အင်္ဂလန်အသင်းနဲ့ ဂျာမနီတို့ လန်ဒန်က ဝင်ဘလီကွင်းမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲက ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ စိတ်ဝင်စားမှု အရဆုံး ပွဲတစ်ပွဲဖြစ်ခဲ့သလို နှစ်ဖက်နည်းပြတွေကလည်း မတူညီတဲ့ ဗျူဟာတွေကို အသုံးပြုခဲ့တဲ့အတွက် ကျောင်းတော်က ရန်စတွေနဲ့ အသင်းနှစ်သင်းရဲ့ ယှဉ်ပြိုင်မှုက ထင်ထာထက် ပိုကောင်းခဲ့ပါတယ်။
ဝေါ်လ်ကာ၊ စတုန်းစ်၊ မက်ဂွိုင်းယားတို့အတွဲကို ထိုင်ပြီး ထရစ်ပီယာနဲ့ လုခ်ရှောတို့ကို အစွန်မှာထားတဲ့ အင်္ဂလန်နောက်တန်းက စနစ်ကျခဲ့သလို ကွင်းလယ်က နည်းပြ ခိုင်းတိုင်းလုပ်မယ့် ဖိလစ်နဲ့ ရိုက်စ်တို့လို ကစားသမားနှစ်ဦးက အသင်းကို Well-disciplined ဖြစ်စေခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ စတာလင်နဲ့ ဟာရီကိန်းတို့က ကစားခဲ့ကြပါတယ်။
ဂျာမနီတို့ကလည်း တူညီတဲ့ ကစားကွက်မျိုးကိုပဲ ခင်းကျင်းလာခဲ့ပြီး ခံစစ်မှာ ဟမ်းမဲလ်၊ ရူဒီဂါနဲ့ ဂင်တာ၊ အစွန်မှာ ကင်းမစ်ချ်နဲ့ ဂိုဆန်စ်၊ အလယ်မှာ ခရူးစ်နဲ့ ဂိုရက်ဇ်ကာကို အထိုင်ချပြီး တိုက်စစ်ရွေးချယ်မှုမှာတော့ တီမို ဗာနာ၊ ဟာဗတ်ဇ်နဲ့ မူလာတို့ကို အသုံးပြုလာခဲ့ပါတယ်။
ဗာနာနဲ့ ဟာဗတ်ဇ်တို့ရဲ့ ချဲလ်ဆီးတိုက်စစ်အတွဲကို ရင်းနှီးနေတဲ့ ပရီးမီးယားလိဂ်ခံစစ်မှူးတွေ ပိတ်ဆို့သွားနိုင်ခဲ့ကြပြီး အင်္ဂလန်ရဲ့ တိုက်စစ်မှာတော့ ဘယ်ခြမ်းက စတာလင်က အတော်လေးလှုပ်နိုင်ခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာ တစ်ကိုယ်တော် အဝေးကန်ချက်က နွိုင်ယာကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရစေပါတယ်။
ဘောလုံးပိုင်ဆိုင်မှုကတော့ Tempo ချကစားတဲ့ ဂျာမန်တွေဘက်မှာ ရှိခဲ့ချိန်မှာ အင်္ဂလန်ကတော့ တစ်ချက်ကောင်းထိုးဖောက်မှုတွေနဲ့ တည်ကန်ဘော၊ အမြင့်ဘောတွေကို အသုံးပြုခဲ့ပြီး မက်ဂွိုင်းယားကတော့ ပွဲချိန် ၂၇ မိနစ်မှာ လွတ်လွတ်ကျွတ်ကျွတ် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့တာကို ဖြုန်းတီးပစ်ခဲ့ပါတယ်။
