Analysis Premier League

သောမတ်စ်ပါတေးအပေါ် ရွိုင်းကီးန်းရဲ့ ထောက်ပြမှုကို ထောက်ခံပြောဆိုလိုက်တဲ့ တီယာနီ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာမှ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့စာချုပ်ပါလျော်ကြေးအတိုင်း ပေါင်(၄၅)သန်းပေးပြီး ခေါ်ယူခဲ့တဲ့ သောမက်စ်ပါတေးဟာ စပိန်ကလပ်မှာ ခြေစွမ်းပြခဲ့ပေမယ့် အာဆင်နယ်မှာတော့ ရသင့်တဲ့ ချီးကျူးမှုမျိုး သိပ်မရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။

ဒီလအစောပိုင်းကမှ (၂၈) နှစ်ပြည့်ထားတဲ့ အဆိုပါ ဂါနာသားအနေနဲ့ ပြိုင်ပွဲစုံ (၃၃)ပွဲ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်အနေနဲ့တော့ (၂၄)ပွဲသာ ပါဝင်ကစားခွင့်ရခဲ့တာပါ။ တံကောက်ကြောနဲ့ တင်ပါးဒဏ်ရာပြဿနာတွေက သူ့ရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်ခဲ့ပြီး ကြံ့ခိုင်မှုအသားပေးတဲ့ ပရီးမီးယားလိဂ်မှာ သူ့အသင်းဖော်တွေဆီမှတဆင့် အသားကျအောင် သင်ယူနေရပါတယ်။

ဒါပေမယ့် အဆိုပါ ကစားသမားဆီကနေ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ထုတ်ယူနိုင်ဖို့ နည်းပြ အာတီတာအနေနဲ့ လူအင်အားဖြည့်တင်းမှုတွေလည်း ပြုလုပ်သွားဖို့လည်း ရှိနေပြီး ဘရိုက်တန်အသင်းရဲ့ ဗဟိုနောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေတာပါ။ အာတေတာအနေနဲ့ ပါတေးဆီကနေ ကြံ့ခိုင်မှုအပြည့်နဲ့ ကစားတာကို မြင်ရဖို့ မျှော်လင့်နေပုံပါပဲ။

သောမက်စ်ပါတေးရဲ့ တိုးတက်မှုတွေအပေါ် အာရုံထားပြီးစောင့်ကြည့်နေတဲ့လူလည်းရှိပါသေးတယ်။ သူကတော့ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းဖြစ်တဲ့ ရွိုင်းကီးန် ပါပဲ။ အကြောင်းကတော့ ဒီနှစ်‌အစောပိုင်းမှာ ပါတေးကို အာဆင်နယ်အသင်းကို တိုးတက်လာအောင် ထောက်ပံ့ပေးဦးမယ့် ကစားသမားကောင်းလို့ မှတ်ချက်ပြုခဲ့တဲ့အထိ သတိထားမိနေလို့ပဲဖြစ်ပါတယ်။ လာမယ့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကတော့ သူ့ရဲ့ ဂန်းနားကစားသမားဘဝကို တစ်ဆင့်မြှင့်မယ့် ဘောလုံးရာသီလို့ မျှော်လင့်ရမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဂိုးမရှိသရေကျခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်မှာ ရွိုင်းကီးန်းက Sky Sports မှာ သောမက်စ် ပါတေးနဲ့ပတ်သက်ပြီး “အပြောင်းအရွှေ့နောက်ဆုံးရက်မှာမှ ရောက်လာခဲ့တယ်။ အဲ့တော့ သူ အမြန်နှုန်းကို ဒီမှာဘယ်လိုသုံးရမလဲ သေချာမသိသေးဘူး။ အဲ့တော့ သူဒဏ်ရာမကြာခဏရတာ အံ့ဩစရာမရှိပါဘူး”လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဒါ့အပြင် “လာမယ့် နှစ်အနည်းငယ်အတွင်း သူဟာ အာဆင်နယ်အသင်းရဲ့ အရေးပါတဲ့ ကစားသမားဖြစ်လာပါလိမ့်မယ်။ သူက ပွဲကြီး ပွဲကောင်းအများစုကို ကစားခဲ့ရတဲ့ ကစားသမားဖြစ်တယ်။ အာဆင်နယ်အသင်းမှာ လိုအပ်နေတာက ပွဲကြီးတွေမှာ ကွင်းလယ်ကနေ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ကစားနိုင်မယ့် ကစားသမားမျိုး၊ ပါတေးက အဲ့လိုကစားသမားဖြစ်လာလိမ့်မယ်။ လာမယ့်ဘောလုံးရာသီမှာ ပါတေးအနေနဲ့ ကြံ့ခိုင်မှု တိုးတက်လာမယ်ဆို အံ့ဩစရာမရှိပါဘူး။ သူဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာလိမ့်မယ်”လို့ ရွိုင်းကီးန်က ထပ်လောင်းပြောဆိုသွားခဲ့ပါတယ်။

ပါတေးဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး (၁၃)ပွဲ ဆက်တိုက် ကစားထားတဲ့ကစားသမားဖြစ်ပြီး အဆိုပါ ခံစစ်အားသန်တဲ့ ကွင်းလယ်ကစားသမားအနေနဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ တိုးတက်လာပြီလို့ ယူဆလို့ရလောက်တဲ့ အနေအထားတစ်ခုထိ ရောက်ရှိလာပြီဖြစ်ပြီး အာတီတာရဲ့ လာမယ့်ရာသီအတွက် လူစာရင်းမှာ ပွဲထွက်တစ်နေရာကို ရယူထားနိုင်ဖို့လည်း မျှော်လင့်စရာဖြစ်လာပါတယ်။

အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ကီရန် တီယာနီကလည်း အဲ့လိုဖြစ်လာဖို့ မျှော်လင့်နေပုံပါပဲ။ ပြီးခဲ့တဲ့သောကြာနေ့ကမှ နှစ်ရှည်သက်တမ်းရှိတဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ စကော့တလန်လက်ရွေးစင် နောက်ခံလူက ပါတေးကို အံ့ဩစရာကစားသမားလို့ ချီးကျူးခဲ့ပြီး သူ့အနေနဲ့လည်း ပါတေးကို လာမယ့်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားဖြစ်လာမယ်လို့ အကြံပြုသွားခဲ့ပါတယ်။

စာချုပ်သစ်ချုပ်ဆိုတဲ့အချိန် အမေးအဖြေကဏ္ဍမှာ သောမက်စ်ပါတေးအပေါ် ကစားသမားတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲလို့ မေးမြန်းခံခဲ့ရပြီး တီယာနီက “ပါတေးက ကောင်းမွန်တဲ့အရည်အသွေးနဲ့ ကြီးကျယ်တဲ့ ကစားသမားတစ်ယောက်ပါ။ အာဆင်နယ်အသင်းကို ရှေ့ဆက်ဖို့ ကျွန်တော်တို့အတွက်တော့ ထူးကဲတဲ့အရည်အသွေးတွေနဲ့ ကစားသမားဖြစ်ပါတယ်” လို့ ဖြေကြားရင်း ထောက်ခံခဲ့ကြောင်း တင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္ဆုံးရက္မွာမွ အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕စာခ်ဳပ္ပါေလ်ာ္ေၾကးအတိုင္း ေပါင္(၄၅)သန္းေပးၿပီး ေခၚယူခဲ့တဲ့ ေသာမက္စ္ပါေတးဟာ စပိန္ကလပ္မွာ ေျခစြမ္းျပခဲ့ေပမယ့္ အာဆင္နယ္မွာေတာ့ ရသင့္တဲ့ ခ်ီးက်ဴးမႈမ်ိဳး သိပ္မရရွိခဲ့တဲ့သူပဲျဖစ္ပါတယ္။

