International Match Report

တောင်ပြေးမြောက်ပြေး ယူရိုပွဲမှာ နာမည်ကြီး ထမင်းငတ်တဲ့ ပြင်သစ်ကို ကျော်ဖြတ်တဲ့ ဆွစ်

ဒီနှစ်ယူရိုပြိုင်ပွဲကို ဥရောပရဲ့ မြို့ကြီးတချို့မှာ တစ်နေရာစီခွဲပြီး ကျင်းပနေတာက နဂိုကတည်းကမှ ကလပ်အသင်းပွဲတွေကြောင့် ပွဲပန်းနေတဲ့ အသင်းကြီးတွေကို ပိုမိုအထိနာစေခဲ့သလားလို့ စဉ်းစားစရာဖြစ်ခဲ့ပြီး ဒီနေ့မှာလည်း နောက်ဆုံးပွဲကို ဟန်ဂေရီကနေ ရိုမေးနီးယားကို လာကစားရတဲ့ ပြင်သစ်ဟာ ဆွစ်ဇာလန်ကို နောက်ကျဂိုးတွေနဲ့ သရေကျခဲ့ပြီး ပင်နယ်တီမှာ အရှုံးပေးခဲ့ရလို့ ပြိုင်ပွဲက ထွက်ခဲ့ရပြီဖြစ်ပါတယ်။

ပြင်သစ်နည်းပြ ဒေးရွှမ့်စ်ကတော့ နောက်ပိုင်းပွဲတွေမှာ တော်တော်လေး အတတ်ဆန်းချင်တဲ့ သဘောရှိနေပြီး လူစာရင်းကို မတည်ငြိမ်အောင်လုပ်နေခဲ့သလို ဒီနေ့ပွဲမှာလည်း ကစားလေ့မရှိတဲ့ ၃-၄-၃ ကစားကွက်ကို ပြောင်းလဲခဲ့ပြန်ပြီး ဆွစ်ဇာလန်ကတော့ ၄-၄-၂ နဲ့ ၃-၅-၂ ကြား အပြောင်းအလဲလုပ်တဲ့ ကစားကွက်ကို ရွေးချယ်လာခဲ့တာကို တွေ့ရပါတယ်။

ဘယ်နောက်ခံလူမပါဘဲ ရာဗျိုကို Wing Back အဖြစ် ကစားခိုင်းခဲ့တဲ့ နေရာကို ဆွစ်ဇာလန်တို့ ဖိအားပေးတိုက်စစ်ဆင်နေခဲ့သလို ပြင်သစ်တို့ကတော့ အနည်းငယ်လေးလံတဲ့ ဆွစ်ခံစစ်ကို အမ်ဘာပေရဲ့ တိုးအားနဲ့ ထိုးဖောက်ခဲ့ပေမယ့် အသားမကျသေးတဲ့ စုဖွဲ့မှုကြောင့် မအောင်မြင်ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဒီနေ့ပွဲရဲ့ အောက်သင်းလို့ ဆိုရမယ့် ဆွစ်ဇာလန်တို့ ဂိုးစတင်ရရှိသွားခဲ့ပြီး ဘယ်ခြမ်းက ဇူးဘားရဲ့ ဖြတ်တင်ဘောကို ဘာစီလိုနာမှာလည်း တစ်သီကြီးမှားနေကျ နောက်ခံလူ လွန်ဂလေရဲ့ ပေါ့လျော့မှုကနေ တိုက်စစ်မှူး ဆာဖာရိုဗစ်ချ်က ခေါင်းတိုက်သွင်းယူခဲ့ရာမှာ လေးလံတဲ့ လိုရစ် မကာကွယ်နိုင်ခဲ့ဘဲ ခွင့်ပြုလိုက်ရတာပါ။

