International

အိပ်ဖို့တောင်ခက်တဲ့ထိ ဝမ်းနည်းနေတဲ့ ဘာပေနဲ့ ပတ်သတ်ပြီး ဘောလုံးလောကသားတွေက ဘယ်လိုပြောကြသလဲ

ပြင်သစ်အသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ၃ ဂိုးစီ သရေကျနေခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ (၄-၅)နဲ့ ရှုံးနိမ့်ခဲ့ပြီး ဘာပေရဲ့ နောက်ဆုံးပင်နယ်တီ မဝင်ခဲ့မှုနှင့်အတူ ယူရိုပြိုင်ပွဲမှ ထွက်ခွါခဲ့ရပါတယ်။

အဆိုပါပွဲအပြီးမှာတော့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က “ဘာပေ လမ်းလျှောက်နေတယ်လို့ သိလိုက်ရင် ခင်ဗျားတော့ မဟုတ်တော့ဘူးလို့ တွေးမိမှာပဲဗျ။ အချိန်ပိုမိနစ်(၃၀)မစခင်မှာ သူ့ပုံစံပြန်ရမယ်လို့ထင်ခဲ့တယ်။ အချိန်ပိုလည်းကန်ရော သူ နှစ်ကြိမ်လောက်ပဲ ရတယ်ဆိုတော့ သူ့အတွက် ကောင်းမွန်တဲ့အနေအထားတော့မဟုတ်တော့ဘူးဗျ” လို့ ITV Sport ကို ပြောခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒီကောင်လေးမှာက ခရစ္စတီယာနိုနဲ့ မက်ဆီတို့လို ဖြစ်လာဖို့ ရည်မှန်းချက်ရှိတယ်ဗျ။ အဲ့တော့ ဒီလို ပင်နယ်တီလွဲချော်ပြီး ရှုံးတာမျိုးက သူ့အတွက် လမ်းပေါ်က အတားအဆီးလေးလောက်ပဲရှိတာဗျ။ သူ့အတွက် ကြီးမားတဲ့စမ်းသပ်မှုတွေကတော့ လာမယ့် ရက်သတ္တပတ်အနည်းငယ်မှာ တွေ့ရလိမ့်မယ်။ သူရော ပြင်သစ်အသင်းရော ဒီပြိုင်ပွဲရှုံးနိမ့်မှုကြောင့် လတ်တလော ခက်ခဲတဲ့အချိန်တွေဖြတ်သန်းရမှာဗျာ”လို့ ITV Sports ကို ပြောသွားခဲ့ပါတယ်။

Switzerland’s goalkeeper Yann Sommer (R) saves a penalty by France’s forward Kylian Mbappe during the UEFA EURO 2020 round of 16 football match between France and Switzerland at the National Arena in Bucharest on June 28, 2021. (Photo by FRANCK FIFE / POOL / AFP)

မန်ယူအသင်းရဲ့ ကစားသမားဟောင်း ရွိုင်းကီးန် ကတော့ ဘာပေရဲ့ ပင်နယ်တီမဝင်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့က အဲ့ဒါကို လွဲတယ်လို့ပြောတယ်ဆိုပေမယ့် တကယ်တမ်းက ကောင်းမွန်တဲ့ ကာကွယ်မှုဗျ။ တကယ်ကို လက်ဖျားခါလောက်တဲ့ ကာကွယ်မှုပါ” ဆိုပြီး ဆွစ်ဇာလန် ဂိုးသမားကို ချီးကျူးခဲ့ပါတယ်။

ဆက်လက်ပြီး ရွိုင်းကီးန်က “ကျွန်တော်တို့ ဖိအားတွေနဲ့ နည်းစနစ်တွေအကြောင်းပြောတယ်။ ကောင်းမွန်တဲ့ကန်ချက်နဲ့ ဆွန်းမားက ရင်ဆိုင်ခဲ့ရပေမယ့် မှန်ကန်တဲ့ဘက်ကို ဒိုက်ပစ်လိုက်နိုင်ခဲ့ပြီး သူ့ခြေထောက်တွေကလည်း စည်းပေါ်မှာပဲရှိတာ တွေ့ရမှာပါ။ သွင်းဂိုးရဲ့အရေးပါမှုကိုသာ ကျွန်တော်တို့ ပြောနေကြတယ်ဗျာ။ ဂိုးသမားအတွက်ကတော့ အဲ့ဒါမျိုးက ကြီးမားတဲ့ အခိုက်အတန့်ပဲဗျ” လို့ မှတ်ချက်ပေးခဲ့ပြီး ဘာပေကို ဝေဖန်ခြင်းမပြုလုပ်ခဲ့ပါဘူး။