ဒီလအေစာပိုင္းကမွ (၂၈) ႏွစ္ျပည့္ထားတဲ့ အဆိုပါ ဂါနာသားအေနနဲ႔ ၿပိဳင္ပြဲစုံ (၃၃)ပြဲ ပါဝင္ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္အေနနဲ႔ေတာ့ (၂၄)ပြဲသာ ပါဝင္ကစားခြင့္ရခဲ့တာပါ။ တံေကာက္ေၾကာနဲ႔ တင္ပါးဒဏ္ရာျပႆနာေတြက သူ႔ရဲ႕ လုပ္ႏိုင္စြမ္းကို ကန႔္သတ္ခဲ့ၿပီး ႀကံ့ခိုင္မႈအသားေပးတဲ့ ပရီးမီးယားလိဂ္မွာ သူ႔အသင္းေဖာ္ေတြဆီမွတဆင့္ အသားက်ေအာင္ သင္ယူေနရပါတယ္။

ဒါေပမယ့္ အဆိုပါ ကစားသမားဆီကေန ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြ ထုတ္ယူႏိုင္ဖို႔ နည္းျပ အာတီတာအေနနဲ႔ လူအင္အားျဖည့္တင္းမႈေတြလည္း ျပဳလုပ္သြားဖို႔လည္း ရွိေနၿပီး ဘ႐ိုက္တန္အသင္းရဲ႕ ဗဟိုေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူဖို႔ အနီးစပ္ဆုံးအေနအထားမွာ ရွိေနတာပါ။ အာေတတာအေနနဲ႔ ပါေတးဆီကေန ႀကံ့ခိုင္မႈအျပည့္နဲ႔ ကစားတာကို ျမင္ရဖို႔ ေမွ်ာ္လင့္ေနပုံပါပဲ။

ေသာမက္စ္ပါေတးရဲ႕ တိုးတက္မႈေတြအေပၚ အာ႐ုံထားၿပီးေစာင့္ၾကည့္ေနတဲ့လူလည္းရွိပါေသးတယ္။ သူကေတာ့ မန္ယူအသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းျဖစ္တဲ့ ႐ြိဳင္းကီးန္ ပါပဲ။ အေၾကာင္းကေတာ့ ဒီႏွစ္‌အေစာပိုင္းမွာ ပါေတးကို အာဆင္နယ္အသင္းကို တိုးတက္လာေအာင္ ေထာက္ပံ့ေပးဦးမယ့္ ကစားသမားေကာင္းလို႔ မွတ္ခ်က္ျပဳခဲ့တဲ့အထိ သတိထားမိေနလို႔ပဲျဖစ္ပါတယ္။ လာမယ့္ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီကေတာ့ သူ႔ရဲ႕ ဂန္းနားကစားသမားဘဝကို တစ္ဆင့္ျမႇင့္မယ့္ ေဘာလုံးရာသီလို႔ ေမွ်ာ္လင့္ရမွာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ဂိုးမရွိသေရက်ခဲ့တဲ့ အာဆင္နယ္အသင္းနဲ႔ မန္ယူအသင္းတို႔ရဲ႕ပြဲစဥ္မွာ ႐ြိဳင္းကီးန္းက Sky Sports မွာ ေသာမက္စ္ ပါေတးနဲ႔ပတ္သက္ၿပီး “အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာမွ ေရာက္လာခဲ့တယ္။ အဲ့ေတာ့ သူ အျမန္ႏႈန္းကို ဒီမွာဘယ္လိုသုံးရမလဲ ေသခ်ာမသိေသးဘူး။ အဲ့ေတာ့ သူဒဏ္ရာမၾကာခဏရတာ အံ့ဩစရာမရွိပါဘူး”လို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ “လာမယ့္ ႏွစ္အနည္းငယ္အတြင္း သူဟာ အာဆင္နယ္အသင္းရဲ႕ အေရးပါတဲ့ ကစားသမားျဖစ္လာပါလိမ့္မယ္။ သူက ပြဲႀကီး ပြဲေကာင္းအမ်ားစုကို ကစားခဲ့ရတဲ့ ကစားသမားျဖစ္တယ္။ အာဆင္နယ္အသင္းမွာ လိုအပ္ေနတာက ပြဲႀကီးေတြမွာ ကြင္းလယ္ကေန ႀကံ့ခိုင္မႈေကာင္းေကာင္းနဲ႔ ကစားႏိုင္မယ့္ ကစားသမားမ်ိဳး၊ ပါေတးက အဲ့လိုကစားသမားျဖစ္လာလိမ့္မယ္။ လာမယ့္ေဘာလုံးရာသီမွာ ပါေတးအေနနဲ႔ ႀကံ့ခိုင္မႈ တိုးတက္လာမယ္ဆို အံ့ဩစရာမရွိပါဘူး။ သူဟာ အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာလိမ့္မယ္”လို႔ ႐ြိဳင္းကီးန္က ထပ္ေလာင္းေျပာဆိုသြားခဲ့ပါတယ္။