ဒီနောက်ပိုင်းမှာ ရာဗျိုနဲ့ အမ်ဘာပေတို့ရဲ့ ဘယ်ခြမ်းတိုက်စစ် အသက်ဝင်လာခဲ့ပေမယ့် ပေါ့ဘာရဲ့ ပေးပို့မှုတွေကို အလုပ်ဖြစ်အောင် အသုံးမချနိုင်ခဲ့ဘဲ ပြင်သစ်ခံစစ်ကတော့ အမြင့်ဘောတွေကို ခုန်ပြီးဖျက်ရတယ်ဆိုတာတောင် နားလည်ရဲ့လားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေခဲ့ပြီး ဆွစ်ဇာလန်ရဲ့ ဖြတ်တင်ဘောတွေမှာ ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ဆွစ်ဇာလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ ပြင်သစ်တို့ တိုက်စစ်မြှင့်တဲ့အနေနဲ့ ဒလန်ဆန်နေတဲ့ လွန်ဂလေအစား ဘိုင်ယန်တောင်ပံကစားသမား ကိုမွန်ကို လူစားလဲခဲ့သလို တိုက်စစ်ကို ပိုမြှင့်နိုင်ခဲ့ပြီး လေးလံတဲ့ တစ်ဖက်ခံစစ်ကို ပိုမိုထိုးဖောက်လာနိုင်ခဲ့ကြပါတယ်။

ပြင်သစ်ဘယ်ခြမ်းခံစစ်ကတော့ မကြာခဏ ပေါက်ထွက်နေခဲ့ပေမယ့် ဆွစ်ဇာလန်တို့ အသုံးမသချနိုင်ခဲ့တာကြောင့် သက်သာခဲ့ရပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ညာခြမ်းကပါ လိုက်မှားနေတဲ့ ပါဗတ်က ဇူးဘားကို ဘောလုံးမထိဘဲ ဖျက်ခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ရီကာဒို ရိုဒရီးရက်ဇ် ကန်ခဲ့ပေမယ့် ဂိုးသမား လိုရစ်အတွက် လွယ်လွန်းနေခဲ့တာကြောင့် ပုတ်ထုတ်ပြီး အမိဖမ်းသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ကွင်းလယ်နေ အန်ဂိုလို ကွန်တေ ဖြတ်တောက်ခေါင်းတိုက်ပြီး ပြန်ချပေးတဲ့ ဘောလုံးကို ဂရစ်ဇ်မန်းနဲ့ အမ်ဘာပေတို့က ရှေ့ကို မဆိုင်းမတွ အဆင့်ဆင့်ပေးပို့ခဲ့ရာမှာ တိုင်မင်နဲ့ ဘန်ဇီးမားရဲ့ ဘောလုံးအထိန်းအသိမ်းက သိပ်မကောင်းခဲ့ပေမယ့် ကံကောင်းမှုက သူ့ဘက်မှာ ရှိခဲ့လို့ ဂိုးသမား ဆွမ်းမားထွက်အလာမှာ ကျော်ကန်ဖို့ လုံလောက်ခဲ့သလို ပြင်သစ်တို့အတွက် ချေပဂိုးပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ပြင်သစ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး အမ်ဘာပေနဲ့ ဝမ်းတူးရိုက်ထွက်သွားတဲ့ ဂရစ်ဇ်မန်းရဲ့ ဂိုးသမားအပေါ်က ကျော်ချခဲ့မှုက ဆွမ်းမားရဲ့ လက်နဲ့ အနည်းငယ်ထိပြီး လမ်းကြောင်းစောင်းသွားခဲ့တာကို ဘန်ဇီးမားကပဲ အကွက်မြင်မြင်နဲ့ လိုက်လံခေါင်းတိုက်ပြီး အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပြီး ဒီပြိုင်ပွဲရဲ့ ၄ ဂိုးမြောက်ကို ရရှိသွားခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ ပြင်သစ်ရဲ့ ဟာကြူလီငပျော့နောက်တန်းကို ရှာကျီရီရဲ့ ဖရီးကစ်ကတစ်ဆင့် ဆာဖာရိုဗစ်ချ် ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှုက လွဲချော်သွားခဲ့သလို အမ်ဘာပေရဲ့ ပြေးထွက်မှုတွေကိုတော့ ဆွစ်ဇာလန်နောက်တန်းနဲ့ ဂိုးသမားတို့ ပူးပေါင်းတားဆီးသွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ဘန်ဇီးမားရဲ့ ကန်သွင်းချက်က နောက်တန်းနဲ့ ထိပြီး ပြန်ထွက်လာတာကို ပေါ့ဘာက ထိန်းသိမ်းရယူပြီး သူကန်နေကျ ပုံစံအတိုင်း ဂိုးတိုင်အပေါ်ထောင့်ကို အဝေးကန်ချက်နဲ့ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဆွမ်းမားအတွက် ရက်စက်လွန်းရာကျနေခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးလို့ ဆိုရအောင်ကို သေသပ်လှပခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ နှစ်ဂိုးရှုံးနိမ့်သွားတဲ့ ဆွစ်ဇာလန်တို့ လူစား ၄ ယောက်အထိ ထပ်လဲခဲ့ပြီး တိုက်စစ်ကို မြှင့်တင်လာခဲ့ချိန်မှာ ဂိုးရဖို့ ခံစစ်ကို လျှော့ပြီး တိုက်စစ်ကို လူပိုထားမိတဲ့ ပြင်သစ်တို့ ခံစားခဲ့ရပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ လူစားဝင် ညာနောက်ခံလူ အမ်ဘာဘူရဲ့ ဖြတ်တင်ဘောကို ဆာဖာရိုဗစ်ချ်ကပဲ ခုန်ရမှန်းမသိတဲ့ ဗာရွန်းရဲ့ရှေ့က ပြေးဝင်ခေါင်းတိုက်ပြီး ချေပဂိုးတစ်ဂိုး ပြန်လည်ရယူခဲ့ပါတယ်။

