Premier League Transfer News

28 Jun နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးက ခေါ်ယူဖို့ ကြိုးစားနေတဲ့ လက်စတာကွင်းလယ်ဖန်တီးရှင် ဂျိမ်းစ် မက်ဒီဆန်ကို ကြိုဆိုနေကြပြီး ပေါင်သန်း ၆၀ တန် အင်္ဂလန်သားကို ခရိုယန်ကီတွေရဲ့ ပိုမိုထုတ်ပေးလာနိုင်တဲ့ အသုံးစရိတ်အရ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြ။

– အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားနဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်တို့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း ၂၀ သတ်မှတ်ထားတယ်လို့ အီတလီဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော်သွားခဲ့ပြီး မက်တီယို ဂန်ဒူဇီနဲ့ ဂရာနစ် ချာကာတို့ရဲ့ ထွက်ခွာမှုတွေကလည်း နီးစပ်နေပြီလို့ဆို။

– အင်တာမီလန်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းကနေ ပီအက်စ်ဂျီဆီ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ထွက်ခွာတော့မယ့် နောက်ခံလူ အက်ရှ်ရက်ဖ် ဟာကီမီရဲ့နေရာမှာ အစားထိုးဖို့ အာဆင်နယ်လက်ထောက်အသင်းခေါင်းဆောင် ဟက်တာ ဘယ်လာရင်ကို တစ်ရာသီအငှား၊ အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းခဲ့ကြောင်းသိရ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လိုအပ်နေတဲ့ ဂိုးသမားတစ်နေရာအတွက် ချက်လက်ရွေးစင်အသင်းမှာ လက်စွမ်းပြနေတဲ့ တောမတ်ရှ် ဗားကလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆီဗီလာကနေ ထွက်ခွာလာမယ့် ၃၂ နှစ်သားအတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေ။

– အသင်းရဲ့ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဘူကာယို ဆာကာဟာ အသက် ၁၉ နှစ်အရွယ်မှာတင် ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်ရှိနေခဲ့ပြီလို့ ငါးနှစ်စာချုပ်သစ်ပိုင်ရှင် နောက်ခံလူ ကီရန် တီယာနီက ပြောလိုက်ပြီး အာဆင်နယ်အသင်းရဲ့ တွစ်တာအကောင့်ကတစ်ဆင့် ချီးကျူးသွားခဲ့။

– နယ်သာလန်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ ပီအက်စ်ဗီအသင်းရဲ့ ညာနောက်ခံလူ ဒင်ဇယ်လ် ဒမ်းဖရီးစ်ကို ခေါ်ယူသင့်ပြီဖြစ်ကြောင်း အသင်း ပရိသတ်တွေက တိုက်တွန်းသွားခဲ့ပြီး ဒတ်ချ်ကလပ်ဘက်က ရောင်းချဖို့ ရှိနေတဲ့ ၂၅ နှစ်သားအတွက် ပေါင်သန်း ၂၀ ကနေ ၃၀ ကြား ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူ ဘန်ဝှိုက်ကို ခေါ်ယူဖို့အတွက် တစ်ဦးတည်းစိတ်ဝင်စားမှုနဲ့ ကမ်းလှမ်းရမှာဖြစ်ပြီး တခြားအသင်းတွေနဲ့ ယှဉ်ပြိုင်စရာ မရှိတဲ့အတွက် ဘရိုက်တန်အသင်းဘက်က တောင်းဆိုတဲ့ ပေါင်သန်း ၅၀ နဲ့ အနာဂတ်ခံစားခွင့်တွေကို လိုက်လျောနိုင်ခဲ့ရင် ခေါ်ယူနိုင်မှာ သေချာကြောင်း ဂျာနယ်လစ် အီယန် မက်ဂယ်ရီ သုံးသပ်။

– ဘင်ဖီကာအသင်းကနေ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မလွယ်တာကြောင့် ယူရို ၁၅ သန်းဝန်းကျင်နဲ့ ရောင်းချတော့မယ့် နောက်ခံလူ နူနို တာဗာရက်စ်ကို ကီရန် တီယာနီရဲ့ အရန်အဖြစ် ခေါ်ယူဖို့ အာဆင်နယ်အသင်းအနေနဲ့ နာပိုလီ၊ လာဇီယိုအသင်းတွေနဲ့ ယှဉ်ပြိုင်သွားလိမ့်မယ်လို့ ဂျာနယ်လစ် ဒီမာဇီယို ထုတ်ဖော်သွား။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းမှာ ခြေစွမ်းပြနေခဲ့တဲ့ အန်ဒရေ ဆေးလ်ဗားကို ခေါ်ယူပေးဖို့ အသင်းတိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က တောင်းဆိုလိုက်ပြီး ပေါ်တူဂီသားအတွက် ပေါင် ၃၄ သန်း ပေးချေရနိုင်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ နည္းစနစ္ဒါ႐ိုက္တာ အီဒူးက ေခၚယူဖို႔ ႀကိဳးစားေနတဲ့ လက္စတာကြင္းလယ္ဖန္တီးရွင္ ဂ်ိမ္းစ္ မက္ဒီဆန္ကို ႀကိဳဆိုေနၾကၿပီး ေပါင္သန္း ၆၀ တန္ အဂၤလန္သားကို ခ႐ိုယန္ကီေတြရဲ႕ ပိုမိုထုတ္ေပးလာႏိုင္တဲ့ အသုံးစရိတ္အရ ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားနဲ႔ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္တို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးအျဖစ္ ယူ႐ိုသန္း ၂၀ သတ္မွတ္ထားတယ္လို႔ အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ထုတ္ေဖာ္သြားခဲ့ၿပီး မက္တီယို ဂန္ဒူဇီနဲ႔ ဂရာနစ္ ခ်ာကာတို႔ရဲ႕ ထြက္ခြာမႈေတြကလည္း နီးစပ္ေနၿပီလို႔ဆို။

