Premier League Transfer News

30 Jun နံနက်ခင်းနောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ပစ်မှတ် ဆမ်ဘီ လိုကွန်ဂါကို ကြိုးစားနေခဲ့တာဟာ တကယ်တမ်းမှာ ဆောင်းရာသီ ကတည်းက ၆ လကြာမြင့်ခဲ့ပြီဖြစ်ပြီး ငွေပေးချေမှုအတွက် လက်ရှိမှာ သဘောတူညီမှု ရခဲ့ပြီဖြစ်သလို နောက်ဆုံးအထစ်တစ်ထစ်တည်း အဖြစ် အန်ဒါလက်ချ်ဘက်က တောင်းဆိုတဲ့ နောက်ထပ်ရောင်းချချိန်မှာ အကျိုးခံစားခွင့် ၁၅ ရာခိုင်နှုန်းအတွက်သာ ကျန်ရှိနေ။

– ဘင်ဖီကာအသင်းရဲ့ ဘယ်နောက်ခံလူ နူနို တာဗာရက်စ်နဲ့ အာဆင်နယ်အသင်းကြားမှာ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီနိုင်ခဲ့ပြီဖြစ်ပြီး အသင်းနှစ်သင်းကြား ယူရို ၁၅ သန်း ကျသင့်မယ့် ပြောင်းရွှေ့ကြေးအတွက် ကနဦးနဲ့ အရစ်ကျပေးချေမှုတွေကိုသာ ညှိနှိုင်းဖို့ လိုအပ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ စီးရီးအေကလပ် တိုရီနိုအသင်းက တစ်နှစ်ကျန်စာချုပ်ကို သက်တမ်းမတိုးနိုင်တော့လို့ ရောင်းချသွားဖို့ရှိနေတဲ့ တိုက်စစ်မှူး အန်ဒရီးယား ဘယ်လော့တီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက် ၂၇ နှစ်အရွယ် အီတလီလက်ရွေးစင်အတွက် ပေါင် ၂၉ သန်း (ယူရို ၃၄ သန်း) ပေးချေရဖွယ်ရှိကြောင်းသိရ။

– အသင်းရဲ့ နံပါတ် ၁၀ နဲ့ ကွင်းလယ်တိုက်စစ်ဖန်တီးရှင် ရှာဖွေမှုအတွက် အာဆင်နယ်ပရိသတ်တွေအနေနဲ့ ထပ်ပြီး မတင်မကျစိတ်ထားနဲ့ အားပေးရဦးမလား မသိဘဲဖြစ်နေပြီး ဒေါ့မွန်အသင်းက တစ်ရာသီအငှားချဖို့ စီစဉ်နေတဲ့ ဂျာမန်သား ဂျူလီယန် ဘရန့်ဒ်ကို အငှား+ ရာသီကုန်မှာ အပြီးသတ် ခေါ်ယူနိုင်ခွင့်နဲ့ ကြိုးစားဖို့ နည်းစနစ်ဒါရိုက်တာ အီဒူး ရည်ရွယ်နေ။

– အာဆင်နယ်အသင်းရဲ့ သူ့အပေါ် ဆက်ဆံပုံအတွက် မကျေမနပ်ဖြစ်နေပြီး နှစ်ရာသီဆက်တိုက် အငှားထွက်ကစားခဲ့ရသလို မြောက်လန်ဒန် အမ်းမရိတ်မှာ ခြေကုတ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ အေးဂျင့်နဲ့အတူ အနာဂတ်ကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့ တာဝန်ရှိသူတွေဆီ တောင်းဆိုထားခဲ့။

– ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနေလို့ အာဆင်နယ်ပရိသတ်တွေက အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ အလိုရှိနေတဲ့ ကွင်းလယ်လူ ဂရာနစ် ချာကာအနေနဲ့ သူတို့တွေ စိတ်ပျက်ရမယ့်စကားကို ပြောကြားလိုက်ပြန်ပြီး ရိုးမားဟာ ဘယ်လိုအသင်းမျိုးလဲဆိုတာ သိကြမှာပါဆိုတာနဲ့ အင်္ဂလိပ်ဘာသာကို လေ့လာပြီးချိန်မှာ အီတာလျံဘာသာကို ဘာလို့ ထပ်ပြီး အသစ်မလေ့လာနိုင်ရမှာလဲလို့ ဆိုသွားခဲ့။