ပါေတးဟာ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၁၃)ပြဲ ဆက္တိုက္ ကစားထားတဲ့ကစားသမားျဖစ္ၿပီး အဆိုပါ ခံစစ္အားသန္တဲ့ ကြင္းလယ္ကစားသမားအေနနဲ႔ ႀကံ့ခိုင္မႈပိုင္းဆိုင္ရာမွာ တိုးတက္လာၿပီလို႔ ယူဆလို႔ရေလာက္တဲ့ အေနအထားတစ္ခုထိ ေရာက္ရွိလာၿပီျဖစ္ၿပီး အာတီတာရဲ႕ လာမယ့္ရာသီအတြက္ လူစာရင္းမွာ ပြဲထြက္တစ္ေနရာကို ရယူထားႏိုင္ဖို႔လည္း ေမွ်ာ္လင့္စရာျဖစ္လာပါတယ္။

အာဆင္နယ္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္တဲ့ ကီရန္ တီယာနီကလည္း အဲ့လိုျဖစ္လာဖို႔ ေမွ်ာ္လင့္ေနပုံပါပဲ။ ၿပီးခဲ့တဲ့ေသာၾကာေန႔ကမွ ႏွစ္ရွည္သက္တမ္းရွိတဲ့ စာခ်ဳပ္သက္တမ္းတိုးျမႇင့္ခဲ့တဲ့ စေကာ့တလန္လက္ေ႐ြးစင္ ေနာက္ခံလူက ပါေတးကို အံ့ဩစရာကစားသမားလို႔ ခ်ီးက်ဴးခဲ့ၿပီး သူ႔အေနနဲ႔လည္း ပါေတးကို လာမယ့္ေဘာလုံးရာသီမွာ အာဆင္နယ္အသင္းရဲ႕ အဓိက ကစားသမားျဖစ္လာမယ္လို႔ အႀကံျပဳသြားခဲ့ပါတယ္။

စာခ်ဳပ္သစ္ခ်ဳပ္ဆိုတဲ့အခ်ိန္ အေမးအေျဖက႑မွာ ေသာမက္စ္ပါေတးအေပၚ ကစားသမားတစ္ေယာက္အေနနဲ႔ ဘယ္လိုျမင္လဲလို႔ ေမးျမန္းခံခဲ့ရၿပီး တီယာနီက “ပါေတးက ေကာင္းမြန္တဲ့အရည္အေသြးနဲ႔ ႀကီးက်ယ္တဲ့ ကစားသမားတစ္ေယာက္ပါ။ အာဆင္နယ္အသင္းကို ေရွ႕ဆက္ဖို႔ ကြၽန္ေတာ္တို႔အတြက္ေတာ့ ထူးကဲတဲ့အရည္အေသြးေတြနဲ႔ ကစားသမားျဖစ္ပါတယ္” လို႔ ေျဖၾကားရင္း ေထာက္ခံခဲ့ေၾကာင္း တင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.