Premier League

ချန်ပီယံဆုအတွက် အင်္ဂလန်ရဲ့နောက်ထပ်ခြေလှမ်း အင်္ဂလန် 2-0 ဂျာမနီ ပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ ချက်

အင်္ဂလန်အသင်းဟာ ဂျာမနီအသင်းကို ဝင်ဘလေကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ယူရို ၂၀၂၀ ရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ စတာလင်နဲ့ ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ အဆိုပါပွဲစဉ်မှ ထူးထူးခြားခြား သတိထားမိစရာ အချက် ၇ ချက်ကို ဖော်ပြလိုက်ပါတယ်။

စတာလင်ရဲ့ နွေရာသီမှာ တောက်ပနေမှု
စတာလင်အတွက် နောက်ထပ်တစ်ပွဲ၊ နောက်ထပ် သွင်းဂိုးတစ်ဂိုးဖြစ်ခဲ့ပြီး အချိန်ကိုက် နေရာယူဂိုးသွင်းကာ မယုံကြည်ရတဲ့ တိုက်စစ်ကစားသမားအဖြစ်ကနေ သူ့အတွက် ယုံကြည်မှုပြန်ရစေခဲ့တဲ့ သွင်းဂိုးတွေကို ယူရို ၂၀၂၀ မှာ သွင်းယူနေခဲ့သူပါ။ အင်္ဂလန်တိုက်စစ်မှူးတွေအနေနဲ့ တစ်ဦးချင်းဆုတံဆိပ်ရဖို့ မလွယ်ပေမယ့် အင်္ဂလန်ပြည်သူတွေရဲ့ ရင်ထဲမှာ အမြဲတမ်းရှိနေပါတော့မယ်။ အထူးသဖြင့် စတာလင်ပေါ့။

စကားပြောတဲ့ ကွင်းလယ်
အင်္ဂလန်အသင်းက သူတို့ထက်ပိုကောင်းပြီး ပိုတည်ငြိမ်တဲ့ ဂျာမနီကွင်းလယ်မလို့ စိုးရိမ်စိတ်တွေနဲ့ စတင်လာမယ်ဆိုရင်တောင် မဆန်းပါဘူး။ ကရူးစ်နဲ့ဂေါ်ရက်ဇ်ကာတို့ရဲ့ကွင်းလယ်က ရိုက်စ်နဲ့ဖီးလစ်တို့ရဲ့ကွင်းလယ်ထက် ပွဲကြီးအတွေ့အကြုံပိုများပါတယ်။ ဂျာမန်ကွင်းလယ်ကို မယှဉ်နိုင်ဘူးလို့ ပျမ်းမျှယူဆလို့ရခဲ့ပြီး ကွင်းလယ်ခံစစ်အတွဲရဲ့ အဝါကတ်စောစောထိထားပေမယ့် ဖိအားကို ခံနိုင်မှုကတော့ ချီးကျူးစရာပဲဖြစ်ပါတယ်။

ဂိုးမသွင်းခင်ထိ အဆိပ်မရှိတဲ့ဟယ်ရီကိန်း
ဟယ်ရီကိန်းအတွက်တော့ ပထမပိုင်းတစ်ပိုင်းလုံးမှာကစားကွက် ပြင်ပ ရောက်နေခဲ့ပြီး ပါမှန်းတောင်မသေချာတဲ့အထိပါ။ ပထမပိုင်း မိနစ် ၃၀ ကျော်အထိ ဘောလုံးနှစ်ကြိမ်သာ ထိခဲ့ပြီး စပါးစ်မှာလို ကွင်းလယ်ထိ ဘောလုံးဆင်းယူကာ ကစားကွက်ထဲအမြဲပါဝင်နေတဲ့ တိုက်စစ်မှူးပုံစံဟာ အင်္ဂလန်ပွဲတိုင်းမှာ ပျောက်နေခဲ့ပါတယ်။ သူ့အနေနဲ့ လေးလံနေပေမယ့် စိတ်ဓါတ်တစ်ခုတည်းနဲ့သာ ကွင်းထဲရှိနေပြီး ဂိုးပါသွင်းယူနိုင်ခဲ့ပုံပါပဲ။

