La Liga Premier League Transfer News

နယ်သာလန်ကို အနိုင်ယူခဲ့တဲ့ ချက်ကြောင့် ပေါင်သန်းချီ ချွေတာနိုင်တော့မယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဈေးကွက်ထဲမှာ ဂိုးသမားနေရာအတွက် ရှာဖွေမှုတွေ ပြုလုပ်နေခဲ့တာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ စတင်ကတည်းက ဖြစ်ပြီး ယူရို ၂၀၂၀မှ ၁၆သင်း ရှုံးထွက်အဆင့်ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ချက်အသင်းက နယ်သာလန်အသင်းကို ၂-၀ ဖြင့် အနိုင်ရနယ်သာလန်အသင်းကို အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အဆိုပါနေရာအတွက် ရှာတွေ့ခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

တောမက်စ်ဟိုးလ်စ်နှင့် ပက်ထရစ်ရှစ်ခ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် တကယ်အဆုံးအဖြတ်ပေးခဲ့တာက မာကျောကျစ်လစ်တဲ့ ခံစစ်ပိုင်းပဲဖြစ်ခဲ့ပြီး ဒုတိယပိုင်းမှာ နယ်သာလန်နောက်ခံလူ ဒီလစ်ဂ်ျ အနီကတ်ထိခဲ့တာကလည်း နယ်သာလန်အသင်းကို ရင်ဆိုင်ရ ပိုမိုလွယ်ကူစေခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်း ဒွန်ညဲ မာလန်ရဲ့ ထိုးဖောက်မှုတွေကိုလည်း အတည်ငြိမ်ဆုံး ဟန့်တားနိုင်ခဲ့တဲ့ ချက်အသင်းရဲ့ ဂိုးသမား တောမက်စ် ဗားကလစ်ကိုလည်း ချီးကျူးရမှာဖြစ်ပြီး ဂိုးပေးရနိုင်တဲ့ အနေအထားတွေမှာ ဆုံးဖြတ်ချက်မှန်မှန်နဲ့ ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့တာပါ။

ယူရို ၂၀၂၀ ပြိုင်ပွဲပြီးဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ပြီး အဆိုပါ ၃၂ နှစ်သား ဂိုးသမားအနေနဲ့ ပြန်လည်ပူးပေါင်းစရာ အသင်းမရှိပဲ လက်ရှိအချိန်မှာတော့ ဆီဗီလာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးထားတဲ့ အဆိုပါ ဂိုးသမားဟာ အသင်းလက်မဲ့ဖြစ်လို့နေပါတယ်။ ဆီဗီလာအသင်းမှာ သူ့ရဲ့ ပုံမှန်ပွဲထွက်ခွင့်ကို ယာဆင်းန် ဘူနူကို ပေးခဲ့ရပြီးနောက်ပိုင်း ဆီဗီလာအသင်းမှာ ရုန်းကန်ခဲ့ရတဲ့ ဂိုးသမားလည်းဖြစ်ပါတယ်။

သူ့ရဲ့ အေးဂျင့်အနေနဲ့လည်း သူ့ရဲ့ ယူရို ၂၀၂၀ အတွင်း ပြသထားတဲ့ လက်စွမ်းတွေကြောင့် ရွေးချယ်စရာအသင်းအနေနဲ့ မနည်းတဲ့ ပမာဏမှာရှိနေပြီး လတ်တလောအနေနဲ့ ဂိုးသမားရှာပုံတော်ဖွင့်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သင့်တော်တဲ့ ဂိုးသမားဖြစ်နေပြီး ပြောင်းရွှေ့ကြေးပေးစရာမလိုတာနဲ့ နံပါတ် (၁)ဂိုးသမားနေရာအတွက် ခြိမ်းခြောက်နိုင်တဲ့ လက်စွမ်းရှိတဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ မျက်စိကျစရာ ဖြစ်လာနေပါတယ်။

မာတီနက်ဇ်ကို အက်စ်တန်ဗီလာအသင်းကို ရောင်းချပြီး ခေါ်ယူခဲ့တဲ့ ရူနာဆန်က အသင်းရဲ့ ဦးစားပေးဂိုးသမား ဘန်းဒ် လီနိုနဲ့ လက်စွမ်းချင်း ဝေးကွာလွန်းနေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာတင် ဘရိုက်တန်အသင်းဂိုးသမား မတ်ရွိုင်ယန်ကို အငှါးနဲ့ ခေါ်ယူခဲ့ရကာ မတ်ရွိုင်ယန်ကို အပြီးသတ်ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့တဲ့နောက်မှာတော့ ဂိုးသမားနေရာအတွက် ရမ်းစ်‌ဒေးလ် အိုနာနာ အစရှိတဲ့ ဂိုးသမားတွေနဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဆီဗီလာဂိုးသမားဟောင်းအနေနဲ့လည်း အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေဟန်ရှိပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ အိုနာနာကိုလည်း ခေါ်ယူလိုပေမယ့် အသင်းမှာ ချက်ခြင်းအသုံးပြုနိုင်မယ့် ဂိုးသမားတစ်ယောက်ကို ခေါ်ယူလိုနေတာဖြစ်ပြီး ယူရို ၂၀၂၀ မှာတော့ ဗားကလစ် ကတော့ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူသင့်တဲ့ လက်စွမ်းထက် ဂိုးသမားထဲမှာ ပါဝင်နေတာဖြစ်ပြီး ခေါ်ယူနိုင်မလားဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.