– လာမယ့်ရာသီမှာ ကျောနံပါတ် ၁၈ ကနေ ၅ ကို ပြောင်းလဲဝတ်ဆင်ဖို့ ရွေးချယ်လိုက်တဲ့ အာဆင်နယ်ကွင်းလယ်လူ သောမတ်စ် ပါတေးက သူ့ရဲ့ ဆုံးဖြတ်ချက်အတွက် ရှင်းပြသွားခဲ့ပြီး ဒီနံပါတ်ကို ပြီးခဲ့တဲ့ နှစ်တွေအတော်ကြာ စွဲစွဲမြဲမြဲ ဝတ်ဆင်ခဲ့တာဖြစ်သလို သူ့အတွက် ကံကောင်းတဲ့ နံပါတ်အဖြစ် ယူဆလို့ဖြစ်ကြောင်း ရှင်းလင်းသွား။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို ရာသီဝက်အငှားနဲ့ ခေါ်ယူပြီး အရသာတွေ့သွားခဲ့တဲ့ နယူးကာဆယ်လ်ယူနိုက်တက်အနေနဲ့ သူ့ကို ခေါ်ယူဖို့ လက်မလျှော့သေးသလို အသင်းက ထွက်ခွာချင်နေတဲ့ နောက်ခံလူ ဆာလီဘာကိုလည်း လိုင်လီအသင်းနဲ့အပြိုင် အငှားခေါ်ယူဖို့ ကြိုးစားနေ။

– ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ရရှိနိုင်မယ့် လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါအတွက် ပြင်သစ်ကလပ်ရဲ့ ဥက္ကဌ ယွန်း-မီရှယ် အောလပ်စ်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းက အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူဖို့ ဝင်လာခဲ့တာကြောင့် ခက်ခဲဖို့ရှိလာ။

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ပေါင်သန်းရာကျော်သုံးစွဲနိုင်မယ်ဆိုတဲ့ သတင်းတွေက တဖြည်းဖြည်း ခိုင်မာလာခဲ့တဲ့အပြီးမှာ ပရိသတ်တွေအနေနဲ့ အင်္ဂလန်သားတွေဖြစ်ကြတဲ့ ရာဟင်းမ် စတာလင်နဲ့ ဂျက်ခ် ဂရီးလစ်ရှ်တို့ကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ပစ္မွတ္ ဆမ္ဘီ လိုကြန္ဂါကို ႀကိဳးစားေနခဲ့တာဟာ တကယ္တမ္းမွာ ေဆာင္းရာသီ ကတည္းက ၆ လၾကာျမင့္ခဲ့ၿပီျဖစ္ၿပီး ေငြေပးေခ်မႈအတြက္ လက္ရွိမွာ သေဘာတူညီမႈ ရခဲ့ၿပီျဖစ္သလို ေနာက္ဆုံးအထစ္တစ္ထစ္တည္း အျဖစ္ အန္ဒါလက္ခ်္ဘက္က ေတာင္းဆိုတဲ့ ေနာက္ထပ္ေရာင္းခ်ခ်ိန္မွာ အက်ိဳးခံစားခြင့္ ၁၅ ရာခိုင္ႏႈန္းအတြက္သာ က်န္ရွိေန။

– ဘင္ဖီကာအသင္းရဲ႕ ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္နဲ႔ အာဆင္နယ္အသင္းၾကားမွာ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီႏိုင္ခဲ့ၿပီျဖစ္ၿပီး အသင္းႏွစ္သင္းၾကား ယူ႐ို ၁၅ သန္း က်သင့္မယ့္ ေျပာင္းေ႐ႊ႕ေၾကးအတြက္ ကနဦးနဲ႔ အရစ္က်ေပးေခ်မႈေတြကိုသာ ညႇိႏႈိင္းဖို႔ လိုအပ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ စီးရီးေအကလပ္ တိုရီႏိုအသင္းက တစ္ႏွစ္က်န္စာခ်ဳပ္ကို သက္တမ္းမတိုးႏိုင္ေတာ့လို႔ ေရာင္းခ်သြားဖို႔ရွိေနတဲ့ တိုက္စစ္မႉး အန္ဒရီးယား ဘယ္ေလာ့တီကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အသက္ ၂၇ ႏွစ္အ႐ြယ္ အီတလီလက္ေ႐ြးစင္အတြက္ ေပါင္ ၂၉ သန္း (ယူ႐ို ၃၄ သန္း) ေပးေခ်ရဖြယ္ရွိေၾကာင္းသိရ။

– အသင္းရဲ႕ နံပါတ္ ၁၀ နဲ႔ ကြင္းလယ္တိုက္စစ္ဖန္တီးရွင္ ရွာေဖြမႈအတြက္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ထပ္ၿပီး မတင္မက်စိတ္ထားနဲ႔ အားေပးရဦးမလား မသိဘဲျဖစ္ေနၿပီး ေဒါ့မြန္အသင္းက တစ္ရာသီအငွားခ်ဖို႔ စီစဥ္ေနတဲ့ ဂ်ာမန္သား ဂ်ဴလီယန္ ဘရန႔္ဒ္ကို အငွား+ ရာသီကုန္မွာ အၿပီးသတ္ ေခၚယူႏိုင္ခြင့္နဲ႔ ႀကိဳးစားဖို႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ရည္႐ြယ္ေန။