– အင္တာမီလန္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသင္းကေန ပီအက္စ္ဂ်ီဆီ ေပါင္သန္း ၆၀ နဲ႔ ေျပာင္းေ႐ႊ႕ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ အက္ရွ္ရက္ဖ္ ဟာကီမီရဲ႕ေနရာမွာ အစားထိုးဖို႔ အာဆင္နယ္လက္ေထာက္အသင္းေခါင္းေဆာင္ ဟက္တာ ဘယ္လာရင္ကို တစ္ရာသီအငွား၊ အၿပီးသတ္ေခၚယူခြင့္နဲ႔ ကမ္းလွမ္းခဲ့ေၾကာင္းသိရ။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လိုအပ္ေနတဲ့ ဂိုးသမားတစ္ေနရာအတြက္ ခ်က္လက္ေ႐ြးစင္အသင္းမွာ လက္စြမ္းျပေနတဲ့ ေတာမတ္ရွ္ ဗားကလစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဆီဗီလာကေန ထြက္ခြာလာမယ့္ ၃၂ ႏွစ္သားအတြက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ရွိေန။

– အသင္းရဲ႕ အဂၤလန္လက္ေ႐ြးစင္ေတာင္ပံကစားသမား ဘူကာယို ဆာကာဟာ အသက္ ၁၉ ႏွစ္အ႐ြယ္မွာတင္ ကမာၻ႔ထိပ္တန္းအဆင့္ကို ေရာက္ရွိေနခဲ့ၿပီလို႔ ငါးႏွစ္စာခ်ဳပ္သစ္ပိုင္ရွင္ ေနာက္ခံလူ ကီရန္ တီယာနီက ေျပာလိုက္ၿပီး အာဆင္နယ္အသင္းရဲ႕ တြစ္တာအေကာင့္ကတစ္ဆင့္ ခ်ီးက်ဴးသြားခဲ့။

– နယ္သာလန္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ ပီအက္စ္ဗီအသင္းရဲ႕ ညာေနာက္ခံလူ ဒင္ဇယ္လ္ ဒမ္းဖရီးစ္ကို ေခၚယူသင့္ၿပီျဖစ္ေၾကာင္း အသင္း ပရိသတ္ေတြက တိုက္တြန္းသြားခဲ့ၿပီး ဒတ္ခ်္ကလပ္ဘက္က ေရာင္းခ်ဖို႔ ရွိေနတဲ့ ၂၅ ႏွစ္သားအတြက္ ေပါင္သန္း ၂၀ ကေန ၃၀ ၾကား က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူ ဘန္ဝႈိက္ကို ေခၚယူဖို႔အတြက္ တစ္ဦးတည္းစိတ္ဝင္စားမႈနဲ႔ ကမ္းလွမ္းရမွာျဖစ္ၿပီး တျခားအသင္းေတြနဲ႔ ယွဥ္ၿပိဳင္စရာ မရွိတဲ့အတြက္ ဘ႐ိုက္တန္အသင္းဘက္က ေတာင္းဆိုတဲ့ ေပါင္သန္း ၅၀ နဲ႔ အနာဂတ္ခံစားခြင့္ေတြကို လိုက္ေလ်ာႏိုင္ခဲ့ရင္ ေခၚယူႏိုင္မွာ ေသခ်ာေၾကာင္း ဂ်ာနယ္လစ္ အီယန္ မက္ဂယ္ရီ သုံးသပ္။

– ဘင္ဖီကာအသင္းကေန ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔ မလြယ္တာေၾကာင့္ ယူ႐ို ၁၅ သန္းဝန္းက်င္နဲ႔ ေရာင္းခ်ေတာ့မယ့္ ေနာက္ခံလူ ႏူႏို တာဗာရက္စ္ကို ကီရန္ တီယာနီရဲ႕ အရန္အျဖစ္ ေခၚယူဖို႔ အာဆင္နယ္အသင္းအေနနဲ႔ နာပိုလီ၊ လာဇီယိုအသင္းေတြနဲ႔ ယွဥ္ၿပိဳင္သြားလိမ့္မယ္လို႔ ဂ်ာနယ္လစ္ ဒီမာဇီယို ထုတ္ေဖာ္သြား။

– အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ပိုင္းအတြက္ ဘြန္ဒက္စ္လီဂါကလပ္ ဖရန႔္ဖတ္အသင္းမွာ ေျခစြမ္းျပေနခဲ့တဲ့ အန္ဒေရ ေဆးလ္ဗားကို ေခၚယူေပးဖို႔ အသင္းတိုက္စစ္မႉးေဟာင္း ကီဗင္ ကမ္းဘဲလ္က ေတာင္းဆိုလိုက္ၿပီး ေပၚတူဂီသားအတြက္ ေပါင္ ၃၄ သန္း ေပးေခ်ရႏိုင္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.