ဆွစ်ဇာလန်တို့ ဒီဂိုးကြောင့် အားတက်သွားခဲ့ပြီး တိုက်စစ်မှူး မာမက်ဒီကိုပါ ထပ်ထည့်ခဲ့ချိန်မှာ ပြင်သစ်တို့ ဖရိုဖရဲဖြစ်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာ ဂါဗရာနိုဗစ်ချ်ရဲ့ ဂိုးကို လူကျွံသတ်မှတ်ခံခဲ့ရပေမယ့် မိနစ် ၉၀ မှာတော့ ချာကာရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကနေ ဂါဗရာနိုဗစ်ချ်ကပဲ ကင်ပမ်ဘီကို တစ်ချက်ခေါက်ပြီး လိုရစ်ရဲ့ ညာဘက်အောက်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာ သုံးဂိုးစီ သရေဖြစ်နေခဲ့ပါတယ်။

အချိန်ပို ဆက်လက်ကစားခဲ့ရာမှာတော့ ဆွစ်ဇာလန်တို့ ပင်နယ်တီကိုပဲ မှန်းတဲ့ပုံစံနဲ့ ခံစစ်ဖြစ်သွားခဲ့သလို ပါဗတ်ရဲ့ အနီးကပ် ကန်ချက်ကို ဆွမ်းမား ကာကွယ်နိုင်ခဲ့သလို အမ်ဘာပေကတော့ ကိုမွန်ကြိုးစားသမျှကို စံချိန်တင် ဒိုင်ခံဖြုန်းတီးပေးခဲ့လို့ ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး လူစားဝင်လာတဲ့ မားကပ်စ် သူရမ်နဲ့ ဂျီရူးတို့ကလည်း ဂိုးရဖို့ မလုပ်နိုင်ခဲ့လို့ မိနစ် ၁၂၀ အပြီးမှာ သုံးဂိုးစီသရေရလဒ်က မပြောင်းလဲခဲ့တာပါ။

