Analysis Article International

ပထမဆုံး နိုင်ငံတကာဆုဖလားအတွက် ခြေစွမ်းပြမောင်းနှင်နိုင်မှာလား မက်ဆီ?

ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြပြီး စံချိန်အမျိုးမျိုးကို တင်ရှိခဲ့သလောက် နိုင်ငံ့လက်ရွေးစင်ဘဝ အာဂျင်တီးနားအသင်းနဲ့ဆိုရင် မေးခွန်း အကြိမ်ကြိမ်အထုတ်ခံရလေ့ရှိတဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ ဘိုလီဗီးယားနဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ချစ်ခင်သူ ပရိသတ်တွေအတွက် ဆုဖလားတစ်လုံးကို အနားမယူခင် ရယူပေးဖို့ မောင်းနှင်သွားနိုင်တော့မှာလားလို့ မျှော်လင့်ချင်စရာဖြစ်လာခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ဘိုလီဗီးယားတို့ ဘရာဇီးလ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန် ၆ မိနစ်မှာ သွင်းယူခဲ့တဲ့ အာလေယန်ဒရို ဂိုမက်ဇ်ရဲ့ သွင်းဂိုးကို ပညာသားပါပါ ဖန်တီးပေးခဲ့ပြီးကတည်းက ဒီပွဲအတွက် မက်ဆီရဲ့ အဖွင့်က လှပခဲ့ပြီး ဖြူပြာကျားတွေရဲ့ပွဲပဲဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဂိုမက်ဇ်ကြောင့်ရတဲ့ ပင်နယ်တီကို မက်ဆီက ဂိုးသမား မလှုပ်နိုင်အောင် အမှားအယွင်းမရှိ ကန်သွင်းပြီး အာဂျင်တီးနားတို့အတွက် ဒုတိယဂိုးရယူပေးခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာလည်း ဘာစီလိုနာအသင်းဖော်သစ် ဆာဂျီယို အဂွေရိုရဲ့ ပေးပို့မှုကနေ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးသမားကို ကျော်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

လေးဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးခဲ့တဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင်ဖြစ်သူ မက်ဆီအနေနဲ့ ဟက်ထရစ် မရခဲ့တာတစ်ခုပဲ ပြောစရာရှိခဲ့ပြီး သူ့ရဲ့ တစ်ပွဲလုံး စွမ်းဆောင်ရည်နဲ့ အကျိုးပြုနိုင်မှုကတော့ တစ်သင်းလုံးအနေအထားအရ အကောင်းဆုံးဖြစ်ခဲ့သလို ကိုပါအမေရိက ၂၀၂၁ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ဉီးဆောင်နိုင်ခဲ့တာပါ။

ဘာစီလိုနာတိုက်စစ်မှူးအနေနဲ့ တစ်ပွဲလုံးမှာ ဘောလုံးထိချက် ၉၃ ကြိမ်၊ ဂိုးကန်သွင်းမှု ၅ ကြိမ်မှာ ၄ ကြိမ် ဂိုးပေါက်တည့်၊ သွင်းဂိုး ၂ ဂိုး၊ ဖန်တီးမှု ၁ ကြိမ်၊ အဝေးဘော ပေးပို့မှု ၁၀ ကြိမ်မှာ ၉ ကြိမ် အောင်မြင်ခဲ့ပြီး ဘောလုံးဆွဲပြေးမှု ၅ ကြိမ်မှာလည်း ၄ ကြိမ် အောင်မြင်ခဲ့တာကြောင့် Sofa Score ဝက်ဘ်ဆိုက်ကတော့ Rating 9.9 အထိ သတ်မှတ်ပေးသွားခဲ့ပါတယ်။

မက်ဆီဟာ အသက် ၃၄ နှစ်အရွယ်မှာ အသင်းအတွက် ၁၄၈ ပွဲမြောက်ကို ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းဖော်ဟောင်း ဟားဗီးယား မာရှေရာနိုရဲ့ အာဂျင်တီးနားအတွက် ပွဲအများဆုံးကစားထားတဲ့ ၁၄၇ ပွဲစံချိန်ကို ချိုးဖျက်ပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာလည်းဖြစ်သလို အသင်းအတွက် ထာဝရ ဂိုးသွင်းဘုရင်အဖြစ်လည်း ၇၅ ဂိုးနဲ့ ရပ်တည်နေခဲ့တာပါ။

လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာတော့ အာဂျင်တီးနားတို့အနေနဲ့ အီကွေဒေါနဲ့ ကစားရမှာဖြစ်သလို နောက်တစ်ဆင့်မှာတော့ ၂၀၁၄ တုန်းကလောက် မကောင်းတော့တဲ့ ဥရုဂွေးနဲ့ ကိုလံဘီယာတို့အတွဲက တက်လာတဲ့အသင်းနဲ့ ဆီမီးမှာ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲမှာတော့ အိမ်ရှင် ဘရာဇီးလ်တို့နဲ့ ရင်ဆိုင်ရနိုင်ချိန်မှာ သုံးပွဲအကျန် ခရီးလမ်းကို မက်ဆီအနေနဲ့ အသင်းကို မောင်းနှင်ပြီး အပြင်းထန်ဆုံးပြိုင်ဘက်ရဲ့ မြေမှာ အောင်ပွဲခံဖို့ လုပ်ဆောင်နိုင်မလားဆိုတာ လက်ရှိခြေစွမ်းအရ ရင်ခုန်နိုင်ကြမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းမွာ ေျခစြမ္းျပၿပီး စံခ်ိန္အမ်ိဳးမ်ိဳးကို တင္ရွိခဲ့သေလာက္ ႏိုင္ငံ့လက္ေ႐ြးစင္ဘဝ အာဂ်င္တီးနားအသင္းနဲ႔ဆိုရင္ ေမးခြန္း အႀကိမ္ႀကိမ္အထုတ္ခံရေလ့ရွိတဲ့ တိုက္စစ္မႉး လီယြန္နယ္ မက္ဆီအေနနဲ႔ ၿပီးခဲ့တဲ့ ဘိုလီဗီးယားနဲ႔ပြဲမွာ ေျခစြမ္းျပသႏိုင္ခဲ့ၿပီး ခ်စ္ခင္သူ ပရိသတ္ေတြအတြက္ ဆုဖလားတစ္လုံးကို အနားမယူခင္ ရယူေပးဖို႔ ေမာင္းႏွင္သြားႏိုင္ေတာ့မွာလားလို႔ ေမွ်ာ္လင့္ခ်င္စရာျဖစ္လာခဲ့ပါတယ္။

အာဂ်င္တီးနားနဲ႔ ဘိုလီဗီးယားတို႔ ဘရာဇီးလ္ႏိုင္ငံမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ ပြဲခ်ိန္ ၆ မိနစ္မွာ သြင္းယူခဲ့တဲ့ အာေလယန္ဒ႐ို ဂိုမက္ဇ္ရဲ႕ သြင္းဂိုးကို ပညာသားပါပါ ဖန္တီးေပးခဲ့ၿပီးကတည္းက ဒီပြဲအတြက္ မက္ဆီရဲ႕ အဖြင့္က လွပခဲ့ၿပီး ျဖဴျပာက်ားေတြရဲ႕ပြဲပဲျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဂိုမက္ဇ္ေၾကာင့္ရတဲ့ ပင္နယ္တီကို မက္ဆီက ဂိုးသမား မလႈပ္ႏိုင္ေအာင္ အမွားအယြင္းမရွိ ကန္သြင္းၿပီး အာဂ်င္တီးနားတို႔အတြက္ ဒုတိယဂိုးရယူေပးခဲ့သလို ပြဲခ်ိန္ ၄၂ မိနစ္မွာလည္း ဘာစီလိုနာအသင္းေဖာ္သစ္ ဆာဂ်ီယို အေဂြ႐ိုရဲ႕ ေပးပို႔မႈကေန လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ဂိုးသမားကို ေက်ာ္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ေလးဂိုး-တစ္ဂိုးနဲ႔ ၿပီးဆုံးခဲ့တဲ့ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ျဖစ္သူ မက္ဆီအေနနဲ႔ ဟက္ထရစ္ မရခဲ့တာတစ္ခုပဲ ေျပာစရာရွိခဲ့ၿပီး သူ႔ရဲ႕ တစ္ပြဲလုံး စြမ္းေဆာင္ရည္နဲ႔ အက်ိဳးျပဳႏိုင္မႈကေတာ့ တစ္သင္းလုံးအေနအထားအရ အေကာင္းဆုံးျဖစ္ခဲ့သလို ကိုပါအေမရိက ၂၀၂၁ ၿပိဳင္ပြဲရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္လည္း ဉီးေဆာင္ႏိုင္ခဲ့တာပါ။

