International Match Report

အချိန်ပိုအထိ သွင်းဂိုးများသွားခဲ့ပြီး ကမ္ဘာ့ဖလားဒုတိယကို ချန်ပီယံဟောင်းတို့ ကျော်ဖြတ်

ဒီနေ့ပွဲ တွေ့ဆုံမှုကတော့ ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ခရိုအေးရှားနဲ့ ၂၀၁၄ ချန်ပီယံ စပိန်တို့ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး နှစ်သင်းစလုံးက ၄-၃-၃ အခြေခံကစားကွက်နဲ့ ပွဲထွက်လာခဲ့ကြသလို မိုဒရစ်ချ်၊ ဘရိုဇိုဗစ်ချ်၊ ကိုဗာချစ်တို့ရဲ့ ကွင်းလယ်နဲ့ ဆာဂျီယို ဘူးစကွက်စ် ပြန်လည်ပါဝင်လာတဲ့ အင်အားစုတို့ ပညာပြိုင်လာခဲ့ကြတာဖြစ်ပါတယ်။

စပိန်တို့ ဖိကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အများစု ရယူသွားခဲ့တဲ့ ဒီပွဲမှာ ခရိုအေးရှားတို့ တတ်နိုင်တာက တန်ပြန်တိုက်စစ်ပဲဖြစ်ခဲ့ပေမယ့် နာမည်ပျက်ဖို့ အကြောင်းဖန်လာတာက ဘာစီလိုနာလူငယ်ကြယ်ပွင့် ပက်ဒရီဖြစ်ခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာ သူ့ရဲ့ နောက်ပြန်ပေးမှုကို ဘီလ်ဘာအိုဂိုးသမား အူနိုင်း ဆီမွန်က ပေါ့ပေါ့လျော့လျော့ ထိန်းသိမ်းခဲ့လို့ ခြေထောက်နဲ့လွဲပြီး ဂိုးဝင်သွားခဲ့ချိန်မှာ ဘတ်စ်ကေးသားရဲ့ အမှားကို ကာတာလန်သားရဲ့ Own Goal အဖြစ် သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ခရိုအေးရှားတို့ ဂိုးစရသွားခဲ့အပြီးမှာ ဖိကစားနေတဲ့ စပိန်တို့ တစ်ဖက်က ကောင်တာတွေနဲ့အပြိုင် Do or Die ချခဲ့ရပြီး ပွဲချိန် ၃၈ မိနစ်မှာတော့ ဘယ်နောက်ခံလူ ဟိုဆေး ဂါယာရဲ့ကန်ချက် ပြန်ထွက်လာတာကနေ ကွင်းလယ်လူ ပက်ဒရို ဆာရားဘီးယားက ပိတ်သွင်းပြီး ချေပနိုင်ခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေ ပိုမြူးခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ စပိန်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့သလို ဘယ်ခြမ်းကနေ ဖြတ်တင်ပေးခဲ့တဲ့ ဖယ်ရန် တောရက်စ်ရဲ့ ဖြတ်တင်ဘောကို နောက်ခံလူ အက်ဇ်ပီလီကွေတာက သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝ ၈ နှစ်တာအတွင်း ပထမဆုံးဂိုးအဖြစ် ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ ခံစစ်ကနေ ကန်တင်ပေးလိုက်တဲ့ ဖရီးကစ်ကို ခရိုအေးရှားနောက်ခံလူတွေ တားဆီးပုံ ပေါ့လျော့တာကနေ ဖယ်ရန် တောရက်စ်က လိုက်ပါရယူပြီး နောက်ခံလူ ဂွါဒီယောလ်ကို ကျော်ဖြတ်ရင်း ဂိုးသမား လီဗာကိုဗစ်ချ်နဲ့အတွေ့မှာ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့လို့ စပိန်တို့ တတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ခရိုအေးရှားတို့ တိုက်စစ်ပြန်မြှင့်လာခဲ့ပြီး တစ်သင်းလုံးနီးပါး တက်ဖိကစားခဲ့သလို ပွဲချိန် ၈၅ မိနစ်မှာ ဒီနာမို ဇာဂရက်ဘ် သူရဲကောင်း မီဆလပ်ဗ် အော်ဆစ်ချ်က စပိန်နောက်ခံလူတွေ ပိတ်ဆို့ထားလို့ ရှုပ်ယှက်ခတ်နေတဲ့ကြားက ကန်သွင်းခဲ့ရာမှာ အူနိုင်း ဆီမွန် ကာကွယ်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့လို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပါတယ်။

ခရိုအေးရှားတို့ ဆက်လက်ဖိကစားခဲ့ရာမှာ အတွေ့အကြုံနည်းတဲ့ ကစားသမားတွေနဲ့ ပျာယာခတ်နေခဲ့တဲ့ စပိန်တို့ ထပ်မံပြိုလဲခဲ့ပြီး နာကျင် အချိန်ပို ၂ မိနစ်မှာတော့ အတ္တလန်တာကွင်းလယ်လူ မာရီယို ပါဆာလစ်ချ်က အော်ဆစ်ချ်ရဲ့ ဖြတ်တင်ဘောကို ပြေးဝင်ခေါက်တိုက်ယူသွားခဲ့လို့ ပွဲအပြီးမှာ သုံးဂိုးစီ သရေကျနေခဲ့ပါတယ်။

