Premier League Transfer News

1 Jul နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်၊ ဆန်ချိုနှင့် ဆက်စပ်သတင်းများ စုစည်းမှု

– ကာလကြာရှည် ဖြေရှင်းရခက်ခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်ခဲ့ပြီး ဒေါ့မွန်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကြား ပြောင်းရွှေ့ကြေးလွန်ဆွဲပွဲဖြစ်ခဲ့တဲ့ ဂျေဒန် ဆန်ချိုရဲ့ သင်္ချာကတော့ အဖြေထွက်သွားခဲ့ပြီဖြစ်သလို ယူရိုသန်း ၉၀ ကနေ ၉၅ သန်းကြားနဲ့ သဘောတူခဲ့ပြီး ကျောနံပါတ် ၇ ကို ဝတ်ဆင်ဖို့ရှိနေ။

– ဆန်ချိုကို ရရှိအပြီးမှာတော့ ယူနိုက်တက်တို့ရဲ့ နောက်ထပ်ပစ်မှတ်က ဗဟိုနောက်ခံလူနေရာအတွက် အားဖြည့်မှုပဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ခံစစ်မှူး ရာဖေးလ် ဗာရွန်းကို ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ ဘာနေဗျူးဘက်ကတော့ ဆာဂျီယို ရာမို့စ်နဲ့အတူ အထိုင်နှစ်ယောက်စလုံးကို ဖျက်ရမယ့် အခြေအနေကို ရှောင်လွှဲချင်နေ။

– ယူနိုက်တက်ဆီ ဆန်ချိုတစ်ယောက် ပြောင်းရွှေ့သွားခဲ့ပြီလို့ တင်ထားခဲ့တဲ့ 433 ရဲ့ အင်စတာဂရမ်ပို့စ်ကို Like လုပ်သွားတဲ့ ရင်းနေး လူငယ်ကွင်းလယ်လူ အေဒူယာဒို ကာမာဗင်ဂါကို စောင့်ကြည့်သူ ပရိသတ်တွေက သတိထားမိခဲ့ကြပြီး အိုးလ်ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ တောင်းဆိုနေကြ။

– အာရွန် ဝန်ဘစ်ဆာကာရှိအပြီး ညာတောင်ပံခံစစ်မှာ စိုးရိမ်စရာမလိုတဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ တိုက်စစ်ကစားနိုင်ဖို့ လိုအပ်တဲ့ ပွဲမျိုးတွေမှာ အသုံးပြုနိုင်မယ့် ရိန်းဂျားစ်နောက်ခံလူ ဂျိမ်းစ် တာဗားနီးယာကို ခေါ်ယူဖို့ ယူနိုက်တက်တို့အနေနဲ့ အာဆင်နယ်နဲ့အပြိုင် ကြိုးစားသွားဖွယ်ရှိနေ။

– ကွင်းလယ်မှာ အင်တိုက်အားတိုက် ကစားနိုင်မယ့် လုပ်အားနှုန်းအခြေခံ ကစားသမားမျိုးကို အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ တော့တင်ဟမ်ဟော့စပါးစ်ကွင်းလယ်လူ ဟာရီဝင့်ခ်စ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ပေါင် ၂၅ သန်းတန် ကစားသမားအနေနဲ့ ငယ်မွေးခြံပေါက်ကစားသမား လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်ဖို့ ရှိလာ။

– မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်မှာ ဆန်ချိုအနေနဲ့ အောင်မြင်ချင်ရင် ဘာအကြောင်းနဲ့မှ အာရုံနောက်မခံဘဲ ကိုယ့်အလုပ်ကိုယ် ကြိုးစားဖို့နဲ့ ဘောလုံးအပေါ်မှာ အာရုံစိုက်ပြီး အသင်းနဲ့ စိတ်တူကိုယ်တူဖြစ်အောင် နှစ်မြှုပ်ပစ်လိုက်ဖို့ လိုသလို သွင်းဂိုးတွေကိုလည်း မြင်တွေ့ချင်ကြောင်း နောက်ခံလူဟောင်း ရီယို ဖာဒီနန်က အကြံပြုပြောကြားသွားခဲ့။