ဘာစီလိုနာတိုက္စစ္မႉးအေနနဲ႔ တစ္ပြဲလုံးမွာ ေဘာလုံးထိခ်က္ ၉၃ ႀကိမ္၊ ဂိုးကန္သြင္းမႈ ၅ ႀကိမ္မွာ ၄ ႀကိမ္ ဂိုးေပါက္တည့္၊ သြင္းဂိုး ၂ ဂိုး၊ ဖန္တီးမႈ ၁ ႀကိမ္၊ အေဝးေဘာ ေပးပို႔မႈ ၁၀ ႀကိမ္မွာ ၉ ႀကိမ္ ေအာင္ျမင္ခဲ့ၿပီး ေဘာလုံးဆြဲေျပးမႈ ၅ ႀကိမ္မွာလည္း ၄ ႀကိမ္ ေအာင္ျမင္ခဲ့တာေၾကာင့္ Sofa Score ဝက္ဘ္ဆိုက္ကေတာ့ Rating 9.9 အထိ သတ္မွတ္ေပးသြားခဲ့ပါတယ္။

မက္ဆီဟာ အသက္ ၃၄ ႏွစ္အ႐ြယ္မွာ အသင္းအတြက္ ၁၄၈ ပြဲေျမာက္ကို ကစားခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဟားဗီးယား မာေရွရာႏိုရဲ႕ အာဂ်င္တီးနားအတြက္ ပြဲအမ်ားဆုံးကစားထားတဲ့ ၁၄၇ ပြဲစံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး သမိုင္းသစ္ ေရးထိုးႏိုင္ခဲ့တာလည္းျဖစ္သလို အသင္းအတြက္ ထာဝရ ဂိုးသြင္းဘုရင္အျဖစ္လည္း ၇၅ ဂိုးနဲ႔ ရပ္တည္ေနခဲ့တာပါ။

လာမယ့္ ကြာတားဖိုင္နယ္အဆင့္မွာေတာ့ အာဂ်င္တီးနားတို႔အေနနဲ႔ အီေကြေဒါနဲ႔ ကစားရမွာျဖစ္သလို ေနာက္တစ္ဆင့္မွာေတာ့ ၂၀၁၄ တုန္းကေလာက္ မေကာင္းေတာ့တဲ့ ဥ႐ုေဂြးနဲ႔ ကိုလံဘီယာတို႔အတြဲက တက္လာတဲ့အသင္းနဲ႔ ဆီမီးမွာ ရင္ဆိုင္ရမွာျဖစ္ၿပီး ေနာက္ဆုံးဗိုလ္လုပြဲမွာေတာ့ အိမ္ရွင္ ဘရာဇီးလ္တို႔နဲ႔ ရင္ဆိုင္ရႏိုင္ခ်ိန္မွာ သုံးပြဲအက်န္ ခရီးလမ္းကို မက္ဆီအေနနဲ႔ အသင္းကို ေမာင္းႏွင္ၿပီး အျပင္းထန္ဆုံးၿပိဳင္ဘက္ရဲ႕ ေျမမွာ ေအာင္ပြဲခံဖို႔ လုပ္ေဆာင္ႏိုင္မလားဆိုတာ လက္ရွိေျခစြမ္းအရ ရင္ခုန္ႏိုင္ၾကမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.