို ကလပ်အသင်းတွေဘက်က ကြေငြာသွားဖွယ်ရှိနေပြီး စကော့တလန်အသင်းအဖို့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားကတော့ အငှါးစာချုပ်ပြည့်တာနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်နေရာဖို့ တိုက်ပွဲဝင်ရန် ပစ်မှတ်ထားနေကြောင်းသိရ။

ချယ်လ်ဆီးအသင်းရဲ့ ကာ့ထ် ဇူးမား၊ အိုလီဗီယာ ဂျရူးနဲ့ အန်ဂိုလို ကွန်တေ တို့ကတော့ အမ်ဘာပေ ပင်နယ်တီလွဲ‌ချော်မှုကြောင့် ပြင်သစ်အသင်း စောစောစီးစီး ယူရို ၂၀၂၀ က ပြုတ်ခဲ့ရသလို ခိုင် ဟာဗက်ဇ်၊ အန်တိုနီယို ရူဒီဂါနဲ့ တီမို ဗာနာ တို့လည်း ဝင်ဘလီမှာ ဂျာမနီအသင်းရဲ့ ရှုံးနိမ့်မှုနဲ့ တပါတည်း ပါဝင်ခဲ့လို့ ရာသီသစ်မှာ ပရီးမီးယားလိဂ်ဖလားကို အရယူဖို့ ရည်မှန်းထားတဲ့ ချဲလ်ဆီးအသင်းရဲ့ ရာသီကြိုပွဲစဉ်တွေအတွက် အနားယူချိန်ရခဲ့ကြ။

ချယ်လ်ဆီးအသင်းဟာ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြနေတဲ့ အီတလီ ဘယ်နောက်ခံလူ စပီနာဇိုလာ ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အသင်းမှာလက်ရှိ ရှိနေတဲ့ ဘန်ချီးဝဲလ်၊ မားကို့စ် အလွန်ဆိုနဲ့ အီမာဆွန် ပါလ်မီအဲရီ တို့ထက် ခြေစွမ်းပိုထက်မယ့် နောက်ခံလူကို ရီးယဲလ်မက်ဒရစ်ကပါ စိတ်ဝင်စားမှု ပြသနေတာကြောင့် ကမ်းလှမ်းမှုတစ်ခုခု လုပ်သင့်နေပြီး ယူရို ၂၀၂၀ အပြီးထိ စောင့်နေရင် တန်ကြေးပိုတက်လာလိမ့်မယ်လို့ ထောက်ပြနေကြပြီး အလျင်အမြန်ခေါ်ယူသင့်ကြောင်း တိုက်တွန်းနေကြ။

ချယ်လ်ဆီးအသင်းဟာ ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းကုန်သွားတဲ့ ဆာဂျီယိုရာမို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး အဲ့စပိန်ကလပ်ရဲ့ လက်ရှိဂိုးသမား သီဘောက် ကူတွာ ကတော့ ရာမို့စ်ဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူဖြစ်ပြီး သူ့အဆင့်က ခြင်္သေ့ပြာတို့ထက်မြင့်တယ်လို့ သတိပေးစကားဆိုသွားခဲ့ပေမယ့် လက်ရှိချန်ပီယံလိဂ် ချန်ပီယံတို့ရဲ့ ကစားသမားဟောင်း အီဒင်ဟာဇက်ကတော့ စပိန်နောက်ခံလူကို ခေါ်ယူသင့်ကြောင်းနဲ့ ‌နှစ်ဦးနှစ်ဖက်အကျိုးရှိမယ့် အပြောင်းအရွှေ့ဖြစ်တယ်လို့ဆိုသွားခဲ့ကြောင်းသိရ။

တိုက်စစ်မှူးရှာပုံတော်ဖွင့်နေတဲ့ ချယ်လ်ဆီးအနေနဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်း ကိုလည်း ခေါ်ယူဖို့ သတင်းထွက်လာခဲ့တဲ့နောက် အိုလီဗီယာ ဂျရူး၊ တမ်မီ အေဘရာဟမ်နဲ့ မစ်ချေ ဘတ်ရှူဝါယီ တို့ကို ရောင်းချသွားဖို့ရှိနေတာကြောင့် ဂိုးသွင်းနှုန်းအပြင် ဂိုးဖန်တီးမှုပါကောင်းတဲ့ အင်္ဂလန်သားဟာ တူဟယ်လ်ရဲ့ သဘောကျမှုကို ခံလာရတာဖြစ်ရာ အာလင်း ဟာလန်းကို ခေါ်ဖို့ အဆင်မပြေတာဖြစ်ခဲ့ရင်ဆိုတာအတွက် ရွေးချယ်မှုကောင်းတစ်ခုဖြစ်လာဖို့ရှိနေပြီး ဆုဖလားရယူလိုတဲ့ တိုက်စစ်မှူးအနေနဲ့လည်း အသင်းပြောင်းလိုလျက်ရှိနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေနာ္ေဝးတိုက္စစ္မႉး အာလင္း ဟာလန္းအေနျဖင့္ လာမည့္ ေဘာလုံးရာသီတြင္ ခ်ယ္လ္ဆီးအသင္းမွာ ကစားရန္ ပုဂၢိဳလ္ေရးအရ သေဘာတူခဲ့ၿပီး စာခ်ဳပ္ပါေလ်ာ္ေၾကး ယူ႐ို ၇၅ – ၁၀၀ သန္း ဝန္းက်င္ျဖင့္ ကမ္းလွမ္းပါက အေျပာင္းအေ႐ႊ႕ျဖစ္ေပၚလာဖြယ္ရွိေနရာ ၿပီးခဲ့တဲ့ေဘာလုံးရာသီက ၁၂ ဂိုးစီသာ သြင္းယူထားႏိုင္ခဲ့တဲ့ တမ္မီ ေအဗရာဟမ္နဲ႔ တီမို ဗာနာတို႔ထက္ အဆုံးသတ္ေသခ်ာမယ့္ ေသာမက္စ္ တူဟယ္လ္ရဲ႕ နံပါတ္၁ ပစ္မွတ္ ေဒါ့မြန္တိုက္စစ္မႉးကို ေခၚယူႏိုင္ဖို႔မ်ားေန။