ပထမပိုင်းမှာ တီမို ဗာနာက ဟာဗတ်ဇ် ခင်းပေးတဲ့ ဘောလုံးကို ချဲလ်ဆီးမှာလိုပဲ ဂိုးသမားပိတ်ထားတဲ့ ထောင့်ကျဉ်းထဲက လွတ်အောင် မရုန်းနိုင်ဘဲ ဖြုန်းတီးခဲ့သလို နာကျင်အချိန်ပိုမှာ မူလာ လူပေးမှားတာကို စတာလင်နဲ့ ကိန်းတို့ ထိုးဖောက်ခဲ့ပေမယ့် ဂျာမန်နောက်တန်းက ခပ်ကြမ်းကြမ်း ဖျက်ထုတ်သွားနိုင်ခဲ့လို့ ပထမပိုင်းက ဂိုးမရှိသရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဟာဗတ်ဇ်ရဲ့ တော်တော်လေးကောင်းမွန်တဲ့ Volley ကန်ချက်ကို ပစ်ခ်ဖို့ဒ် ပုတ်ထုတ်ကာကွယ်ခဲ့နိုင်ခဲ့လို့ အင်္ဂလန်တို့ သက်သာခဲ့ရသလို ပွဲက တဖြည်းဖြည်းနဲ့ ကာယချင်း အားပြိုင်တဲ့ ပွဲဖြစ်လာခဲ့တာကြောင့် အတွေ့အကြုံနုတဲ့ ဆာကာနေရာမှာ ဂရီးလစ်ရှ် ဝင်လာခဲ့ပြီး ဂျာမနီကတော့ ဗာနာနေရာမှာ ဂနာဘရီကို ထည့်သွင်းလာခဲ့ပါတယ်။
အခွင့်အရေးဖန်တီးမှုတွေ နည်းခဲ့တဲ့ ဒီပွဲမှာ ၅ ကြိမ်ကန်ရာမှာ ၄ ကြိမ် ဂိုးပေါက်တည့်တဲ့ အင်္ဂလန်တို့ ဒီအားထုတ်မှုနဲ့ လျော်ညီစွာပဲ ပွဲချိန် ၇၅ မိနစ်မှာ အဖွင့်ဂိုး စတင်ရရှိခဲ့ပြီး ဂရီးလစ်ရှ်လိုက်လှုပ်ပေးနေလို့ ချောင်သွားခဲ့တဲ့ ဘယ်ခြမ်းကနေ လုခ်ရှောက အနိမ့်ဘောဖြတ်ပို့ခဲ့တာကို ဒီတိုက်စစ်ဆင်မှုကို စတင်ခဲ့တဲ့ စတာလင်က အနီးကပ်ပိတ်သွင်းပြီး ရယူသွားခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် ၈၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဂျာမနီတို့ ဂိုးရဖို့ အခွင့်အရေးပေါ်ခဲ့ပေမယ့် ဟာဗတ်ဇ်ရဲ့ တိကျတဲ့ ပေးပို့မှုကနေ အင်္ဂလန်ခံစစ်ကို ဖောက်ထွက်သွားခဲ့တဲ့ မူလာက ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ တစ်ဦးချင်းအတွေ့မှာ အပိုင်အခွင့်အရေးကို သူ့လို ဝါရင့်ထိပ်တန်းကစားသမားတစ်ယောက်အတွက် မယုံနိုင်လောက်အောင် ဘေးချော်ကန်ခဲ့ပြီး ဒါက သူတို့တွေအတွက်တော့ ဆိုးရွားတဲ့ ကံကြမ္မာအလှည့်အပြောင်းလည်းဖြစ်ခဲ့တာပါ။
ပွဲချိန် ၈၆ မိနစ်မှာတော့ အင်္ဂလန်တို့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးပြန်ရလာပြီး ဒုတိယပိုင်းမှာ တောက်လျှောက်အလုပ်ဖြစ်နေခဲ့တဲ့ လုခ်ရှောနဲ့ ဂရီးလစ်ရှ်တို့ အတွဲရဲ့ ဘယ်ခြမ်းကနေ အပေးအယူလုပ်ပြီး ဗီလာကပ္ပတိန်က ဖြတ်တင်ပေးခဲ့တာကို ယူရိုမှာ တစ်ဂိုးမှ မရသေးလို့ ဝေဖန်ခံနေခဲ့ရတဲ့ ဟာရီကိန်းက