Premier League

အာဆင္နယ္အသင္းရဲ႕ လစာေလွ်ာ့ခ်ဖို႔အတြက္ စိန္ေခၚမွဳကို ကစားသမားေတြ လက္ခံ

အာဆင္နယ္အသင္းတာဝန္ရွိသူေတြရဲ႕ ကိုဗစ္-၁၉ ေၾကာင့္ ဝင္ေငြေလ်ာ့က်လာမွဳအေပၚ ကာမိေစဖို႔ ကစားသမားေတြရဲ႕ လစာေငြေတြကို ေလွ်ာ့ခ်မယ့္ မူဝါဒအေပၚ အသင္းကစားသမားေတြက လက္ခံလုိက္ၿပီး ဒီအတုိင္း ေလွ်ာ့ခ်ခံရမယ့္အစား အေလာင္းအစားသေဘာနဲ႔ ရာသီကုန္မွာ ေလွ်ာ့ခ်မခ် ေရြးခ်ယ္ႏိုင္မွဳအေပၚ ေလာင္းေၾကးထပ္လုိက္ၿပီလို႔ သိရပါတယ္။

မူလအစီအစဥ္အရေတာ့ အာဆင္နယ္အသင္းတာဝန္ရွိသူေတြဟာ လာမယ့္ ၁၂ လအတြင္း ကစားသမားေတြရဲ႕ လစာေငြအားလုံးအေပၚက ၁၂.၅ ရာခိုင္ႏွဳန္းေလွ်ာ့ခ်မွဳကို အလိုရွိေနခဲ့ေၾကာင္း အသင္းကို အသိေပးခဲ့တာျဖစ္ၿပီး ဒါကို သူတို႔ေတြအေနနဲ႔ လက္မခံခဲ့ဘဲ စြမ္းေဆာင္ရည္ေပၚ မူတည္ၿပီး ေမွ်ာ္လင့္ႏုိင္တဲ့ တျခားေရြးခ်ယ္မွဳကို ဆုပ္ကိုင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္ ေျမာက္လန္ဒန္အသင္းတာဝန္ရွိသူေတြအေနနဲ႔ ကစားသမားေတြကို ေနာက္ထပ္အဆိုျပဳမွဳတစ္ခု ေပးအပ္ခဲ့ၿပီး ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရင္ လစာေတြ ေလွ်ာ့ခ်မွာ မဟုတ္ဘဲ ဒီဝင္ခြင့္ရမယ့္ အမွတ္ေပးဇယားရပ္တည္မွဳကို မရရွိခဲ့ရင္ေတာ့ လစာေငြေတြကို မူလအဆုိျပဳထားတဲ့အတုိင္း ေလွ်ာ့ခ်မယ့္အစီအစဥ္ကို အားလုံးက သေဘာတူညီခဲ့တာလည္းျဖစ္ပါတယ္။

ဒီသေဘာတူညီခ်က္မွာေတာ့ ေနာက္ထပ္အေျပာင္းအလဲျဖစ္ႏုိင္တဲ့ အခ်က္ေတြလည္း ပါဝင္ေနေသးၿပီး ခ်န္ပီယံလိဂ္ကို ဝင္ခဲ့ရင္ လစာေငြ မျဖတ္ဘူးဆုိတဲ့ေနာက္မွာ ယူ႐ိုပါလိဂ္ဝင္ခြင့္ပဲ ရရွိခဲ့ရင္ေတာ့ လစာေငြရဲ႕ ၇.၅ ရာခိုင္ႏွဳန္းကုိ ျဖတ္ေတာက္ခံရမွာျဖစ္ၿပီး ဥေရာပဝင္ခြင့္အားလုံးနဲ႔ လြဲေခ်ာ္ခဲ့ရင္ေတာ့ ၁၂.၅ ရာခိုင္ႏွဳန္း အျပည့္အဝ ျဖတ္ေတာက္ခံရမွာလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိအမွတ္ေပးဇယားရပ္တည္မွဳအရေတာ့ အဆင့္ ၄ ကို ဝင္ေရာက္ႏုိင္ဖို႔ ခက္ခဲၾကမ္းတမ္းတဲ့ ခရီးလမ္းကို ျဖတ္သန္းရဦးမွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးရဲ႕ ေစာင့္ဆိုင္းေနၿပီး အတည္မျပဳရေသးတဲ့ ဥေရာပပြဲပယ္ျပစ္ဒဏ္အရေတာ့ အဆင့္ ၅ ကို ရယူႏုိင္ခဲ့ရင္လည္း ခ်န္ပီယံလိဂ္နဲ႔ နီးစပ္ေကာင္းနီးစပ္ႏုိင္တယ္လို႔ ကၽြမ္းက်င္သူေတြက သူတုိ႔အသင္းကို အဆင့္ ၄ အျမင့္ဆုံးသာ ခန္႔မွန္းထားခဲ့ၾကတယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းတာဝန်ရှိသူတွေရဲ့ ကိုဗစ်-၁၉ ကြောင့် ဝင်ငွေလျော့ကျလာမှုအပေါ် ကာမိစေဖို့ ကစားသမားတွေရဲ့ လစာငွေတွေကို လျှော့ချမယ့် မူဝါဒအပေါ် အသင်းကစားသမားတွေက လက်ခံလိုက်ပြီး ဒီအတိုင်း လျှော့ချခံရမယ့်အစား အလောင်းအစားသဘောနဲ့ ရာသီကုန်မှာ လျှော့ချမချ ရွေးချယ်နိုင်မှုအပေါ် လောင်းကြေးထပ်လိုက်ပြီလို့ သိရပါတယ်။