– အာဆင္နယ္အသင္းရဲ႕ သူ႔အေပၚ ဆက္ဆံပုံအတြက္ မေက်မနပ္ျဖစ္ေနၿပီး ႏွစ္ရာသီဆက္တိုက္ အငွားထြက္ကစားခဲ့ရသလို ေျမာက္လန္ဒန္ အမ္းမရိတ္မွာ ေျခကုတ္ယူႏိုင္ခဲ့ျခင္းမရွိတဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ ေအးဂ်င့္နဲ႔အတူ အနာဂတ္ကို ရွင္းရွင္းလင္းလင္းျဖစ္ဖို႔ တာဝန္ရွိသူေတြဆီ ေတာင္းဆိုထားခဲ့။

– ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းျပေနလို႔ အာဆင္နယ္ပရိသတ္ေတြက အသင္းမွာ ဆက္လက္ထိန္းသိမ္းဖို႔ အလိုရွိေနတဲ့ ကြင္းလယ္လူ ဂရာနစ္ ခ်ာကာအေနနဲ႔ သူတို႔ေတြ စိတ္ပ်က္ရမယ့္စကားကို ေျပာၾကားလိုက္ျပန္ၿပီး ႐ိုးမားဟာ ဘယ္လိုအသင္းမ်ိဳးလဲဆိုတာ သိၾကမွာပါဆိုတာနဲ႔ အဂၤလိပ္ဘာသာကို ေလ့လာၿပီးခ်ိန္မွာ အီတာလ်ံဘာသာကို ဘာလို႔ ထပ္ၿပီး အသစ္မေလ့လာႏိုင္ရမွာလဲလို႔ ဆိုသြားခဲ့။

– လာမယ့္ရာသီမွာ ေက်ာနံပါတ္ ၁၈ ကေန ၅ ကို ေျပာင္းလဲဝတ္ဆင္ဖို႔ ေ႐ြးခ်ယ္လိုက္တဲ့ အာဆင္နယ္ကြင္းလယ္လူ ေသာမတ္စ္ ပါေတးက သူ႔ရဲ႕ ဆုံးျဖတ္ခ်က္အတြက္ ရွင္းျပသြားခဲ့ၿပီး ဒီနံပါတ္ကို ၿပီးခဲ့တဲ့ ႏွစ္ေတြအေတာ္ၾကာ စြဲစြဲၿမဲၿမဲ ဝတ္ဆင္ခဲ့တာျဖစ္သလို သူ႔အတြက္ ကံေကာင္းတဲ့ နံပါတ္အျဖစ္ ယူဆလို႔ျဖစ္ေၾကာင္း ရွင္းလင္းသြား။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို ရာသီဝက္အငွားနဲ႔ ေခၚယူၿပီး အရသာေတြ႕သြားခဲ့တဲ့ နယူးကာဆယ္လ္ယူႏိုက္တက္အေနနဲ႔ သူ႔ကို ေခၚယူဖို႔ လက္မေလွ်ာ့ေသးသလို အသင္းက ထြက္ခြာခ်င္ေနတဲ့ ေနာက္ခံလူ ဆာလီဘာကိုလည္း လိုင္လီအသင္းနဲ႔အၿပိဳင္ အငွားေခၚယူဖို႔ ႀကိဳးစားေန။

– ေပါင္သန္း ၂၀ ဝန္းက်င္နဲ႔ ရရွိႏိုင္မယ့္ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါအတြက္ ျပင္သစ္ကလပ္ရဲ႕ ဥကၠဌ ယြန္း-မီရွယ္ ေအာလပ္စ္နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိထားတဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းက အာဆင္နယ္အသင္းနဲ႔အၿပိဳင္ ေခၚယူဖို႔ ဝင္လာခဲ့တာေၾကာင့္ ခက္ခဲဖို႔ရွိလာ။

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းအတြက္ ေပါင္သန္းရာေက်ာ္သုံးစြဲႏိုင္မယ္ဆိုတဲ့ သတင္းေတြက တျဖည္းျဖည္း ခိုင္မာလာခဲ့တဲ့အၿပီးမွာ ပရိသတ္ေတြအေနနဲ႔ အဂၤလန္သားေတြျဖစ္ၾကတဲ့ ရာဟင္းမ္ စတာလင္နဲ႔ ဂ်က္ခ္ ဂရီးလစ္ရွ္တို႔ကို ေခၚယူေပးဖို႔ ေတာင္းဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.