ပင်နယ်တီကန်သွင်းရာမှာတော့ ပြင်သစ်ဘက်က ပေါ့ဘာ၊ ဂျီရူး၊ သူရမ်၊ ကင်ပမ်ဘီတို့ ဝင်ပေမယ့် အမ်ဘာပေ လွဲချော်ခဲ့ချိန်မှာ ဆွစ်ဇာလန်ဘက်က ဂါဗရာနိုဗစ်ချ်၊ ရှား၊ အာကန်ဂျီ၊ ဗားဂက်စ်နဲ့ မာမက်ဒီတို့ အားလုံးဝင်အောင်ကန်သွင်းနိုင်ခဲ့လို့ ၁၆ အသင်းအဆင့် ရှုံးထွက်ပွဲစဉ်ကတော့ အထင်နဲ့အမြင် ပါစင်အောင် လွဲခဲ့ရတာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကို မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့ တက်ရောက်သွားခဲ့တဲ့ ဆွစ်ဇာလန်တို့ကတော့ ဘူခါရက်စ်ကနေ ထွက်ခွာပြီး လာမယ့် ဇူလိုင်လ ၂ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်က ရောက်ရှိလာမယ့် စပိန်အသင်းနဲ့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပြီး ခရီးပြင်းနှင်ရဉီးမယ့် ယူရိုပြိုင်ပွဲမှာ အရာအားလုံးက ခန့်မှန်းနိုင်ခြင်းမရှိဘဲ ရင်ခုန်စရာတွေ ဖြစ်နေဦးမယ်လို့ သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲကို ဥေရာပရဲ႕ ၿမိဳ႕ႀကီးတခ်ိဳ႕မွာ တစ္ေနရာစီခြဲၿပီး က်င္းပေနတာက နဂိုကတည္းကမွ ကလပ္အသင္းပြဲေတြေၾကာင့္ ပြဲပန္းေနတဲ့ အသင္းႀကီးေတြကို ပိုမိုအထိနာေစခဲ့သလားလို႔ စဥ္းစားစရာျဖစ္ခဲ့ၿပီး ဒီေန႔မွာလည္း ေနာက္ဆုံးပြဲကို ဟန္ေဂရီကေန ႐ိုေမးနီးယားကို လာကစားရတဲ့ ျပင္သစ္ဟာ ဆြစ္ဇာလန္ကို ေနာက္က်ဂိုးေတြနဲ႔ သေရက်ခဲ့ၿပီး ပင္နယ္တီမွာ အရႈံးေပးခဲ့ရလို႔ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီျဖစ္ပါတယ္။

ျပင္သစ္နည္းျပ ေဒး႐ႊမ့္စ္ကေတာ့ ေနာက္ပိုင္းပြဲေတြမွာ ေတာ္ေတာ္ေလး အတတ္ဆန္းခ်င္တဲ့ သေဘာရွိေနၿပီး လူစာရင္းကို မတည္ၿငိမ္ေအာင္ လုပ္ေနခဲ့သလို ဒီေန႔ပြဲမွာလည္း ကစားေလ့မရွိတဲ့ ၃-၄-၃ ကစားကြက္ကို ေျပာင္းလဲခဲ့ျပန္ၿပီး ဆြစ္ဇာလန္ကေတာ့ ၄-၄-၂ နဲ႔ ၃-၅-၂ ၾကား အေျပာင္းအလဲလုပ္တဲ့ ကစားကြက္ကို ေ႐ြးခ်ယ္လာခဲ့တာကို ေတြ႕ရပါတယ္။