အချိန်ပို ဆက်လက်ကစားရာမှာတော့ ခံစစ်ပိုညံ့တဲ့ ခရိုအေးရှားတို့ ကျရှုံးရမယ့် အလှည့်ဖြစ်သွားခဲ့ပြီး ပွဲချိန် မိနစ် ၁၀၀ မှာ ဒါနီ အိုလ်မိုရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဂိုးဧရိယာထဲမှာ လွတ်နေတဲ့ မိုရာတာက အပိုင်ထိန်းသိမ်းပြီးမှ Volley ကန်ချက်ပြင်းပြင်းနဲ့ စတုတ္တမြောက် ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ခရိုအေးရှားတို့ ထိုးဖောက်နေခဲ့ပေမယ့် အူနိုင်း ဆီမွန်ကို မကျော်နိုင်ခဲ့တဲ့ အချိန်ပိုထဲမှာ ပွဲချိန် ၁၀၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အိုလ်မိုရဲ့ ညာခြမ်းဖြတ်တင်ဘောနဲ့ပဲ စပိန်တို့ ထပ်မံအလုပ်ဖြစ်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဆိုစီဒက်တိုက်စစ်မှူး မီခယ်လ် အိုဘာဇာဘယ်လ်က နောက်ခံလူ နှစ်ဦးကြားကနေ သွေးအေးအေးနဲ့ ကန်သွင်းရယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်မိနစ် ၁၂၀ အပြည့်မှာတော့ စပိန်တို့ ငါးဂိုး-သုံးဂိုးနဲ့ ကွားတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီး ရုရှားမြေ စိန့်ပီတာစဘတ်မှာ ကျင်းပမယ့် ပွဲစဉ်မှာ တစ်ဖက်က ပြင်သစ်ကို အနိုင်ယူကျော်ဖြတ်ပြီး တက်ရောက်လာခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ဇူလိုင်လ ၂ ရက်နေ့မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ပြဲ ေတြ႕ဆုံမႈကေတာ့ ၂၀၁၈ ကမာၻ႔ဖလား ဒုတိယဆုရွင္ ခ႐ိုေအးရွားနဲ႔ ၂၀၁၄ ခ်န္ပီယံ စပိန္တို႔ ဒိန္းမတ္ႏိုင္ငံ ကိုပင္ေဟဂင္မွာ ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး ႏွစ္သင္းစလုံးက ၄-၃-၃ အေျခခံကစားကြက္နဲ႔ ပြဲထြက္လာခဲ့ၾကသလို မိုဒရစ္ခ်္၊ ဘ႐ိုဇိုဗစ္ခ်္၊ ကိုဗာခ်စ္တို႔ရဲ႕ ကြင္းလယ္နဲ႔ ဆာဂ်ီယို ဘူးစကြက္စ္ ျပန္လည္ပါဝင္လာတဲ့ အင္အားစုတို႔ ပညာၿပိဳင္လာခဲ့ၾကတာျဖစ္ပါတယ္။

စပိန္တို႔ ဖိကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစု ရယူသြားခဲ့တဲ့ ဒီပြဲမွာ ခ႐ိုေအးရွားတို႔ တတ္ႏိုင္တာက တန္ျပန္တိုက္စစ္ပဲျဖစ္ခဲ့ေပမယ့္ နာမည္ပ်က္ဖို႔ အေၾကာင္းဖန္လာတာက ဘာစီလိုနာလူငယ္ၾကယ္ပြင့္ ပက္ဒရီျဖစ္ခဲ့သလို ပြဲခ်ိန္ မိနစ္ ၂၀ မွာ သူ႔ရဲ႕ ေနာက္ျပန္ေပးမႈကို ဘီလ္ဘာအိုဂိုးသမား အူႏိုင္း ဆီမြန္က ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ထိန္းသိမ္းခဲ့လို႔ ေျခေထာက္နဲ႔လြဲၿပီး ဂိုးဝင္သြားခဲ့ခ်ိန္မွာ ဘတ္စ္ေကးသားရဲ႕ အမွားကို ကာတာလန္သားရဲ႕ Own Goal အျဖစ္ သတ္မွတ္ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