ပွဲအပြီးမှာ ပြင်သစ်အသင်းခေါင်းဆောင် လိုရစ်က “ကျွန်တော်တို့ အတူတူနိုင်တယ်၊ အတူတူရှုံးတယ်။ ဒီပြိုင်ပွဲမှာ ထွက်ခွါခဲ့ရတာအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်ဗျ။ ဘယ်သူ့ကိုမှ လက်ညှိုးထိုးအပြစ်တင်စရာမလိုဘူးဗျ။ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားတွေ ရှိနေခဲ့ပေမယ့် အဲ့အချက်ကိုတော့ ဆင်ခြေအနေနဲ့မပေးလိုပါဘူး။ ဒါကပြိုင်ပွဲပါ”လို့ beIN Sports ကို ပြောခဲ့ပါတယ်။

ပြင်သစ်နည်းပြ ဒေးရွှမ်းစ်ကလည်း beIN Sports ကို “ကျွန်တော်တို့ ဘာပေကို ဒေါသမထွက်ခဲ့ပါဘူး။ ကျွန်တော်တို့ ခမ်းနားတဲ့အချိန်တွေ အတူပိုင်ဆိုင်ခဲ့ပြီး အခုတော့ အဝတ်လဲခန်းထဲမှာ အကုန်လုံးအတော်ဝမ်းနည်းနေကြတယ်ဗျ။ ဘယ်သူမှသူ့ကို အနှောင့်အယှက်မပေးပါဘူး။ ဖြစ်လာတဲ့အရာအတွက် တာဝန်ယူရတဲ့အခါ သက်ရောက်မှု သူ့အတွက် သိသိသာသာကြီးမားခဲ့ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘာပေကလည်း Social Media မှာ “ကျွန်တော့်အတွက် မေ့ပစ်လိုက်ဖို့ အတော်ခက်ခဲပါတယ်။ ရှုံးနိမ့်မှုအတွက် အတော်ဝမ်းနည်းရပါပြီး ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားတဲ့ပန်းတိုင်ကို အရောက်မသွားနိုင်ခဲ့ဘူး။ ပင်နယ်တီအတွက် တောင်းပန်ပါတယ်။ အသင်းကို ကူညီချင်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့တယ်။ အိပ်ဖို့တောင်ခက်တဲ့ထိ ဝမ်းနည်းမိပေမယ့် အဲ့လို စွန့်စားရတဲ့ အချက်တွေကပဲ ဘောလုံးကို နှစ်သက်စေတယ်”လို့ ရေးသားခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ပရိတ်သတ်တွေအနေနဲ့ စိတ်ပျက်နေကြမှာကို သိပါတယ်။ အားပေးမှုနဲ့ ကျွန်တော်တို့အပေါ် ယုံကြည်ခဲ့ကြတာတွေအတွက် ကျေးဇူးတင်ပါတယ်။ အရေးအကြီးဆုံးက လာမယ့်စိန်ခေါ်မှုတွေအတွက် ပိုပြီးသန်မာနေဖို့ပဲ။ ဂုဏ်ပြုပါတယ်။ ပြီးတော့ ကံကောင်းပါစေ ဆွစ်ဇာလန်ရေ” လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ျပင္သစ္အသင္းဟာ ဆြစ္ဇာလန္အသင္းနဲ႔ ၃ ဂိုးစီ သေရက်ေနခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာ (၄-၅)နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ဘာေပရဲ႕ ေနာက္ဆုံးပင္နယ္တီ မဝင္ခဲ့မႈႏွင့္အတူ ယူ႐ိုၿပိဳင္ပြဲမွ ထြက္ခြါခဲ့ရပါတယ္။