ခ်ယ္လ္ဆီးအသင္းရဲ႕ စာခ်ဳပ္သစ္ကို ျငင္းပယ္ထားတဲ့ ကြင္းလယ္ကစားသမား တီမူး ဘာကာယိုကို ဟာ စီးရီးေအကလပ္ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ အီတလီမီဒီယာေတြက ေဖာ္ျပခဲ့ၿပီး ၂၀၁၈-၂၀၁၉ တုန္းကလည္း အငွါးနဲ႔လာ‌ေရာက္ကစားခဲ့ဖူးတဲ့ ျပင္သစ္သားအတြက္ ‌မီလန္ၿမိဳ႕ခံအသင္းရဲ႕ အၿပီးသတ္ဝယ္ယူခြင့္ပါဝင္မယ့္ အငွါးစာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈအား လက္ခံသြားဖြယ္ရွိေနေၾကာင္းသိရ။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေသးၿပီး ခ်ယ္လ္ဆီးအသင္းမွ ေခၚယူလိုေနတဲ့ ေတာင္ပံကစားသမား ကင္စလီ ကိုးမန္းအဖို႔ ေပါင္သန္း ၈၀ ေက်ာ္ လိုခ်င္တယ္လို႔ အေၾကာင္းျပန္ခဲ့တဲ့အတြက္ သူတို႔အေနနဲ႔ အဲ့ပမာဏကို မေပးေခ်ခ်င္တာေၾကာင့္ အျခားပစ္မွတ္ကစားသမားေတြနဲ႔ လိုအပ္တဲ့ေနရာေတြအတြက္သာ ေျပာင္းလဲရွာေဖြရဖို႔ရွိလာေၾကာင္းသိရ။

ဝုဗ္အသင္းရဲ႕ ေတာင္ပံကစားသမား အဒါမာ ထရာအိုေရးအဖို႔ ခ်ယ္လ္ဆီးအသင္းရဲ႕ ေပါင္ ၂၀-၂၅ သန္းနဲ႔ ကမ္းလွမ္းမႈဟာ နည္းလြန္းတယ္လို႔ ဝုဗ္ပရိသတ္ေတြက တြစ္တာေပၚမွာ တင္ခဲ့ၾကေပမယ့္ သူ႔ရဲ႕ လက္ရွိတစ္ပတ္လုပ္ခ ေပါင္ ၄၆,၀၀၀ ဆိုတဲ့ ပမာဏကလည္း သူ႔လို လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ လက္ရွိ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ညာေတာင္ပံကစားသမားေတြထဲက တစ္ေယာက္ျဖစ္တဲ့သူအတြက္ေတာ့ နည္းလြန္းတဲ့ လုပ္ခသာလွ်င္ ျဖစ္ေနေၾကာင္း ျပန္လည္ေထာက္ျပေနၾကသူမ်ားရွိလာေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ဘီလီ ဂီးလ္မိုး ဟာ ပြဲကစားခြင့္နဲ႔ အေတြ႕အႀကဳံရရွိဖို႔ ပရီးမီးယားလိဂ္ကလပ္ေနာဝစ္ခ္်အသင္းကို တစ္ႏွစ္အငွါးစာခ်ဳပ္နဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေတာ့ ေဆးစစ္မႈခံယူေနရာ လာမယ့္ တစ္ပတ္အတြင္း အဲ့အေျပာင္းအေ႐ႊ႕ကို ကလပ္အသင္းေတြဘက္က ေၾကျငာသြားဖြယ္ရွိေနၿပီး စေကာ့တလန္အသင္းအဖို႔ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပခဲ့တဲ့ ကစားသမားကေတာ့ အငွါးစာခ်ဳပ္ျပည့္တာနဲ႔ အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေနရာဖို႔ တိုက္ပြဲဝင္ရန္ ပစ္မွတ္ထားေနေၾကာင္းသိရ။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကာ့ထ္ ဇူးမား၊ အိုလီဗီယာ ဂ်႐ူးနဲ႔ အန္ဂိုလို ကြန္ေတ တို႔ကေတာ့ အမ္ဘာေပ ပင္နယ္တီလြဲ‌ေခ်ာ္မႈေၾကာင့္ ျပင္သစ္အသင္း ေစာေစာစီးစီး ယူ႐ို ၂၀၂၀ က ျပဳတ္ခဲ့ရသလို ခိုင္ ဟာဗက္ဇ္၊ အန္တိုနီယို ႐ူဒီဂါနဲ႔ တီမို ဗာနာ တို႔လည္း ဝင္ဘလီမွာ ဂ်ာမနီအသင္းရဲ႕ ရႈံးနိမ့္မႈနဲ႔ တပါတည္း ပါဝင္ခဲ့လို႔ ရာသီသစ္မွာ ပရီးမီးယားလိဂ္ဖလားကို အရယူဖို႔ ရည္မွန္းထားတဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ရာသီႀကိဳပြဲစဥ္ေတြအတြက္ အနားယူခ်ိန္ရခဲ့ၾက။