ဘယ္ေနာက္ခံလူမပါဘဲ ရာဗ်ိဳကို Wing Back အျဖစ္ ကစားခိုင္းခဲ့တဲ့ ေနရာကို ဆြစ္ဇာလန္တို႔ ဖိအားေပးတိုက္စစ္ဆင္ေနခဲ့သလို ျပင္သစ္တို႔ကေတာ့ အနည္းငယ္ေလးလံတဲ့ ဆြစ္ခံစစ္ကို အမ္ဘာေပရဲ႕ တိုးအားနဲ႔ ထိုးေဖာက္ခဲ့ေပမယ့္ အသားမက်ေသးတဲ့ စုဖြဲ႕မႈေၾကာင့္ မေအာင္ျမင္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဒီေန႔ပြဲရဲ႕ ေအာက္သင္းလို႔ ဆိုရမယ့္ ဆြစ္ဇာလန္တို႔ ဂိုးစတင္ရရွိသြားခဲ့ၿပီး ဘယ္ျခမ္းက ဇူးဘားရဲ႕ ျဖတ္တင္ေဘာကို ဘာစီလိုနာမွာလည္း တစ္သီႀကီးမွားေနက် ေနာက္ခံလူ လြန္ဂေလရဲ႕ ေပါ့ေလ်ာ့မႈကေန တိုက္စစ္မႉး ဆာဖာ႐ိုဗစ္ခ်္က ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ေလးလံတဲ့ လိုရစ္ မကာကြယ္ႏိုင္ခဲ့ဘဲ ခြင့္ျပဳလိုက္ရတာပါ။

ဒီေနာက္ပိုင္းမွာ ရာဗ်ိဳနဲ႔ အမ္ဘာေပတို႔ရဲ႕ ဘယ္ျခမ္းတိုက္စစ္ အသက္ဝင္လာခဲ့ေပမယ့္ ေပါ့ဘာရဲ႕ ေပးပို႔မႈေတြကို အလုပ္ျဖစ္ေအာင္ အသုံးမခ်ႏိုင္ခဲ့ဘဲ ျပင္သစ္ခံစစ္ကေတာ့ အျမင့္ေဘာေတြကို ခုန္ၿပီးဖ်က္ရတယ္ဆိုတာေတာင္ နားလည္ရဲ႕လားလို႔ ေမးခြန္းထုတ္ရမလိုျဖစ္ေနခဲ့ၿပီး ဆြစ္ဇာလန္ရဲ႕ ျဖတ္တင္ေဘာေတြမွာ ဖ႐ိုဖရဲျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ဆြစ္ဇာလန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ ျပင္သစ္တို႔ တိုက္စစ္ျမႇင့္တဲ့အေနနဲ႔ ဒလန္ဆန္ေနတဲ့ လြန္ဂေလအစား ဘိုင္ယန္ေတာင္ပံကစားသမား ကိုမြန္ကို လူစားလဲခဲ့သလို တိုက္စစ္ကို ပိုျမႇင့္ႏိုင္ခဲ့ၿပီး ေလးလံတဲ့ တစ္ဖက္ခံစစ္ကို ပိုမိုထိုးေဖာက္လာႏိုင္ခဲ့ၾကပါတယ္။