မူလအစီအစဉ်အရတော့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ လာမယ့် ၁၂ လအတွင်း ကစားသမားတွေရဲ့ လစာငွေအားလုံးအပေါ်က ၁၂.၅ ရာခိုင်နှုန်းလျှော့ချမှုကို အလိုရှိနေခဲ့ကြောင်း အသင်းကို အသိပေးခဲ့တာဖြစ်ပြီး ဒါကို သူတို့တွေအနေနဲ့ လက်မခံခဲ့ဘဲ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး မျှော်လင့်နိုင်တဲ့ တခြားရွေးချယ်မှုကို ဆုပ်ကိုင်ခဲ့ကြပါတယ်။

ဒါကြောင့် မြောက်လန်ဒန်အသင်းတာဝန်ရှိသူတွေအနေနဲ့ ကစားသမားတွေကို နောက်ထပ်အဆိုပြုမှုတစ်ခု ပေးအပ်ခဲ့ပြီး ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် လစာတွေ လျှော့ချမှာ မဟုတ်ဘဲ ဒီဝင်ခွင့်ရမယ့် အမှတ်ပေးဇယားရပ်တည်မှုကို မရရှိခဲ့ရင်တော့ လစာငွေတွေကို မူလအဆိုပြုထားတဲ့အတိုင်း လျှော့ချမယ့်အစီအစဉ်ကို အားလုံးက သဘောတူညီခဲ့တာလည်းဖြစ်ပါတယ်။

ဒီသဘောတူညီချက်မှာတော့ နောက်ထပ်အပြောင်းအလဲဖြစ်နိုင်တဲ့ အချက်တွေလည်း ပါဝင်နေသေးပြီး ချန်ပီယံလိဂ်ကို ဝင်ခဲ့ရင် လစာငွေ မဖြတ်ဘူးဆိုတဲ့နောက်မှာ ယူရိုပါလိဂ်ဝင်ခွင့်ပဲ ရရှိခဲ့ရင်တော့ လစာငွေရဲ့ ၇.၅ ရာခိုင်နှုန်းကို ဖြတ်တောက်ခံရမှာဖြစ်ပြီး ဥရောပဝင်ခွင့်အားလုံးနဲ့ လွဲချော်ခဲ့ရင်တော့ ၁၂.၅ ရာခိုင်နှုန်း အပြည့်အဝ ဖြတ်တောက်ခံရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအရတော့ အဆင့် ၄ ကို ဝင်ရောက်နိုင်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ဖြတ်သန်းရဦးမှာဖြစ်ပြီး မန်ချက်စတာစီးတီးရဲ့ စောင့်ဆိုင်းနေပြီး အတည်မပြုရသေးတဲ့ ဥရောပပွဲပယ်ပြစ်ဒဏ်အရတော့ အဆင့် ၅ ကို ရယူနိုင်ခဲ့ရင်လည်း ချန်ပီယံလိဂ်နဲ့ နီးစပ်ကောင်းနီးစပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သူတို့အသင်းကို အဆင့် ၄ အမြင့်ဆုံးသာ ခန့်မှန်းထားခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.