ဒိုက်ဗင်ထိုးခေါင်းတိုက်ပြီး ဂျာမန်တွေကို ပြိုလဲသွားစေခဲ့တာလည်းဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာတော့ ကွင်းလယ်က ရိုက်စ်အစား ဝါရင့်ကစားသမား ဟန်ဒါဆန်ကို ထည့်ပြီး ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ ဂရီးလစ်ရှ်ကို မှန်မှန်ကန်ကန် လူစားလဲခဲ့ပြီး ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့တဲ့ ဆောက်သ်ဂိတ်ရဲ့ လူတွေ အောင်ပွဲခံနိုင်ခဲ့ချိန်မှာ ဗျူဟာ မမှားပေမယ့် လူရွေးချယ်မှု မှားခဲ့ပြီး တိုက်စစ်ကစားသမားတွေ ချန်လှပ်ထားခဲ့တဲ့ ယိုအာခင်မ် လို့ဗ်ရဲ့ ဂျာမန်တွေ ကြေကွဲခဲ့ရတာပါ။
ဒီပွဲရလဒ်ကြောင့် အင်္ဂလန်တို့အနေနဲ့ လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ယူကရိန်းနဲ့ အီတလီနိုင်ငံ ရောမမြို့မှာ ကွာတားဖိုင်နယ်ကို ဆင်နွှဲရဖို့ ဖြစ်လာခဲ့ချိန်မှာ မရဏအုပ်စု Group of Death ရဲ့ နောက်ဆုံးလက်ကျန် ဂျာမနီတို့ကတော့ သူတို့နဲ့အတူ ရေပန်းစားခဲ့တဲ့ အုပ်စုပြိုင်ဘက် ပေါ်တူဂီနဲ့ ပြင်သစ်တို့ ရှေ့ပွဲစဉ်တွေမှာ ရှုံးနိမ့်ထွက်ခွာခဲ့ရသလိုပဲ ၁၆ သင်းအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
အဂၤလန္အသင္းနဲ႔ ဂ်ာမနီတို႔ လန္ဒန္က ဝင္ဘလီကြင္းမွာ ယွဥ္ၿပိဳင္ကစားတဲ့ပြဲက ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ စိတ္ဝင္စားမႈ အရဆုံး ပြဲတစ္ပြဲျဖစ္ခဲ့သလို ႏွစ္ဖက္နည္းျပေတြကလည္း မတူညီတဲ့ ဗ်ဴဟာေတြကို အသုံးျပဳခဲ့တဲ့အတြက္ ေက်ာင္းေတာ္က ရန္စေတြနဲ႔ အသင္းႏွစ္သင္းရဲ႕ ယွဥ္ၿပိဳင္မႈက ထင္ထာထက္ ပိုေကာင္းခဲ့ပါတယ္။
ေဝၚလ္ကာ၊ စတုန္းစ္၊ မက္ဂြိဳင္းယားတို႔အတြဲကို ထိုင္ၿပီး ထရစ္ပီယာနဲ႔ လုခ္ေရွာတို႔ကို အစြန္မွာထားတဲ့ အဂၤလန္ေနာက္တန္းက စနစ္က်ခဲ့သလို ကြင္းလယ္က နည္းျပ ခိုင္းတိုင္းလုပ္မယ့္ ဖိလစ္နဲ႔ ႐ိုက္စ္တို႔လို ကစားသမားႏွစ္ဦးက အသင္းကို Well-disciplined ျဖစ္ေစခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ စတာလင္နဲ႔ ဟာရီကိန္းတို႔က ကစားခဲ့ၾကပါတယ္။
