Premier League

ေမဆန္ေမာင့္နဲ႔ အတူတူတြဲကစားခ်င္တယ္လို႔ ဝန္ခံလုိက္တဲ့ ခ်ဲလ္ဆီးပစ္မွတ္ကြင္းလယ္လူ

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေႏြရာသီမွာ အသင္းရဲ႕ ဝါရင့္ကြင္းလယ္လူ အန္ဂိုလို ကြန္ေတကို ေရာင္းထုတ္ၿပီး ျပန္လည္ေခၚယူဖို႔ ပစ္မွတ္ထားေနတဲ့ ဝက္စ္ဟမ္းကြင္းလယ္ကစားသမား ဒက္ကလန္ ႐ိုက္စ္က သူ႕အေနနဲ႔ သူငယ္ခ်င္းျဖစ္သူ ေမဆန္ေမာင့္နဲ႔ တြဲဖက္ကစားခ်င္ေၾကာင္း ဝန္ခံေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္စီ ရွိၾကၿပီျဖစ္တဲ့ ေမာင့္နဲ႔ ႐ိုက္စ္တုိ႔ သူငယ္ခ်င္းႏွစ္ဦးဟာ ငယ္စဥ္က ခ်ဲလ္ဆီးအကယ္ဒမီမွာ အတူကစားခဲ့ၾကတာျဖစ္ၿပီး လြန္ခဲ့တဲ့ ၅ ႏွစ္ကေတာ့ ကြင္းလယ္အဖ်က္ကစားသမားက ဝက္စ္ဟမ္းကို ေျပာင္းလဲေရြးခ်ယ္ခဲ့ၿပီးေနာက္မွာ သူတုိ႔ႏွစ္ေယာက္ တကြဲတျပားစီ ျဖစ္ခဲ့ၾကၿပီး ခြဲျခားေစာင့္ၾကည့္ကာလမွာမွ စည္းကမ္းခ်ဳိးေဖာက္ၿပီး ျပန္ဆုံခဲ့ၾကရတာပါ။

အဂၤလန္ကစားသမားေတြထဲကေန အသင္းႀကီးေတြ သတိထားမိေလာက္ေအာင္ ရွားရွားပါးပါး ထိုးေဖာက္ေပၚထြက္လာႏုိင္ၾကသူေတြလည္း ျဖစ္ၾကတဲ့ သူတုိ႔ႏွစ္ဦးထဲက ႐ိုက္စ္ကေတာ့ ၂၀၁၇-၁၈ ရာသီမွာ ဝက္စ္ဟမ္းအသင္းႀကီးကို ေရာက္ခဲ့တာျဖစ္ၿပီး ေမာင့္ကေတာ့ ဒီရာသီမတုိင္ခင္အထိ အငွားေတြပဲ ထြက္ကစားေနရၿပီး က်န္ခဲ့တဲ့ ရာသီက ဒါဘီေကာင္တီမွာ နည္းျပ ဖရန္႔ လမ္းပတ္နဲ႔အတူ လက္တြဲညီခဲ့တာက သူ႕ရဲ႕ အသင္းႀကီးကစားသမားဘဝ တစ္ဆစ္ခ်ဳိးျဖစ္ခဲ့ပါတယ္။

