La Liga Premier League Serie A

အေဂြ႐ိုရဲ႕ ေရရွည္အစားထိုးမွဳအတြက္ မန္စီးတီးတို႔ ေပါင္ ၉၇.၅ သန္း ေပးေခ်ဖို႔အသင့္ရွိေန

အျမင့္ဆုံးအဆင့္ကေန ျပန္လည္က်ဆင္းလာဖို႔ပဲ ရွိေတာ့တဲ့ တုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေနရာကို ေရွရွည္အစားထိုးမွဳအျဖစ္ လာမယ့္ အေျပာင္းအေရႊ႕ကာလမွာ အင္တာမီလန္တုိက္စစ္မွဴး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူသြားမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ေပါင္ ၉၇.၅ သန္း ေပးေခ်သြားဖို႔ အဆင္သင့္ရွိေနတယ္လို႔ဆုိပါတယ္။

ဘာစီလုိနာအသင္းကလည္း မာတီနက္ဇ္ကို ေခၚယူဖို႔ အျပင္းအထန္ ႀကဳိးစားေနခဲ့ေပမယ့္လည္း ဘုတ္အဖြဲ႕တြင္း အကြဲအျပဲေတြ၊ အတုိင္ အေဖာက္မညီမွဳေတြနဲ႔ ေနာက္ပုိင္းမွာ ပုံရိပ္မရွိတဲ့ နည္းျပေတြကို ဆက္တိုက္ခန္႔အပ္ေနမွဳေတြက မန္ခ်က္စတာစီးတီးနဲ႔ေတာ့ ယွဥ္ၿပဳိင္ရခက္ခဲႏုိင္ၿပီး အနီအျပာစင္းထက္ မိုးျပာေရာင္အက်ႌနဲ႔ ေတြ႕ျမင္ရဖို႔လည္း မ်ားလာခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အရြယ္ တုိက္စစ္မွဴးဟာ ဒီရာသီမွာ ပုိမုိေကာင္းမြန္လာခဲ့သူျဖစ္ၿပီး လ်င္ျမန္တဲ့ ေရြ႕လ်ားမွဳ၊ ဂိုးဧရိယာထဲမွာ ေနရာယူပုံ ေကာင္းမြန္မွဳေတြက ဥေရာပအသင္းႀကီးေတြရဲ႕ စိတ္ဝင္စားမွဳကို ရရွိေစခဲ့တာျဖစ္ၿပီး အင္တာမီလန္အသင္းအေနနဲ႔ ဆက္လက္ထိန္းသိမ္းထားဖို႔ေတာ့ မလြယ္ဘူးလို႔လည္း ဆိုေနၾကပါတယ္။

အင္တာမီလန္အသင္းရဲ႕ ဒုဥကၠဌ ဟားဗီးယား ဇနက္တီကေတာ့ သူတုိ႔ ေရာင္းခ်ခ်င္တာက အသင္းနဲ႔ ျပႆနာျဖစ္ပြားထားတဲ့ တျခား အာဂ်င္တီးနားတုိက္စစ္မွဴး ေမာ္႐ို အီကာဒီျဖစ္ၿပီး မာတီနက္ဇ္ကိုေတာ့ ကစားသမားကိုယ္တုိင္ကလည္း ေပ်ာ္ရႊင္ေနလုိ႔ ဆက္လက္ထိန္းသိမ္းထားလုိတယ္လုိ႔ ေျပာၾကားထားခဲ့ပါတယ္။

မန္စီးတီးအသင္းေနနဲ႔ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ ခ်ဲလ္ဆီးရဲ႕ ယွဥ္ၿပဳိင္ကမ္းလွမ္းလာမွဳကိုေတာ့ ႀကဳံေတြ႕ရဖြယ္ရွိေနေပမယ့္ အႏုိင္ယူသြားႏုိင္ဖို႔ ကၽြမ္းက်င္သူေတြက ယုံၾကည္ေနၾကၿပီး ေနာက္ဆက္တြဲအေနနဲ႔ အင္တာမီလန္အသင္းက အာဆင္နယ္ရဲ႕ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို ကမ္းလွမ္းသြားဖို႔ မ်ားေနတယ္လို႔လည္း ခန္႔မွန္းေနၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အမြင့်ဆုံးအဆင့်ကနေ ပြန်လည်ကျဆင်းလာဖို့ပဲ ရှိတော့တဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုရဲ့ နေရာကို ရှေရှည်အစားထိုးမှုအဖြစ် လာမယ့် အပြောင်းအရွှေ့ကာလမှာ အင်တာမီလန်တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူသွားမှာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပေါင် ၉၇.၅ သန်း ပေးချေသွားဖို့ အဆင်သင့်ရှိနေတယ်လို့ဆိုပါတယ်။

ဘာစီလိုနာအသင်းကလည်း မာတီနက်ဇ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားနေခဲ့ပေမယ့်လည်း ဘုတ်အဖွဲ့တွင်း အကွဲအပြဲတွေ၊ အတိုင် အဖောက်မညီမှုတွေနဲ့ နောက်ပိုင်းမှာ ပုံရိပ်မရှိတဲ့ နည်းပြတွေကို ဆက်တိုက်ခန့်အပ်နေမှုတွေက မန်ချက်စတာစီးတီးနဲ့တော့ ယှဉ်ပြိုင်ရခက်ခဲနိုင်ပြီး အနီအပြာစင်းထက် မိုးပြာရောင်အင်္ကျီနဲ့ တွေ့မြင်ရဖို့လည်း များလာခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ပိုမိုကောင်းမွန်လာခဲ့သူဖြစ်ပြီး လျင်မြန်တဲ့ ရွေ့လျားမှု၊ ဂိုးဧရိယာထဲမှာ နေရာယူပုံ ကောင်းမွန်မှုတွေက ဥရောပအသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းအနေနဲ့ ဆက်လက်ထိန်းသိမ်းထားဖို့တော့ မလွယ်ဘူးလို့လည်း ဆိုနေကြပါတယ်။

အင်တာမီလန်အသင်းရဲ့ ဒုဥက္ကဌ ဟားဗီးယား ဇနက်တီကတော့ သူတို့ ရောင်းချချင်တာက အသင်းနဲ့ ပြဿနာဖြစ်ပွားထားတဲ့ တခြား အာဂျင်တီးနားတိုက်စစ်မှူး မော်ရို အီကာဒီဖြစ်ပြီး မာတီနက်ဇ်ကိုတော့ ကစားသမားကိုယ်တိုင်ကလည်း ပျော်ရွှင်နေလို့ ဆက်လက်ထိန်းသိမ်းထားလိုတယ်လို့ ပြောကြားထားခဲ့ပါတယ်။

မန်စီးတီးအသင်းနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးရဲ့ ယှဉ်ပြိုင်ကမ်းလှမ်းလာမှုကိုတော့ ကြုံတွေ့ရဖွယ်ရှိနေပေမယ့် အနိုင်ယူသွားနိုင်ဖို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပြီး နောက်ဆက်တွဲအနေနဲ့ အင်တာမီလန်အသင်းက အာဆင်နယ်ရဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းကို ကမ်းလှမ်းသွားဖို့ များနေတယ်လို့လည်း ခန့်မှန်းနေကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.