အဆိုပါပြဲအၿပီးမွာေတာ့ မန္ယူေနာက္ခံလူေဟာင္း ဂယ္ရီနဗီးလ္က “ဘာေပ လမ္းေလွ်ာက္ေနတယ္လို႔ သိလိုက္ရင္ ခင္ဗ်ားေတာ့ မဟုတ္ေတာ့ဘူးလို႔ ေတြးမိမွာပဲဗ်။ အခ်ိန္ပိုမိနစ္(၃၀)မစခင္မွာ သူ႔ပုံစံျပန္ရမယ္လို႔ထင္ခဲ့တယ္။ အခ်ိန္ပိုလည္းကန္ေရာ သူ ႏွစ္ႀကိမ္ေလာက္ပဲ ရတယ္ဆိုေတာ့ သူ႔အတြက္ ေကာင္းမြန္တဲ့အေနအထားေတာ့မဟုတ္ေတာ့ဘူးဗ်” လို႔ ITV Sport ကို ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ဒီေကာင္ေလးမွာက ခရစၥတီယာႏိုနဲ႔ မက္ဆီတို႔လို ျဖစ္လာဖို႔ ရည္မွန္းခ်က္ရွိတယ္ဗ်။ အဲ့ေတာ့ ဒီလို ပင္နယ္တီလြဲေခ်ာ္ၿပီး ရႈံးတာမ်ိဳးက သူ႔အတြက္ လမ္းေပၚက အတားအဆီးေလးေလာက္ပဲရွိတာဗ်။ သူ႔အတြက္ ႀကီးမားတဲ့စမ္းသပ္မႈေတြကေတာ့ လာမယ့္ ရက္သတၱပတ္အနည္းငယ္မွာ ေတြ႕ရလိမ့္မယ္။ သူေရာ ျပင္သစ္အသင္းေရာ ဒီၿပိဳင္ပြဲရႈံးနိမ့္မႈေၾကာင့္ လတ္တေလာ ခက္ခဲတဲ့အခ်ိန္ေတြျဖတ္သန္းရမွာဗ်ာ”လို႔ ITV Sports ကို ေျပာသြားခဲ့ပါတယ္။

Switzerland’s goalkeeper Yann Sommer (R) saves a penalty by France’s forward Kylian Mbappe during the UEFA EURO 2020 round of 16 football match between France and Switzerland at the National Arena in Bucharest on June 28, 2021. (Photo by FRANCK FIFE / POOL / AFP)

မန္ယူအသင္းရဲ႕ ကစားသမားေဟာင္း ႐ြိဳင္းကီးန္ ကေတာ့ ဘာေပရဲ႕ ပင္နယ္တီမဝင္ခဲ့တာနဲ႔ ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔က အဲ့ဒါကို လြဲတယ္လို႔ေျပာတယ္ဆိုေပမယ့္ တကယ္တမ္းက ေကာင္းမြန္တဲ့ ကာကြယ္မႈဗ်။ တကယ္ကို လက္ဖ်ားခါေလာက္တဲ့ ကာကြယ္မႈပါ” ဆိုၿပီး ဆြစ္ဇာလန္ ဂိုးသမားကို ခ်ီးက်ဴးခဲ့ပါတယ္။

ဆက္လက္ၿပီး ႐ြိဳင္းကီးန္က “ကြၽန္ေတာ္တို႔ ဖိအားေတြနဲ႔ နည္းစနစ္ေတြအေၾကာင္းေျပာတယ္။ ေကာင္းမြန္တဲ့ကန္ခ်က္နဲ႔ ဆြန္းမားက ရင္ဆိုင္ခဲ့ရေပမယ့္ မွန္ကန္တဲ့ဘက္ကို ဒိုက္ပစ္လိုက္ႏိုင္ခဲ့ၿပီး သူ႔ေျခေထာက္ေတြကလည္း စည္းေပၚမွာပဲရွိတာ ေတြ႕ရမွာပါ။ သြင္းဂိုးရဲ႕အေရးပါမႈကိုသာ ကြၽန္ေတာ္တို႔ ေျပာေနၾကတယ္ဗ်ာ။ ဂိုးသမားအတြက္ကေတာ့ အဲ့ဒါမ်ိဳးက ႀကီးမားတဲ့ အခိုက္အတန႔္ပဲဗ်” လို႔ မွတ္ခ်က္ေပးခဲ့ၿပီး ဘာေပကို ေဝဖန္ျခင္းမျပဳလုပ္ခဲ့ပါဘူး။