– ကျောနံပါတ် ၇ အင်္ကျီကို ဂျေဆန် ဆန်ချိုဆီ လက်လွှဲပေးအပ်ခဲ့ရတဲ့ တိုက်စစ်မှူး အက်ဒင်ဆန် ကာဗာနီကို ခေါ်ယူသွားဖို့ အီတလီကလပ် ရိုးမားအသင်းက စိတ်ဝင်စားနေပြီး အိုးလ်ထရက်ဖို့ဒ်နဲ့ စာချုပ်တစ်နှစ် ထပ်မံချည်နှောင်ထားခဲ့တဲ့ ဥရုဂွေးသားအတွက် ယူနိုက်တက်ဘက်က ပြောင်းရွှေ့ကြေးရမှ လက်လွှတ်သွားဖွယ်ရှိနေ။

– ယူနိုက်တက်တို့အနေနဲ့ တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းသုံးသောင်းနဲ့ သုံးနှစ်စာချုပ်ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်အနေနဲ့ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့မှုကြောင့် မန်ချက်စတာမှာ ဆက်နေဖို့ ဆန္ဒမရှိတော့ချိန်မှာ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်အတွက်တော့ သတင်းကောင်းဖြစ်လာ။

– ဆန်ချိုရဲ့ ဆေးစစ်ဖို့သာ ကျန်ရှိတော့တဲ့ အပြောင်းအရွှေ့ကို သဘောတူညီနိုင်အောင် စွမ်းဆောင်ခဲ့မှုအတွက် အသင်းရဲ့ သံသယတွေနဲ့ စောင့်ကြည့်ခံခဲ့ရတဲ့ အားကစားဒါရိုက်တာ ဂျွန်မာတပ်ဖ်ကို ပရိသတ်တွေက သူရဲကောင်း ဆာဘွဲ့ ပေးအပ်သင့်တယ်လို့ ဝိုင်းဝန်းချီးကျူးနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကာလၾကာရွည္ ေျဖရွင္းရခက္ခဲ့တဲ့ ပုစာၦတစ္ပုဒ္ျဖစ္ခဲ့ၿပီး ေဒါ့မြန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ၾကား ေျပာင္းေ႐ႊ႕ေၾကးလြန္ဆြဲပြဲျဖစ္ခဲ့တဲ့ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ သခ်ၤာကေတာ့ အေျဖထြက္သြားခဲ့ၿပီျဖစ္သလို ယူ႐ိုသန္း ၉၀ ကေန ၉၅ သန္းၾကားနဲ႔ သေဘာတူခဲ့ၿပီး ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ဖို႔ရွိေန။

– ဆန္ခ်ိဳကို ရရွိအၿပီးမွာေတာ့ ယူႏိုက္တက္တို႔ရဲ႕ ေနာက္ထပ္ပစ္မွတ္က ဗဟိုေနာက္ခံလူေနရာအတြက္ အားျဖည့္မႈပဲျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ခံစစ္မႉး ရာေဖးလ္ ဗာ႐ြန္းကို ေခၚယူဖို႔ ႀကိဳးစားေနခ်ိန္မွာ ဘာေနဗ်ဴးဘက္ကေတာ့ ဆာဂ်ီယို ရာမို႔စ္နဲ႔အတူ အထိုင္ႏွစ္ေယာက္စလုံးကို ဖ်က္ရမယ့္ အေျခအေနကို ေရွာင္လႊဲခ်င္ေန။

– ယူႏိုက္တက္ဆီ ဆန္ခ်ိဳတစ္ေယာက္ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီလို႔ တင္ထားခဲ့တဲ့ 433 ရဲ႕ အင္စတာဂရမ္ပို႔စ္ကို Like လုပ္သြားတဲ့ ရင္းေနး လူငယ္ကြင္းလယ္လူ ေအဒူယာဒို ကာမာဗင္ဂါကို ေစာင့္ၾကည့္သူ ပရိသတ္ေတြက သတိထားမိခဲ့ၾကၿပီး အိုးလ္ထရက္ဖို႔ဒ္ကို ေခၚယူဖို႔ ေတာင္းဆိုေနၾက။

