Premier League Transfer News

1 Jul နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ မာနူယယ် လိုကာတယ်လီကို ကမ်းလှမ်းထားကြောင်း ဆာဆူအိုလိုအသင်းတာဝန်ရှိသူတွေက ထုတ်ဖော်သွားခဲ့ပြီး တစ်ချိန်တည်းမှာ ဂျူဗင်တပ်စ်အသင်းနဲ့လည်း ဆွေးနွေးနေကြောင်း အီတလီကလပ်ရဲ့ အမှုဆောင်ချုပ် ကာနီဗာလီက စကိုင်းစပို့စ်ကို ပြောကြား။

– ပီအက်စ်ဂျီအသင်းအနေနဲ့ အာဆင်နယ်ပစ်မှတ် တောင်ပံကစားသမား ယာကွင် ကော်ရီးယားကို အလိုရှိနေပေမယ့် နောက်ခံလူ ဟာကီမီ အတွက် ကုန်ကျထားခဲ့ရတဲ့ ငွေကြေးတွေကြောင့် အာဂျင်တီးနားသားကို လက်လွှတ်သွားဖွယ်ရှိနေပြီး ဂန်းနားတွေအနေနဲ့ လူးကပ်စ် တော်ရဲရားနဲ့ အလိုက်ပေးကမ်းလှမ်းမှုက အောင်မြင်နိုင်။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အိန်းစလီ မိတ်လန်းနိုင်းလ်စ်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက်က M25 အဝေးပြေးလမ်းမမှာ တခြားကားတစ်စီးနဲ့ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ မာဆေးဒီးစ် G Class ကားက လိမ့်သွားခဲ့ပြီး လမ်းဘေးကို လဲကျသွားခဲ့ပေမယ့် လူအနေနဲ့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနဲ့ အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်း အက်သလက်တစ်က အတည်ပြုသွားခဲ့။

– စကော့တလန် ပရီးမီးယားရှစ်ချန်ပီယံ ရိန်းဂျားစ်အသင်းရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ ဂျိမ်းစ် တာဗားနီးယာကို အာဆင်နယ်အသင်းအနေနဲ့ စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့ ရာသီမှာ အသင်းအတွက် ၁၉ ဂိုးသွင်း၊ ၁၆ ဂိုး ဖန်တီးပေးခဲ့တဲ့ ၂၉ နှစ်သားဟာ လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်လ်လူငယ်ကစားသမားဟောင်းဖြစ်ကြောင်းသိရ။

– အာဆင်နယ်အသင်းအနေနဲ့ အင်္ဂလန်နောက်ခံလူ ဘန်ဝှိုက်အတွက် ဘာလုပ်မလဲ စောင့်ကြည့်ရမှာဖြစ်ပြီး ဘရိုက်တန်အသင်းဘက်ကတော့ သူတို့ရဲ့ ကစားသမားအတွက် ပေါင်သန်း ၅၀ (အနာဂတ်ခံစားခွင့် မပါဝင်သေး) အလိုရှိနေပြီး ရှေ့ဆက်ခေါ်ယူဖို့ ကြိုးစားခဲ့မယ်ဆိုရင် ပေါင် ၅၅ သန်းကနေ ၆၀ ကြား ကျသင့်ဖွယ်ရှိနေ။

– နာမည်ကြီး အပြောင်းအရွှေ့ကျွမ်းကျင်သူ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းအနေနဲ့ ရက်ပိုင်းအတွင်းမှာ ကစားသမားသစ်နှစ်ဦးကို ရရှိတော့မယ်လို့ အတည်ပြုသွားခဲ့ပြီး အန်ဒါလက်ချ်ရဲ့ ဆမ်ဘီ လိုကွန်ဂါနဲ့ ဘင်ဖီကာရဲ့ နူနို တာဗာရက်စ်တို့ကို ခေါ်ယူနိုင်ဖို့ ရှိနေ။

– လူငယ်နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ ကစားသမားသစ် ဘန်ဝှိုက် ရောက်ရှိလာဖို့ နီးစပ်နေချိန်မှာ အာဆင်နယ်အသင်းက ထွက်ခွာဖို့ စိုင်းပြင်းနေပြီဖြစ်ပြီး နယူးကာဆယ်လ်၊ ဆောက်သမ်တန်၊ မာဆေးလ်နဲ့ လေဗာကူဆင်အသင်းတွေက အလိုရှိနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ရောင်းချရာမှာ ဈေးကိုင်နိုင်စေဖို့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ပယ်ချသွားခဲ့ပြီး အမ်းမရိတ်ကနေ ဒီနွေရာသီမှာ အမြန်ဆုံးထွက်ခွာနိုင်ဖို့ပဲ အလိုရှိနေတယ်လို့ သတင်းတွေ ဖော်ပြ။

– ဖီနာဘာချီအသင်းကို အလွတ်ထွက်ခွာ ပြောင်းရွှေ့သွားခဲ့ပြီး ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ မီဆွတ် အိုဇေးလ်အတွက် အာဆင်နယ်အသင်းအနေနဲ့ မနေ့က လက်ကျန်စာရင်း ရှင်းပေးခဲ့ရပြီး မူလက အမ်းမရိတ်နဲ့ ဇွန်လ ၃၀ အထိ ရှိနေတဲ့ စာချုပ်ဟောင်းအတွက် ပေါင် ၁၆.၃၈ သန်း ပေးချေခဲ့ရကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ မာႏူယယ္ လိုကာတယ္လီကို ကမ္းလွမ္းထားေၾကာင္း ဆာဆူအိုလိုအသင္းတာဝန္ရွိသူေတြက ထုတ္ေဖာ္သြားခဲ့ၿပီး တစ္ခ်ိန္တည္းမွာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လည္း ေဆြးေႏြးေနေၾကာင္း အီတလီကလပ္ရဲ႕ အမႈေဆာင္ခ်ဳပ္ ကာနီဗာလီက စကိုင္းစပို႔စ္ကို ေျပာၾကား။