ဟမ်းမဲလ်ရဲ့ တားဆီးမှုတွေ
ပထမပိုင်းမှာ ဟယ်ရီကိန်း ထိချက်နည်းခဲ့ရတာက သူ့အမှားရယ်လို့လည်းမဟုတ်ပဲ ဂျာမနီနောက်ခံလူတွေရဲ့ ခြေစွမ်းပြမှုကြောင့်လည်းဖြစ်ပါတယ်။ ဗဟိုနောက်ခံလူ ၃ ယောက်ထဲ ဟမ်းမဲလ်က အကောင်းဆုံးဖြစ်ခဲ့ပြီး အင်္ဂလန်အသင်းရဲ့ အပိုင်အခွင့်အ‌ရေး တွေကို လက်ဖျားခါလောက်တဲ့ ဖျက်ထုတ်မှုတွေနဲ့ တားဆီးသွားနိုင်ခဲ့တာပါ။ ဂိုးသွင်းသလို ရင်ခုန်ရတဲ့ ဖျက်ထုတ်မှုတွေကို ပွဲစဉ်တစ်လျှောက် အကောင်းဆုံးပြုလုပ်သွားနိုင်ခဲ့သူပါ။

ချန်ပီယံဆုအတွက် နောက်ထပ်ခြေလှမ်း
ဝင်ဘလေကွင်းထဲက ပရိတ်သတ် ၄၃,၀၀၀ ရဲ့ အားပေးမှုက ခုံအလွတ်တွေများခဲ့ပေမယ့် လုံလောက်ခဲ့ပါတယ်။ ကိုဗစ်စဖြစ်တဲ့အချိန်ကစလို့ အကောင်းဆုံး ပရိတ်သတ်အားပေးမှုဖြစ်ပေမယ့် ကွာတားဖိုင်နယ်မှာတော့ ပိုများပြီး ကျယ်လောင်တဲ့ အင်္ဂလန် ပရိတ်သတ်တွေရဲ့ အားပေးပုံကို မြင်ရဦးမှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ခြေစွမ်းကို ပရိတ်သတ်အားပေးမှုကလည်း တစ်နည်းတစ်ဖုံ တက်စေတာကိုတော့ မေ့ထားလို့မရပါဘူး။

ဂိုးသွင်းခြေမတွေ့ခဲ့တဲ့ ချယ်လ်ဆီးကစားသမားနှစ်ယောက်
ဗာနာက နည်းစနစ်ပိုင်း ထူးချွန်ပြီး ကြိုးစားခဲ့ပေမယ့် လာမယ့်ရာသီအတွက် သွင်းဂိုးများဖို့တော့ မသေချာသေးပါဘူး။ ပထမပိုင်းက ပစ်ခ်ဖို့ဒ်ကာကွယ်ခဲ့တဲ့အလုံးမှာလည်း သူ့အနေနဲ့ ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ပုံမတွေ့ခဲ့ရပါဘူး။ ဟာဗက်ဇ် ကတော့ သွင်းဂိုးတွေကြောင့် ထင်ရှားတာမဟုတ်တဲ့အတွက် ဗာနာလို စိုးရိမ်စရာသိပ်မရှိခဲ့ပါဘူး။ ကစားပုံကောင်းပြီး ကစားကွက်နဲ့လျော်ညီခဲ့ပေမယ့် နိုင်ပွဲအတွက်တော့ မလုံလောက်ခဲ့ပါဘူး။

မျှော်လင့်ခဲ့ကြသလို စွမ်းဆောင်နိုင်ခဲ့တဲ့အင်္ဂလန်
အင်္ဂလန်အသင်းကတော့ ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီဖြစ်ပြီး လမ်းကြောင်းအရ ချောင်တယ်လို့ ပြောလို့ရပါတယ်။ ကွာတားဖိုင်နယ်မှာ ယူကရိန်းနဲ့တွေ့မှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ဖို့များနေကာ တက်ခဲ့ရင်လည်း ချက်(သို့မဟုတ်) ဒိန်းမတ်နဲ့ တွေ့ရမှာဖြစ်တဲ့အတွက် ချန်ပီယံအိပ်မက်က လက်တွေ့ဖြစ်လာဖို့ နီးစပ်နေတာလည်းဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိပုံစံကိုသာ ဆက်ထိန်းနိုင်မယ်ဆို ယူရိုမှာ ဘယ်အသင်းကိုမှ ရှိန်မနေသင့်တော့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
အဂၤလန္အသင္းဟာ ဂ်ာမနီအသင္းကို ဝင္ဘေလကြင္းမွာ ၂-၀ ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ယူ႐ို ၂၀၂၀ ရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။ စတာလင္နဲ႔ ဟယ္ရီကိန္းတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့တဲ့ အဆိုပါပြဲစဥ္မွ ထူးထူးျခားျခား သတိထားမိစရာ အခ်က္ ၇ ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