ျပင္သစ္ဘယ္ျခမ္းခံစစ္ကေတာ့ မၾကာခဏ ေပါက္ထြက္ေနခဲ့ေပမယ့္ ဆြစ္ဇာလန္တို႔ အသုံးမသခ်ႏိုင္ခဲ့တာေၾကာင့္ သက္သာခဲ့ရၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ညာျခမ္းကပါ လိုက္မွားေနတဲ့ ပါဗတ္က ဇူးဘားကို ေဘာလုံးမထိဘဲ ဖ်က္ခဲ့တာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ရီကာဒို ႐ိုဒရီးရက္ဇ္ ကန္ခဲ့ေပမယ့္ ဂိုးသမား လိုရစ္အတြက္ လြယ္လြန္းေနခဲ့တာေၾကာင့္ ပုတ္ထုတ္ၿပီး အမိဖမ္းသြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ကြင္းလယ္ေန အန္ဂိုလို ကြန္ေတ ျဖတ္ေတာက္ေခါင္းတိုက္ၿပီး ျပန္ခ်ေပးတဲ့ ေဘာလုံးကို ဂရစ္ဇ္မန္းနဲ႔ အမ္ဘာေပတို႔က ေရွ႕ကို မဆိုင္းမတြ အဆင့္ဆင့္ေပးပို႔ခဲ့ရာမွာ တိုင္မင္နဲ႔ ဘန္ဇီးမားရဲ႕ ေဘာလုံးအထိန္းအသိမ္းက သိပ္မေကာင္းခဲ့ေပမယ့္ ကံေကာင္းမႈက သူ႔ဘက္မွာ ရွိခဲ့လို႔ ဂိုးသမား ဆြမ္းမားထြက္အလာမွာ ေက်ာ္ကန္ဖို႔ လုံေလာက္ခဲ့သလို ျပင္သစ္တို႔အတြက္ ေခ်ပဂိုးျပန္လည္ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ျပင္သစ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး အမ္ဘာေပနဲ႔ ဝမ္းတူး႐ိုက္ထြက္သြားတဲ့ ဂရစ္ဇ္မန္းရဲ႕ ဂိုးသမားအေပၚက ေက်ာ္ခ်ခဲ့မႈက ဆြမ္းမားရဲ႕ လက္နဲ႔ အနည္းငယ္ထိၿပီး လမ္းေၾကာင္းေစာင္းသြားခဲ့တာကို ဘန္ဇီးမားကပဲ အကြက္ျမင္ျမင္နဲ႔ လိုက္လံေခါင္းတိုက္ၿပီး အသင္းအတြက္ ဒုတိယဂိုးကို သြင္းယူၿပီး ဒီၿပိဳင္ပြဲရဲ႕ ၄ ဂိုးေျမာက္ကို ရရွိသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ ျပင္သစ္ရဲ႕ ဟာၾကဴလီငေပ်ာ့ေနာက္တန္းကို ရွာက်ီရီရဲ႕ ဖရီးကစ္ကတစ္ဆင့္ ဆာဖာ႐ိုဗစ္ခ်္ ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္မႈက လြဲေခ်ာ္သြားခဲ့သလို အမ္ဘာေပရဲ႕ ေျပးထြက္မႈေတြကိုေတာ့ ဆြစ္ဇာလန္ေနာက္တန္းနဲ႔ ဂိုးသမားတို႔ ပူးေပါင္းတားဆီးသြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ဘန္ဇီးမားရဲ႕ ကန္သြင္းခ်က္က ေနာက္တန္းနဲ႔ ထိၿပီး ျပန္ထြက္လာတာကို ေပါ့ဘာက ထိန္းသိမ္းရယူၿပီး သူကန္ေနက် ပုံစံအတိုင္း ဂိုးတိုင္အေပၚေထာင့္ကို အေဝးကန္ခ်က္နဲ႔ ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဆြမ္းမားအတြက္ ရက္စက္လြန္းရာက်ေနခဲ့ၿပီး ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးဂိုးလို႔ ဆိုရေအာင္ကို ေသသပ္လွပခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဂိုးရႈံးနိမ့္သြားတဲ့ ဆြစ္ဇာလန္တို႔ လူစား ၄ ေယာက္အထိ ထပ္လဲခဲ့ၿပီး တိုက္စစ္ကို ျမႇင့္တင္လာခဲ့ခ်ိန္မွာ ဂိုးရဖို႔ ခံစစ္ကို ေလွ်ာ့ၿပီး တိုက္စစ္ကို လူပိုထားမိတဲ့ ျပင္သစ္တို႔ ခံစားခဲ့ရၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ လူစားဝင္ ညာေနာက္ခံလူ အမ္ဘာဘူရဲ႕ ျဖတ္တင္ေဘာကို ဆာဖာ႐ိုဗစ္ခ်္ကပဲ ခုန္ရမွန္းမသိတဲ့ ဗာ႐ြန္းရဲ႕ေရွ႕က ေျပးဝင္ေခါင္းတိုက္ၿပီး ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူခဲ့ပါတယ္။