– ပီအက္စ္ဂ်ီအသင္းအေနနဲ႔ အာဆင္နယ္ပစ္မွတ္ ေတာင္ပံကစားသမား ယာကြင္ ေကာ္ရီးယားကို အလိုရွိေနေပမယ့္ ေနာက္ခံလူ ဟာကီမီ အတြက္ ကုန္က်ထားခဲ့ရတဲ့ ေငြေၾကးေတြေၾကာင့္ အာဂ်င္တီးနားသားကို လက္လႊတ္သြားဖြယ္ရွိေနၿပီး ဂန္းနားေတြအေနနဲ႔ လူးကပ္စ္ ေတာ္ရဲရားနဲ႔ အလိုက္ေပးကမ္းလွမ္းမႈက ေအာင္ျမင္ႏိုင္။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ အိန္းစလီ မိတ္လန္းႏိုင္းလ္စ္ဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မနက္က M25 အေဝးေျပးလမ္းမမွာ တျခားကားတစ္စီးနဲ႔ မေတာ္တဆမႈ ျဖစ္ပြားခဲ့ၿပီး သူ႔ရဲ႕ မာေဆးဒီးစ္ G Class ကားက လိမ့္သြားခဲ့ၿပီး လမ္းေဘးကို လဲက်သြားခဲ့ေပမယ့္ လူအေနနဲ႔ တစ္စုံတစ္ရာ ထိခိုက္မႈမရွိေၾကာင္းနဲ႔ အိမ္ျပန္ေရာက္ေနၿပီျဖစ္ေၾကာင္း အက္သလက္တစ္က အတည္ျပဳသြားခဲ့။

– စေကာ့တလန္ ပရီးမီးယားရွစ္ခ်န္ပီယံ ရိန္းဂ်ားစ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ညာေနာက္ခံလူ ဂ်ိမ္းစ္ တာဗားနီးယာကို အာဆင္နယ္အသင္းအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး ၿပီးခဲ့တဲ့ ရာသီမွာ အသင္းအတြက္ ၁၉ ဂိုးသြင္း၊ ၁၆ ဂိုး ဖန္တီးေပးခဲ့တဲ့ ၂၉ ႏွစ္သားဟာ လိဒ္စ္ယူႏိုက္တက္နဲ႔ နယူးကာဆယ္လ္လူငယ္ကစားသမားေဟာင္းျဖစ္ေၾကာင္းသိရ။

– အာဆင္နယ္အသင္းအေနနဲ႔ အဂၤလန္ေနာက္ခံလူ ဘန္ဝႈိက္အတြက္ ဘာလုပ္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ဘ႐ိုက္တန္အသင္းဘက္ကေတာ့ သူတို႔ရဲ႕ ကစားသမားအတြက္ ေပါင္သန္း ၅၀ (အနာဂတ္ခံစားခြင့္ မပါဝင္ေသး) အလိုရွိေနၿပီး ေရွ႕ဆက္ေခၚယူဖို႔ ႀကိဳးစားခဲ့မယ္ဆိုရင္ ေပါင္ ၅၅ သန္းကေန ၆၀ ၾကား က်သင့္ဖြယ္ရွိေန။

– နာမည္ႀကီး အေျပာင္းအေ႐ႊ႕ကြၽမ္းက်င္သူ အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္အသင္းအေနနဲ႔ ရက္ပိုင္းအတြင္းမွာ ကစားသမားသစ္ႏွစ္ဦးကို ရရွိေတာ့မယ္လို႔ အတည္ျပဳသြားခဲ့ၿပီး အန္ဒါလက္ခ်္ရဲ႕ ဆမ္ဘီ လိုကြန္ဂါနဲ႔ ဘင္ဖီကာရဲ႕ ႏူႏို တာဗာရက္စ္တို႔ကို ေခၚယူႏိုင္ဖို႔ ရွိေန။

– လူငယ္ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ကစားသမားသစ္ ဘန္ဝႈိက္ ေရာက္ရွိလာဖို႔ နီးစပ္ေနခ်ိန္မွာ အာဆင္နယ္အသင္းက ထြက္ခြာဖို႔ စိုင္းျပင္းေနၿပီျဖစ္ၿပီး နယူးကာဆယ္လ္၊ ေဆာက္သမ္တန္၊ မာေဆးလ္နဲ႔ ေလဗာကူဆင္အသင္းေတြက အလိုရွိေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေရာင္းခ်ရာမွာ ေဈးကိုင္ႏိုင္ေစဖို႔ စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားဘက္က ပယ္ခ်သြားခဲ့ၿပီး အမ္းမရိတ္ကေန ဒီေႏြရာသီမွာ အျမန္ဆုံးထြက္ခြာႏိုင္ဖို႔ပဲ အလိုရွိေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ဖီနာဘာခ်ီအသင္းကို အလြတ္ထြက္ခြာ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ႐ုန္းကန္ေနခဲ့ရတဲ့ ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ မေန႔က လက္က်န္စာရင္း ရွင္းေပးခဲ့ရၿပီး မူလက အမ္းမရိတ္နဲ႔ ဇြန္လ ၃၀ အထိ ရွိေနတဲ့ စာခ်ဳပ္ေဟာင္းအတြက္ ေပါင္ ၁၆.၃၈ သန္း ေပးေခ်ခဲ့ရေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.