စတာလင္ရဲ႕ ေႏြရာသီမွာ ေတာက္ပေနမႈ
စတာလင္အတြက္ ေနာက္ထပ္တစ္ပြဲ၊ ေနာက္ထပ္ သြင္းဂိုးတစ္ဂိုးျဖစ္ခဲ့ၿပီး အခ်ိန္ကိုက္ ေနရာယူဂိုးသြင္းကာ မယုံၾကည္ရတဲ့ တိုက္စစ္ကစားသမားအျဖစ္ကေန သူ႔အတြက္ ယုံၾကည္မႈျပန္ရေစခဲ့တဲ့ သြင္းဂိုးေတြကို ယူ႐ို ၂၀၂၀ မွာ သြင္းယူေနခဲ့သူပါ။ အဂၤလန္တိုက္စစ္မႉးေတြအေနနဲ႔ တစ္ဦးခ်င္းဆုတံဆိပ္ရဖို႔ မလြယ္ေပမယ့္ အဂၤလန္ျပည္သူေတြရဲ႕ ရင္ထဲမွာ အၿမဲတမ္းရွိေနပါေတာ့မယ္။ အထူးသျဖင့္ စတာလင္ေပါ့။

စကားေျပာတဲ့ ကြင္းလယ္
အဂၤလန္အသင္းက သူတို႔ထက္ပိုေကာင္းၿပီး ပိုတည္ၿငိမ္တဲ့ ဂ်ာမနီကြင္းလယ္မလို႔ စိုးရိမ္စိတ္ေတြနဲ႔ စတင္လာမယ္ဆိုရင္ေတာင္ မဆန္းပါဘူး။ က႐ူးစ္နဲ႔ေဂၚရက္ဇ္ကာတို႔ရဲ႕ကြင္းလယ္က ႐ိုက္စ္နဲ႔ဖီးလစ္တို႔ရဲ႕ကြင္းလယ္ထက္ ပြဲႀကီးအေတြ႕အႀကဳံပိုမ်ားပါတယ္။ ဂ်ာမန္ကြင္းလယ္ကို မယွဥ္ႏိုင္ဘူးလို႔ ပ်မ္းမွ်ယူဆလို႔ရခဲ့ၿပီး ကြင္းလယ္ခံစစ္အတြဲရဲ႕ အဝါကတ္ေစာေစာထိထားေပမယ့္ ဖိအားကို ခံႏိုင္မႈကေတာ့ ခ်ီးက်ဴးစရာပဲျဖစ္ပါတယ္။

ဂိုးမသြင္းခင္ထိ အဆိပ္မရွိတဲ့ဟယ္ရီကိန္း
ဟယ္ရီကိန္းအတြက္ေတာ့ ပထမပိုင္းတစ္ပိုင္းလုံးမွာကစားကြက္ ျပင္ပ ေရာက္ေနခဲ့ၿပီး ပါမွန္းေတာင္မေသခ်ာတဲ့အထိပါ။ ပထမပိုင္း မိနစ္ ၃၀ ေက်ာ္အထိ ေဘာလုံးႏွစ္ႀကိမ္သာ ထိခဲ့ၿပီး စပါးစ္မွာလို ကြင္းလယ္ထိ ေဘာလုံးဆင္းယူကာ ကစားကြက္ထဲအၿမဲပါဝင္ေနတဲ့ တိုက္စစ္မႉးပုံစံဟာ အဂၤလန္ပြဲတိုင္းမွာ ေပ်ာက္ေနခဲ့ပါတယ္။ သူ႔အေနနဲ႔ ေလးလံေနေပမယ့္ စိတ္ဓါတ္တစ္ခုတည္းနဲ႔သာ ကြင္းထဲရွိေနၿပီး ဂိုးပါသြင္းယူႏိုင္ခဲ့ပုံပါပဲ။

ဟမ္းမဲလ္ရဲ႕ တားဆီးမႈေတြ
ပထမပိုင္းမွာ ဟယ္ရီကိန္း ထိခ်က္နည္းခဲ့ရတာက သူ႔အမွားရယ္လို႔လည္းမဟုတ္ပဲ ဂ်ာမနီေနာက္ခံလူေတြရဲ႕ ေျခစြမ္းျပမႈေၾကာင့္လည္းျဖစ္ပါတယ္။ ဗဟိုေနာက္ခံလူ ၃ ေယာက္ထဲ ဟမ္းမဲလ္က အေကာင္းဆုံးျဖစ္ခဲ့ၿပီး အဂၤလန္အသင္းရဲ႕ အပိုင္အခြင့္အ‌ေရး ေတြကို လက္ဖ်ားခါေလာက္တဲ့ ဖ်က္ထုတ္မႈေတြနဲ႔ တားဆီးသြားႏိုင္ခဲ့တာပါ။ ဂိုးသြင္းသလို ရင္ခုန္ရတဲ့ ဖ်က္ထုတ္မႈေတြကို ပြဲစဥ္တစ္ေလွ်ာက္ အေကာင္းဆုံးျပဳလုပ္သြားႏိုင္ခဲ့သူပါ။