ခ႐ိုေအးရွားတို႔ ဂိုးစရသြားခဲ့အၿပီးမွာ ဖိကစားေနတဲ့ စပိန္တို႔ တစ္ဖက္က ေကာင္တာေတြနဲ႔အၿပိဳင္ Do or Die ခ်ခဲ့ရၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ ဟိုေဆး ဂါယာရဲ႕ကန္ခ်က္ ျပန္ထြက္လာတာကေန ကြင္းလယ္လူ ပက္ဒ႐ို ဆာရားဘီးယားက ပိတ္သြင္းၿပီး ေခ်ပႏိုင္ခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ သြင္းဂိုးေတြ ပိုျမဴးခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ စပိန္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့သလို ဘယ္ျခမ္းကေန ျဖတ္တင္ေပးခဲ့တဲ့ ဖယ္ရန္ ေတာရက္စ္ရဲ႕ ျဖတ္တင္ေဘာကို ေနာက္ခံလူ အက္ဇ္ပီလီေကြတာက သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝ ၈ ႏွစ္တာအတြင္း ပထမဆုံးဂိုးအျဖစ္ ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ခံစစ္ကေန ကန္တင္ေပးလိုက္တဲ့ ဖရီးကစ္ကို ခ႐ိုေအးရွားေနာက္ခံလူေတြ တားဆီးပုံ ေပါ့ေလ်ာ့တာကေန ဖယ္ရန္ ေတာရက္စ္က လိုက္ပါရယူၿပီး ေနာက္ခံလူ ဂြါဒီေယာလ္ကို ေက်ာ္ျဖတ္ရင္း ဂိုးသမား လီဗာကိုဗစ္ခ်္နဲ႔အေတြ႕မွာ ဘယ္ေျခနဲ႔ ကန္သြင္းယူခဲ့လို႔ စပိန္တို႔ တတိယဂိုး ထပ္မံရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ႐ိုေအးရွားတို႔ တိုက္စစ္ျပန္ျမႇင့္လာခဲ့ၿပီး တစ္သင္းလုံးနီးပါး တက္ဖိကစားခဲ့သလို ပြဲခ်ိန္ ၈၅ မိနစ္မွာ ဒီနာမို ဇာဂရက္ဘ္ သူရဲေကာင္း မီဆလပ္ဗ္ ေအာ္ဆစ္ခ်္က စပိန္ေနာက္ခံလူေတြ ပိတ္ဆို႔ထားလို႔ ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ကန္သြင္းခဲ့ရာမွာ အူႏိုင္း ဆီမြန္ ကာကြယ္ခဲ့ေပမယ့္ ဂိုးစည္းေက်ာ္သြားခဲ့လို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ပါတယ္။

ခ႐ိုေအးရွားတို႔ ဆက္လက္ဖိကစားခဲ့ရာမွာ အေတြ႕အႀကဳံနည္းတဲ့ ကစားသမားေတြနဲ႔ ပ်ာယာခတ္ေနခဲ့တဲ့ စပိန္တို႔ ထပ္မံၿပိဳလဲခဲ့ၿပီး နာက်င္ အခ်ိန္ပို ၂ မိနစ္မွာေတာ့ အတၱလန္တာကြင္းလယ္လူ မာရီယို ပါဆာလစ္ခ်္က ေအာ္ဆစ္ခ်္ရဲ႕ ျဖတ္တင္ေဘာကို ေျပးဝင္ေခါက္တိုက္ယူသြားခဲ့လို႔ ပြဲအၿပီးမွာ သုံးဂိုးစီ သေရက်ေနခဲ့ပါတယ္။

အခ်ိန္ပို ဆက္လက္ကစားရာမွာေတာ့ ခံစစ္ပိုညံ့တဲ့ ခ႐ိုေအးရွားတို႔ က်ရႈံးရမယ့္ အလွည့္ျဖစ္သြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၁၀၀ မွာ ဒါနီ အိုလ္မိုရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ဂိုးဧရိယာထဲမွာ လြတ္ေနတဲ့ မိုရာတာက အပိုင္ထိန္းသိမ္းၿပီးမွ Volley ကန္ခ်က္ျပင္းျပင္းနဲ႔ စတုတၱေျမာက္ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ခ႐ိုေအးရွားတို႔ ထိုးေဖာက္ေနခဲ့ေပမယ့္ အူႏိုင္း ဆီမြန္ကို မေက်ာ္ႏိုင္ခဲ့တဲ့ အခ်ိန္ပိုထဲမွာ ပြဲခ်ိန္ ၁၀၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန အိုလ္မိုရဲ႕ ညာျခမ္းျဖတ္တင္ေဘာနဲ႔ပဲ စပိန္တို႔ ထပ္မံအလုပ္ျဖစ္ခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဆိုစီဒက္တိုက္စစ္မႉး မီခယ္လ္ အိုဘာဇာဘယ္လ္က ေနာက္ခံလူ ႏွစ္ဦးၾကားကေန ေသြးေအးေအးနဲ႔ ကန္သြင္းရယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္မိနစ္ ၁၂၀ အျပည့္မွာေတာ့ စပိန္တို႔ ငါးဂိုး-သုံးဂိုးနဲ႔ ကြားတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့ၿပီး ႐ုရွားေျမ စိန႔္ပီတာစဘတ္မွာ က်င္းပမယ့္ ပြဲစဥ္မွာ တစ္ဖက္က ျပင္သစ္ကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး တက္ေရာက္လာခဲ့တဲ့ ဆြစ္ဇာလန္အသင္းနဲ႔ ဇူလိုင္လ ၂ ရက္ေန႔မွာ ရင္ဆိုင္ကစားရမွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.