ဂ်ာမနီတို႔ကလည္း တူညီတဲ့ ကစားကြက္မ်ိဳးကိုပဲ ခင္းက်င္းလာခဲ့ၿပီး ခံစစ္မွာ ဟမ္းမဲလ္၊ ႐ူဒီဂါနဲ႔ ဂင္တာ၊ အစြန္မွာ ကင္းမစ္ခ်္နဲ႔ ဂိုဆန္စ္၊ အလယ္မွာ ခ႐ူးစ္နဲ႔ ဂိုရက္ဇ္ကာကို အထိုင္ခ်ၿပီး တိုက္စစ္ေ႐ြးခ်ယ္မႈမွာေတာ့ တီမို ဗာနာ၊ ဟာဗတ္ဇ္နဲ႔ မူလာတို႔ကို အသုံးျပဳလာခဲ့ပါတယ္။
ဗာနာနဲ႔ ဟာဗတ္ဇ္တို႔ရဲ႕ ခ်ဲလ္ဆီးတိုက္စစ္အတြဲကို ရင္းႏွီးေနတဲ့ ပရီးမီးယားလိဂ္ခံစစ္မႉးေတြ ပိတ္ဆို႔သြားႏိုင္ခဲ့ၾကၿပီး အဂၤလန္ရဲ႕ တိုက္စစ္မွာေတာ့ ဘယ္ျခမ္းက စတာလင္က အေတာ္ေလးလႈပ္ႏိုင္ခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာ တစ္ကိုယ္ေတာ္ အေဝးကန္ခ်က္က ႏြိဳင္ယာကို ခက္ခက္ခဲခဲ ကာကြယ္ခဲ့ရေစပါတယ္။
ေဘာလုံးပိုင္ဆိုင္မႈကေတာ့ Tempo ခ်ကစားတဲ့ ဂ်ာမန္ေတြဘက္မွာ ရွိခဲ့ခ်ိန္မွာ အဂၤလန္ကေတာ့ တစ္ခ်က္ေကာင္းထိုးေဖာက္မႈေတြနဲ႔ တည္ကန္ေဘာ၊ အျမင့္ေဘာေတြကို အသုံးျပဳခဲ့ၿပီး မက္ဂြိဳင္းယားကေတာ့ ပြဲခ်ိန္ ၂၇ မိနစ္မွာ လြတ္လြတ္ကြၽတ္ကြၽတ္ အပိုင္ေခါင္းတိုက္ခြင့္ရခဲ့တာကို ျဖဳန္းတီးပစ္ခဲ့ပါတယ္။
ပထမပိုင္းမွာ တီမို ဗာနာက ဟာဗတ္ဇ္ ခင္းေပးတဲ့ ေဘာလုံးကို ခ်ဲလ္ဆီးမွာလိုပဲ ဂိုးသမားပိတ္ထားတဲ့ ေထာင့္က်ဥ္းထဲက လြတ္ေအာင္ မ႐ုန္းႏိုင္ဘဲ ျဖဳန္းတီးခဲ့သလို နာက်င္အခ်ိန္ပိုမွာ မူလာ လူေပးမွားတာကို စတာလင္နဲ႔ ကိန္းတို႔ ထိုးေဖာက္ခဲ့ေပမယ့္ ဂ်ာမန္ေနာက္တန္းက ခပ္ၾကမ္းၾကမ္း ဖ်က္ထုတ္သြားႏိုင္ခဲ့လို႔ ပထမပိုင္းက ဂိုးမရွိသေရက်ေနခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ဟာဗတ္ဇ္ရဲ႕ ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ Volley ကန္ခ်က္ကို ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္ကာကြယ္ခဲ့ႏိုင္ခဲ့လို႔ အဂၤလန္တို႔ သက္သာခဲ့ရသလို ပြဲက တျဖည္းျဖည္းနဲ႔ ကာယခ်င္း အားၿပိဳင္တဲ့ ပြဲျဖစ္လာခဲ့တာေၾကာင့္ အေတြ႕အႀကဳံႏုတဲ့ ဆာကာေနရာမွာ ဂရီးလစ္ရွ္ ဝင္လာခဲ့ၿပီး ဂ်ာမနီကေတာ့ ဗာနာေနရာမွာ ဂနာဘရီကို ထည့္သြင္းလာခဲ့ပါတယ္။