– အာ႐ြန္ ဝန္ဘစ္ဆာကာရွိအၿပီး ညာေတာင္ပံခံစစ္မွာ စိုးရိမ္စရာမလိုတဲ့ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ တိုက္စစ္ကစားႏိုင္ဖို႔ လိုအပ္တဲ့ ပြဲမ်ိဳးေတြမွာ အသုံးျပဳႏိုင္မယ့္ ရိန္းဂ်ားစ္ေနာက္ခံလူ ဂ်ိမ္းစ္ တာဗားနီးယာကို ေခၚယူဖို႔ ယူႏိုက္တက္တို႔အေနနဲ႔ အာဆင္နယ္နဲ႔အၿပိဳင္ ႀကိဳးစားသြားဖြယ္ရွိေန။

– ကြင္းလယ္မွာ အင္တိုက္အားတိုက္ ကစားႏိုင္မယ့္ လုပ္အားႏႈန္းအေျခခံ ကစားသမားမ်ိဳးကို အလိုရွိေနတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္ကြင္းလယ္လူ ဟာရီဝင့္ခ္စ္ကို ေခၚယူဖို႔ ျပင္ဆင္ေနၿပီး ေပါင္ ၂၅ သန္းတန္ ကစားသမားအေနနဲ႔ ငယ္ေမြးၿခံေပါက္ကစားသမား လိုအပ္ခ်က္ကိုပါ ျဖည့္ဆည္းေပးႏိုင္ဖို႔ ရွိလာ။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္မွာ ဆန္ခ်ိဳအေနနဲ႔ ေအာင္ျမင္ခ်င္ရင္ ဘာအေၾကာင္းနဲ႔မွ အာ႐ုံေနာက္မခံဘဲ ကိုယ့္အလုပ္ကိုယ္ ႀကိဳးစားဖို႔နဲ႔ ေဘာလုံးအေပၚမွာ အာ႐ုံစိုက္ၿပီး အသင္းနဲ႔ စိတ္တူကိုယ္တူျဖစ္ေအာင္ ႏွစ္ျမႇဳပ္ပစ္လိုက္ဖို႔ လိုသလို သြင္းဂိုးေတြကိုလည္း ျမင္ေတြ႕ခ်င္ေၾကာင္း ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က အႀကံျပဳေျပာၾကားသြားခဲ့။

– ေက်ာနံပါတ္ ၇ အက်ႌကို ေဂ်ဆန္ ဆန္ခ်ိဳဆီ လက္လႊဲေပးအပ္ခဲ့ရတဲ့ တိုက္စစ္မႉး အက္ဒင္ဆန္ ကာဗာနီကို ေခၚယူသြားဖို႔ အီတလီကလပ္ ႐ိုးမားအသင္းက စိတ္ဝင္စားေနၿပီး အိုးလ္ထရက္ဖို႔ဒ္နဲ႔ စာခ်ဳပ္တစ္ႏွစ္ ထပ္မံခ်ည္ေႏွာင္ထားခဲ့တဲ့ ဥ႐ုေဂြးသားအတြက္ ယူႏိုက္တက္ဘက္က ေျပာင္းေ႐ႊ႕ေၾကးရမွ လက္လႊတ္သြားဖြယ္ရွိေန။

– ယူႏိုက္တက္တို႔အေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းသုံးေသာင္းနဲ႔ သုံးႏွစ္စာခ်ဳပ္ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနတဲ့ ကြင္းလယ္တိုက္စစ္ ကစားသမား ဂ်က္ဆီ လင္ဂတ္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့မႈေၾကာင့္ မန္ခ်က္စတာမွာ ဆက္ေနဖို႔ ဆႏၵမရွိေတာ့ခ်ိန္မွာ ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြိဳက္စ္အတြက္ေတာ့ သတင္းေကာင္းျဖစ္လာ။

– ဆန္ခ်ိဳရဲ႕ ေဆးစစ္ဖို႔သာ က်န္ရွိေတာ့တဲ့ အေျပာင္းအေ႐ႊ႕ကို သေဘာတူညီႏိုင္ေအာင္ စြမ္းေဆာင္ခဲ့မႈအတြက္ အသင္းရဲ႕ သံသယေတြနဲ႔ ေစာင့္ၾကည့္ခံခဲ့ရတဲ့ အားကစားဒါ႐ိုက္တာ ဂြၽန္မာတပ္ဖ္ကို ပရိသတ္ေတြက သူရဲေကာင္း ဆာဘြဲ႕ ေပးအပ္သင့္တယ္လို႔ ဝိုင္းဝန္းခ်ီးက်ဴးေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.