ခ်န္ပီယံဆုအတြက္ ေနာက္ထပ္ေျခလွမ္း
ဝင္ဘေလကြင္းထဲက ပရိတ္သတ္ ၄၃,၀၀၀ ရဲ႕ အားေပးမႈက ခုံအလြတ္ေတြမ်ားခဲ့ေပမယ့္ လုံေလာက္ခဲ့ပါတယ္။ ကိုဗစ္စျဖစ္တဲ့အခ်ိန္ကစလို႔ အေကာင္းဆုံး ပရိတ္သတ္အားေပးမႈျဖစ္ေပမယ့္ ကြာတားဖိုင္နယ္မွာေတာ့ ပိုမ်ားၿပီး က်ယ္ေလာင္တဲ့ အဂၤလန္ ပရိတ္သတ္ေတြရဲ႕ အားေပးပုံကို ျမင္ရဦးမွာျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ ေျခစြမ္းကို ပရိတ္သတ္အားေပးမႈကလည္း တစ္နည္းတစ္ဖုံ တက္ေစတာကိုေတာ့ ေမ့ထားလို႔မရပါဘူး။

ဂိုးသြင္းေျခမေတြ႕ခဲ့တဲ့ ခ်ယ္လ္ဆီးကစားသမားႏွစ္ေယာက္
ဗာနာက နည္းစနစ္ပိုင္း ထူးခြၽန္ၿပီး ႀကိဳးစားခဲ့ေပမယ့္ လာမယ့္ရာသီအတြက္ သြင္းဂိုးမ်ားဖို႔ေတာ့ မေသခ်ာေသးပါဘူး။ ပထမပိုင္းက ပစ္ခ္ဖို႔ဒ္ကာကြယ္ခဲ့တဲ့အလုံးမွာလည္း သူ႔အေနနဲ႔ ဂိုးသြင္းႏိုင္မယ္လို႔ ယုံၾကည္ပုံမေတြ႕ခဲ့ရပါဘူး။ ဟာဗက္ဇ္ ကေတာ့ သြင္းဂိုးေတြေၾကာင့္ ထင္ရွားတာမဟုတ္တဲ့အတြက္ ဗာနာလို စိုးရိမ္စရာသိပ္မရွိခဲ့ပါဘူး။ ကစားပုံေကာင္းၿပီး ကစားကြက္နဲ႔ေလ်ာ္ညီခဲ့ေပမယ့္ ႏိုင္ပြဲအတြက္ေတာ့ မလုံေလာက္ခဲ့ပါဘူး။

ေမွ်ာ္လင့္ခဲ့ၾကသလို စြမ္းေဆာင္ႏိုင္ခဲ့တဲ့အဂၤလန္
အဂၤလန္အသင္းကေတာ့ ကြာတားဖိုင္နယ္ကို ေရာက္ရွိခဲ့ၿပီျဖစ္ၿပီး လမ္းေၾကာင္းအရ ေခ်ာင္တယ္လို႔ ေျပာလို႔ရပါတယ္။ ကြာတားဖိုင္နယ္မွာ ယူကရိန္းနဲ႔ေတြ႕မွာျဖစ္ၿပီး ဆီမီးဖိုင္နယ္တက္ဖို႔မ်ားေနကာ တက္ခဲ့ရင္လည္း ခ်က္(သို႔မဟုတ္)ဒိန္းမတ္နဲ႔ ေတြ႕ရမွာျဖစ္တဲ့အတြက္ ခ်န္ပီယံအိပ္မက္က လက္ေတြ႕ျဖစ္လာဖို႔ နီးစပ္ေနတာလည္းျဖစ္ပါတယ္။ သူတို႔ဟာ လက္ရွိပုံစံကိုသာ ဆက္ထိန္းႏိုင္မယ္ဆို ယူ႐ိုမွာ ဘယ္အသင္းကိုမွ ရွိန္မေနသင့္ေတာ့ပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.