အခြင့္အေရးဖန္တီးမႈေတြ နည္းခဲ့တဲ့ ဒီပြဲမွာ ၅ ႀကိမ္ကန္ရာမွာ ၄ ႀကိမ္ ဂိုးေပါက္တည့္တဲ့ အဂၤလန္တို႔ ဒီအားထုတ္မႈနဲ႔ ေလ်ာ္ညီစြာပဲ ပြဲခ်ိန္ ၇၅ မိနစ္မွာ အဖြင့္ဂိုး စတင္ရရွိခဲ့ၿပီး ဂရီးလစ္ရွ္လိုက္လႈပ္ေပးေနလို႔ ေခ်ာင္သြားခဲ့တဲ့ ဘယ္ျခမ္းကေန လုခ္ေရွာက အနိမ့္ေဘာျဖတ္ပို႔ခဲ့တာကို ဒီတိုက္စစ္ဆင္မႈကို စတင္ခဲ့တဲ့ စတာလင္က အနီးကပ္ပိတ္သြင္းၿပီး ရယူသြားခဲ့တာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဂ်ာမနီတို႔ ဂိုးရဖို႔ အခြင့္အေရးေပၚခဲ့ေပမယ့္ ဟာဗတ္ဇ္ရဲ႕ တိက်တဲ့ ေပးပို႔မႈကေန အဂၤလန္ခံစစ္ကို ေဖာက္ထြက္သြားခဲ့တဲ့ မူလာက ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အပိုင္အခြင့္အေရးကို သူ႔လို ဝါရင့္ထိပ္တန္းကစားသမားတစ္ေယာက္အတြက္ မယုံႏိုင္ေလာက္ေအာင္ ေဘးေခ်ာ္ကန္ခဲ့ၿပီး ဒါက သူတို႔ေတြအတြက္ေတာ့ ဆိုး႐ြားတဲ့ ကံၾကမၼာအလွည့္အေျပာင္းလည္းျဖစ္ခဲ့တာပါ။
ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အဂၤလန္တို႔ တန္ျပန္တိုက္စစ္ကေန ေဘာလုံးျပန္ရလာၿပီး ဒုတိယပိုင္းမွာ ေတာက္ေလွ်ာက္အလုပ္ျဖစ္ေနခဲ့တဲ့ လုခ္ေရွာနဲ႔ ဂရီးလစ္ရွ္တို႔ အတြဲရဲ႕ ဘယ္ျခမ္းကေန အေပးအယူလုပ္ၿပီး ဗီလာကပၸတိန္က ျဖတ္တင္ေပးခဲ့တာကို ယူ႐ိုမွာ တစ္ဂိုးမွ မရေသးလို႔ ေဝဖန္ခံေနခဲ့ရတဲ့ ဟာရီကိန္းက ဒိုက္ဗင္ထိုးေခါင္းတိုက္ၿပီး ဂ်ာမန္ေတြကို ၿပိဳလဲသြားေစခဲ့တာလည္းျဖစ္ပါတယ္။
ဒီေနာက္ပိုင္းမွာေတာ့ ကြင္းလယ္က ႐ိုက္စ္အစား ဝါရင့္ကစားသမား ဟန္ဒါဆန္ကို ထည့္ၿပီး ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ ဂရီးလစ္ရွ္ကို မွန္မွန္ကန္ကန္ လူစားလဲခဲ့ၿပီး ထိထိေရာက္ေရာက္ တိုက္စစ္ဆင္ႏိုင္ခဲ့တဲ့ ေဆာက္သ္ဂိတ္ရဲ႕ လူေတြ ေအာင္ပြဲခံႏိုင္ခဲ့ခ်ိန္မွာ ဗ်ဴဟာ မမွားေပမယ့္ လူေ႐ြးခ်ယ္မႈ မွားခဲ့ၿပီး တိုက္စစ္ကစားသမားေတြ ခ်န္လွပ္ထားခဲ့တဲ့ ယိုအာခင္မ္ လို႔ဗ္ရဲ႕ ဂ်ာမန္ေတြ ေၾကကြဲခဲ့ရတာပါ။
ဒီပြဲရလဒ္ေၾကာင့္ အဂၤလန္တို႔အေနနဲ႔ လာမယ့္ ဇူလိုင္လ ၃ ရက္ေန႔မွာ ယူကရိန္းနဲ႔ အီတလီႏိုင္ငံ ေရာမၿမိဳ႕မွာ ကြာတားဖိုင္နယ္ကို ဆင္ႏႊဲရဖို႔ ျဖစ္လာခဲ့ခ်ိန္မွာ မရဏအုပ္စု Group of Death ရဲ႕ ေနာက္ဆုံးလက္က်န္ ဂ်ာမနီတို႔ကေတာ့ သူတို႔နဲ႔အတူ ေရပန္းစားခဲ့တဲ့ အုပ္စုၿပိဳင္ဘက္ ေပၚတူဂီနဲ႔ ျပင္သစ္တို႔ ေရွ႕ပြဲစဥ္ေတြမွာ ရႈံးနိမ့္ထြက္ခြာခဲ့ရသလိုပဲ ၁၆ သင္းအဆင့္ကေန လက္ျပႏႈတ္ဆက္ခဲ့ရေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.