ပြဲအၿပီးမွာ ျပင္သစ္အသင္းေခါင္းေဆာင္ လိုရစ္က “ကြၽန္ေတာ္တို႔ အတူတူႏိုင္တယ္၊ အတူတူရႈံးတယ္။ ဒီၿပိဳင္ပြဲမွာ ထြက္ခြါခဲ့ရတာအတြက္ ကြၽန္ေတာ္တို႔အားလုံးမွာ တာဝန္ရွိတယ္ဗ်။ ဘယ္သူ႔ကိုမွ လက္ညႇိဳးထိုးအျပစ္တင္စရာမလိုဘူးဗ်။ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာရကစားသမားေတြ ရွိေနခဲ့ေပမယ့္ အဲ့အခ်က္ကိုေတာ့ ဆင္ေျခအေနနဲ႔မေပးလိုပါဘူး။ ဒါကၿပိဳင္ပြဲပါ”လို႔ beIN Sports ကို ေျပာခဲ့ပါတယ္။

ျပင္သစ္နည္းျပ ေဒး႐ႊမ္းစ္ကလည္း beIN Sports ကို “ကြၽန္ေတာ္တို႔ ဘာေပကို ေဒါသမထြက္ခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ ခမ္းနားတဲ့အခ်ိန္ေတြ အတူပိုင္ဆိုင္ခဲ့ၿပီး အခုေတာ့ အဝတ္လဲခန္းထဲမွာ အကုန္လုံးအေတာ္ဝမ္းနည္းေနၾကတယ္ဗ်။ ဘယ္သူမွသူ႔ကို အေႏွာင့္အယွက္မေပးပါဘူး။ ျဖစ္လာတဲ့အရာအတြက္ တာဝန္ယူရတဲ့အခါ သက္ေရာက္မႈ သူ႔အတြက္ သိသိသာသာႀကီးမားခဲ့ပါတယ္”လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ဘာေပကလည္း Social Media မွာ “ကြၽန္ေတာ့္အတြက္ ေမ့ပစ္လိုက္ဖို႔ အေတာ္ခက္ခဲပါတယ္။ ရႈံးနိမ့္မႈအတြက္ အေတာ္ဝမ္းနည္းရပါၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ ရည္မွန္းထားတဲ့ပန္းတိုင္ကို အေရာက္မသြားႏိုင္ခဲ့ဘူး။ ပင္နယ္တီအတြက္ ေတာင္းပန္ပါတယ္။ အသင္းကို ကူညီခ်င္ခဲ့ေပမယ့္ ရႈံးနိမ့္သြားခဲ့တယ္။ အိပ္ဖို႔ေတာင္ခက္တဲ့ထိ ဝမ္းနည္းမိေပမယ့္ အဲ့လို စြန႔္စားရတဲ့ အခ်က္ေတြကပဲ ေဘာလုံးကို ႏွစ္သက္ေစတယ္”လို႔ ေရးသားခဲ့ပါတယ္။

ဆက္လက္ၿပီး သူက “ပရိတ္သတ္ေတြအေနနဲ႔ စိတ္ပ်က္ေနၾကမွာကို သိပါတယ္။ အားေပးမႈနဲ႔ ကြၽန္ေတာ္တို႔အေပၚ ယုံၾကည္ခဲ့ၾကတာေတြအတြက္ ေက်းဇူးတင္ပါတယ္။ အေရးအႀကီးဆုံးက လာမယ့္စိန္ေခၚမႈေတြအတြက္ ပိုၿပီးသန္မာေနဖို႔ပဲ။ ဂုဏ္ျပဳပါတယ္။ ၿပီးေတာ့ ကံေကာင္းပါေစ ဆြစ္ဇာလန္ေရ” လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.