ခ်ယ္လ္ဆီးအသင္းဟာ ယူ႐ို ၂၀၂၀ မွာ ေျခစြမ္းျပေနတဲ့ အီတလီ ဘယ္ေနာက္ခံလူ စပီနာဇိုလာ ကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး အသင္းမွာလက္ရွိ ရွိေနတဲ့ ဘန္ခ်ီးဝဲလ္၊ မားကို႔စ္ အလြန္ဆိုနဲ႔ အီမာဆြန္ ပါလ္မီအဲရီ တို႔ထက္ ေျခစြမ္းပိုထက္မယ့္ ေနာက္ခံလူကို ရီးယဲလ္မက္ဒရစ္ကပါ စိတ္ဝင္စားမႈ ျပသေနတာေၾကာင့္ ကမ္းလွမ္းမႈတစ္ခုခု လုပ္သင့္ေနၿပီး ယူ႐ို ၂၀၂၀ အၿပီးထိ ေစာင့္ေနရင္ တန္ေၾကးပိုတက္လာလိမ့္မယ္လို႔ ေထာက္ျပေနၾကၿပီး အလ်င္အျမန္ေခၚယူသင့္ေၾကာင္း တိုက္တြန္းေနၾက။

ခ်ယ္လ္ဆီးအသင္းဟာ ရီးယဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္သြားတဲ့ ဆာဂ်ီယိုရာမို႔စ္ကို ေခၚယူဖို႔ စိတ္ဝင္စားလာၿပီး အဲ့စပိန္ကလပ္ရဲ႕ လက္ရွိဂိုးသမား သီေဘာက္ ကူတြာ ကေတာ့ ရာမို႔စ္ဟာ ကမာၻ႔အေကာင္းဆုံးေနာက္ခံလူျဖစ္ၿပီး သူ႔အဆင့္က ျခေသၤ့ျပာတို႔ထက္ျမင့္တယ္လို႔ သတိေပးစကားဆိုသြားခဲ့ေပမယ့္ လက္ရွိခ်န္ပီယံလိဂ္ ခ်န္ပီယံတို႔ရဲ႕ ကစားသမားေဟာင္း အီဒင္ဟာဇက္ကေတာ့ စပိန္ေနာက္ခံလူကို ေခၚယူသင့္ေၾကာင္းနဲ႔ ‌ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိမယ့္ အေျပာင္းအေ႐ႊ႕ျဖစ္တယ္လို႔ဆိုသြားခဲ့ေၾကာင္းသိရ။

တိုက္စစ္မႉးရွာပုံေတာ္ဖြင့္ေနတဲ့ ခ်ယ္လ္ဆီးအေနနဲ႔ စပါးစ္တိုက္စစ္မႉး ဟာရီကိန္း ကိုလည္း ေခၚယူဖို႔ သတင္းထြက္လာခဲ့တဲ့ေနာက္ အိုလီဗီယာ ဂ်႐ူး၊ တမ္မီ ေအဘရာဟမ္နဲ႔ မစ္ေခ် ဘတ္ရႉဝါယီ တို႔ကို ေရာင္းခ်သြားဖို႔ရွိေနတာေၾကာင့္ ဂိုးသြင္းႏႈန္းအျပင္ ဂိုးဖန္တီးမႈပါေကာင္းတဲ့ အဂၤလန္သားဟာ တူဟယ္လ္ရဲ႕ သေဘာက်မႈကို ခံလာရတာျဖစ္ရာ အာလင္း ဟာလန္းကို ေခၚဖို႔ အဆင္မေျပတာျဖစ္ခဲ့ရင္ဆိုတာအတြက္ ေ႐ြးခ်ယ္မႈေကာင္းတစ္ခုျဖစ္လာဖို႔ရွိေနၿပီး ဆုဖလားရယူလိုတဲ့ တိုက္စစ္မႉးအေနနဲ႔လည္း အသင္းေျပာင္းလိုလ်က္ရွိေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.