ဆြစ္ဇာလန္တို႔ ဒီဂိုးေၾကာင့္ အားတက္သြားခဲ့ၿပီး တိုက္စစ္မႉး မာမက္ဒီကိုပါ ထပ္ထည့္ခဲ့ခ်ိန္မွာ ျပင္သစ္တို႔ ဖ႐ိုဖရဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာ ဂါဗရာႏိုဗစ္ခ်္ရဲ႕ ဂိုးကို လူကြၽံသတ္မွတ္ခံခဲ့ရေပမယ့္ မိနစ္ ၉၀ မွာေတာ့ ခ်ာကာရဲ႕ အကြက္ျမင္တဲ့ ေပးပို႔မႈကေန ဂါဗရာႏိုဗစ္ခ်္ကပဲ ကင္ပမ္ဘီကို တစ္ခ်က္ေခါက္ၿပီး လိုရစ္ရဲ႕ ညာဘက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာ သုံးဂိုးစီ သေရျဖစ္ေနခဲ့ပါတယ္။

အခ်ိန္ပို ဆက္လက္ကစားခဲ့ရာမွာေတာ့ ဆြစ္ဇာလန္တို႔ ပင္နယ္တီကိုပဲ မွန္းတဲ့ပုံစံနဲ႔ ခံစစ္ျဖစ္သြားခဲ့သလို ပါဗတ္ရဲ႕ အနီးကပ္ ကန္ခ်က္ကို ဆြမ္းမား ကာကြယ္ႏိုင္ခဲ့သလို အမ္ဘာေပကေတာ့ ကိုမြန္ႀကိဳးစားသမွ်ကို စံခ်ိန္တင္ ဒိုင္ခံျဖဳန္းတီးေပးခဲ့လို႔ ပရိသတ္ေတြ စိတ္ပ်က္ခဲ့ရၿပီး လူစားဝင္လာတဲ့ မားကပ္စ္ သူရမ္နဲ႔ ဂ်ီ႐ူးတို႔ကလည္း ဂိုးရဖို႔ မလုပ္ႏိုင္ခဲ့လို႔ မိနစ္ ၁၂၀ အၿပီးမွာ သုံးဂိုးစီသေရရလဒ္က မေျပာင္းလဲခဲ့တာပါ။

ပင္နယ္တီကန္သြင္းရာမွာေတာ့ ျပင္သစ္ဘက္က ေပါ့ဘာ၊ ဂ်ီ႐ူး၊ သူရမ္၊ ကင္ပမ္ဘီတို႔ ဝင္ေပမယ့္ အမ္ဘာေပ လြဲေခ်ာ္ခဲ့ခ်ိန္မွာ ဆြစ္ဇာလန္ဘက္က ဂါဗရာႏိုဗစ္ခ်္၊ ရွား၊ အာကန္ဂ်ီ၊ ဗားဂက္စ္နဲ႔ မာမက္ဒီတို႔ အားလုံးဝင္ေအာင္ကန္သြင္းႏိုင္ခဲ့လို႔ ၁၆ အသင္းအဆင့္ ရႈံးထြက္ပြဲစဥ္ကေတာ့ အထင္နဲ႔အျမင္ ပါစင္ေအာင္ လြဲခဲ့ရတာျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္ကို မဆုတ္မနစ္တဲ့ ဇြဲသတၱိနဲ႔ တက္ေရာက္သြားခဲ့တဲ့ ဆြစ္ဇာလန္တို႔ကေတာ့ ဘူခါရက္စ္ကေန ထြက္ခြာၿပီး လာမယ့္ ဇူလိုင္လ ၂ ရက္ေန႔မွာ ဒိန္းမတ္ႏိုင္ငံ၊ ကိုပင္ေဟဂင္က ေရာက္ရွိလာမယ့္ စပိန္အသင္းနဲ႔ ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာျဖစ္ၿပီး ခရီးျပင္းႏွင္ရဉီးမယ့္ ယူ႐ိုၿပိဳင္ပြဲမွာ အရာအားလုံးက ခန႔္မွန္းႏိုင္ျခင္းမရွိဘဲ ရင္ခုန္စရာေတြ ျဖစ္ေနဦးမယ္လို႔ သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.