“အသင္းႀကီးအဆင့္မွာေတာ့ သူနဲ႔ ကၽြန္ေတာ္ ျပန္တြဲကစားခ်င္မိတာေတာ့ အမွန္ပါပဲ။ ကၽြန္ေတာ္တုိ႔က ကေလးဘဝကတည္းက အတူတူ တြဲဖက္ကစားရတာ သေဘာက်ၿပီး ကလပ္နဲ႔ ႏုိင္ငံတကာအဆင့္မွာလည္း ဒီလိုပဲ အတူကစားႏုိင္ဖို႔ကို ေမွ်ာ္လင့္ထားခဲ့ၾကပါတယ္”လို႔ ဝက္စ္ဟမ္း ကြင္းလယ္လူက ဆုိပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ေတာ့ ဒက္ကလန္ ႐ိုက္စ္ကို ေခၚယူခ်င္ရင္ ေပါင္သန္း ၄၀ နဲ႔အထက္ကေန စတင္ကမ္းလွမ္းရႏိုင္ၿပီး ကိုဗစ္-၁၉ ေၾကာင့္ စီးပြားေရးေတြ က်ဆင္းေနခဲ့တဲ့ အခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ ရာသီေတြတုန္းက ဝက္စ္ဟမ္းရဲ႕ သတ္မွတ္ထားတဲ့ ေပါင္သန္း ၈၀ တန္ေၾကးနဲ႔ေတာ့ နီးစပ္ဖို႔ မရွိႏုိင္ဘူးလို႔လည္း ခန္႔မွန္းေနၾကပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းအနေနဲ့ နွေရာသီမှာ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ အန်ဂိုလို ကွန်တေကို ရောင်းထုတ်ပြီး ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဝက်စ်ဟမ်းကွင်းလယ်ကစားသမား ဒက်ကလန် ရိုက်စ်က သူ့အနေနဲ့ သူငယ်ချင်းဖြစ်သူ မေဆန်မောင့်နဲ့ တွဲဖက်ကစားချင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ်စီ ရှိကြပြီဖြစ်တဲ့ မောင့်နဲ့ ရိုက်စ်တို့ သူငယ်ချင်းနှစ်ဦးဟာ ငယ်စဉ်က ချဲလ်ဆီးအကယ်ဒမီမှာ အတူကစားခဲ့ကြတာဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ကတော့ ကွင်းလယ်အဖျက်ကစားသမားက ဝက်စ်ဟမ်းကို ပြောင်းလဲရွေးချယ်ခဲ့ပြီးနောက်မှာ သူတို့နှစ်ယောက် တကွဲတပြားစီ ဖြစ်ခဲ့ကြပြီး ခွဲခြားစောင့်ကြည့်ကာလမှာမှ စည်းကမ်းချိုးဖောက်ပြီး ပြန်ဆုံခဲ့ကြရတာပါ။

အင်္ဂလန်ကစားသမားတွေထဲကနေ အသင်းကြီးတွေ သတိထားမိလောက်အောင် ရှားရှားပါးပါး ထိုးဖောက်ပေါ်ထွက်လာနိုင်ကြသူတွေလည်း ဖြစ်ကြတဲ့ သူတို့နှစ်ဦးထဲက ရိုက်စ်ကတော့ ၂၀၁၇-၁၈ ရာသီမှာ ဝက်စ်ဟမ်းအသင်းကြီးကို ရောက်ခဲ့တာဖြစ်ပြီး မောင့်ကတော့ ဒီရာသီမတိုင်ခင်အထိ အငှားတွေပဲ ထွက်ကစားနေရပြီး ကျန်ခဲ့တဲ့ ရာသီက ဒါဘီကောင်တီမှာ နည်းပြ ဖရန့် လမ်းပတ်နဲ့အတူ လက်တွဲညီခဲ့တာက သူ့ရဲ့ အသင်းကြီးကစားသမားဘဝ တစ်ဆစ်ချိုးဖြစ်ခဲ့ပါတယ်။

“အသင်းကြီးအဆင့်မှာတော့ သူနဲ့ ကျွန်တော် ပြန်တွဲကစားချင်မိတာတော့ အမှန်ပါပဲ။ ကျွန်တော်တို့က ကလေးဘဝကတည်းက အတူတူ တွဲဖက်ကစားရတာ သဘောကျပြီး ကလပ်နဲ့ နိုင်ငံတကာအဆင့်မှာလည်း ဒီလိုပဲ အတူကစားနိုင်ဖို့ကို မျှော်လင့်ထားခဲ့ကြပါတယ်”လို့ ဝက်စ်ဟမ်း ကွင်းလယ်လူက ဆိုပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့တော့ ဒက်ကလန် ရိုက်စ်ကို ခေါ်ယူချင်ရင် ပေါင်သန်း ၄၀ နဲ့အထက်ကနေ စတင်ကမ်းလှမ်းရနိုင်ပြီး ကိုဗစ်-၁၉ ကြောင့် စီးပွားရေးတွေ ကျဆင်းနေခဲ့တဲ့ အချိန်မှာတော့ ပြီးခဲ့တဲ့ ရာသီတွေတုန်းက ဝက်စ်ဟမ်းရဲ့ သတ်မှတ်ထားတဲ့ ပေါင်သန်း ၈၀ တန်ကြေးနဲ့တော့ နီးစပ်ဖို့ မရှိနိုင်ဘူးလို့လည်း ခန့်မှန်းနေကြပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.